စစ်ကိုင်းတိုင်း တမူးမြို့တွင် စစ်ကောင်စီတပ်က ဖြတ်သွားသည့် ဆိုင်ကယ်တစီးအား ပစ်ခတ်မှုကြောင့် တဦး ထိမှန်သေဆုံးခဲ့ရရာမှ ပြည်သူများနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်နေကြောင်း ဒေသခံတဦး က ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ယနေ့ မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က အာရှလမ်းမပေါ် နာဂဘုရားကျောင်းအနီး လူ သုံးဦးစီးလာသည့် ဆိုင်ကယ်အား စတင်ပစ်ခတ်ခြင်းဖြစ်ပြီး နောက်ဆုံးမှ လိုက်ပါလာသူထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောသည်။
ဒေသခံတဦးက “ဆိုင်ကယ် စီးလာတာကို လှမ်းပစ်တာ၊ နောက်ဆုံးက လူက ထိပြီးကျန်ခဲ့တာပေါ့၊ စစ်တပ်က အလောင်းကိုလာဆွဲသွားပြီး အာရှလမ်းပေါ်က ဆန်စက်နားမှာပဲထားခဲ့တယ်၊ သေဆုံးသူဘယ်သူမှန်းတော့ မသိ သေးဘူး၊ ကျန် ၂ ဦးကမောင်းပြေးသွားတယ်။ သူတို့ကစပစ်တာကြောင့် ၃ နာရီလောက်အထိ ပြည်သူတွေနဲ့ အ ပြန်အလှန်ပစ်ခတ်မှုဖြစ်နေတယ်၊ ခုတော့ အသံကြားလိုက်၊ ရပ်နေလိုက်ပဲ” ဟု ပြောသည်။
ပစ်ခတ်မှုအတွင်း စစ်တပ်ဘက်က ပေါက်ကွဲအား ပြင်းထန်သည့် ဗုံးလက်နက်များသုံးခဲ့သလို ပြည်သူများဘက်က တိုက်ခိုက်မှုကြောင့် စစ်ကားတစီးတိမ်းမှောက်ကာ စစ်သားအချို့လည်း ထိခိုက်ဒဏ်ရာရမှုရှိကြောင်း ဒေသခံများ က ပြောကြားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
တမူးမြို့တွင် စစ်တပ်၊ ရဲနှင့် ဆန္ဒပြ ပြည်သူအကြား ထိပ်တိုက်တွေ့မှုများ ရှိနေရာ ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများလည်း ရှိနေရာ ထိုဖြစ်စဉ် ပြီးနောက် ိစစ်တပ်မှ ထိခိုက်ဒဏ်ရာရသူ အချို့အတွက် ဆန်ပြုတ်ထွက်ဝယ်သည့် တပ်သားတဦးမှာ ပစ်စတိုသေနတ်တလက်နှင့်အတူ ပြည်သူများဘက် ဝင်ရောက်လာခဲ့ကြောင်းလည်းသိရသည်။
လက်ရှိတွင် ၎င်းတပ်သားအား ပြည်သူများက လုံခြုံသည့်နေရာတခုဆီ ပို့ဆောင်ပေးထားကြောင်း သိရသည်။
ယင်းအပြင် ပြီးခဲ့သည့်ရက်ပိုင်းကလည်း တမူးမြို့မှ ယာဉ်ထိန်းရဲ တဦးသည်လည်း ပြည်သူများနှင့် ပူးပေါင်းကာ CDM ပြုလုပ်လာကြောင်းလည်း ဒေသခံများကပြောသည်။
တမူးမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်များက အကြမ်းဖက်ပစ်ခတ်ကာ ဖြိုခွင်းမှုများကြောင်း လူသေဆုံးမှု များရှိနေသော်လည်း ယနေ့မနက်ပိုင်းတွင် ရပ်ကွက်များအတွင်း လှည့်လည် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ ကြောင်းသိရသည်။
You may also like these stories:
စစ်တပ်က ပစ်ခတ်ခဲ့သည့် ပဲခူးဖြစ်စဉ်တွင် သေဆုံးသူ ၇၀ ကျော်ရှိလာ
အာဏာသိမ်း စစ်ကောင်စီက ၁ ရက်လျှင် ၉ ဦးနှုန်း သတ်ဖြတ်နေ
စစ်ကောင်စီ တပ်တွေကို တမူးဒေသခံတွေ ဘယ်လိုခုခံခဲ့သလဲ