• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဝေမိုးနိုင်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် သို့ ဖမ်းဆီးခေါ်ဆောင်

by ဧရာဝတီ
15 April 2021
in သတင်း
A A
မုံရွာသပိတ် လူထုခေါင်းဆောင် ကိုဝေမိုးနိုင်

မုံရွာသပိတ် လူထုခေါင်းဆောင် ကိုဝေမိုးနိုင်

24.3k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း မုံရွာမြို့၏ လူထုသပိတ်များကို ဦးဆောင်သူ တဦးဖြစ်သည့် ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ဖမ်းဆီးပြီး အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်းသိရသည်။

ယနေ့ နေ့လည်ပိုင်းက ကိုဝေမိုးနိုင်ပါဝင်သည့် ဆိုင်ကယ်သပိတ်စစ်ကြောင်းကို မျက်နှာချင်းဆိုင်မှ အိမ်စီးကားဖြင့် တိုက်ကာ သေနတ်ဖြင့်ထောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး မချောစုလှိုင်ဆိုသည့် အမျိုးသမီး ၁ ဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

RelatedPosts

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

16 June 2025
65
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
1.4k
ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

16 June 2025
628

ဒေသခံ တဦးက “မြို့တော်ခန်းမကနေ နမခ ကို ရွှေ့သွားပြီ စစ်ကား ၄ စီးနဲ့။ ဖမ်းသွားတဲ့ ကလူကာ ကား အမဲက အလယ်က လိုက်သွားတယ်။ အရင်တုန်းက ဝင်စီးခံရတဲ့ လူတွေကိုလည်း အကျဉ်းထောင်ထဲကို မထည့်ဘူး။ နမခ ကိုခေါ်တယ် နမခ က နေမှ အကျဉ်းထောင်ထဲက ထည့်တာပေါ့” ဟုဆိုသည်။

ကိုဝေမိုးနိုင် ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ တိုင်းပြည်၏ ပစ္စုပ္ပန်နှင့် အနာဂတ်အတွက်၊ ဓမ္မအတွက်၊ ကိုဝေမိုးနိုင်အတွက် လူထုအရေးတော်ပုံကြီးကို လုံ့လဝိရိယ နှစ်ဆတိုးပြီး ဆက်လက် ဆင်နွှဲရပါလိမ့်မည်ဟု မန္တလေးမြို့ လူထုကို ဦးဆောင် နေသည့် ခေါင်းဆောင်တဦး ဖြစ်သူ ကိုတေဇာစန်းက လူမှုကွန်ယက်တွင် ရေးသားထားသည်။

ကိုတေဇာစန်းက “ကျနော်တို့ ပြည်သူတွေထဲမှာ နောက်ထပ် ဝေမိုးနိုင်တွေ အများကြီး ရှိနေတယ်ဆိုတာ အကြမ်းဖက် စစ်ကောင်စီကို အသိပေးလိုပါတယ်။ ဒီဝေမိုးနိုင်တယောက်ကို ဖမ်းလိုက်လည်း နောက်ထပ် ဝေမိုးနိုင်တွေ အများကြီး လာလိမ့်မယ်ဆိုတာ မြဲမြဲ မှတ်ထားပါ” ဟု ရေးသားထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးကလည်း ကိုဝေမိုးနိုင်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူ အားလုံးကို သင့်တော်လုံလောက် သည့် ဆေးကုသမှု ရရှိရန်နှင့် ၎င်းတို့၏ အခွင့်အရေးများကို လေးစားလိုက်နာရန် တောင်းဆိုလိုက်သည်။

စစ်ကောင်စီသည် ဆိုင်ကယ်နှင့် သွားလာနေသည့် ဆန္ဒပြသူများကို ဖမ်းဆီးရာတွင် အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ကားဖြင့် ဝင်ရောက်တိုက်ခိုက်ကာ ဖမ်းဆီးခြင်းဖြစ်ပြီး မန္တလေးမြို့တွင်လည်း ထိုသို့ ဖမ်းဆီးသဖြင့် သေကျေမှုများ ရှိခဲ့သည်။

လူအခွင့်အရေး လှုပ်ရှားသူ တဦးဖြစ်သည့် ဦးအောင်မျိုးမင်းကလည်း “ဖမ်းဆီးမှုက လူမဆန်ဘူး။ တကယ့်ကိုရဲရဲဝံ့ဝံ့နဲ့ ဖမ်း တာမျိုး မဟုတ်ဘဲနဲ့ အိမ်စီးကားကို အသုံးပြုပြီးတော့မှ ဆိုင်ကယ်ကို တိုက်တာက တရားဥပဒေအရပဲ ဖြစ်ဖြစ် ကျင့်ဝတ် အရ ဘယ်လိုမှ မလုပ်သင့်ဘူး တချိန်တည်းမှာပဲ အင်အားသုံးပြီး ရိုက်နှက်တာတွေ တွေ့ရတယ်။ သူလုပ်ဆောင်ခဲ့တဲ့ အကြောင်းအရာ သူ့အပေါ်မှာ ငြိုးတဲ့ကိစ္စ၊ အခုဖမ်းဆီးတဲ့ အခါမှာ သုံးတဲ့နည်းလမ်းတွေ ကြည့်ပြီးတော့ သူ့ရဲ့ ကျန်းမာ ရေးနဲ့ လုံခြုံရေးကို အထူးစိုးရိမ်တယ်” ဟု ဆိုသည်။



စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက်တွင် မုံရွာမြို့ရှိ ပြည်သူလူထုသည် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှု များကို နေ့စဉ်နီးပါး အင်တိုက်အားတိုက် ပြုလုပ်နေသော မြို့ တမြို့ဖြစ်သည်။

အဆိုပါမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သည့် ကိုဝေမိုးနိုင်သည် အစ္စလာမ်ဘာသာဝင် ၁ ဦးဖြစ်သည်ကို အကြောင်းပြုပြီး ဘာသာရေးမှိုင်းတိုက်ကဝေဖန်တိုက်ခိုက်မှုများလည်း ဖြစ်ပေါ်ခဲ့သလို ကိုဝေမိုးနိုင်အား မုံရွာမြို့တွင် ရဲနှစ်ဦးသေဆုံးမှုနှင့် ပတ်သက်ပြီး လူသတ်မှုဖြင့် စွပ်စွဲ အမှုဖွင့်ထားသည့်အပြင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့်လည်း အမှုဖွင့်ထားသည်။

“ဒီမိုကရေစီ အရေး လှုပ်ရှားတဲ့သူကို နဂိုကတည်းကမှ တပ်က မုန်းတီးတယ်။ ဝါဒဖြန့်မှုက ရိုဟင်ဂျာတို့ အစ္စလာမ်တို့ ကိစ္စတွေကို မုန်းတီးအောင် တိုက်ထားတော့။ ဝါဒဖြန့်မှုရယ် ၊ မုန်းတီးမှုရယ်၊ လူမျိုးရေး အရ မှိုင်းတိုက်မှုတွေ နောက်ပိုင်းမှာ ဖြစ်လာတဲ့ အတွက်ကြောင့် ပိုမိုပြီးတော့ စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါမျိုးက ဘယ်လိုမှ လက်မခံသင့်တဲ့ အရာလည်း ဖြစ်တယ်။ ဘယ်ဘာသာပဲ ဖြစ်ဖြစ် ဒီမိုကရေစီ အရေးအတွက် လုပ်ဆောင်နေတာပဲဖြစ်ပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။

စစ်ကောင်စီအာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၁၄ ရက်နေ့ထိ ဖမ်းဆီးခံထားရသူ စုစုပေါင်း ၃,၀၇၀ ဦးရှိပြီး ဖမ်းဝရမ်းထုတ် ခံထားရသည့်အတွက် တိမ်းရှောင်နေသူ ၇၅၆ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ထားချက် အရသိရသည်။

စစ်ကောင်စီသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်နေသည့် ပြည်သူများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ထောင်ဒဏ်ချမှတ် ခြင်းများ သာမက သေဒဏ်ချမှတ်ခြင်းများကိုပင် ပြုလုပ်လျက်ရှိသည်။

You may also like these stories:

မန္တလေးဗလီဝင်းအတွင်း ပစ်ခတ်မှု ၁ ဦးသေ၊ ၄ဦးဒဏ်ရာရ

လက်ပြန်ကြိုးတုပ် သေဆုံးနေသည့် ဗလီမော်ဇင် ကိုယ့်ကိုယ်ကိုယ်သတ်သေ ဟု ရဲ မှတ်ချက်ပေး

လူမျိုးတုန်းသတ်နေတယ် လို့ ခံစားရတယ်

Your Thoughts …
Tags: စစ်ကောင်စီမုံရွာဝေမိုးနိုင်အနောက်မြောက်တိုင်း စစ်ဌာနချုပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပဲခူးမြို့ပေါ် စစ်ကောင်စီ တိုက်ခိုက်ခံရမှုတွင် အသက်ပေးခဲ့ရသူတဦး

ဟင်္သာတွေ သွေးမြေကျတဲ့နေ့

ထီးလိုမင်းလိုဘုရား ထီးတင်ရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူတွေ့ရသည့် ဝစီပိတ်ကိုယ်တော် / C J

မြန်မာတို့နှင့် လောကီအစီအရင်များ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.8k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate