စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရသည့် ရန်ကုန်မြို့ မှ အမျိုးသမီးငယ်တချို့ မှာ စစ်ကြောရေးအချိန်ကာလကို ဖြတ်သန်းရ စဉ် ညဘက်အချိန်များတွင် လိင်ပိုင်းဆိုင်ရာ စော်ကား အကြမ်းဖက်ခံရမှုများနှင့် ရင်ဆိုင်နေရကြောင်း လုံခြုံရေးတပ်ဖွဲ့များ နှင့် နီးစပ်သော သတင်းရင်းမြစ်များထံမှ သိရသည်။
တချို့ အမျိုးသမီးငယ်များသည် ၎င်းတို့၏ ချစ်သူများနှင့်အတူနေထားသည့် HD များ ဖုန်းထဲတွင် ပါလာရာ ၎င်းတို့ကို ပစ် မှတ်ထား၍ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်မှ စစ်ဘက်အရာရှိများက ညဘက်တွင် သီးခြား ခေါ်ယူ စစ်ဆေးစဉ် လိင်ပိုင်း ဆိုင်ရာ စော်ကားမှု တချို့ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
“တပ်က ကောင်တွေက ညဘက် မူးလာရင် HD ပါလာတဲ့ ကလေးမလေးတွေကို ခေါ်ထုတ်တယ်။ ပြီးရင် သူ့ဖုန်းထဲက အဲဒီ ဟာကို ဖွင့်ပြပြီး ထိကပါး ရိကပါး လုပ်တာပေါ့။ ညဘက်မှာ အပြင်ခေါ်ထုတ်ပြီး သီးခြား စစ်တာမျိုးတွေ လုပ်တယ်။ အွန် လိုင်းမှာ ပြန့်နေတဲ့ အမျိုးသမီး အင်္ဂ ါကို တုတ်နဲ့ မွေတယ်ဆိုတာလည်း ဒီကောင်တွေပဲ လုပ်တာ”ဟု သတင်း ရင်းမြစ် တဦးက ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့ များ၏ လက်ထဲတွင် ယခုလို အမျိုးသမီးများ ဘက်ပေါင်းစုံမှ အကြမ်းဖက်ခံနေရခြင်းကို ကြားသိနေရ သော်လည်း လက်ရှိ တိုင်းပြည်၏ အခြေအနေအရ အကူအညီများ မပေးနိုင်သဖြင့် စိတ်မကောင်း ဖြစ်ရကြောင်း၊ အမျိုးသ မီး အဖွဲ့များအနေဖြင့် တောင်းဆိုသင့်သည့်အရာများကို ဆက်လက် လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားကြောင်း အရှို အမျိုး သမီးအဖွဲ့ မှ ဒါရိုက်တာ မိုင်သန့်စီဦးက ပြောသည်။
“မလုပ်သင့်တဲ့အရာ၊ မဖြစ်သင့်တဲ့အရာကို လုံးဝ ကျူးလွန်တဲ့အပိုင်းတွေ ဖြစ်နေပြီ။ ဒီလိုမျိုး အမျိုးသမီးနဲ့ မိန်းကလေးတွေ အပေါ်မှာ ဒီလိုမျိုး မတရားမှုတွေ လိင်ပိုင်းဆိုင်ရာအပြင် အဖက်ဖက်က စော်ကားမှုတွေကို တရားမျှတမှုရအောင် ကျမတို့က ပြန်ပြီးမှ ကြိုးစားသွားမယ်။ တနေ့မှာတော့ ရှိတဲ့အချက်အလက်တွေ အထောက်အထားတွေနဲ့ တရားမျှတမှု ရရှိအောင် လုပ်သွားပါ့မယ်”ဟု မိုင်သန့်စီဦးက ပြောသည်။
စစ်ကောင်စီက ပြည်သူလူထုကို အကြောက်တရား ရိုက်သွင်းရန် ရည်ရွယ်ပြီး အမျိုးသမီးများ အပါအဝင် လူငယ်လူရွယ် များကို ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ထားသည့် ပုံများကို ပြည်သူများအား ပေါ်ပေါ်ထင်ထင် ချပြခဲ့သဖြင့် ဝေဖန်မှုများ ပြင်းထန်းစွာ ဖြစ်ပေါ်ခဲ့သည်။
ယခုကဲ့သို့ အမျိုးသမီးများ အပါအဝင် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသူများကို ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှု များကို သာမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုနှင့် ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ပြုလုပ်သည့် မည်သည့် လုပ်ရပ်မျိုးကို မဆို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း လူ့အခွင့်အရေးနှင့် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။
စစ်ကောင်စီက ထုတ်ပြန်ထားသည့် ဓာတ်ပုံများအရ ဖမ်းဆီးခံထားရသူ အမျိုးသမီးများသာမက အမျိုးသားများကိုလည်း ပြင်းပြင်းထန်ထန် နှိပ်စက်ထားရာ ရန်ကင်းမြို့နယ်မှ ဖမ်းဆီးခံရသူ အမျိုးသားများတွင် မျက်နှာပေါ်၌ သွေးစီးကြောင်း ဒဏ် ရာများ ကျန်ရှိအောင်ပင် ရိုက်နှက်ခံထားရသကဲ့သို့ လှိုင်သာယာမှ ဖမ်းဆီးခံရသူများတွင်လည်း ဦးခေါင်းကို ပတ်တီးစီး ထားရသည်အထိ ရိုက်နှက် နှိပ်စက်ခံထားရသည်ကို တွေ့ရသည်။
ရန်ကင်းမြို့နယ်တွင် အဖမ်းခံရသူများသည် ရန်ကုန်မြို့ ရှိ ရွှေပြည်သာ စစ်ကြောရေးသို့ မရောက်မီကတည်းက ဒဏ်ရာ များစွာ ရရှိလာခြင်း ဖြစ်ကြောင်း၊ ၎င်းတို့မှာ Civil Disobedience Force (CDF) အဖွဲ့ဝင်များ ဖြစ်ပြီး အင်္ဂလန်နိုင်ငံမှ အ ထောက်အပံများ ရယူထားသည်ဆိုသော စွပ်စွဲချက်ဖြင့် နှိပ်စက်ညှင်းပန်း စစ်ဆေးခံနေရသည်ဟု ဧရာဝတီ၏ သတင်း ရင်းမြစ်များထံမှ သိရသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ ဖမ်းဆီး ထိန်းသိမ်းခြင်းခံရသူ စုစုပေါင်း ၄၀၀၀ နီးပါး ရှိနေပြီး ထိုထဲတွင် အမျိုးသမီး ရာပေါင်းများစွာ ပါဝင်နေသည်။
You may also like these stories:
ရန်ကုန်မှာ ဖမ်းဆီးခံရတဲ့ သတင်းထောက်များ အာမခံပယ်ချခံရ
စစ်အာဏာသိမ်းခြင်းကြောင့် အရပ်သား ၂ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ
ကျောက်ဆည်တွင် CRPH အဖွဲ့ဝင်များကို ဝင်ရှာရင်း စစ်တပ်က ပစ္စည်းများ လုယက်