• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဝေမိုးနိုင်ကို နိုင်ငံတော် ပုန်ကန်မှု အပါအဝင် ပုဒ်မများစွာဖြင့် ထပ်တိုး၍ အရေးယူ

by ဧရာဝတီ
29 April 2021
in သတင်း
A A
မုံရွာသပိတ် လူထုခေါင်းဆောင် ကိုဝေမိုးနိုင်

မုံရွာသပိတ် လူထုခေါင်းဆောင် ကိုဝေမိုးနိုင်

10.9k
VIEWS
Share on FacebookShare on Twitter

မုံရွာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌဟောင်း၊ မုံရွာ သပိတ် ခေါင်းဆောင်တဦးဖြစ်သူ ကိုဝေမိုးနိုင်ကို စစ်ကောင် စီက နိုင်ငံတော် ပုန်ကန်မှု အပါအဝင် ပုဒ်မများစွာဖြင့် ထပ်တိုး အရေးယူလိုက်ကြောင်း သိရသည်။

ကိုဝေမိုးနိုင်ကို မုံရွာမြို့နယ် ရဲစခန်းတွင် ယခင် စွဲဆိုထားသည့် ပုဒ်မများမှာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှု ပုဒ်မ ၁၁၄၊ လူသတ်မှု ပုဒ်မ ၃၀၂၊ တုံးသော လက်နက်ဖြင့် အပြင်းအထန် နာ ကျင် စေမှု ပုဒ်မ ၃၂၅၊ လူကို မတရားချုပ်နှောင်ထားရှိမှု ပုဒ်မ ၃၄၂၊ ဓါးပြမှု ၃၉၅နှင့် တပ်မတော်ကို အကြည်ညို ပျက် အောင် လှုံဆော်မှု ၅၀၅-က တို့ ဖြစ်သည်။

RelatedPosts

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို  အမေရိကန်ဥပဒေ ခွင့်ပြု မပြု

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

21 May 2025
127
ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

21 May 2025
105
နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ)

နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ)

21 May 2025
43

ကိုဝေမိုးနိုင်ကို ၎င်း၏ ထွက်ဆိုချက်အရဟုဆိုကာ မတရား အသင်းဖြင့် ဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၄ နှင့် ပြစ်မှုကြီးများ ကျူးလွန်အောင် အားပေးကူညီမှု ပုဒ်မ ၅၁၁ တို့ ဖြစ်လည်း အရေးယူမည် ဖြစ်ကြောင်း စစ် ကောင်စီက ထပ်မံ ကြေညာခဲ့သည်။

စစ်ကောင်စီက ပုဒ်မများ ထပ်တိုးသည်ဟု ကြားသိရသော်လည်း တိတိကျကျ မသိသေးကြောင်း၊ ရှေ့နေများထံမှ မည် သည့် သတင်းစကားမှ မသိရသေးသလို ရှေ့နေများထံသို့လည်း ကိုဝေမိုးနိုင်အမှု ရှေ့နေလိုက်ခွင့်အတွက် ရှေ့နေ ပါဝင် မရောက်လာသေးကြောင်း ကိုဝေမိုးနိုင်၏ မိခင် ဒေါ်မိုးစန္ဒာကြူက ပြောသည်။

“ပုဒ်မတွေ ထပ်တိုးတယ်ဆိုတာကတော့ နိုင်ငံရေး သဘောတရားအရ သူတို့ကို တော်လှန်ရင် တော်လှန်ခံရတဲ့ အစိုးရက သူတို့ လုပ်ခွင့်ရှိသလို လုပ်နေတာဆိုတော့ သူတို့လုပ်ချင်တဲ့ အတိုင်းအတာအတိုင်း လုပ်နေတာပေါ့။ ကျမတို့ အနေနဲ့က တော့ တရား မျှမျှတတနဲ့ မှန်မှန်ကန်ကန် စီရင်ပေးမယ့် ပြည်သူ့တရားရုံးမျိုးမှာ ပွင့်လင်းမြင်သာမှု ရှိရှိ တရားစီရင်တာမျိုးကို ဖြစ်စေချင်ပါတယ်”ဟု ဒေါ်မိုးစန္ဒာကြူက ပြောသည်။

ကိုဝေမိုးနိုင်၏ အမှုကို မုံရွာခရိုင် ရှေ့နေများ ကွန်ရက်က အကူအညီပေးနေပြီး ၎င်းကို လက်ရှိတွင် Video Conferencing စနစ် အမှုစစ်ဆေးလျက်ရှိပြီး ကျန်းမာရေး အခြေအနေလည်း ကောင်းမွန်ကြောင်း သိရသည်။

ကိုဝေမိုးနိုင်သည် ပြီးခဲ့သည့် ဧပြီ ၁၅ ရက်နေ့က မုံရွာမြို့ တွင် ဆိုင်ကယ်သပိတ် စစ်ကြောင်းနှင့်အတူ ငြိမ်းချမ်းစွာ ဆန္ဒပြနေ စဉ် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ကားနှင့် ဝင်တိုက်ပြီး အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခံခဲ့ရသည်။

၎င်းဖမ်းဆီးခံခဲ့ရပြီးနောက် ကိုဝေမိုးနိုင်နှင့် ဆက်စပ်သူ ၂၃ ယောက်ကိုလည်း အမှုဖွင့် အရေးယူနိုင်ရေး ဆက်လက် ဆောင်
ရွက်မည် ဖြစ်ကြောင်း၊ ၎င်းတို့ကို တွေ့ ရှိပါက သတင်းပေးရန်နှင့် သတင်းမပေးပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဟု စစ်ကောင်စီက မနေ့က ကြေညာခဲ့သည်။

ကိုဝေမိုးနိုင် မိခင်၏ အဆိုအရ ကိုဝေမိုးနိုင်အား ဖမ်းဆီးပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)တွင် ထိန်း သိမ်းထားပြီး ယနေ့အချိန်အထိ မိသားစု အပါအဝင် မည်သူနှင့်မျှ တွေ့ ခွင့်မရသေးပေ။

လက်ရှိတွင် ကိုဝေမိုးနိုင်ကို အစိုးရ၏ အုပ်ချုပ်မှု ယန္တရားရပ်တန့်စေရန်၊ တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ မုံရွာ လူထု သပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီကို ဖွဲ့စည်းမှု၊ ဝန်ထမ်းများ CDM တွင် ပါဝင် အောင် စည်းရုံးမှု၊ CRPH နှင့် ဆက်သွယ်မှု၊ Defense Team ဖွဲ့စည်းမှု၊ မုံရွာမြို့နယ် ပြည်သူ့ အုပ်ချုပ် ရေးအဖွဲ့ ဖွဲ့ စည်းမှုတို့တွင် တာဝန်ရှိကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။

ထို့ပြင် ကိုဝေမိုးနိုင်သည် တမြို့နယ်လျှင် ၅ ဦးစီဖြင့် စစ်အခြေခံ သင်တန်း တက်ရောက်နိုင်ရေး မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များနှင့် ချိတ်ဆက်ထားရှိရန်၊ လူငယ် ၃၀ ကို KIA လက်နက်ကိုင်အဖွဲ့ထံသို့လည်းကောင်း၊ အခြားလူငယ် ၁၅ ဦးကို KNU တပ်မဟာ(၅)နယ်မြေသို့ လည်းကောင်း ပို့ဆောင်စေလွှတ်ရာတွင် ပါဝင်ခဲ့သည်ဟုလည်း စစ်ကောင်စီက သတင်း ထုတ်ပြန်သည်။

You may also like these stories:

ကိုဝေမိုးနိုင်အပါ ၄၂ ဦးကို လူသတ်မှုဖြင့် တရားစွဲတင်

သားကိစ္စကို ရင်ဆိုင်ဖြေရှင်းမည်ဆိုသည့် ကိုဝေမိုးနိုင်၏ မိခင်နှင့် မေးမြန်းခြင်း

လူကွဲပေမယ့် မူမကွဲတဲ့ သပိတ်ခေါင်းဆောင် ၂ ဦး

Your Thoughts …
Tags: ကိုဝေမိုးနိုင်နိုင်ငံတော် ပုန်ကန်မှုပုဒ်မများ ထပ်တိုးမုံရွာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မုံရွာ ဓားပြတိုက် သတ်ဖြတ်မှု ကျူးလွန်သူများ ဖမ်းမိဟုဆို

မုံရွာ ဓားပြတိုက် သတ်ဖြတ်မှု ကျူးလွန်သူများ ဖမ်းမိဟုဆို

by ဧရာဝတီ
11 August 2023
17.2k

ဓားပြတိုက် ပစ်ခတ်မှုဖြစ်ပွားချိန်တွင်နေအိမ်၌ သေဆုံးသွားသူ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ ခဲအိုနှင့် ယောက္ခမဖြစ်သူ တို့ရှိနေပြီး ယောက္ခမဖြစ်သူအမျိုးသမီးမှာ နားထင်တွင် သေနတ်ဒဏ်ရာ ရှပ်ထိခဲ့ကာ၊ ခဲအိုဖြစ်သူမှာ လွတ်မြောက်သွားခဲ့ကြောင်း

မုံရွာ၌ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မလာ၍ ရပ်ကွက်တွင်း ဝင်ဖမ်း

မုံရွာ၌ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မလာ၍ ရပ်ကွက်တွင်း ဝင်ဖမ်း

by ဧရာဝတီ
28 March 2024
8.2k

စစ်မှုထမ်းစာရင်းပါသူများကို ဆေးစစ်ရန် ဆင့်ခေါ်ရာ ရောက်မလာကြသဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရပ်ကွက်အတွင်း ဝင်ရောက်ခေါ်ဆောင်မှုများပြုလုပ်ရာ လူငယ် ၃၀ ခန့် ဖမ်းဆီးခံလိုက်ရ

နမခတိုင်းမှူးသစ်လက်ထက် မုံရွာအနီး မြို့နယ်များ စစ်ကြောင်းထိုးခံရ

နမခတိုင်းမှူးသစ်လက်ထက် မုံရွာအနီး မြို့နယ်များ စစ်ကြောင်းထိုးခံရ

by ဧရာဝတီ
3 February 2025
3.8k

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုင်းမှူး အပြောင်းအလဲ ပြုလုပ်ပြီးနောက်ပိုင်း မြို့ပတ်ချာလည်ရှိ ဆားလင်းကြီး၊ ယင်းမာပင်၊ အရာတော်၊ ချောင်းဦး၊ မြင်းမူ၊ ဘုတလင်မြို့နယ်များသို့ ဆက်တိုက်စစ် ကြောင်းထိုးနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ခုခံမှုအားကောင်းသည့် မုံရွာ၌ စမ်းသပ်သန်းခေါင်စာရင်းကောက်ရန် စစ်ကောင်စီ ပြင်

ခုခံမှုအားကောင်းသည့် မုံရွာ၌ စမ်းသပ်သန်းခေါင်စာရင်းကောက်ရန် စစ်ကောင်စီ ပြင်

by ဧရာဝတီ
12 September 2023
2.8k

မုံရွာမြို့နယ်အတွင်း စမ်းသပ်သန်းခေါင်စာရင်းကောက်ရန် လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး အောင်မြင်နိုင် မည့် အလားအလာ နည်းပါးကြောင်းနှင့် ၎င်းတို့ ဦးစီးကျင်းပမည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုအနေဖြင့် အင်အား သုံး ကောက်ယူပါကလည်း ဟန်ပြအနေဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်

မုံရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီး အသတ်ခံရမှု ဖမ်းမိသူများအား တရားစွဲ

မုံရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီး အသတ်ခံရမှု ဖမ်းမိသူများအား တရားစွဲ

by ဧရာဝတီ
25 August 2023
1.9k

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးကို ဓားပြတိုက်လူသတ်မှုဖြင့် ဖမ်းဆီးထားသည့် သံသယ တရားခံများအား ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်တရားစွဲဆိုပြီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ (ပ.အ.ဖ) က သြဂုတ် ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

မုံရွာတွင် ပေါ်တာဆွဲမှုများ နေ့ရောညပါ ပြုလုပ်လာ ဟုဆို

မုံရွာတွင် ပေါ်တာဆွဲမှုများ နေ့ရောညပါ ပြုလုပ်လာ ဟုဆို

by စောလွင်
27 August 2024
1.7k

မုံရွာမြို့ကို စစ်ကောင်စီက စစ်ဆေးရေးဂိတ်များစွာချ၍ လုံခြုံရေး တင်းကျပ်ထားသည့် အခြေအနေ၌ ဂိတ် တချို့တွင် ဖြတ်သန်းသွားလာသူများအား အမေးအမြန်းမရှိ ဖမ်းဆီးသည်အထိ အခြေအနေ ဆိုးရွားလာ

Next Post
ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာကြီးများတွင် တွေ့ရသည့် ထိုင်းနိုင်ငံမှ တင်သွင်းသော ကော်ဖီမစ်၊ ကော်ဖီနှင့် အချိုရည်များ / ဧရာဝတီ

ပိတ်ပင်ကုန်များ နယ်စပ်ဖြတ် ပြန်ပို့ခွင့်အတွက် ထိုင်းဝန်ကြီး မြန်မာပြည် လာမည်

Test kits အဟောင်းတွေနဲ့ စစ်ဆေးပေးနေတယ်လို့ တိုင်ကြားလာခဲ့အပြီးမှာ တာဝန်ရှိသူတွေဟာ အဆိုပါ ဓာတ်ခွဲခန်းကို သွားရောက် စစ်ဆေးခဲ့ပါတယ်။

Test kits အဟောင်း သုံးခဲ့တဲ့ အင်ဒိုနီးရှား ဓာတ်ခွဲခန်း ဝန်ထမ်းတွေကို ဖမ်းဆီး အရေးယူ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.3k

Most Read

  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate