မိုးရာသီ ကျရောက်တော့မည် ဖြစ်၍ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင် လူဦးရေ ၈၀၀၀ ကျော်မှာ လူနေ ဆောင်များ ပြန်လည် ပြုပြင်ရန်နှင့် စားနပ်ရိက္ခာများအတွက် အကူညီများ လိုအပ်နေကြောင်း စစ်ရှောင်အရေး ကူညီပေး နေသူများက ပြောသည်။
ယင်းစစ်ရှောင် လူဦးရေ ၈၀၀၀ ကျော်မှာ မြို့ပေါ်ရပ်ကွက်ရှိ စစ်ရှောင်စခန်းတွင် လူဦးရေ ၅၀၀၀ ကျော်နှင့် ဆမီးမြို့ပေါ် စစ် ရှောင်စခန်းတွင် လူဦးရေ ၃၀၀၀ ကျော်ရှိကာ စစ်တပ်နှင့် AA တို့ ဖြစ်ပွားနေခဲ့သည့် တိုက်ပွဲများကြောင့် လက်ရှိအချိန် အ ထိ နေရပ်မပြန်နိုင်ဘဲ စစ်ရှောင်စခန်းများတွင် နေထိုင်နေရသူများ ဖြစ်သည်။
ပလက်ဝမြို့တွင် စစ်ရှောင်အရေး ကူညီပေးနေသူ ဦးဇာနီက“ကျနော်တို့ ပလက်ဝမြို့ပေါ်က စစ်ရှောင်စခန်းတွေက ဝါးတိုင်း၊ ဝါးထရံ၊ ဝါးခင်းဆိုတော့ အကုန်လုံးနီးပါးက ပြန်လည်ပြုပြင်ဖို့ လိုနေတယ်။ စားရေးသောက်ရေးလည်း ဒီလိုပဲ။ သုံးစရာ ငွေ လည်း မရှိဘူး။ အရင်တုန်းကလို အလှူရှင်တွေ မလာနိုင်ကြတော့ လိုအပ်တာကတော့ အကုန်လုံးနီးပါးပဲ”ဟု ပြောသည်။
လက်ရှိအခြေအနေတွင် အလိုအပ်ဆုံးမှာ နေထိုင်ရေးအတွက် အဆောင်များ ပြန်လည် တည်ဆောက်ရေး ဖြစ်ပြီး နိုင်ငံ တကာအဖွဲ့အစည်းများက စားနပ်ရိက္ခာ ထောက်ပံ့သော်လည်း ပြည့်စုံမှု မရှိသေးကြောင်း ဆမီးမြို့ပေါ်ရှိ စစ်ရှောင်အရေး ကူညီပေးနေသူ တဦးဖြစ်သူ ဦးပြည့်ဆုက ပြောသည်။
“အလုပ်လည်း မရှိဘူး။ ရွာလည်း မပြန်နိုင်သေးဘူး ဖြစ်နေတယ်။ အဓိကတော့ ကျနော်တို့ အဆောင်တွေ ပြန်လည် ပြု ပြင်ဖို့အတွက် အလှူရှင်အဖွဲ့တွေကို လိုအပ်နေတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများ မရှိသော်လည်း ကျောက်တော် – ပလက်ဝ – ရေး လမ်းကြောင်းနှင့် ပလက်ဝ – မတူပီ ကားလမ်းတို့မှာလည်း လုံခြုံရေး ဂိတ်အဆင့်ဆင့်ထံ ခွင့်ပြုချက် ရယူပြီး သွားလာရသည့်အတွက် စိတ်ချ ၊လက်ချ သွားလာမှု မပြုနိုင်သည့်အတွက် ရိက္ခာသယ်ယူရေးမှာလည်း အခက်အခံများ ရှိနေကြောင်း ပလက်ဝ ဒေသခံများ က ပြောသည်။
တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများ အလွန်ပြင်းထန်ခဲ့သည့် ၂၀၁၉ ခုနှစ်က ပလက်ဝနှင့် ဆမီးဒေသတို့တွင် စားနပ်ရိ က္ခာ ပြတ်လပ်သည့်အထိ တွေ့ ကြုံခဲ့ရပြီး ထိုစဉ်က NLD အစိုးရက ဆန်အိတ်များ ရောက်ရှိအောင် အကူအညီများ ပေးခဲ့ရ သည်။
လက်ရှိ အချိန်တွင် တိုက်ပွဲများ မရှိသော်လည်း ပလက်ဝမြို့နယ်သို့ ရောက်ရှိနေသည့် စစ်တပ်နှင့် AA တပ်ဖွဲ့ဝင်များက တပ် ဆုတ်သွားခြင်း မရှိဘဲ ကုန်းလမ်း၊ ရေလမ်းတလျှောက် တောင်ကုန်းများတွင် တပ်စွဲနေထိုင်ကြသည့်အတွက် ပလက်ဝ ဒေသခံများက နောက်ထပ်တကြိမ် တိုက်ပွဲများ ပြန်ဖြစ်လာမည်ကိုလည်း စိုးရိမ်ကြသည်။
တိုက်ပွဲများကြောင့် စစ်ရှောင်ဘဝဖြင့် ခိုလှုံနေရသည့် ကျေးရွာများမှာ ဝက်မကျေးရွာ၊ ဆားဝကျေးရွာ၊ ပြိုင်းတောင် ကျေးရွာ ၊ ပြိုင်းဝကျေးရွာ၊ ကြက်မအိုင်ကျေးရွာ၊ ရွေွှချောင်း ကျေးရွာ၊ သင်းပုန်းကျေးရွာနှင့် ကင်းဝ ကျေးရွာတို့မှ ဖြစ်ကြောင်း သိရ သည်။
ဝက်မကျေးရွာမှ ဆမီး စစ်ရှောင်စခန်းတွင် ခိုလှုံနေရသူ ဦးကွာလုံးက“ကျနော်တို့ ရွာကို တအား ပြန်ချင်တယ်။ မပြန်ရဲ သေးဘူး။ တိုက်ပွဲ ပြန်ဖြစ်မှာကိုလည်း စိုးရိမ်တယ်။ နောက်တကြိမ် တိုက်ပွဲကြီးတွေ ဖြစ်ရင် ပြေးလို့ လွယ်မှာ မဟုတ် တော့ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
You may also like these stories:
ရခိုင်စစ်ရှောင်များ နေရပ်ပြန်ရေး စစ်ကောင်စီက စာရင်းများ ကောက်ယူနေ
ကချင်စစ်ရှောင် ၁ သိန်းကျော် နေရပ်ပြန်ရေး အာဏာသိမ်းပြီးနောက် ရပ်ဆိုင်းသွား
စစ်ရေးမတည်ငြိမ်သဖြင့် မိုးမောက်ဒေသခံ ၁၅၀၀ ကျော် ထွက်ပြေးနေရ