• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

NUG အစိုးရက CDM များကို ပံ့ပိုးနိုင်ရန် ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်း

by ဧရာဝတီ
5 May 2021
in သတင်း
A A
၂၀၂၁ ဖေဖေါ်ဝါရီ ၁၀ရက်နေ့က မြေနီကုန်းတံတားအောက်တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြသည့် CDM ကျန်းမာရေး ဝန်ထမ်းများ / ဧရာဝတီ

၂၀၂၁ ဖေဖေါ်ဝါရီ ၁၀ရက်နေ့က မြေနီကုန်းတံတားအောက်တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြသည့် CDM ကျန်းမာရေး ဝန်ထမ်းများ / ဧရာဝတီ

45.4k
VIEWS
Share on FacebookShare on Twitter

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဝန်ထမ်းများကို ပံ့ပိုးကူညီစောင့်ရှောက်ရေးလုပ်ငန်းအခြေအနေ တိုးတက်စေရန်အတွက် CDM ထိန်းသိမ်းရေးကော်မတီကို မေလ ၄ ရက်နေ့တွင်စတင် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံမှ သိရသည်။

ယင်းကော်မတီတွင် NUG က ဖွဲ့စည်းထားသည့် ဝန်ကြီးဌာနနှင့် ဌာနပေါင်းစုံ အသီးသီး ပါဝင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏကပြောသည်။

RelatedPosts

စာသင်ကျောင်းကို ဗုံးကြဲတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး (ရုပ်/သံ)

စာသင်ကျောင်းကို ဗုံးကြဲတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး (ရုပ်/သံ)

16 May 2025
5
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
536
မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
79

၎င်းက “စစ်ကောင်စီကလည်းဖမ်းနေတယ်။ အလုပ်သွားလို့လည်းမရဘူး။ တနေ့လုပ်တနေ့စားတွေကလည်း အများကြီးရှိနေတယ်။ အိမ်ငှားနေရတယ်။ လူကလည်း လခမရတော့ ဟိုဘက်ဒီဘက် အကြပ်အတည်းတွေက အများကြီး ဖြစ်လာတယ်။ ဒါတွေကိုထည့် စဉ်းစားထားပါတယ်” ဟု ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ အစည်းအဝေးတိုင်းတွင် CDM အရေးကို ဦးစားပေးကိစ္စအဖြစ်ဆွေးနွေးနေပြီး ကော်မတီဖွဲ့စည်းပြီးသည်နှင့် အမြန်ဆုံးစတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်သုဝဏ္ဏက “ကြပ်ကြပ်တည်းတည်းဖြစ်နိုင်တဲ့အခါ အဲဒီလိုအခြေအနေမျိုးတွေမှာ ရုန်းထွက်နိုင်အောင် လေးလေးနက်နက်စဉ်းစားရတာပေါ့။ ဒါကြောင့်မို့ ကော်မတီမှာ ဝန်ကြီးဌာနပေါင်းစုံပါတယ်။တခုကမသိရင် ကျန်ဌာနတွေက သိရလေအောင် CDM ကူညီစောင့်ရှောက်ရေးလုပ်ငန်း အခြေအနေတိုးတက်ရလေအောင် ဖွဲ့စည်းထားတဲ့ကော်မတီပါ” ဟု ပြောသည်။

စစ်ကောင်စီ၏ အာဏာသိမ်းမှု မအောင်မြင်ရေးအတွက် တော်လှန်ရေးတပ်ဦးဖြစ်သည့် CDM ဝန်ထမ်းများစွာမှာ လက်တလောတွင် စစ်ကောင်စီ၏ ဖိအားပေးခြိမ်းခြောက်ခြင်း၊ ၅၀၅-က ပုဒ်မ တပ်ပြီးလိုက်လံဖမ်းဆီးခံရခြင်းနှင့် အများအပြားမှာ တိမ်းရှောင်ထွက်ပြေးနေရခြင်းများ ကြုံတွေ့နေရကြောင်း CDM ပံ့ပိုးကူညီရေးအဖွဲ့များထံမှ သိရသည်။

CDM ပံ့ပိုးကူညီရေးအဖွဲ့တခုမှ အဖွဲ့ဝင်တဦးက “ကျမတို့ဆို လူငယ်တွေနဲ့ချည်းပဲ ဖွဲ့ထားတာ။ ဝန်ထမ်း၁၇၀၀ ကျော်လောက်ကို ပံ့ပိုးပေးနေတာ။ ဒါပေမယ့် အခု ဧပြီမှာ အလှူခံရတာ တော်တော်ခက်ခဲလာတယ်။ တယောက်ကို ၅၀၀၀၀ လောက်ပဲ ပံ့ပိုးပေးနိုင်တော့တယ်။ ဒါပေမယ့် ဝန်ထမ်းတွေကတော့ ငတ်ငတ်ပြတ်ပြတ် ဘယ်လို အခြေအနေဖြစ်ဖြစ် တောင့်ခံနေတုန်းပါပဲ” ဟု ပြောသည်။

ထို့ပြင် လစာဝင်ငွေမရရှိခြင်း၊ နေထိုင်ရေးနှင့် စားရေးသောက်ရေး အခက်အခဲများကြုံတွေ့နေရခြင်း၊မိသားစုများ၏ လုံခြုံရေးကို ခြိမ်းခြောက်ခံရခြင်း၊ Non-CDM အရာရှိများ၏ နည်းမျိုးစုံဖြင့် ဖိအားပေးခံရခြင်းများကိုလည်း ကြုံတွေ့နေရကြောင်း သိရသည်။

CDM ပြုလုပ်နေသည့် ကျန်းမာရေးဝန်ထမ်း တဦးက “ရုံးဆက်မတက်ရင် ၅၀၅ ထုတ်မယ်ဆိုတာမျိုးခြိမ်းခြောက်ခံနေရတယ်။ တဖက်ကလည်း ကျနော်တို့အနေနဲ့ အလုပ်ကထွက်လိုက်ရင် ဒီကိစ္စကြီးပြီးသွားရင် အလုပ်ပြန်ရပါ့မလား။ နဂိုအတိုင်း ပြန်ဖြစ်ပါ့မလားလို့ အာမခံချက်တခုခုကိုလည်း သိချင်နေတာမျိုးရှိတယ်”ဟု ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရက CDM ဝန်ထမ်းများကို လစာပေးနိုင်ရန်အတွက် စီစဉ်နေကြောင်းထုတ်ဖော်ပြောကြားထားသည်။

ထို့ပြင် CDM တွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများကို မူလ အလုပ်တာဝန်များ တည်မြဲရေး၊ နစ်နာမှုများပြန်လည် ကုစားနိုင် ရေးနှင့် ဂုဏ်ပြုချီးမြှောက်မှုများ ဆောင်ရွက်သွားမည့်အပြင် တခြားသော ချုပ်နှောင်ထိန်းသိမ်းခံရခြင်း၊ ထောင်ဒဏ်ကျခံရ ခြင်းတို့ ရှိခဲ့ပါကလည်း ပြစ်မှုမှတ်တမ်းများကို ခြွင်းချက်မရှိ ပယ်ဖျက်မည် ဖြစ်ကြောင်းလည်း အသိပေးထားသည်။

CDM တွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများအပေါ် ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မတရားအရေးယူဆောင်ရွက်ခြင်းပြုသည့် ဝန်ထမ်းအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ အပါအဝင်သက်ဆိုင်ရာ တာဝန်ရှိသူ ဝန်ထမ်း တဦးချင်းစီအား မှတ် တမ်းထား ဖော်ထုတ်၍ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာနက မတ် ၁၆ ရက်နေ့ ရက်စွဲဖြင့် အသိပေးချက် ထုတ်ပြန်ထားပြီး ဖြစ်သည်။

စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးဝန်ထမ်းများအပါအဝင် ဝန်ထမ်းအများအပြားမှာ စစ်ကောင်စီလက်အောက်တွင် အမှုမထမ်းဟုဆိုကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသဖြင့် စစ်ကောင်စီ၏ အစိုးရယန္တရားမှာ ယနေ့ထိတိုင်ကောင်းစွာ လည်ပတ်နိုင်ခြင်း မရှိသေးပေ။

ထို့ကြောင့် အာဏာသိမ်းစစ်ကောင်စီက CDM ဝန်ထမ်းများစွာကို ဖမ်းဆီးခြင်း၊ လိုင်းခန်းများမှနှင်ထုတ်ခြင်း ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ပြီး ဦးဆောင်လှုပ်ရှားသူ ဝန်ထမ်းများကိုလည်း ပုဒ်မ၅၀၅-ကတပ်ကာ ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများမှတဆင့် နေ့စဉ် ထုတ်ပြန်ကြေညာနေသည်။

You may also like these stories:

စစ်အာဏာရှင် စနစ်ဆိုးကို အမြစ်ဖြတ်ဖို့ ဝိုင်းကူနေတဲ့ CDM မီးရထားလုပ်သားကြီးများ

Your Thoughts …
Tags: CDMNUGနိုင်သုဝဏ္ဏ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
40.9k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.4k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

Next Post
နမ္မတူမြို့နယ် မန်လီကျေးရွာရှိ မီးလောင်သွားသည့် နေအိမ်များ / CJ

TNLA နှင့် RCSS ပဋိပက္ခ အရပ်သား အိမ် ၁၀၀ ကျော် မီးလောင်ပြာကျ

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း

အမေရိကန် ထိန်းချုပ်ထားသည့် ဒေါ်လာ ၁ ဘီလီယံကို NUG ထံ လွှဲပေးရန် မြန်မာသံအမတ် တောင်းဆို

No Result
View All Result

Recommended

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7.2k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate