• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

TNLA နှင့် RCSS ပဋိပက္ခ အရပ်သား အိမ် ၁၀၀ ကျော် မီးလောင်ပြာကျ

by ဧရာဝတီ
5 May 2021
in သတင်း
A A
နမ္မတူမြို့နယ် မန်လီကျေးရွာရှိ မီးလောင်သွားသည့် နေအိမ်များ / CJ

နမ္မတူမြို့နယ် မန်လီကျေးရွာရှိ မီးလောင်သွားသည့် နေအိမ်များ / CJ

76.5k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်တွင် နယ်မြေ အငြင်းပွားမှုအပေါ်မူတည်ပြီး ဖြစ်ပွားသည့် ပလောင် (တအန်း) အမျိုးသား လွတ် မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့၏ တလတာ စစ်ရေးပဋိပက္ခကြားတွင် ဒေသခံ အရပ်သားများ၏ နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျ သွားခဲ့ပြီဖြစ်ကြောင်း သတင်း ရရှိသည်။

ပြာကျသွားသည့်အထိ မီးလောင်ပျက်စီးသွားသည့် အရပ်သား အိမ်များသည် ဧပြီ ပထမပတ်မှ မေလ ပထမပတ်အတွင်း TNLA နှင့် RCSS ကြား ဖြစ်ပွားသည့် တိုက်ပွဲများကြားတွင် ပြာကျသည်အထိ ပျက်စီးသွားခြင်း ဖြစ်သည်။

RelatedPosts

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

22 May 2025
0
MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

22 May 2025
12
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
609

မီးလောင်ပြာကျသွားသည့် နေအိမ် ၁၀၉ အိမ်နှင့် တဲ ၃လုံး ရှိပြီး ထိုအိမ်များမှာ နမ္မတူမြို့နယ် ပန်လုံကျေးရွာ အုပ်စုရှိ မန်ကျန်းရွာနှင့် မန်ဆာရွာ၊ ချောင်းကျေးရွာအုပ်စုရှိ မန်လီရွာနှင့် ရေအိုးရွာတို့မှ အိမ်များ ဖြစ်သည်။

ဧပြီ ၄ ရက်က မန်ကျန်းရွာမှ အိမ် ၂၇ အိမ် မီးစတင်လောင်ကာ ပျက်စီးခဲ့ပြီး ဧပြီ ၆ ရက်တွင် မန်လီရွာမှ အိမ် ၅လုံးနှင့် တဲ ၃ လုံး မီး လောင်ခဲ့သည်။

ဧပြီ၂၁ ရက်တွင် မန်ကျန်းရွာမှ ၁၉ အိမ် ၊ မန်ဆာရွာမှ ၁၃ အိမ် ထပ်မံမီးလောင်ကာ ဧပြီ ၂၅ ရက်တွင် ရေအိုးရွာမှ အိမ် ၁ လုံး မီး လောင်ခဲ့သည်။

နောက်ဆုံး မီးလောင်မှု ဖြစ်ပွားခဲ့သည်မှာ မေ၂ ရက်က မန်လီကျေးရွာအတွင်းရှိ အိမ် ၄၄ အိမ် ဖြစ်သည်။

မန်လီကျေးရွာမှ ဒေသခံတဦးက “အကုန်ပြာဖြစ်သွားပြီ။ ဘာမှမရှိတော့ဘူး။ ကျနော်တို့ ဘဝပျက်ပြီ။ တောင်သူတွေအတွက် အိမ်တလုံး အုတ်နံရံ တချပ်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူးခဗျာ။ အခုတော့ အကုန်မီးရှို့ခံလိုက်ရပြီ။ ဘာမှ မရှိတော့ဘူး။ ဘာမှလည်း မပြောတတ် တော့ဘူး။ ကျနော်တို့ အရမ်း ရင်ထုမနာ ဖြစ်နေရပါတယ်” ဟု ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက် လှုပ်ရှားကာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း၊ ပဋိပက္ခကြား အရပ်သား များ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ရပ်တည် ပြောဆိုပေးခြင်း ပြုလုပ်နေသည့် တအန်း အရပ်ဘက်အဖွဲ့အစည်းများက နမ္မတူမြို့နယ်တွင်း မီးလောင်သွားသည့် အိမ် ၁၀၀ ကျော်နှင့် ပတ်သတ်၍ အချက်အလက်များ စုဆောင်းလျက်ရှိသည်။

တအန်းအရပ်ဘက်အဖွဲ့အစည်းများ၏ ပြောရေးဆိုခွင့်ရှိသူတဦးက ၎င်းတို့ စုဆောင်းထားသည့် အချက်အလက်များအရ အိမ်များမှာ
တိုက်ပွဲကြား လက်နက်ကြီး ကျည်များ ကျပေါက်ကွဲခြင်းကြောင့် မီးစွဲလောင်ကာ ပျက်စီးခြင်း မဟုတ်ဘဲ ရှို့မီးကြောင့်လောင်ခြင်း ဖြစ်သည် ဟူသည့် သက်သေအချို့ ရရှိထားသည်ဟု ပြောသည်။

တအန်းအရပ်ဘက်အဖွဲ့အစည်းများမှ စုဆောင်းထားသည့် အချက်အလက်များအရ ပဋိပက္ခတွင်း တိုက်ခိုက်နေသည့် လက်နက်ကိုင် နှစ်ဖွဲ့ထဲမှ တဖွဲ့က မီးရှို့ခြင်းဖြစ်သည်ကို မျက်မြင်သက်သေများ ရထားကြောင်း၊ အချက်အလက်များ စုဆောင်းနေဆဲ ဖြစ်သဖြင့် ယခုအချိန်တွင် အဖွဲ့အစည်းအမည်ကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပါဟုလည်း ဆိုသည်။

၎င်းက “အကုန်လုံးက တအန်းလူထုတွေနေတဲ့ အိမ်တွေပဲ။ အခုဖြစ်တဲ့ ရွာတွေဆို တအန်းသီးသန့်နေတဲ့ ရွာတွေ မဟုတ်ဘူး။ အကုန် ရောနေကြတယ်။ ရောနေကြတဲ့ ကြားမှာမှ တအန်းအိမ်တွေပဲ မီးလိုက်လောင်တဲ့ ပုံစံဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မီးလောင်သွားသည့် နေအိမ် ၁၀၀ ကျော်မှ အရပ်သားများသည် နီးစပ်ရာ ဆွေမျိုးများထံတွင် ခိုလှုံနေရပြီး ၎င်းတို့အတွက် ပြန်လည်ထူထောင်ရေးကိုလည်း လုပ်ပေးနိုင်ခြင်း မရှိပါဟု အဆိုပါ တအန်းအရပ်ဘက် အဖွ့ဲအစည်းများ၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ဆက်လက်ပြီး ၎င်းက “ဘယ်လက်နက်ကိုင်အဖွဲ့ပဲ ဖြစ်ဖြစ် ဒီလိုလုပ်တာကိုတော့ ကျမတို့ ကန့်ကွက်တယ်။ တိုက်ပွဲကြောင့် ဆုံးရှုံးရင် တောင် ကျမတို့ လက်မခံဘူး။ အခုလို တမင်သက်သက်လိုက်လုပ်တာဆို ပြစ်မှုကျူးလွန်တာ အပြစ်ပိုကြီးပါတယ်။ ဘယ်အဖွဲ့ပဲ ဖြစ်ဖြစ် လုပ်သွားတဲ့အဖွဲ့က လူထုကို ပြန်လည်တာဝန်ယူတာ ပြန်ထူထောင်တာ လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်”ဟု ပြောသည်။

နမ္မတူမြို့နယ်တွင်း စစ်ရေးအခြေအနေနှင့်ပတ်သက်၍ TNLA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က တိုက်ပွဲ မဖြစ်ပွားသည်မှာ ရက်သတ္တပတ်ခန့် ရှိပြီ ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားစဉ်က မီးလောင်ခဲ့သည့် အရပ်သား အိမ်များမှာလည်း RCSS ဘက်မှ မီးရှို့ခြင်း ဖြစ်သည်ဟု စွပ်စွဲပြောဆိုသည်။

ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က “တိုက်ပွဲစဖြစ်တည်းက သူတို့တွေက လူထုတွေကို ခြိမ်းခြောက်ပြီး မောင်းထုတ်တယ်။ ရွာထဲမှာ ပေး မနေတော့ လူတွေက ထွက်ပြေးသွားတယ်။ တိုက်ပွဲက ရွာပတ်လည်မှာ ဖြစ်တယ်။ ရွာတွင်းမှာ ဖြစ်တာ မရှိဘူး။ လက်နက်ကြီးထိပြီး မီးလောင် တာလည်း မဟုတ်ဘူး။ တိုက်ပွဲဖြစ်နေတုန်းမှာလည်း မလောင်ဘူး။ တိုက်ပွဲပြီးလို့ သူတို့ ဆုတ်ခွာချိန်မှာ နေအိမ်တွေကို ရှို့ သွားတယ်။ တိုက်ပွဲ မဖြစ်ချိန်မှာ သူတို့ ရွာထဲကို လာရှို့သွားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

RCSS ဘက်မှ အရပ်သား နေအိမ်များကို မီးရှို့ခြင်းနှင့် ပတ်သက်၍ သက်သေများကိုလည်း စုဆောင်းနေပါသည်ဟု ဗိုလ်မှူးကြီး မိုင်း အိုက်ကျော်က ပြောသည်။

RCSS တပ်ဖွဲ့ဘက်က အရပ်သားအိမ်များကို ၎င်းတို့ မီးမရှို့ကြောင်း ငြင်းဆိုထားပြီး TNLA ဘက်က ရှို့ခြင်း ဖြစ်သည်ဟု ပြန်လည်စွပ်စွဲ ထားသည့် အပေါ်တွင်လည်း ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က မီးလောင်သည့် ရွာများမှာ တအန်းလူမျိုးများ၏ အိမ်များသာ ဖြစ်သဖြင့် တအန်း စစ်သားများက မီးရှို့ခြင်း လုပ်မည် မဟုတ်ကြောင်း ပြောသည်။

နောက်ဆုံး မီးလောင်မှုဖြစ်ပွားခဲ့သည့် မေ ၂ရက်က မီးလောင်သည့် မန်လီရွာသည် သီပေါမြို့နယ်အထွက် နမ္မတူမြို့နယ် အစ လမ်းမကြီးဘေးတွင် တည်ရှိသည့် ရွာဖြစ်သည်။

ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က RCSS အနေဖြင့် နမ္မတူမြို့နယ်တွင်း တိုက်ခိုက်မှုများ ဖြစ်ပွားပြီး သီပေါမြို့နယ်ဘက်သို့ စစ်ကြောင်း နောက်ပြန်ဆုတ်ရာတွင် မန်လီရွာကို မီးရှို့သွားခြင်း ဖြစ်သည်ဟု ပြောသည်။

RCSS ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးခမ်းစံက TNLA ၏ ပြောဆိုချက်မှာ မဟုတ်မမှန်စွပ်စွဲချက် ဖြစ်သည်ဟု တုံ့ပြန်ကာ TNLA ဘက်ကသာ မီးရှို့ခြင်းဖြစ်သည်ဟု ပြန်လည် စွပ်စွဲသည်။

ဗိုလ်မှူးခမ်းစံက “ကျနော်တို့က ရွာရဲ့ ကပ်လျက်မှာ မနေဘူး။ ကျနော်တို့ တပ်တွေလည်း မရှိဘူး။ TNLA က ထိုးစစ်နဲ့ ထိုးလာတော့ ကျနော်တို့က ခံစစ်နဲ့ပဲ တိုက်တယ်ခဗျ။ ရွာကို ထိနိုင်ချေ ရာခိုင်နှုန်းလည်း နည်းပါတယ်။ ကျနော်တို့က အနောက်ဘက်တောင်ကြောမှာ ရှိတယ်။ ခံစစ်နဲ့လည်း နေနေလို့ ရွာနဲ့ မနီးပါဘူးခဗျ။ ထိုးစစ်လာတဲ့ အဖွဲ့ပေါ်မှာပဲ မူတည်ပါတယ် ခင်ဗျ”ဟု ပြောသည်။

မျက်မြင်သက်သေ ဒေသခံများအနေဖြင့် မည်သည့်တပ်ဖွဲ့ မီးရှို့သည်ကို သိမည်ဖြစ်ပြီး လက်ရှိအချိန်တွင် စစ်ရေး တင်းမာမှုများ ရှိနေ သဖြင့် လူထု၏ နေအိမ်များ မီးလောင်သည့် အပေါ်တွင်လည်း အသေးစိတ် စုံစမ်းနိုင်ခြင်း မရှိသေးပါဟု ဗိုလ်မှူးခမ်းစံက ဆိုသည်။

ဆက်လက်ပြီး ၎င်းက “လွန်ခဲ့တဲ့ ၅နှစ်ကလည်း နမ့်ခမ်းမြို့နယ်၊ ဟိုပန်ရွာကို ရွာလုံးကျွတ် မီးရှို့တယ်။ TNLA က RCSS မီးရှို့တယ်လို့ ပြောခဲ့ဖူးတယ်။ ကျနော်တို့ မရှို့ဘူးဆိုတာ နောက်ပိုင်းကျမှ ရှင်းသွားတယ်လေ။ အခုကိစ္စလည်း ဒီလိုပဲ ယူဆပါတယ်။ ကျနော်တို့ RCSS က တွေ့ဆုံဆွေးနွေးဖို့ကို အမြဲလမ်းဖွင့်ထားတယ်။ ဒါပေမယ့် မတွေ့နိုင်ဘဲ စစ်ရေး ကပဲ ပိုတင်းမာလာတဲ့ အနေအထားဆိုတော့ တခြား မှတ်ချက်တော့ ပေးဖို့ မရှိသေးဘူး ခင်ဗျ”ဟု ပြောသည်။

ဗိုလ်မှူးခမ်းစံက နမ္မတူမြို့နယ်တွင်း တိုက်ပွဲမဖြစ်ပွားသော်လည်း မန်စံကျေးရွာ၊ မိုင်းမုကျေးရွာတို့ တကြောတွင် စစ်ရေး တင်းမာနေဆဲ ဖြစ်သဖြင့် အချိန်မရွေး တိုက်ခိုက်မှုများပြန်ဖြစ်နိုင်သည့် အခြေအနေ ရှိပါသည်ဟု ပြောဆိုသည်။

TNLA နှင့် RCSS သည် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှ စ၍ နယ်မြေအငြင်းပွားမှုများကြောင့် စစ်ရေးတင်းမာမှု ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ ဖြစ်သည်။

TNLA သည် အပစ်အခတ် ရပ်စဲရေးစာချုပ် တစုံတရာ လက်မှတ်ရေးထိုးထားခြင်း မရှိဘဲ ပလောင်ပြည်နယ်ရရှိရေး၊ ပလောင်လူမျိုးများ မိမိဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး၊ တန်းတူညီမျှရေးအတွက် တော်လှန်ရေး လုပ်ဆောင် နေသည့် တပ်ဖွဲ့ဖြစ်သည်။

TNLA သည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်၊ မန်တုံကို ဗဟိုပြုကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အားလုံးတွင် ဖြန့် ကျက် လှုပ်ရှားသည်။

RCSS သည်လည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ရှမ်းလူမျိုးများ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် ဆောင်ရွက်နေသည့် ရှမ်းတော်လှန်ရေးတပ်ဖွဲ့တဖွဲ့ ဖြစ်ကာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ စစ်တပ်၊ လွှတ်တော် တို့နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည်။

RCSS သည် မြန်မာ-ထိုင်းနယ်စပ်တွင် ဌာနချုပ် အခြေစိုက်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းတို့တွင် လှုပ်ရှားသော်လည်း NCA ထိုးပြီးနောက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အင်အားတိုးချဲ့လှုပ်ရှားကာ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်ထိ တပ်ဖြန့်ခဲ့သည်။

ထို့ကြောင့် TNLA နှင့် RCSS ကြား ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် နမ့်ဆန်မြို့နယ်တွင် ပဋိပက္ခ စတင် ဖြစ်ပွားကာ နမ္မတူ၊ ကျောက်မဲမြို့ နယ်တို့တွင်လည်း ပဋိပက္ခ ဖြစ်ပွားလျက် ရှိသည်။

TNLA နှင့် RCSS ကြား နယ်မြေ အငြင်းပွားမှုဖြစ်ပွားသည့် မြို့နယ်များထဲတွင် နမ္မတူမြို့နယ်၌ ဖြစ်ပွားသည့် စစ်ရေးအရှိန်သည် အမြင့် ဆုံးဖြစ်သည့်အပြင် ဒေသတွင်း နေထိုင်သည့် တအန်းနှင့် ရှမ်းလူမျိုးများကြားတွင်ပါ လူမျိုးရေးအရ ယုံကြည်မှု ယုတ်လျော့သွားသည်အ ထိပါ ဖြစ်ပွားထားသည့် မြို့နယ် ဖြစ်သည်။

ပဋိပက္ခစတင်ဖြစ်ပွားရာမှ ယနေ့ထိ TNLA ဘက်မှ နမ္မတူဒေသခံ ရှမ်းလူမျိုးများကို RCSS အားပေး ထောက်ခံသူ၊ သတင်းပေး သူလျှိုဟု စွပ်စွဲကာ သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ဒေသမှ ထွက်သွားရန် မောင်းထုတ်ခံရခြင်း ကြုံတွေ့ ခဲ့ရသည့် ရှမ်းလူဦးရေ ၅၀ ကျော် ရှိသည်။

RCSS ဘက်ကလည်း ပဋိပက္ခ ဖြစ်ပွားနေသည့် ကာလတလျှောက်တွင် တအန်းကျေးရွာများကို ဆက်ကြေးငွေ အဆမတန် ကောက်ခံ ခြင်း၊ တအန်းလူမျိုးများကို TNLA ၏ သတင်းပေး သူလျှိုဟု စွပ်စွဲကာ သတ်ဖြတ်ခြင်း၊ မသင်္ကာမှုဖြင့် ဖမ်းဆီးပြီးခံရပြီးနောက် ညှင်းပန်း နှိပ်စက်ခြင်း၊ အချို့ကို ဖမ်းထားရာမှ ပြန်လွှတ်ပေးသော်လည်း အချို့မှာ ယနေ့ထိ ပျောက်ဆုံးနေခြင်း စသည့် လူ့အခွင့်အရေး ချိုး ဖောက်ခံထားရသည့် တအန်းလူဦးရေသည်လည်း ၅၀ ထက် မနည်း ရှိသည်။

You may also like these stories:

ဟားခါးမှာ တိုက်ပွဲ ဆက်ဖြစ်၊ စစ်ကောင်စီတပ်မှ ၄ ဦး ထပ်မံ သေဆုံး

KIA ၏ တိုက်ခိုက်မှုကြောင့် မံစီမြို့နယ်ရဲမှူး သေဆုံး

ထီးလင်းမြို့နယ်တွင် ပြည်သူနှင့် အာဏာသိမ်းတပ် အပြန်အလှန်ပစ်ခတ်မှု ဆက်တိုက်ဖြစ်နေ

Your Thoughts …
Tags: RCSSTNLAတိုက်ပွဲနမ္မတူမြို့မီးလောင်ပြာကျ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း

အမေရိကန် ထိန်းချုပ်ထားသည့် ဒေါ်လာ ၁ ဘီလီယံကို NUG ထံ လွှဲပေးရန် မြန်မာသံအမတ် တောင်းဆို

မန္တလေးမြို့တွင် စစ်ကောင်စီကို ဆန္ဒပြနေသည့် ပညာရေးဝန်ထမ်းများ  / CJ

ဧရာဝတီတိုင်းမှ CDM ပညာရေး ဝန်ထမ်းများ အလုပ်ပြန်ဝင်ဖို့ ဖိအားပေးခံနေရ

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

4 days ago
2.7k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.6k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate