Human Rights

ဒေါ်အောင်ဆန်းစုကြည်ကို အွန်လိုင်းက ရုံးထုတ်သော်လည်း ရှေ့နေဖြင့် တွေ့ခွင့်မပြု

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်အက်ဥပဒေဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားစွဲထားမှုအား အွန်လိုင်းမှတဆင့် ယနေ့ (မေ ၆ ရက်) ရုံးထုတ်ခဲ့သော်လည်း ရှေ့နေများနှင့် တွေ့ခွင့်မပြုခဲ့ကြောင်း သိ ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးက “တရားသူကြီးက သူ့ဟာသူ ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းကနေ Video Conferencing လုပ်ပြီး တွေ့လာခဲ့ပြီးပြီတဲ့ ပြောတယ်။ ကျနော်တို့ ခုထိတွေ့ခွင့်မရသေးဘူး။ ဒါက တရားရုံး လုပ်ထုံးလုပ် နည်းနဲ့ မကိုက်ဘူး။ ကျနော်တို့ အမှုသည်နဲ့ တွေ့ခွင့်ရမှ အမှုက စစ်လို့ရမှာပေါ့” ဟု ပြောသည်။

ယနေ့ ရုံးထုတ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများနှင့် တွေ့လိုသည်ဟု တရားသူကြီးအား ပြောဆိုခဲ့ကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီ၏ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) ဖြင့် တရားစွဲဆိုမှု၌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၎င်း၏ စီးပွားရေး အကြံပေး ဩစတြေးလျနိုင်ငံသား စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနဲလ်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) နှင့် ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့လည်း တရားစွဲခံထားရသည်။

တရားစွဲခံရသည့် အကြောင်းရင်းအနေဖြင့် ပါမောက္ခ ရှောင်တာနဲလ်၏ ကွန်ပျူတာအတွင်းမှ တွေ့ရှိရသည့် နိုင်ငံတော် စီး ပွားရေးဆိုင်ရာ အကြံပြုချက် ၆ ချက်နှင့် သက်ဆိုင်သည်ဟု သိရသော်လည်း မည်သည့် အကြံပြုချက်များ ဖြစ်သည်ကို အသေးစိတ် မသိရှိရသေးပါ။

ယနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ၎င်းနှင့် တွေ့ဆုံခွင့်ရရှိရေးအတွက် လျှောက်လဲချက်အား နှုတ်ဖြင့်သာမက စာဖြင့်ပါ တင်ပြခဲ့ကြပြီး လာမည့် မေလ ၂၀ ရက်နေ့ ရုံးချိန်တွင် တွေ့ဆုံခွင့်ပြု၊ မပြု အမိန့်ချမည် ဖြစ်ကြောင်း ရှေ့ နေများက ပြောသည်။

ရှေ့နေတဦးက “ကျမတို့ အမှုသည်နဲ့ တွေ့ဆုံခွင့်ရသင့်တယ်။ တွေ့ရမှလည်း အမှုနဲ့ပတ်သက်ပြီး ဆောင်ရွက်ရမယ့် ဟာတွေကို ဆက်လုပ်လို့ရမှာပေါ့” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၅ ဦးတို့အား တရားစွဲထားသည့် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) သည် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မ ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် နေပြည်တော်တွင်လည်း ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့်လည်း တရားစွဲခံထားရသေးသည်။

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများနှင့် တွေ့ ဆုံခွင့်မရ

Did you find apk for android? You can find new Free Android Games and apps.
Loading