• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာမည် ဟု KNU ဥက္ကဋ္ဌ ထုတ်ပြန်

by ဧရာဝတီ
10 May 2021
in သတင်း
A A
၂၀၁၅ခုနှစ်က နေပြည်တော်တွင် ပြုလုပ်သည့် ညီလာခံတွင် တွေ့ရသည့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး / ဧရာဝတီ

၂၀၁၅ခုနှစ်က နေပြည်တော်တွင် ပြုလုပ်သည့် ညီလာခံတွင် တွေ့ရသည့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး / ဧရာဝတီ

54.9k
VIEWS
Share on FacebookShare on Twitter

နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာသွားမည်ဟု ကရင် အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးက မေလ ၁၀ ရက်တွင် လက်မှတ်ရေးထိုး ပြီး ကြေညာချက် ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအပြောင်းအလဲ အခြေအနေတခုဖြစ်နေပြီး ယင်းအခြေအနေတွင် နိုင်ငံရေး ပြဿနာကို လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေကြသည်အား ဝမ်းနည်းဖွယ် တွေ့မြင်နေရ ကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးက ဆိုသည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
41
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
29
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
50

KNU အနေနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မူဘောင် အတိုင်း လိုက်နာ ကျင့်သုံးခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်သူအားလုံးအနေနှင့်လည်း NCA မူဘောင် များအတိုင်း တိကျစွာ လိုက်နာကာ ငြိမ်းချမ်းရေး ထိန်းသိမ်းကြရန် အလေးအနက် တိုက်တွန်းကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ စာနှင့် ပတ်သက်၍ KNU ဗဟိုတာဝန်ရှိသူတဦးကမူ ထုတ်ပြန်ချက်သည် အစစ်အမှန်ဖြစ်ကြောင်း ဧရာဝတီသို့ အတည်ပြုသည်။ သို့သော်လည်း အဆိုပါ စာမှာ KNU တဖွဲ့လုံး၏ သဘောထား မဟုတ်ဘဲ KNU ဥက္ကဋ္ဌ ၏ ပုဂ္ဂလိက သဘောထား အမြင်သာ ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မတ်လ ၂၇ရက် မတိုင်မီက ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ အချက် ၈ ချက်တင်ပြခဲ့ပြီးလူထုအား နှိပ်စက်သတ်ဖြတ်မှုများ ရပ်တန့် ကာ အာဏာသိမ်းခြင်းကို စွန့်လွှတ်မှသာ တွေ့မည်ဟု ပြောဆိုထားသေးသည်။

KNU ဗဟို လက်အောက်ခံ ဖာပွန်ခရိုင် အခြေစိုက် KNU တပ်မဟာ ၅ ကမူ KNU နယ်မြေအတွင်း တပ်စွဲထားသော အာဏာသိမ်း မြန်မာစစ်ကောင်စီ ၏ တပ်စခန်းများအား ချက်ချင်း ဆုတ်ခွာပေးရန် တောင်းဆိုထားပြီး မဆုတ်ခွာ သည့် တပ်စခန်းများကို စစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်က စစ်ကောင်စီ၏ သီးမူထာ တပ်စခန်းကျရှုံးသွားပြီး ဧပြီလ ၂၇ ရက်ကလည်း စစ်ကောင်စီ၏ သောလည်ထ တပ်စခန်းနှင့် မယ်ရာထာတပ်စခန်းတို့ကို KNU တပ်မဟာ ၅ ဘက်က တိုက်ခိုက် သိမ်းပိုက်ခဲ့သည်လည်း ရှိသည်။

အပြန်အလှန်အားဖြင့် စစ်ကောင်စီဘက်ကလည်း ၎င်း၏ လေတပ်နှင့် အမြောက်တပ်ကိုသုံးကာ ကရင်ကျေး ရွာများကို ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ကမူ KNU တပ်မဟာ ၅ နှင့် ဖြစ်ပွားနေသော တိုက်ပွဲများသည် KNU ဗဟို၏ အမိန့်ကို မနာခံသော KNLA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ၏ ကျည်းမြောင်းသော အမျိုးသားရေး အမြင်ကြောင့်သာ ဖြစ်ကြောင်း ပြောဆိုထားသည်။

KNU သည် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် အခြားသော တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်အတူ NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သော ကရင်တိုင်းရင်းသား လက် နက်ကိုင် တော်လှန်ရေး အဖွဲ့ တဖွဲ့ဖြစ်သည်။

You may also like these stories:

အာဏာသိမ်းမှု စွန့်မှသာ စစ်ကောင်စီ ခေါင်းဆောင်နှင့် တွေ့မည်ဟု KNU အကြောင်းပြန်

စစ်ကောင်စီတွင် နိုင်ငံကို စီမံအုပ်ချုပ်နိုင်စွမ်း မရှိပါ

စစ်ကောင်စီနဲ့ ခွဲရေး တွဲရေး ပါတီတွင်း အားပြိုင်မှု ပြင်းထန်နေတဲ့ ANP

အစိုးရနဲ့ ပြည်သူက စစ်သူပုန်ကို နှိမ်နင်းတာဖြစ်တယ်

ဖာပွန်ခရိုင်ထဲက တပ်စခန်းများကို စစ်ကောင်စီတပ်များ အတိုက်မခံရမီ စွန့်ခွာနေ

Your Thoughts …
Tags: KNUNCAနိုင်ငံရေးပြဿနာဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.2k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.8k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

Next Post
စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် ပြည်သူများ စာရင်းဇယား

အကြမ်းဖက်မှု ရပ်ဖို့ အာဆီယံ ပြောသော်လည်း စစ်ကောင်စီ၏ သတ်ဖြတ်မှု တိုးလာ

မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်းနှင့်အတူ စစ်အာဏာရှင် အလိုမရှိကြောင်း နေ့စဉ် ဆန္ဒပြ နေသည့် ကိုစိုင်း (Wheel Chair) ကို စစ်ကောင်စီတပ်များက အရပ်ဝတ်ဖြင့် ဖမ်းဆီးသွားစဉ် / CJ

ဉာဏ်ရည် မသန်စွမ်းသူများ အပါအဝင် မသန်စွမ်းသူများကိုပါ စစ်ကောင်စီက ဖမ်းဆီးထား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate