• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ လက်နက်ကိုင်တပ်များ မင်းတပ်မြို့ကို ဝင်ရောက် သိမ်းပိုက်

by ဧရာဝတီ
15 May 2021
in သတင်း
A A
စစ်ကောင်စီ တပ်သားများကို မင်းတပ်မြို့ထဲတွင် တွေ့ရစဉ် (ပုံအဟောင်း)

စစ်ကောင်စီ တပ်သားများကို မင်းတပ်မြို့ထဲတွင် တွေ့ရစဉ် (ပုံအဟောင်း)

28.4k
VIEWS
Share on FacebookShare on Twitter

လေးရက်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များ ဝင်ရောက် စီးနင်း သိမ်းပိုက်ခဲ့ပြီး ဒေသကာကွယ်ရေးအဖွဲ့ ဖြစ်သည့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)မှာ နောက်ဆုတ်ပေး လိုက်ရပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

မင်းတပ်မြို့ အနောက်ဘက်မှ စစ်ကောင်စီ လက်နက်ကိုင်တပ်များက မြို့ ထဲသို့ ဝင်လာနိုင်ခြင်းမှာ အဖမ်းခံရသူ မင်းတပ် ဒေသခံ လူငယ်များကို လူသားဒိုင်းပုံစံ ပြုလုပ်၍ ရှေ့တက်လာခြင်းကြောင့် ဖြစ်ကြောင်း CDF တပ်ဖွဲ့ဝင်တဦးက ဧရာဝတီ သို့ ပြောသည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
40
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
37
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
474

“ဖမ်းထားတဲ့ လူငယ်တွေကို ရှေ့မှာကာထားပြီးတော့ မြို့ထဲအထိ ဝင်လာတာ။ သူတို့ ရောက်နေပြီ။ ယောကျာ်းလေးတွေ အားလုံး ရှောင်တိမ်းနေရတယ်။ မြို့ထဲမှာ ပိတ်မိနေတဲ့ လူဦးရေက နှစ်သောင်းကျော်တယ်။ အတတ်နိုင်ဆုံးတော့ ပုန်းနေကြ တယ်။ CDF ကတော့ တပ်ဆုတ်ထားရတဲ့ သဘော ရှိတယ်”ဟု ၎င်းက ပြောသည်။

မြို့ ထဲသို့ စစ်ကောင်စီတပ်များ ဝင်လာချိန်တွင် မြို့ ထဲရှိ ၂၇၄ တပ်ရင်းမှလည်း ဆက်တိုက်ပစ်ခတ်နေကြောင်း၊ ထို့ကြောင့် CDF တပ်ဖွဲ့များသည် ခံပစ်ပစ်၍ နောက်ဆုတ်ပေးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

မနေ့ညပိုင်းက ကျောက်ထုဘက်သို့ လေယာဉ်ဖြင့် အင်အား ၂၅၀နှင့် ၃၀၀ ကြားရှိ စစ်ကောင်စီ လက်နက်ကိုင်တပ်များကို လာချပေးခဲ့ပြီး ယင်းအင်အားများကို ရဟတ်ယာဉ်ဖြင့် အခေါက် ၃၀ ခန့် သယ်ယူပြီး မင်းတပ်မြို့ထဲရှိ ၂၄၇ တပ်ရင်းထဲသို့ ပို့ဆောင်ပေးခဲ့ကြောင်း မင်းတပ်မြို့ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ပြောသည်။

“၂၇၄ တပ်ရင်းကို လူသယ်ပေးပြီးတော့၂၇၄ တပ်ရင်းဘက်ကနေပဲ မြို့ ထဲကို ပစ်ခတ်ဝင်ရောက်လာတာလည်း ရှိတယ်။ အခုထိ မြို့ထဲမှာ တချက်တချက် ပစ်ခတ်သံတွေတော့ ကြားရသေးတယ်။ တဖက်တည်းက လက်နက်ကြီးနဲ့ ပစ်နေတာ။ အထိအခိုက်ပျက်စီးမှုတွေလည်း များတယ်”ဟု အထက်ပါအဖွဲ့ဝင်က ပြောသည်။

၎င်းက ဆက်၍“ကျနော်တို့ ပြန်လည် ပစ်ခတ်မယ့် CDF အုပ်စုတွေလည်း မရှိတော့ဘူး။ ရှောင်နေရပြီဆိုတော့ သူတို့ မြို့ ထဲမှာ ထင်တိုင်းကြဲတော့မှာ။ ကလေးနဲ့ အရွယ်အိုလူကြီးတွေအတွက် စိုးရိမ်ရတယ်။ ကျနော်တို့ ယောကျာ်းတွေ အကုန် က ရှောင်နေရတယ်။ ငယ်ရွယ်တဲ့လူတွေ အကုန်ရှောင်ခိုင်းထားတယ်။ မြို့ထဲမှာ အားနည်းတဲ့ အုပ်စုတွေပဲ ကျန်တယ်။

အဖမ်းခံရသူများမှာ အသက် ၂၀ နှင့် ၂၅ ဝန်းကျင် လူငယ်များ ဖြစ်ကြောင်း၊ အရည်အတွက်မှာလည်း ခန့်မှန်းရခက် ကြောင်း သိရသည်။

မြို့ ထဲတွင် ရှိနေသည့် လူဦးရေ နှစ်သောင်းခန့်ကို ရွေ့ ပြောင်းနိုင်ရန် စီစဉ်ခဲ့သော်လည်း တဖက်က လက်နက်ကြီးများ၊ စ နိုက်ပါများဖြင့်ပါ ပစ်ခတ်နေသဖြင့် လူစုလူဝေးတခုအနေဖြင့် ရွေ့ ပြောင်းရန် မဖြစ်နိုင်တော့ကြောင်း ဒေသခံများက ပြော သည်။

မင်းတပ်မြို့တွင် စစ်ကောင်စီကို တော်လှန်ရင်း မေလ ၁၃ ရက်နေ့တွင် တဦး၊ မေလ ၁၄ ရက်နေ့တွင် လေးဦး၊ ယနေ့ မေလ ၁၅ ရက်နေ့တွင် ၁ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ကြောင်း၊ ယနေ့တွင် ကျဆုံးသူ အရည်အတွက်မှာ တဦးသာ အတည်ပြုနိုင် ကြောင်း CDF ဘက်က ပြောသည်။

မင်းတပ်မြို့ အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက“အခုက ရဟတ်ယာဉ်နဲ့ လူအင်အား၊ လက်နက်အင်အားတွေ လာလာဖြည့်သွား တာဆိုတော့ ကျနော်တို့ ဘယ်လိုမှ တောင့်ခံလို့ မရတော့ဘူး။ ကျနော်တို့ ဆုတ်ပေးရတယ်။ အဲဒီတော့ သူတို့အင်အား တွေ ပြန့်သွားအောင် တခြားမြို့တွေကို လိုက်ကူပေးနိုင်ရင်တော့ ကျနော်တို့လည်း သက်သာမယ်။ အရေးတော်ပုံလည်း ရှေ့တလှမ်းတိုးနိုင်မယ်”ဟု ပြောသည်။

၎င်းက ဆက်၍ “တော်လှန်ရေးဖြစ်နေတဲ့အချိန်မှာ အားလုံးကို တော်လှန်စေချင်တယ်။ ကျနော်တို့နဲ့ အနီးကပ်ဆုံးမှာ ရှိနေ တဲ့ မြို့တွေကလည်း ကိုယ့်မြို့နဲ့ကိုယ် တော်လှန်ရေးတွေ လုပ်သင့်ပြီ။ သူတို့ လုပ်မှလည်း ကျနော်တို့ဆီ ရောက်နေတဲ့ ဖိအား တွေ လျော့သွားမယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က မင်းတပ်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြရင်း အဖမ်းခံရသူ လူငယ် ၇ ဦးကို ပြန်လွှတ်ပေးရန် ရဲစခန်းသို့ သွားရောက် တောင်းဆိုခဲ့ရာမှ ညှိနှိုင်းမှု မပြေလည်ဘဲ ညပိုင်းတွင် တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ သည်။

ဧပြီလ ၂၅ ရက်နေ့တွင် တိုက်ပွဲ မရှိသေးဘဲ ဧပြီလ ၂၆ ရက်နေ့မှစ၍ စစ်ကောင်စီ၏ ယာဉ်တန်းများကို မင်းတပ်ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက စုဖွဲ့ တိုက်ခိုက်ခြင်း၊ ဧပြီ ၂၇ ရက်နေ့တွင် စစ်တပ်၏ ခြေလျင် စစ်ကြောင်းကို ဝင်တိုက်ခြင်း စသည်တို့ ပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။

နောက်ပိုင်းတွင် နှစ်ဖက် အပစ်ရပ်ထားရန် ညှိနှိုင်းခဲ့သော်လည်း မေလ ၁၂ နေ့မှ စတင်ကာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီတပ်က မင်းတပ်မြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယခုအခါ မြို့ကိုပါ သိမ်းပိုက် လိုက်ခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက မင်းတပ်မြို့၏ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေးအတွက် ပိုမို ထိ ရောက်စွာ ဆောင်ရွက်နိုင်ရန်ဟုဆိုကာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကို အာဏာလွှဲလိုက်ပေးလိုက်ပြီး စစ်အုပ်ချုပ် ရေးအာဏာကို ကျင့်သုံးရန် အခွင့်အာဏာပေးကြောင်း မေလ ၁၃ ရက်နေ့က ကြေညာထားသည်။

Your Thoughts …
Tags: CDFချင်းပြည်နယ်စစ်ကောင်စီမင်းတပ်မြို့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
သေဆုံးသွားသည့် ကဗျာဆရာ မုံရွာစိန်ဝင်း

မုံရွာမှာ ကဗျာဆရာတဦး မီးရှို့သတ်ခံရ

မင်းတပ်

မင်းတပ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate