သတင်း

မုဒုံမြို့မှ အမျိုးသမီးတဦး၏ဖုန်းကို စစ်ဆေးပြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ဖမ်းဆီး

မွန်ပြည်နယ်၊ မုဒုံမြို့မှ အမျိုးသမီးတဦး၏ ဖုန်းကို ရဲတပ်ဖွဲ့က သိမ်းဆည်းပြီးနောက် တပတ်ခန့်အကြာတွင် ဖုန်းအတွင်း ပါဝင်နေသည့် အချက်အလက်များနှင့် ပတ်သက်၍ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ဖမ်းဆီး လိုက်ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ ပြီးခဲ့သည့် တပတ်ခန့်က မအေးအေးစု အမည်ရှိ အဆိုပါအမျိုးသမီးသည် ကျိုက်မရော အကျဉ်းထောင် တွင် ထောင်ဝင်စာသွားတွေ့ခဲ့စဉ် ၎င်း၏ဖုန်းအား ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။ 

မေလ ၁၆ ရက်တွင် မအေးအေးစုအား မုဒုံမြို့နယ်ရဲစခန်းတွင် ဖုန်းလာယူရန် ခေါ်ဆိုပြီးနောက် ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် ပြီး တပါတည်း ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတဦးက ပြောသည်။ 

၎င်းက အမှုဆင်ပြီးတော့ကို ခေါ်တာ။ ဖုန်းယူဖို့ဆိုပြီးတော့ သူ့ကိုခေါ်တယ်။ ဟိုရောက်တော့ စစ်တယ်။ ၅၀၅(က) နဲ့ အမှု ဖွင့်တယ်။ လက်ရှိတော့ မုဒုံမြို့နယ်ရဲစခန်းမှာ ချုပ်ထားတယ်။ ဘယ်တော့ ကျိုက်မရောပို့မလဲ မသိသေးဘူးဟု ဆိုသည်။

၎င်းအနေဖြင့်လည်း ဖုန်းအတွင်းပါသည့် အချက်အလက်များကြောင့် အမှုဖွင့်ခံရသည်ကိုသာသိရပြီး ဖုန်းအတွင်း မည်သည့် အချက်အလက်များ ရှိနေသည်ကိုမူ အသေးစိတ်မသိရသေးဟု ပြောဆိုသည်။ 

၎င်းက ဆက်၍ လွန်ခဲ့တဲ့တပတ်လောက်က ထောင်ဝင်စာသွားတွေ့ရင်းနဲ့ ဖုန်းသိမ်းခံထားရတာ။ အဲဒီဖုန်းသိမ်းခံရပြီး ကြားရက်တွေမှာလည်း ရဲတွေက ခေါ်ခေါ်စစ်တယ်။ ဖုန်းကိစ္စနဲ့ပတ်သက်ပြီးတော့ မနေ့က မနက်ပိုင်းလောက်က သူ့ကို ဖုန်း လာယူဖို့အတွက် ဖုန်းဆက်ခေါ်တယ်။ ဖုန်းထဲက ပတ်သက်နေတာတွေ အကုန်လုံးကို ၅၀၅(က) နဲ့အမှုဖွင့်ထားတယ်ဟု ရှင်းပြသည်။ 

အသက် ၂၂ နှစ်အရွယ် မအေးအေးစုသည် မုဒုံမြို့ ၊ ညောင်ကုန်းကျေးရွာတွင် နေထိုင်သူတဦးဖြစ်ပြီး စစ်အာဏာရှင်ဆန့် ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်နေသူတဦး ဖြစ်ကြောင်း သိရသည်။ 

၎င်းသည် မုဒုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) လွှတ်တော်ကိုယ်စားလှယ် မခင်ကျော့ဖြူ၏ တဝမ်းကွဲ ညီမ တော်စပ်သူဖြစ်ကာ မခင်ကျော့ဖြူမှာလည်း စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထားသောကြောင့် ထွက်ပြေး တိမ်ရှောင်နေရကြောင်း သိရသည်။

Loading