သတင်း

တလအတွင်း ထိုင်းသို့ တရားမဝင်လာရောက်သူ မြန်မာ ၅၀၀ခန့် ဖမ်းမိဟုဆို

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာမှုဖြင့် နေ့စဉ်လိုလို ဖမ်းခံရသည့် မြန်မာနိုင်ငံသား အများအပြား ရှိနေရာ ဧပြီလ နောက်ဆုံးပတ်မှ ယမန်နေ့ (မေလ၂၀ ရက်) အတွင်း မြန်မာနိုင်ငံသား ၅၀၀ ဝန်းကျင် ဖမ်းခံထားရကြောင်း မြန်မာပြည် သားများ အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီထံက သိရသည်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက “အဖမ်းမခံရတဲ့နေ့ကို မရှိဘူး။ တရက်ကို အနည်း ဆုံး ၆ ယောက် အဖမ်းခံရတယ်။ မွန်နယ်စပ်၊ ကရင်နယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်၊ တနသာင်္ရီတိုင်း နယ်စပ် ရှိတယ်။ ကယားပြည်နယ် နယ်စပ်ရှိတယ်။ အဲဒီ နယ်စပ်ဝင်ပေါက် ၅ ခုကနေပြီးတော့ ပုံစံမျိုးစုံနဲ့ ဝင်တယ်။ ၁ နေ့ကို အနည်းဆုံး ၆ ယောက်ကနေပြီးတော့ ၁၀၀ ဝန်းကျင်လောက်အထိ ဖမ်းခံရတယ်” ဟု ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် နယ်စပ် ကန်ချနာဘူရီခရိုင်၊ ကရင်ပြည်နယ် နယ်စပ် မဲဆောက်၊ ရှမ်း ပြည်နယ် အရှေ့ပိုင်း ချင်းမိုင်၊ ချင်းရိုင်ခရိုင်အထိ ထိုင်းနယ်စပ်တလျှောက် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံ သားများ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းပြီးသည့် ဖေဖော်ဝါရီလ နှောင်းပိုင်းမှစ၍ နယ်စပ်တွင် ဖမ်းဆီးမှုနှင့် ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးမှု အားလုံး ပေါင်းတွင် မြန်မာနိုင်ငံသား ထောင်ချီရှိကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေး ရှင်း (FED) အဖွဲ့ကလည်း ဆိုသည်

“နယ်စပ်ကနေ ခိုးဝင်လာတဲ့လူတွေကို ဖမ်းနေတာတွေလည်း ရှိသလို အထဲမှာလည်း နေရာတွေကို လိုက်စစ်ရင်းနဲ့ တရား မဝင် အလုပ်သမားတွေကို ဖမ်းနေတာတွေ့တယ်။ ဖေဖော်ဝါရီလ နှောင်ပိုင်းလောက်ကစပြီး အခုချိန်ထိ ဖမ်းမိတဲ့လူက ထောင်ဂဏန်း ရှိသွားတယ်” ဟု FED အဖွဲ့၏ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက ပြောသည်။

ထိုင်းနိုင်ငံက နယ်နိမိတ် သတ်မှတ်ချက် တခုပြုလုပ်ကာ ထိုင်းနိုင်ငံ ပြင်ပ ၁၀ ကီလိုမီတာ ဧရိယာအတွင်း ဖမ်းဆီးမိပါက ကိုဗစ်စစ်ဆေးချက်နှင့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ကာ နေရပ် ချက်ချင်းပြန်ပို့ပြီး အဆိုပါ ၁၀ ကီလိုမီတာတွင်း ဝင် ရောက်လာပါက ထိုင်းနိုင်ငံ ကိုဗစ်အရေးပေါ် စီမံချက် ဥပဒေဖြင့် အရေးယူလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်နေရခြင်းမှာ နိုင်ငံရေး အခြေအနေကြောင့် သာမက အာဏာ သိမ်းမှုကြောင့် စားဝတ်နေရေး ကြပ်တည်းခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ MOU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့် ရပ်ဆိုင်းထားခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်း ထိုင်းအခြေစိုက် မြန်မာအလုပ်သမား ကူညီရေးအဖွဲ့များထံက သိရ သည်။

ထို့ပြင် နိုင်ငံရေးအခြေအနေကြောင့် တိမ်းရှောင်ထွက်ပြေးလာသူများလည်းရှိရာ ၎င်းတို့ကို နေရပ်ပြန်ပို့ပါက စစ်ကောင်စီ က စောင့်ဆိုင်း ဖမ်းဆီးမ ည်ကိုလည်း စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ဦးမင်းဦးက “စိုးရိမ်တာက ခိုးဝင်တဲ့လူတွေထဲမှာ နိုင်ငံရေးကြောင့် ထွက်ပြေးလာရတဲ့ လူတွေဆိုရင် သူတို့က ပိုပြီး အန္တရာယ် ကြီးတယ်။ သူတို့ကို ဖမ်းမိရင် ရိုးရိုးလာတဲ့လူတွေလို ပြန်ပို့လိုက်ရင် ဟိုမှာ စာရင်းရှိနေတယ်ဆိုရင် အဆင်သင့် ထိုင်စောင့်ဖမ်းရုံပဲ အဲဒါကို စိုးရိမ်တာ။ နိုင်ငံရေးအရ ထွက်ပြေးလာတဲ့ လူတွေကို ပြန်မလွှတ်ဖို့နဲ့ အတတ်နိုင်ဆုံး ကူညီ စောင့်ရှောက်မှုပေးဖို့ UN က တောင်းဆိုထားတာ ရှိတယ်။ ထိုင်းအစိုးရကတော့ ဘယ်လိုလုပ်မလဲ မသိဘူး” ဟုဆိုသည်။

မေလ ၁၄ ရက်က ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာသည် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Christine Schraner Burgener ကို မြန်မာနိုင်ငံတွင် ခံစားနေရသည့် အကြမ်းဖက်မှုဒဏ်မှ လွတ်မြောက် ရန် ထွက်ပြေးလာသူများကို ထိုင်းအစိုးရက အတင်းအကျပ် ပြန်ပို့မည် မဟုတ်ကြောင်း ကတိပြုခဲ့သည်။

မေလ ၉ ရက်က ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းထောက် ၃ ဦးနဲ့ တက်ကြွ လှုပ်ရှားသူ၂ ဦးကို ထိုင်းနိုင်ငံ ချင်း မိုင်မြို့တွင် အာဏာပိုင်များက တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခဲ့သည်။

You may also like these stories:

ယုဇနကုမ္ပဏီ သိမ်းယူထားသည့် မြေများအား ဒေသခံတောင်သူများ ပြန်လည်ခွဲဝေ

ပူတာအို မြို့အဝင်ဂိတ်များတွင် နေရပ်ပြန် လူငယ်များအား ဖမ်းဆီးစစ်ဆေး

Loading