အာဏာသိမ်းစစ်ကောင်စီကဖွဲ့စည်းပေးထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခြင်းမရှိသည့် ပါတီအများစုပါဝင်သည့် နိုင်ငံရေးပါတီ ၅၉ ပါတီတို့ ယနေ့ မေလ ၂၁ ရက်နေ့တွင် နေပြည်တော်တွင် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရန် ကော်မရှင်က နိုင်ငံရေးပါတီပေါင်း ၉၁ ပါတီကိုဖိတ်ကြားခဲ့သော်လည်း ၅၉ ပါတီသာ တက်ရောက်လာပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) နှင့် ရခိုင်အမျိုးသားပါတီ (ANP) ကဲ့သို့အင်အားကြီးပါတီများနှင့် နိုင်ငံရေး ဂုဏ်သိက္ခာထိမ်းထိန်းသိမ်းသည့်ပါတီများကတော့ တက်ရောက်ခြင်းမရှိပေ။
လက်တလော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် ၈၈ နိုင်ငံရေးသမားများဦးစီးတည်ထောင်ထားသည့် ပြည်သူ့ပါတီကမူ ဥက္ကဌဖြစ်သည့် ဦးကိုကိုကြီး ကိုယ်တိုင်တက်ရောက်လာခြင်းမရှိသော်လည်း လူစားလွှတ်၍ တက်ရောက်ခဲ့သည်။
မကြာသေးမှီကမှလွတ်မြောက်လာသည့် ဒေါက်တာအေးမောင်ကမူ ရခိုင့်ဦးဆောင်ပါတီ၏ ဥက္ကဌ အနေဖြင့် ယနေ့အခမ်းအနားကိုတက်ရောက်လာသည်။
ဒေါက်တာအေးမောင် က “ခင်ဗျားတို့ ကြိုက်ခြင်း မကြိုက်ခြင်းဆိုတာကိုမမေးနဲ့ ရွေးကောက်ပွဲကော်မရှင်သည် ၂၀၀၈ ဖွဲ့စည်းပုံအရ အမြင့်ဆုံးသော နိုင်ငံရေးပါတီများရဲ့ အာဏာပိုင်ဖြစ်တယ်။ မဟုတ်ရင် မှတ်ပုံမတင်တဲ့ ပါတီဖြစ်သွားလိမ့်မယ်။ အဲဒီတော့ အခါအားလျော်စွာ ကျနော်တို့ဘက်က တက်ပေးရတယ်” ဟု ပြောသည်။
ယင်းအစည်းအဝေးတွင် ကော်မရှင်ဥက္ကဌက ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုကိစ္စများ၊ လာမည့်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးနိုင်ရေးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုဖျက်သိမ်းရေးကိစ္စရပ်များကို ပြောဆိုဆွေးနွေးခဲ့သည်။
တက်ရောက်လာသည့် နိုင်ငံရေးပါတီများကလည်း ၎င်းတို့လိုခြင်သည့် အချိုးကျကိုယ်စားပြုစနစ်(PR) ပုံစံနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသလို ပါတီတချို့ကလည်း NLD ပါတီကို မဲခိုးသည်ဟုဆိုကာ ထိထိရောက်ရောက်အရေးယူပေးရန် ကော်မရှင်ဥက္ကဌထံတိုင်တည်ကြသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီက စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။
စစ်တပ်က ထိုရလဒ်ကို လက်မခံဘဲ မဲစာရင်းများမှားယွင်းမှုများရှိသည်ဆိုသည့် အကြောင်းပြချက်ဖြင့် အာဏာသိမ်းခဲ့ပြီး ရွေးကောက်ပွဲကို နောက်တကြိမ်ကျင်းပရန်ပြင်ဆင်နေသလို ယခင်စနစ်မျိုးမဟုတ်ဘဲ အချိုးကျကိုယ်စားပြုစနစ် (PR)ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည်။
ယနေ့တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှာ
၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၂။တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
၃။ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
၄။ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ
၅။ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ
၆။အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ
၇။ခေတ်သစ်ပြည်သူ့ပါတီ
၈။အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၉။အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
၁၀။အမျိုးသားဒီမိုကရေစီပါတီသစ်
၁၁။ မွန်ညီညွတ်ရေးပါတီ
၁၂။အရှိုချင်းအမျိုးသားပါတီ
၁၃။မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၁၄။လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)
၁၅။မြန်မာနိုင်ငံတော်သူလယ်သမားအလုပ်သမား ပြည်သူ့ပါတီ
၁၆။ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ
၁၇။ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ
၁၈။ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ
၁၉။ ခေတ်သစ်ပြည်ထောင်စုပါတီ
၂၀။ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ
၂၁အမျိုးသမီးပါတီ (မွန်)
၂၂။ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီ
၂၃။ပြည်သူ့အလုပ်သမားပါတီ
၂၄။အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ
၂၅။ရခိုင့်ဦးဆောင်ပါတီ
၂၆။အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ
၂၇။ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၂၈။ဒီမိုကရေစီပါတီသစ် (ကချင်)
၂၉။ပြည်သူ့ရှေ့ဆောင်ပါတီ
၃၀။ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ
၃၁။အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ
၃၂။ ‘ဝ’အမျိုးသားပါတီ
၃၃။ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ
၃၄။ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ
၃၅။ဒီမိုကရက်တစ်ပါတီ(မြန်မာ)
၃၆။တအောင်း(ပလောင်)အမျိုးသားပါတီ
၃၇။ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
၃၈။ဝံသာနုဒီမိုကရက်တစ်ပါတီ
၃၉။မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
၄၀။ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ
၄၁။ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၄၂။အမျိုးဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီ
၄၃။ဗမာပြည်သူ့ပါတီ
၄၄။မြိုတိုင်းရင်းသားပါတီ
၄၅။ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ
၄၆။အမျိုးသားတိုးတက်မြင့်မားရေးပါတီ
၄၇။ဖဒရယ်ပြည်ထောင်စုပါတီ
၄၈။ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ
၄၉။လူ့ဘောင်သစ်ပါတီ
၅၀။လော်ဝေါ်အမျိုသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတိ
၅၁။အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၅၂။အမျိုးသားတိုးတက်ရေးပါတီ
၅၃။လူထုပါတီ
၅၄။မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ
၅၅။ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ
၅၆။ပြည်သူ့ပါတီ
၅၇။ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ
၅၈။အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ
၅၉။ပြည်သူ့အင်အားပါတီ တို့ဖြစ်သည်။
You may also like these stories:
ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံပွဲ ဦးကိုကိုကြီး တက်မှာလား
စစ်ကောင်စီ ဖွဲ့စည်းထားသည့် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ ALD မတက်
သမိုင်းတရားခံ အဖြစ်မခံနိုင်ဟုဆိုကာ ANP ပါတီဗဟိုကော်မတီဝင်တဦး နုတ်ထွက်
ပြည်နယ်စီမံအုပ်ချုပ်ရေးတွင် နေရာပေးရန် စစ်ကောင်စီနှင့် ANP တို့ ဆွေးနွေးမည်