• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်မှုထမ်း စည်းမျဉ်းများ ပြင်ဆင်ပြီး တပ်ချုပ်သက်တမ်း အကန့်သတ်မဲ့ ပြုလုပ်

by ဧရာဝတီ
21 May 2021
in သတင်း
A A
၂၀၁၉ ဒီဇင်ဘာ ၂၄ ရက်နေ့က တပ်မတော်(ရေ)မှ စစ်သင်္ဘောများ တပ်တော်ဝင်စဉ် တွေ့ရသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ဧရာဝတီ)

၂၀၁၉ ဒီဇင်ဘာ ၂၄ ရက်နေ့က တပ်မတော်(ရေ)မှ စစ်သင်္ဘောများ တပ်တော်ဝင်စဉ် တွေ့ရသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ဧရာဝတီ)

48.9k
VIEWS
Share on FacebookShare on Twitter

လူထုရွေးကောက် တင်မြှောက်ထားသည့် အရပ်သား အစိုးရထံမှ အာဏာသိမ်းပြီး ၃ ရက်အကြာတွင် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်အနေဖြင့် အသက် ၆၅ နှစ် အထိသာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခွင့် ပြဋ္ဌာန်းချက် ကို ပယ်ဖျက်ကြောင်း ကာကွယ်ရေး ဌာနကောင်စီ ညွှန်ကြားလွှာ ၁/၂၀၂၁ အား ထုတ်ပြန်လိုက်သည်။

သမ္မတ ဦးသိန်းစိန် လက်ထက်၂၀၁၄ ခုနှစ်တွင် ဒီမိုကရေစီစနစ်နှင့် ကိုက်ညီစေရန်အတွက် ညွှန်ကြားလွှာ ၄/၂၀၁၄ ဖြင့် တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့၏ အသက် ကန့်သတ်ချက်အား ၆၅ နှစ် အထိသာ ကန့်သတ်ခဲ့ခြင်း ဖြစ်သော်လည်း အသက် ၆၅ နှစ်ပြည့်ရန် လပိုင်းသာ လိုတော့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်သည် အာဏာသိမ်းကာ ၎င်း၏ တပ်ချုပ်ရာထူး အသက် ကန့်သတ်ချက်ကိုလည်း ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။

RelatedPosts

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
212
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

13 May 2025
287
ငလျင်နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေးပြတ်ရွေ့များ

ငလျင်နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေးပြတ်ရွေ့များ

13 May 2025
28

လက်ရှိ စစ်အာဏာသိမ်း ခေါင်းဆောင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်၂၀၂၁ ခုနှစ် ဇူလိုင်လတွင် အသက် ၆၅ နှစ် ပြည့်မည် ဖြစ်သည်။

နိုင်ငံရေး လေ့လာ သုံးသပ်သူတဦးက “ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာ အလုံးစုံကို သူက ရယူချင်တယ်။ အရင် တုန်းကတော့ သမ္မတဖြစ်မလား ဆိုပြီး မျှော်မှန်းတာပေါ့ဗျာ။ သမ္မတ မလုပ်တဲ့ရအခါကျတော့ အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီး လုပ်လိုက်တာပေါ့။ သူတို့က ရာသက်ပန် သူတို့ ရပ်တည်နိုင်သမျှ ဆက်ပြီး အုပ်ချုပ်သွားမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဗျ။ ဒီအ တွက် လမ်းခင်းလိုက်တာ ဖြစ်တယ်။ စစ်ကောင်စီက တိုင်းပြည်ကို ရေရှည် အုပ်စီးသွားမယ်၊ စစ်အာဏာရှင်စနစ်နဲ့ပေါ့” ဟု ပြောသည်။

အသစ် ပြင်ဆင်လိုက်သည့် ညွှန်ကြားလွှာ ၁/၂၀၂၁ အား စစ်ရေးချုပ်၊ ဒု ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက လက်မှတ်ရေးကာ ဖေဖော်ဝါရီ ၄ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ထိပ်ပိုင်းက ဗိုလ်ချုပ်ကြီးများ (ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ၏ တာဝန်ထမ်းဆောင်ခွင့် သက်တမ်းကိုလည်း၂ နှစ် အထိ တိုးမြှင့်ပေးနိုင်ရန် ပြင်ဆင်ခဲ့သည်။

မူလပြဋ္ဌာန်းချက်အရ ဗိုလ်ချုပ်ကြီးများသည့် တာဝန် ၄ နှစ် ထမ်းဆောင်ပြီးပါက အငြိမ်းစားယူရမည် ဖြစ်သော်လည်း ယခု ပြင်ဆင်ချက်တွင် လိုအပ်ချက်အရ ၂ နှစ်ထက် မကျော်လွန်ဘဲ တာဝန်ထပ်ပေးနိုင်သည့် အခွင့်အရေး ပေးထားသည်။

ယခုကဲ့သို့ တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့၏ တာဝန်သက်တမ်း အကန့်အသတ်မဲ့မှုနှင့် ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ၏ သက်တမ်း တိုးမြှင့်ခွင့်များကြောင့် ကျန်တပ်မတော် အရာရှိများ၏ ထိပ်ပိုင်း ရာထူးတာဝန်ထမ်းဆောင်ခွင့်များ ကန့်သတ်ခံရသည့် သဘော သက်ရောက်နေကြောင်း ထောက်ပြ ဝေဖန်သူများလည်း ရှိသည်။

ဗိုလ်ချုပ်အဆင့် တပ်မတော် အရာရှိဟောင်းတဦးက “၆၅ နှစ်ပြည့်မှာဆိုတော့ အငြိမ်းစားယူရမယ့် သဘောပေါ့လေ၊ အခု အဲဒါကို ပယ်ဖျက်လိုက်တဲ့ အခါကျတော့ အဲဒီကန့်သတ်ချက်ကို အမှုထားစရာ မလိုတော့ဘူးပေါ့။ သူ့ရဲ့နေရာကို နောက် တယောက်ကို လွှဲပေးမယ်ဆိုပေးလို့ ရသလို သူဆက်ယူမယ်ဆိုလည်း သူ့ရဲ့ဆုံးဖြတ်ချက်ပဲလို့ ထင်တယ်။ အခုဆိုရင် DSA ၂၅/၂၆ အများစုက အသက် ၆၀ ပတ်ဝန်းကျင်တွေ ဖြစ်နေပြီ၊ အဲဒီအတွက် ဒီနေရာကို သူတို့မှာ မျှော်လင့်ချက် မရှိနိုင် တော့ဘူး။ ထိပ်ပိုင်းနေရာကို မရှိတော့ပေမယ့် ကျန်တဲ့ ရာထူးအပိုင်းတွေမှာတော့ သူဟာသူ ရှိပါတယ်” ဟု ပြောသည်။

ယခု ထုတ်ပြန်လိုက်သည့် ညွှန်ကြားလွှာ ၁/၂၀၂၁ ပါ ပြင်ဆင်ချက်များသည် ၁၉၇၃ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ညွှန်ကြား လွှာ ၁၈/၇၃ တွင် ထပ်မံ ဖြည့်စွက်ချက်များအဖြစ် ပြင်ဆင်ခြင်းဖြစ်ပြီး ကြားကာလအတွင်း ထုတ်ပြန်ခဲ့သည့် ညွှန်ကြားလွှာ ၄/၂၀၂၁၊ ၁/၂၀၁၆၊ ၅/၂၀၁၆၊ ၁/၂၀၁၇ တို့အားလည်း လွှမ်းမိုး ပယ်ဖျက်လိုက်သည်။

၁၉၇၃ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ညွှန်ကြားလွှာ ၁၈/၇၃ တွင် “ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ခြင်း ခံရသူသည် မိမိအား စစ်တပ်တွင် ဆက်လက် တာဝန်ထမ်းဆောင်စေရန် လိုအပ်သည့် ကာလပတ်လုံး အမှုထမ်းဆောင်စေရမည်” ဆိုသည့် အချက် ပါဝင်သည်။

ယခု ပြင်ဆင်လိုက်သည့် ညွှန်ကြားလွှာ ၁/၂၀၂၁ နှင့် ပတ်သက်ပြီး စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက “ရည်ရွယ်ချက်ကတော့ နဂိုကတည်းက အတိုင်း ၁၈/၇၃ ပေါ့။ ၇၃ ခုနှစ်က ထုတ်ကတည်းက အတိုင်း ဒါက ရှိပြီးသား ဖြစ်ပါတယ်။ အခုကတော့ ကျနော်တို့ တာဝန်ထမ်းဆောင်ရမယ့် အချိန်ကာလနဲ့ နိုင်ငံတော် တာဝန် ယူထားတဲ့ အချိန်ကာလအပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲခြင်းပဲ ဖြစ်ပါတယ်” ဟု BBC သတင်းဌာနထံ ပြောကြားထား သည်။

တပ်ချုပ် ရာထူးအသက် ကန့်သတ်ချက် မရှိသည့် ညွှန်ကြားလွှာ ၁၈/၇၃ ပြဋ္ဌာန်းချက်အောက်တွင် ယခင်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၉၂ ခုနှစ် ဧပြီလမှ ၂၀၁၁ ခုနှစ် မတ်လအထိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရာထူး ယူကာ နိုင်ငံတော် အာဏာအား ချုပ်ကိုင်ခဲ့သည်။

ယင်းသို့ အခြေအနေကြောင့် စစ်ခေါင်းဆောင်များအနေဖြင့် ရာထူးအာဏာအတွက် တပ်မတော်အား ဆက်လက် အုပ်စီး ထားနိုင်ရန် အသက် ကန့်သတ်ချက်များအား ပယ်ဖျက်လိုက်ခြင်းဖြင့် အာဏာသိမ်းထားသမျှ ကာလပတ်လုံး ၎င်းတို့အာ ဏာဖြင့် ဆက်လက် ခြယ်လှယ်သွားမည့် သဘောထား ပြသခြင်းပင် ဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူတဦး ပြောသည်။

စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ပြီး CDM မှာ ပါဝင်နေသည့် ဗိုလ်ကြီး လင်းထက်အောင်က “အခု အခြေအနေအရကို သူ့ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) ရဲ့ ပါးစပ်က ထွက်တာသည် အမိန့်ဘဲ၊ အဲဒီလို ဖြစ်အောင် အာဏာကို သိမ်းယူတာ၊ တရား ဥပဒေအထက်မှာ သူရှိတယ်။ အဓိကတော့ တပ်မတော်ကို လိုသလို ခြယ်လှယ်မယ်၊ လိုသလို အသုံးပြုမယ်ပေါ့။ အာဏာကို ဆက်လက် ထိန်းချုပ်ချင်လို့ပဲ ဒီကန့်သတ်ကို ပယ်ဖျက်တာပေါ့” ဟု ဝေဖန်ပြောကြားသည်။

ညွှန်ကြားလွှာ ၁/၂၀၂၁ တွင်ပါရှိသည့် အခြားသော ပြင်ဆင် ဖြည့်စွက်ချက်များ အနေဖြင့်လည်း ဒု ဗိုလ်ချုပ်ကြီးအဆင့် တာဝန်ထမ်းဆောင်နေသူများ အနေဖြင့် ရာထူးတိုးမြှင့်ခြင်း မရှိဘဲ ၅ နှစ် သက်တမ်းကာလ တာဝန်ထမ်းဆောင်ပြီးပါက အငြိမ်းစား ယူရမည် ဖြစ်သည်။

ဗိုလ်ချုပ် အဆင့်(တိုင်းမှူး (သို့) တိုင်းမှူးအဆင့်နှင့် ညီမျှသော ရာထူး၊ ညွှန်ကြားရေးမှူး)မှ တိုင်းမှူး၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်၊ စစ်ဦးစီး တက္ကသိုလ်၊ စစ်တက္ကသိုလ်၊ တပ်မတော်သိပ္ပံနှင့် နည်းပညာ သုတေသနဌာနရှိ ကျောင်းအုပ်ကြီး/ ဌာနချုပ်မှူးများ အနေဖြင့် အသက် ၆၀ မပြည့်မီ တာဝန်ထမ်းဆောင်ရမည့် စမ်းသပ်ကာလ ၁ နှစ် အပါအဝင် ၆ နှစ် သက်တမ်း ကာလကျော်လွန်ပါက ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့် ချီးမြှင့်ကာ အငြိမ်းစားပေးရန်လည်း အခွင့်အရေး တိုးမြှင့် ပေးထားသည်။

အထက်ပါ ရာထူး၊ တာဝန်များ ထမ်းဆောင်ခြင်း မရှိသည့် ကျန်ရှိသော ဗိုလ်ချုပ်များအား အသက် ၆၀ မပြည့်မီ တာဝန် ထမ်းဆောင်ရမည့် သက်တမ်း ကျော်လွန်ပါက လက်ရှိ အဆင့်ဖြင့်သာ အငြိမ်းစားပေးရန် ညွှန်ကြားလွှာတွင် ဖော်ပြထား သည်။

ဗိုလ်မှူးချုပ်အဆင့် တာဝန်ထမ်းဆောင်နေသူများ အနေဖြင့်မူ အသက် ၆၀ မပြည့်မီ တာဝန်ထမ်းဆောင်ရမည့် စမ်း သပ်ကာလ ၁ နှစ် အပါအဝင် ၇ နှစ်သက်တမ်း ကုန်ဆုံးပါက အငြိမ်းစား ယူရမည်ဖြစ်သည်။

ယင်းပြင် ဗိုလ်မှူးကြီး အဆင့်ဖြင့် တာဝန် ထမ်းဆောင်နေသူများ အနေဖြင့် အသက် ၆၀ မပြည့်မီ တာဝန်ထမ်းဆောင်ရမည့် စမ်းသပ်ကာလ ၁ နှစ် အပါအဝင် ၈ နှစ် သက်တမ်းကျော်လွန်ပါက နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်း တက်ရောက် အောင်မြင်သူ(လက်ရှိအဆင့်ဖြင့်သာ သင့်လျော်သူများ မပါ) အား နေရာလစ်လပ်မှု မရှိ၍ အဆင့်တိုးပေးရန် ကျန်ရှိနေသူဖြစ်ပါက ဗိုလ်မှူးချုပ် အဆင့်သို့ ချီးမြှင့်ကာ အငြိမ်းစားပေးရန်ဖြစ်သည်။

ဗိုလ်မှူးကြီး အဆင့်ဖြင့် အသက် ၆၀ မပြည့်မီ တာဝန်သက်တမ်း ကျော်လွန်ပြီး နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်း တက်ရောက်ခွင့် ရရှိသော်လည်း လက်ရှိ အဆင့်ဖြင့်သာ ထောက်ခံသူ၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်း တက်ရောက်ခွင့် မရရှိသူများအား လက်ရှိအဆင့်ဖြင့်သာ အငြိမ်းစားပေးရန်ဖြစ်သည်။

အသက် ၆၀ မပြည့်မီ တာဝန်ထမ်းဆောင်ခွင့် သက်တမ်း ကုန်ဆုံး၍ တဆင့်မြင့် ရာထူးချီးမြှင့်ကာ အငြိမ်းစားပေးခံရသူ များသည် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ငွေကြေး အမှုကိစ္စ ကင်းရှင်းရမည်၊ အခြား တာဝန်ပေးအပ်မှုများရှိပါက သက် တမ်းပြည့်သည်အထိ တာဝန်ထမ်းဆောင်ရန် လက်ခံဆောင်ရွက်နိုင်သူဖြစ်ရမည်ဟုလည်း ညွှန်ကြားလွှာတွင် ထည့်သွင်း ထားသည်။

ဖြည့်စွက်ချက်တခု အနေဖြင့်လည်း အဆင့်လိုက် တာဝန်ထမ်းဆောင်မှု သက်တမ်း ကာလပြည့်ပါက အငြိမ်းစားပေးခြင်း၊ လိုအပ်ပါက အရံအင်အားဖြင့် တွဲဖက်ကာ တာဝန်ပေးခြင်းများ ဆောင်ရွက်နိုင်သကဲ့သို့ သီးခြားကိစ္စရပ်များ ဆောင်ရွက်ရန် အတွက် လိုအပ်ပါက ဆက်လက် တာဝန်ပေးအပ်နိုင်ကြောင်း ပြဋ္ဌာန်းချက်ကိုလည်း ညွှန်ကြားလွှာ ၁/၂၀၂၁ တွင် ထည့် သွင်းထားသည်။

အထက်ပါ ပြင်ဆင်ဖြည့်စွက်ချက်များနှင့် ပတ်သက်ပြီး “ဒီလို ပြင်ဆင် ပယ်ဖျက်တာတွေဟာ စာရွက်ထဲမှာပဲ ရှိပါတယ်။ သူတို့နဲ့ အဆင်မပြေတော့ဘူးဆို မျိုးစုံ အပြစ်ရှာတာပါပဲ။ လက်တဆုပ်စာ စစ်ခေါင်းဆောင်တွေ စီးပွားရေးနဲ့ အာဏာ တည်မြဲရေးအတွက် ထုတ်ပြန်ချက်တစောင်လို့ပဲ မြင်တယ်၊ အောက်ပိုင်း စစ်သည်တွေရဲ့ ရခွင့်ရလမ်းတွေ ကိုပေးတဲ့ ကြေညာချက်တခုလို့ ကျနော့်အနေနဲ့ မသတ်မှတ်ဘူး၊ ဒါကို ယုံကြည်မှုလည်း မရှိဘူး” ဟု ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။

ဗိုလ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စု ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းပြီး မဲမသမာမှု များသည်ဟု အကြောင်းပြကာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရ ခေါင်းဆောင်များအား အာဏာ သိမ်းကာ ဖမ်းဆီးခဲ့ပြီး နိုင်ငံတဝှမ်းမှ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒပြသည့် ပြည်သူများကိုလည်း အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းလျက်ရှိရာ ဖေဖော်ဝါရီ ၁ ရက်မှ မေလ၂၀ ရက်အထိ ပြည်သူ ၈၁၀ ဦး သေဆုံးခဲ့ရပြီး ၄၂၀၀ ကျော်အား ဖမ်းဆီး ထိန်းသိမ်းထားကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ဖော်ပြထားသည်။

You may also like these stories:

မြန်မာလေတပ်ဦးစီးချုပ် ရုရှားသွားရောက်

စစ်ကောင်စီ၏ ရုရှားခရီးစဉ်တွင် လက်နက်ပွဲစား ဦးတေဇ လိုက်ပါသွား

တပ်ချုပ်နှင့် ဒုတပ်ချုပ်တာဝန်ထမ်းဆောင်ခွင့် အသက် ၆၅ နှစ် ကန့်သတ်ချက် ပယ်ဖျက်

Your Thoughts …
Tags: တပ်ချုပ် သက်တမ်းဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အာဏာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.3k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
51.3k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း (၂)

ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း (၂)

by ဉာဏ်သစ်
5 January 2025
10.3k

၂၀၀၄ ခုနှစ်တွင် တိုက်ခိုက်ရေး တပ်များက အာဏာ ပြန်ရလိုက်ပြီး ထောက်လှမ်းရေးက ခြေဖဝါးအောက်သို့ ရောက်သွားရသော အခါ ဝမ်းသာသည့်သူ အများပင် တပ်မတော်ထဲတွင် ရှိခဲ့သည်။

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

by ဧရာဝတီ
10 August 2024
7.6k

စစ်တိုင်းမှူးများက အမိန့်နာခံမှု သစ္စာစောင့်သိမှုနှင့် ပြန်တိုက်နေသော်လည်း တကယ်တိုက်သည့်အချိန်တွင် စစ်ကူလည်း မလာ၊ ရိက္ခာလည်းမလာသဖြင့် စစ်သားများနှင့် မိသားစုဝင်များအား သေတွင်းထဲပို့ခြင်းသာဖြစ်ကြောင်း

ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း (၃)

ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း (၃)

by ဉာဏ်သစ်
12 January 2025
5.9k

ခင်ညွန့်သည်လည်း သူ့ကိုယ်ပိုင် ဘိုးတော် ကွန်ရက်နှင့် ထောက်လှမ်းရေး စနစ်၏ အာဏာတို့ကြောင့် ဆူဖြိုးနေသဖြင့် သွားရည် ယိုစရာ အစာတလုတ် ဖြစ်နေ၍ နအဖ ဟူသော ပါးစပ်ကြီးကလည်း…

Next Post
ကျောင်းသွားမယ် ထီဖိုးပေး

ကျောင်းသွားမယ် ထီဖိုးပေး

စစ်တပ်အာဏာသိမ်းပြီး ၅ရက်အကြာ ဒဂုံတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကျော်က ကျောင်းဝန်းအတွင်း ဆန္ဒပြစဉ်(ဧရာဝတီ)

စစ်ကောင်စီရဲ့ ကျောင်းတွေ ပြန်ဖွင့်ဖို့ ကြိုးစားမှု အောင်မြင်ပါ့မလား

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate