• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မောင်တော၌ လုပ်ငန်းရှင် မွတ်စလင်သားအဖကို လက်နက်ကိုင်အဖွဲ့က ဖမ်းသွား

by ဧရာဝတီ
26 May 2021
in သတင်း
A A
ရခိုင်ပြည်နယ် မောင်တောမြို့

ရခိုင်ပြည်နယ် မောင်တောမြို့

23.1k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ် ကညှင်တန်းရပ်ကွက်ရှိ ပရိဘောဂဆိုင်ပိုင်ရှင် မွတ်စလင် သားအဖ ၂ ဦးကို မေလ ၂၃ ရက် ညပိုင်းက မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တဖွဲ့က နေအိမ်သို့ လာရောက် ဖမ်းဆီးသွားသည်။

ဖမ်းဆီးခံရသူ ၂ ဦးမှာ ဦးရှော်ဖီးလ် (၅၀)နှစ်နှင့် သားဖြစ်သူ မာမောက်အာယာစ် ( ၂၇) နှစ်တို့ဖြစ်ကြောင်း မြို့ခံများ က ပြောသည်။

RelatedPosts

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
47
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
183
တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
617

မောင်တောမြို့ခံတဦးက “အဖမ်းခံရတာ ဟုတ်တယ်။ သေနတ်အတို ကိုင်ထားတဲ့ မွတ်စလင် ၄ ဦးက သူတို့ နေအိမ်ခြံ စည်းရိုးကို ကျော်ဝင်ပြီး ဖမ်းခေါ်သွားတာလို့ ပြောတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ မသိကြဘူး” ဟု ဧရာဝတီ ကို ပြောသည်။

ထိုကဲ့သို့ မြို့ပေါ် ရပ်ကွက်အထိ မွတ်စလင် လက်နက်ကိုင်များ ဝင်ရောက် ဖမ်းဆီးသည့် ဖြစ်စဉ်ကြောင့် ဒေသခံ မွတ်စလင် လူမှုအဝန်းအဝိုင်းကြား စိုးရိမ်မှုများ မြင့်တက်နေသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဧရာဝတီက မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ရဲလွင်အား ဆက်သွယ်မေးမြန်းရာ “အဲဒီကိစ္စ သေချာ မသိသေးဘူး။ ကျနော်လည်း တခြားလုပ်ငန်းတာဝန်တွေနဲ့ ကွင်းဆင်းနေရတာ ရှိနေလို့။ ကျနော် တချက် ပြန် ကြည့်ပေးမှ သိနိုင်မယ်” ဟု ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ် မောင်တောဒေသတွင် မွတ်စလင် လက်နက်ကိုင်များဖြစ်သည့် ရိုဟင်ဂျာသွေးစည်းညီညွတ် ရေးအဖွဲ့ (RSO)၊ ရခိုင် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)နှင့် အဒူလာကိန်း၏ လက်နက်ကိုင်အဖွဲ့တို့ ဝင်ရောက် လှုပ်ရှားနေသည်ဟူသော သတင်းများမှာလည်း ထွက်ပေါ်လျက် ရှိရာ ယခု ဖမ်းဆီးသွားသည့်အဖွဲ့မှာ အဒူလာကိန်းအဖွဲ့၏ လက်ချက်ဖြစ်နိုင်ကြောင်း ဒေသတွင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

မောင်တောမြို့ခံ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးမောင်အုန်းက တရားဥပဒေ စိုးမိုးမှု အားနည်းချက်များ ကြောင့် ဒေသခံများ အနေဖြင့် ကျီးလန့်စာစား ဘဝဖြင့် ဝမ်းရေးအတွက် ရှာဖွေစားသောက် နေထိုင်ရကြောင်း ပြောသည်။

“ဒီလိုမျိုးဖြစ်စဉ်တွေက အခုမှ ဖြစ်တာတော့ မဟုတ်ဘူး။ အရင်တုန်းကလည်း မကြာခဏ ဆိုလို ဖြစ်တာရှိတယ်။ ငါးရှာ ၊ ဟင်းခူးဖို့ သွားတဲ့ ရွာသားတွေ မလုံခြုံဘူး။ အခုလည်း ကျီးလန့်စာစား ဘဝနဲ့ ရှာ ဖွေစား သောက်နေကြတယ်။ တောနား တောင်နား မကပ်ရဲအောင်အထိ ဖြစ်နေတယ်။ဒါတွေကို ကြည့်ခြင်းအားဖြင့် တရားဥပဒေ စိုးမိုးမှု မရှိဘူးလို့ ကျနော် က သုံးသပ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များမှာလည်း တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူ့ဘဝ လုံခြုံရေးထက် ၎င်းတို့ တပ်စခန်း လုံခြုံရေး အတွက်သာ အာရုံစိုက်ပြီးဆောင်ရွက်နေသည့်ဟု မြင်ကြောင်း ဦးမောင်အုန်း ကဆက်လက် ပြောကြားသည်။

ဦးမောင်အုန်းက “မလုံခြုံတာကမောင်တောမြို့နယ် တခုလုံးပါပဲ။ ရဲတပ်ဖွဲ့ဆိုတာက ပြည်သူလူထုဘဝ လုံခြုံမှုကို ကာ ကွယ်ပေးရမယ်။ အခု အဲလို ဖြစ်မနေဘူး။ ကျနော်မြင်တာက သူတို့ ပြည်သူကို ဥပက္ခာပြု ထား ထားတယ်။ သူတို့ စခန်း လုံခြုံရေးနဲ့ သူတို့ စစ်ရေး ဆိုင်ရာတွေကိုပဲ သူတို့ အလေးအထားလုပ်နေတာကို တွေ့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဒူလာကိန်းအဖွဲ့သည် RSO၊ ARSA အဖွဲ့ကဲ့သို့ အင်အားမရှိကြောင်း၊ မောင်တော မြောက်ပိုင်း တောင်တန်းများတွင် ခိုအောင်းကာ မွတ်စလင်လူမျိုး အချင်းချင်း ငွေညှစ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ ကျွဲနွားများ ခိုးယူခြင်း၊ တခါတရံ မွတ်စလင် ရွာသားများကို ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်မှုများ ရှိကြောင်းလည်း စောင့်ကြည့်လေ့လာသူ များက ဆိုသည်။

အလားတူ ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် အမည်ပေးထားသည့် ARSA အဖွဲ့ဝင်များသည် တဖက်နိုင်ငံဘက်ခြမ်း ကနေ မောင်တောမြို့ နယ်အတွင်းရှိ ခမောင်းဆ်ိပ်၊ ဝေလာတောင်နှင့် တမန်းသား အထက်တို့တွင် ဝင်ရောက်လှုပ်ရှားပြီး မေယုတောင်ကြော၌လည်း သင်တန်းများဖွင့်ကာ တပ်ဖွဲ့ဝင်သစ် စုဆောင်ခြင်းများ ရှိကြောင်း သိရသည်။

၂၀၂၀ ဒီဇင်ဘာလ ၉ ရက်နေ့တွင် မောင်တောမြို့နယ် မင်္ဂလာညွန့် ကျေးရွာသား ၁ ဦး ယင်းကျေးရွာအနီး ဝေ လာတောင် ကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ARSA အဖွဲ့နှင့်တွေ့၍ ထွက်ပြေးလာခဲ့ရပြီး ဆိုင်ကယ်မှာ မီးရှို့ခံခဲ့ရ ကြောင်း ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက ပြောသည်။

အလားတူ ၂၀၂၀ နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း မောင်တောမြို့ နယ် ခရေမြိုင် ကျေးရွာသားများသည် ယင်း မြို့နယ် အတွင်းရှိ သာယာကုန်းကျေးရွာတွင် ပြုလုပ်သည့် ဘုံကထိန်ပွဲသို့ ကားဖြင့် သွားရောက်ခဲ့စဉ် ARSA အဖွဲ့၏ မိုင်းဆွဲ တိုက် ခိုက်မှုကြောင့် ၃ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ARSA အဖွဲ့သည် ၂၀၁၆ အောက်တိုဘာလ ၉ ရက်နေ့တွင် အမှတ် (၁) နယ်ခြားစောင့်ဌာနချုပ် (ကျီးကန်းပြင်) နှင့် ကိုး တန်ကောက်ရဲစခန်း၊ ငါးခူရ ရဲစခန်းတို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ပြီး လက်နက် မျိုးစုံ ၄၈ လက်နှင့် ကျည်မျိုးစုံ ၆၆၂၄ တောင့် ဆုံးရှုံးခဲ့ကြောင်း အစိုးရက အကြမ်းဖက်မှု ဖြစ်စဉ်နောက်ပိုင်း သတင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့ကလည်း ARSA အဖွဲ့သည် ကိုဖီအာနန်အကြံပေးကော်မရှင်၏ နောက်ဆုံး အစီရင်ခံစာ ထွက်ပေါ်လာသည့်နှင့် တပြိုက်နက် နယ်ခြားစောင့် တပ်စခန်း ၃၀ ကို တပြိုင်တည်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

You may also like these stories:

မောင်တောဒေသခံ ၂ ဦးကို ဖမ်းဆီးရိုက်နှက်သည့် အဖွဲ့မှာ ARSA ဖြစ်နိုင်ဟုဆို

မောင်တောတွင် နယ်ခြားစောင့်ရဲနှင့် ARSA တို့ကြား တိုက်ပွဲဖြစ်

Your Thoughts …
Tags: ARSARSOမွတ်စလင်အဒူလာကိန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.4k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

by ကျော်ဆန်းလှိုင်
26 November 2024
10.2k

AA တွင် ရခိုင်ပြည်နယ်ကို အုပ်ချုပ်ရန် ပြည့်ဝသောစွမ်းရည် မရှိနိုင်သော်လည်း ကြီးထွားတိုးတက်နိုင်သည့် စွမ်းရည်ရှိကြောင်း ပြသပြီးဖြစ်သည်။

ရခိုင်ပြည်နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မည်

ထိုးစစ်ရှိန် ပိုမြင့်လာသည့် ရခိုင်စစ်မျက်နှာ

by အေးချမ်းဆု
22 October 2024
9.8k

မြန်မာပြည် အခြားစစ်မျက်နှာများ၏ အရှိန်အဟုန်များနှင့်ပါ ပေါင်းစပ်ပါက ၂၀၂၅ ခုနှစ်တွင် ရခိုင်၌ သစ်လွင်သည့် အခြေအနေတရပ်ကို မြင်ရမည်မှာ မလွဲမသွေ ဖြစ်ပေလိမ့်မည်။

မေယုတောင်ကြောတွင် AA နှင့် ARSA တိုက်ပွဲဖြစ်

မေယုတောင်ကြောတွင် AA နှင့် ARSA တိုက်ပွဲဖြစ်

by ဧရာဝတီ
21 July 2023
6.7k

ဘူးသီးတောင်မြို့နယ်အတွင်းရှိ မေယုတောင်ကြောတွင် စိမ့်ဝင်လှုပ်ရှားနေသော ARSA အဖွဲ့နှင့် စစ်ကောင်စီတပ်မှ အောက်ခြေအရာရှိတချို့နှင့် AA ၏အောက်ခြေ အရာရှိတချို့တို့သည် မူးယစ်ဆေးဝါးလုပ်ငန်းများ တွင် ဆက်နွယ်မှုရှိသည်

AA ၏ “အားလုံးအကျုံးဝင် အုပ်ချုပ်ရေး” အစီအစဉ် ရိုဟင်ဂျာများအကြား သဘောထား ကွဲလွဲနေ

AA ၏ “အားလုံးအကျုံးဝင် အုပ်ချုပ်ရေး” အစီအစဉ် ရိုဟင်ဂျာများအကြား သဘောထား ကွဲလွဲနေ

by Rajeev Bhattacharyya
4 November 2024
6.2k

လူမှုအသိုက်အဝန်းများအကြား သဟဇာတဖြစ်ခြင်းသည် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အဓိကကျသည်ဟု ULA က ယုံကြည်သည်။

ARSA ခေါင်းဆောင် အဖမ်းခံရအပြီး မွတ်စလင် လက်နက်ကိုင်တွေ ပြိုကွဲသွားနိုင်လား

ARSA ခေါင်းဆောင် အဖမ်းခံရအပြီး မွတ်စလင် လက်နက်ကိုင်တွေ ပြိုကွဲသွားနိုင်လား

by စွယ်တော်
22 March 2025
6.1k

တဖက်တွင် AA အနေဖြင့် ရန်သူ များလာစေရန်အတွက် စစ်ကောင်စီဘက်က ဝင်ရောက် တိုက်ခိုက်ပေးရန် ARSA ကို အသုံးချခဲ့ခြင်းလည်း ဖြစ်သည်။

Next Post
ဦးအောင်တိုးသည် တရားသူကြီးချုပ်အဖြစ် ၂၂ ခွဲကြာ လုပ်ကိုင်ခဲ့သောကြောင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း ရာထူးသက်တမ်း အရှည်ဆုံးသော တရားသူကြီးချုပ်ဖြစ်သည်

စစ်တပ်ယိမ်း ၂၀၀၈ ဖွဲ့စည်းပုံရေးဆွဲသူ ကွယ်လွန်

အပစ်ရပ်စာချုပ် ၂ နှစ်ပြည့် အခမ်းအနားအပြီး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား သက်ဆိုင်ရာ အဖွဲ့အသီးသီးမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ မှတ်တမ်းဓာတ်ပုံရိုက်စဉ်  / ဧရာဝတီ

မြန်မာ့အရေး ဝင်ရှင်းပေးရန် NCA သက်သေနိုင်ငံများကို အပစ်ရပ်အဖွဲ့များ အဆိုပြု

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate