• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘာသာရေးပရိဝုဏ်တွင် ခိုလှုံသူများကို ပစ်မှတ်မထားရန် ကက်သလစ်ဆရာတော်ကြီး မေတ္တာရပ်ခံ

by ဧရာဝတီ
26 May 2021
in သတင်း
A A
၂၀၂၁ခု မေ ၂၄ရက်က ကယားပြည်နယ် လွိုင်ကော်မြို့ ကယန်းသာယာ (တောင်)ကျေးရွာရှိ ကက်သလစ်ဘုရား ကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံ ၄ဦး သေဆုံးသွားသည် / CJ

၂၀၂၁ခု မေ ၂၄ရက်က ကယားပြည်နယ် လွိုင်ကော်မြို့ ကယန်းသာယာ (တောင်)ကျေးရွာရှိ ကက်သလစ်ဘုရား ကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံ ၄ဦး သေဆုံးသွားသည် / CJ

16.7k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံရှိ အများပြည်သူ ဝတ်ပြုကိုးကွယ်သည့် ဘုရားကျောင်းကန်များ၊ ဘာသာရေးဆိုင်ရာ ရှိခိုးကိုးကွယ်သော နေရာ များ၌ ခိုလှုံနေကြသည့် ပြည်သူများကို လေးစားတန်ဖိုးထားရန်နှင့် ပစ်မှတ်မထားရန် ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသ နာ ဥက္ကဋ္ဌ ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘိုက မေ ၂၅ ရက်စွဲဖြင့် မေတ္တာရပ်ခံချက်တစောင် ထုတ်ပြန်ခဲ့သည်။

မေ ၂၃ ရက်၊ ညသန်းခေါင်ယံ၌ အာဏာသိမ်းစစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကယား (ကရင်နီ) ပြည် နယ်၊ လွိုင်ကော်မြို့၊ ကယန်းသာယာ(တောင်)ကျေးရွာ ယေဇူး ကက်သလစ်ဘုရားကျောင်း ပျက်ဆီးသွားခဲ့ပြီး ယင်းကျောင်း အတွင်း ခိုလှုံနေသည့် ဒေသခံပြည်သူ ၄ ဦး သေဆုံးကာ ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့မှုအပေါ် ရည်ရွယ်ထုတ်ပြန်ခြင်း လည်း ဖြစ်သည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
75
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
44
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
75

အဆိုပါ ပြည်သူများသည် လက်နက်ကိုင်စွဲထားခြင်း မရှိဘဲ မိသားစုကို ကာကွယ်နိုင်ရန် ဘုရားကျောင်းအတွင်း ခိုလှုံနေခြင်းသာဖြစ်ပြီး အပြစ်မဲ့ ပြည်သူများ သေဆုံးရသည့်အတွက် တနိုင်ငံလုံး ပူဆွေးကြရသည်ဟုလည်း ကာဒီနယ် ချားလ်စ်မောင်ဘို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ ဥက္ကဋ္ဌဆရာတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘိုသည် မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာရှတိုက်ဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် နာယက၊ မြန်မာနိုင်ငံ အခြေစိုက် ငြိမ်းချမ်းမေတ္တာအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတကာ ငြိမ်းချမ်းမေတ္တာအဖွဲ့ ပူးတွဲဥက္ကဋ္ဌလည်း ဖြစ်သည်။

ကာဒီနယ်ချားလ်စ်မောင်ဘိုက ဘာသာရေးဆိုင်ရာ ရှိခိုးကိုးကွယ်သော နေရာများသည် ယဉ်ကျေးမှုထုံးစံအရ အများပြည် သူတို့နှင့် သက်ဆိုင်သော နေရာဖြစ်သလို အပြည်ပြည်ဆိုင်ရာ သတ်မှတ်ချက်များဖြင့် အကာအကွယ် ပေးထားပြီး The Hague Conventions အရလည်း ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများသည် အကာအကွယ် ရရှိပြီး လုံခြုံသာနေရာများအဖြစ် သတ်မှတ်ထားသည့် နေရာများ ဖြစ်သည်ကို သတိပြုရန် လိုအပ်သည်ဟု ဆိုသည်။

လွိုင်ကော်အခြေစိုက် ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းတခုမှ ဖာသာ ဖရန်စစ် စိုးနိုင်က “လူထုကို ပစ်မှတ်ထားတဲ့ ဒီလို လုပ်ရပ်ကို ရှုတ်ချပါတယ်။ လက်နက်ချင်း တိုက်တဲ့လူကိုပဲ လုပ်စေချင်ပါတယ်။ အရပ်သားတွေ အပြစ်မဲ့တဲ့ ပြည်သူတွေ အပေါ်မှာ ပစ်မှတ်ထားတာတော့ မလိုလားပါဘူး” ဟု ပြောဆိုသည်။

ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပြည်သူများ ခိုလှုံနေသည့် ဒီးမော့ဆိုရှိ ဘုရားကျောင်းဝင်းအတွင်း အမြောက်ဆံကျရောက်မှု ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လွိုင်ကော်ဒေသခံတဦးက “လူတွေအားလုံးက ကိုယ့်အိမ်မှာ ကိုယ်မနေရဲလို့ ဘုရားကျောင်းထဲမှာ ပုန်းရှောင်တယ်ဆိုတာ သူတို့ သိပါတယ်။ သိလျက်နဲ့ လုပ်တာပါ။ ဘုရားကျောင်း အဝန်းအဝိုင်း ဘာသာရေး အဆောက်အဦနဲ့ ပတ်သက်ပြီး ပစ် ခတ်တာတွေ၊ သတ်ဖြတ်တာတွေ မလုပ်ဖို့ တောင်းဆိုလိုတယ်။ တချို့ရွာတွေ ဘုရားကျောင်းတွေမှာတောင် မနေရဲတော့ ဘဲနဲ့ တောထဲတောင်ထဲ နေနေရတဲ့လူတွေ အများကြီးရှိတယ်” ဟု ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့တွင်လည်း မေလ ၂၃ ရက်တွင် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီး ကျည် ကျရောက်သဖြင့် ဘုရားကျောင်းတခု ထိခိုက်မှုများ ရှိခဲ့သည်။

ကယားပြည်နယ်တွင် ကရင်နီလူငယ်များဖြင့် စုဖွဲ့ထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် စစ်ကောင်စီတပ်များ အကြား မေလ ၂၁ ရက်မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အတွင်းရှိ ရွာပေါင်း ၁၅၀ ခန့်မှ အရပ်သား ငါးသောင်းကျော် နေအိမ်များကို စွန့်ခွာ ထွက်ပြေးရကာ စစ်ဘေးရှောင်နေရသည်။

ရာနှင့်ချီ သေဆုံးပြီး ထောင်သောင်းချီ စစ်ဘေးရှောင်နေရသည့် အဖြစ်အပျက်များ ရပ်တန့်ရန် အထူးလိုအပ်ပြီး သက်ဆိုင် ရာ အဖွဲ့အစည်းများ အနေဖြင့် စစ်ပွဲများကို အမြန်ဆုံးရပ်တန့်ရန်လည်း ကာဒီနယ်ချားလ်စ်မောင်ဘိုက တိုက်တွန်းထား သည်။

You may also like these story:

ကယားတွင် အရပ်သား ငါးသောင်းကျော် စစ်ဘေးရှောင်နေရ

Your Thoughts …
Tags: ကာဒီနယ်ချားလ်စ်မောင်ဘိုခိုလှုံပြည်သူဘာသာရေးအဆောက်အအုံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

by ဧရာဝတီ
23 September 2023
6.5k

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ခြေတော်ရာကျေးရွာအနီး မြင်းမူ-မြောင်လမ်းခွဲတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၃ ဦးနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဘာသာရေးအဆောက်အအုံများကို စစ်ရေးအတွက် စစ်ကောင်စီ အသုံးချနေ

ဘာသာရေးအဆောက်အအုံများကို စစ်ရေးအတွက် စစ်ကောင်စီ အသုံးချနေ

by ဧရာဝတီ
11 October 2023
5.1k

စစ်ကောင်စီတပ်သည် ပြည်နယ်နှင့်တိုင်း ၁၂ ခုအတွင်းရှိ ဘာသာရေးအဆောက်အအုံပေါင်း ၁၁၀ ထက်မနည်းကို ဝင်ရောက်စခန်းချခြင်းနှင့် တပ်စခန်းများအဖြစ် အသုံးပြုခဲ့ကြောင်း

ပြည်သူ့လုံခြုံရေး သင်တန်းပေးထားတဲ့ သက်ကြီးပိုင်းတွေကို စတင်အသုံးပြု (ရုပ်/သံ)

ပြည်သူ့လုံခြုံရေး သင်တန်းပေးထားတဲ့ သက်ကြီးပိုင်းတွေကို စတင်အသုံးပြု (ရုပ်/သံ)

by ဧရာဝတီ
6 December 2024
580

ပြည်သူ့လုံခြုံရေး သင်တန်းပေးထားတဲ့ စစ်မှုထမ်းဟောင်းတွေ၊ ရဲဘက်နဲ့ အရပ်ဘက်က သက်ကြီးပိုင်းတွေကို စစ်ကောင်စီက အရပ်ဘက် လုံခြုံရေးအဖွဲ့တွေမှာ စတင် အသုံးပြုလာသလို ရှေ့တန်း နဲ့ နောက်တန်း စစ်မြေပြင်တွေမှာ တပ်သားသစ်တွေကို ကြီးကြပ်တဲ့နေရာတွေမှာ အသုံးပြုမှုတွေ ရှိနေတယ်လို့ ပြည်သူ့လုံခြုံရေး...

တော်လှန်ရေးက ပေါ်ထွက်လာတဲ့ ကရင်နီပြည် ရဲဌာန (ရုပ်/သံ)

တော်လှန်ရေးက ပေါ်ထွက်လာတဲ့ ကရင်နီပြည် ရဲဌာန (ရုပ်/သံ)

by ဘုန်းအောင်
25 August 2024
496

ကရင်နီပြည်အတွင်းက ပြည်သူလူထုရဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူ့ ရဲဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ဆိုပြီး စစ်အာဏာသိမ်းမှုကို ဖီဆန် ဆန့်ကျင်တဲ့ CDM ရဲ တွေကနေ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) ကို ဖွဲ့စည်းထားတာပါ။

အင်အားကြီးနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို ကစားကွင်းလုပ်လို့မရဘူး (ရုပ်/သံ)

အင်အားကြီးနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို ကစားကွင်းလုပ်လို့မရဘူး (ရုပ်/သံ)

by ဧရာဝတီ
17 December 2024
415

စစ်ကောင်စီက ၂၀၂၅ ခုနှစ်မှာ ကျင်းပဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲ ဖြစ်ပြီး အဲ့ဒီရွေးကောက်ပွဲကို ထောက်ခံတဲ့နိုင်ငံတွေဟာ အကြမ်းဖက်ခြင်းကို ထောက်ခံအားပေးတာလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာက ပြောလိုက်ပါတယ်။

ဆင်းရဲနေတဲ့ပြည်သူနဲ့ ဇိမ်ခံကားပေါ်က ဆရာတော်တွေ (ရုပ်/သံ)

ဆင်းရဲနေတဲ့ပြည်သူနဲ့ ဇိမ်ခံကားပေါ်က ဆရာတော်တွေ (ရုပ်/သံ)

by ဧရာဝတီ
26 June 2024
314

မြန်မာနိုင်ငံ လူဦးရေရဲ့ ၃၂ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ ၁၇ ဒဿမ ၅ သန်းလောက်ဟာ ဆင်းရဲမွဲတေမှု ဒါဏ်ကို ခံစားနေရတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဇွန် ၁၂ ရက်နေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Next Post
မိုးဗြဲရဲစခန်းကို PDF က ဝင်ရောက် တိုက်ခိုက်နေစဉ်  / PDF

ဖယ်ခုံမြို့နယ်မှ စစ်ဘေးရှောင် နှစ်သောင်းကျော်အတွက် အကူအညီများ လိုအပ်နေ

မာန်ပြေ ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး သေဆုံးနေသည်ကို တွေ့ရစဉ်

သာကေတမှာ ဗုံး ၅ လုံးထက်မနည်း ပေါက်ကွဲ၊ အုပ်ချုပ်ရေးမှူး တဦး သေဆုံး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5.2k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate