• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကယားရှိ PDF များကို စုစည်းထားသည့် KNDF က စစ်ကောင်စီကို တိုက်မည်

by ဧရာဝတီ
1 June 2021
in သတင်း
A A
ယနေ့ မနက်ပိုင်းတွင် ဒီးမော့ဆိုမြို့နယ်ရှိ နေအိမ်တလုံး မီးလောင်နေစဉ်  / CJ

ယနေ့ မနက်ပိုင်းတွင် ဒီးမော့ဆိုမြို့နယ်ရှိ နေအိမ်တလုံး မီးလောင်နေစဉ် / CJ

31.7k
VIEWS
Share on FacebookShare on Twitter

ကယားပြည်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ အားလုံး ပူးပေါင်းကာ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) ကို ဖွဲ့စည်း ထူထောင်လိုက်ပြီဟု သတင်း ရရှိ သည်။

ဒီးမောဆို PDF ၊ လွိုင်ကော် PDF ၊ ဖရူဆို PDF နှင့် နမ့်မယ်ခုံ PDF တပ်ဖွဲ့ စသည့် ပြန့်ကျဲနေသည့် တပ်ဖွဲ့များကို တစု တစည်းတည်း ဖြစ်စေရန် ဖွဲ့စည်း လိုက်ခြင်း ဖြစ်သည်ဟု KNDF က ဧရာဝတီကို ပြောသည်။

RelatedPosts

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
903
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
649
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
185

KNDF ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက “ကျနော်တို့က အစုအဖွဲ့နဲ့ ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းပြီး အာဏာရှင် ကျဆုံးတဲ့အထိ ဆက်တိုက်ပွဲဝင်မှာပါ။ အဆုံးထိ လုပ်ဆောင်ဖို့ ရှိတယ်။ လောလောဆယ် NUG အစိုးရ၊ CRPH နဲ့ ချိတ် ဆက်မှု လုပ်ထားတယ်။ အထောက်အပံ့ ကိစ္စကတော့ သူတို့ တတ်နိုင်တာကို ကူညီမှုတချို့ ရှိတယ်။ ကျနော်တို့ မျှော်လင့် သလောက် လိုချင်တာတော့ မဖြစ်သေးဘူး။ ဒါပေမယ့် အဖွဲ့တိုင်းက အခက်အခဲ ရှိနေတော့ ကျနော်တ်ို့ ပြည်သူကလည်း ဒါကို နားလည် ထားပါတယ်” ဟု ပြောသည်။

KNDF သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှ တပ်ဖွဲ့ တဖွဲ့ အဖြစ် ရပ် တည်ဖြစ်ပြီး လက်ရှိတွင် KNDF သည် ကယားပြည်နယ်အတွင်းရှိ ဒီးမော့ဆို၊ လွိုင်ကော်၊ မယ်စဲ့၊ ရှားတော၊ ဖရူဆို၊ ဖား ဆောင်းနှင့် ဘော်လခဲ မြို့နယ်များ အားလုံးတွင် တပ်ဖြန့်လှုပ်ရှားလျက် ရှိသည်ဟု သိရသည်။

NUG ၏ ကာကွယ်ရေး ဝန်ကြီးဌာနသည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဟူသည့် စစ်တိုင်း ၅ ခုဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ကို ဖွဲ့စည်းထူထောင်လိုက်ကြောင်း မေ ၁၇ ရက်က သတင်းထုတ်ပြန်ကြေညာထားသည်။

ကာကွယ်ရေးဝန်ကြီးဌာနက မေ ၅ ရက်တွင် PDF ကို စတင်ထူထောင်ခြင်း ဖြစ်ပြီး တပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းမှုမှာ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အပေါ်တွင် အခြေခံ ဖွဲ့စည်းခြင်းမရှိဘဲ စစ်တိုင်းအလိုက်သာ တပ်ရင်း၊ တပ်ဖွဲ့များကို အဆင့်ဆင့် ဖွဲ့စည်းမည်ဟု NUG က ကြေညာထားသည်။

NUG က PDF ကို စစ်တိုင်း ၅ တိုင်းဖြင့် ဖွဲ့စည်းပြီး ၄ ရက်အကြာ၊ မေ ၂၁ ရက်တွင် ကယားပြည်နယ်၊ ဒီးမော့ဆို PDF က စစ်ကောင်စီကို စစ်မျက်နှာ စဖွင့်တိုက်ခိုက်ခြင်း ဖြစ်သည်။

ကယားပြည်နယ်တွင် စစ်ကောင်စီကို တိုက်ခိုက်သည့် တပ်ဖွဲ့များသည် PDF အဖြစ် ပထမဦးဆုံး ကြေညာကာ စစ်ဆင်ရေး လုပ်ကြသည့် တပ်ဖွဲ့များဖြစ်ပြီး စတင်တိုက်ခိုက်စဉ်က ဒီးမော့ဆို၊ လွိုင်ကော် စသည်ဖြင့် မြို့နယ်ပေါ်တွင် အခြေခံကာ ဖွဲ့ စည်း လှုပ်ရှားနေကြခြင်း ဖြစ်သည်။

မေ ၃၁ ရက်တွင် ပြန့်ကျဲနေသည့် တပ်ဖွဲ့အားလုံးကို စုစည်းကာ KNDF အဖြစ် ထူထောင်လိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက အထောက်အပံ့အချို့ရရှိသည့်အပြင် ဒေသတွင်းရှိ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ဒေသတွင်း အခြားကရင်နီတပ်ဖွဲ့များကလည်း လက်နက်ခဲယမ်းများ ပံ့ပို့ခြင်း၊ တိုက်ပွဲများ တွင် ကူညီတိုက်ခိုက်ပေးခြင်းများ ရှိသည်ဟု ပြောသည်။

ကယားပြည်နယ်တွင်း တိုက်ပွဲများတွင် ကရင်နီလူငယ်များက ရဲကင်းစခန်းများကို စီးနင်း တိုက်ခိုက်ခြင်းအပြင် တိုက်ပွဲများ တွင်လည်း စစ်ကောင်စီတပ်သားများကို သေဆုံးသည်အထိ ပစ်ခတ်နိုင်ခဲ့ခြင်းကြောင့် တိုက်ပွဲကာ ၁၀ ရက်ကျော်အတွင်း စစ်ကောင်စီဘက်မှ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ဦးရေ စုစုပေါင်း ၅၀ ဦးနှင့် အထက် သေဆုံးထားသည်။

ဖရူဆိုမြို့နှင့် ဒီးမော့ဆိုမြို့ကြားရှိ တံတားတစင်း ဖျက်ဆီးခံထားရစဉ် (ဓာတ်ပုံ – CJ)

ကရင်နီလူငယ်များဘက်ကလည်း တိုက်ပွဲဝင်နေသည့် အမျိုးသား ၈ ဦး၊ တိုက်ပွဲကြားတွင် ကျည်ဆန်နှင့် လက်နက်ကြီး ထိမှန်ခြင်းတို့ကြောင့် သေဆုံးသူ အရပ်သား ၂၃ ဦး ရှိသည်။

တိုက်ခိုက်မှုများကြောင့် လွိုင်ကော်၊ ဒီးမော့ဆိုမှ ကျေးရွာပေါင်း ၁၅၀ ကျော်နှင့် မြို့ပေါ်ရပ်ကွက်အချို့မှလည်း ထွက်ပြေး တိမ်း ရှောင်နေရသူများရှိပြီး လက်ရှိတွင် ကယားပြည်နယ်တွင်း အရပ်သား ၁ သိန်းခန့်မှာ စစ်ဘေးရှောင်ဒုက္ခသည်များ အဖြစ် ထွက်ပြေးနေရဆဲ ဖြစ်သည်။

စစ်ကောင်စီဘက်က ကရင်နီလူငယ်များကို တိုက်ခိုက်ရန် လက်နက်ကြီးများဖြင့် ဒီးမော့ဆို၊ လွိုင်ကော်မြို့တွင်းသို့ ပစ်ခတ် သည့်အပြင် တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့်လည်း ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများလည်း ပြုလုပ် ထားသည်။

မေ ၃၁ ရက်တွင်လည်း ဒီးမော့ဆိုမြို့နယ်အတွင်း နေ့လယ် ၁၂ နာရီမှ ည ၈ နာရီအထိ စစ်ကောင်စီနှင့် KNDF တပ်ဖွဲ့ကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်နေစဉ် မေ ၃၁ ရက် ညနေ ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်က တိုက်ခိုက်ရေး ရဟတ်ယာဉ်၂ စင်းဖြင့် လာ ရောက် ပစ်ခတ်ခဲ့သည်။

လက်ရှိ စစ်ရေးအခြေအနေအရ မြေပြင်တိုက်ခိုက်ရေးသာမက ရဟတ်ယာဉ်များနှင့် တိုက်လေယာဉ်များကိုပါ အသုံးပြု တိုက် ခိုက်နေသည့် စစ်ကောင်စီကို ပြန်တုန့်ပြန် တိုက်ခိုက်နိုင်ရန် KNDF အတွက် ခေတ်မီလက်နက်များ၊ ခဲယမ်းမီးကျောက် အပြည့် အစုံ ရရှိရန် လိုအပ်နေသည်ဟုလည်း KNDF၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ဆက်လက်ပြီး ၎င်းက “လက်နက်ခဲယမ်းက ကျနော်တို့ မျှော်လင့်တာက CRPH ၊ NUG တို့ ဘယ်လို မူဝါဒလမ်းစဉ်တွေ ရေး ဆွဲပြီး ဘယ်လိုသွားမလဲ။ ဒါက ကျနော်တို့ရဲ့ အစိုးရဖြစ်တယ်။ အစိုးရဖြစ်တဲ့အတွက် ကျနော်တို့ကို ဘယ်လို အထောက်အပံ့ ပေးမလဲ၊ ဒါတွေပေါ်မှာ မူတည်ပါတယ်။ အခု လက်ရှိကတော့ နောက်ဆုံး ကုန်ကုန်ပြောရရင် ကျနော်တို့ကတော့ သားရေ ကွင်းပဲ ရှိလည်း သားရေကွင်းနဲ့ ပစ်မှာပဲ။ လောလောဆယ်မှာတော့ လက်လုပ်နဲ့ ရိုးရာ၊ ကျနော်တို့ ကရင်နီရိုးရာ ယမ်းထောင်း တူမီးတွေ ရှိပါတယ်” ဟု ပြောသည်။

ယနေ့ (ဇွန် ၁ ရက်) ကယားပြည်နယ်အခြေအနေမှာ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တွင်း စစ်ရေး တင်းမာမှုများရှိနေဆဲ ဖြစ် သည်။

ယနေ့မနက် ၆ နာရီဝန်းကျင်မှစ၍ လွိုင်ကော်အခြေစိုက် စစ်ကောင်စီ တပ်စခန်းဘက်မှ ဒီးမော့ဆိုမြို့တွင်းသို့လည်း လက်နက် ကြီးများဖြင့် ပစ်ခတ်မှုများ ရှိနေသည်။

ဒီးမော့ဆိုမြို့တွင် နေထိုင်သည့် ဒေသခံတဦးက “တမနက်လုံး ပစ်သံတွေ ကြားနေရတယ်။ ဒေါ့ငံခါး ဘက်မှာတော့ လက် နက်ကြီးတွေ ရပ်ကွက်ထဲ ကျတယ်လို့ ပြောနေကြတယ်။ ကျနော်တို့က နောက်ရပ်ကွက်တခုမှာဆိုတော့ မြင်တော့ မမြင်ရ ဘူး။ အသံတွေတော့ ကြားနေရတယ်။ မြို့မှာကလည်း တိုက်ပွဲဖြစ်တဲ့ ဒေါငံခါးတို့ဘက် အပစ်ခံနေရတာ။ ဒီဘက်မှာလည်း ခလရ ၁၀၂ က စစ်သားတွေ အများကြီး ရှိနေတယ်” ဟု ပြောသည်။

စစ်ကောင်စီဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များသည် ဒေါ့ငံခါးရပ်ကွက်၊ မြို့မရပ်ကွက်နှင့် စည်ပင်ရပ်ကွက် အတွင်း သို့ ကျရောက် ပေါက်ကွဲခြင်းများ ရှိပြီး နေအိမ် ၄ အိမ်သည်လည်း လက်နက်ကြီးကျည် ထိမှန်ခြင်းများရှိသည်ဟု ဒေသခံများ ထံက သိရသည်။

ထို့ပြင် စစ်ကောင်စီဘက်က လက်နက်ကြီးများ စတင် ပစ်ခတ်ချိန် ယနေ့မနက် ၆ နာရီဝန်းကျင်တွင်လည်း ဒီးမော့ဆို မြို့ နယ်၊ စံပြ ၆ မိုင်ရွာတွင်လည်း အရပ်သားတဦး ပိုင်ဆိုင်သည့် နှစ်ထပ်အိမ်တလုံး မီးလောင်ကျွမ်းနေကြောင်း မျက်မြင်တွေ့ သူများက ပြောသည်။

စစ်ရေးအခြေအနေ တင်းမာနေသည့် ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့နယ်အတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများမှာလည်း အချို့နယ်မြေများတွင် ဖြတ်တောက်ခံထားရပြီး ဒီးမောဆို-ဖရူဆို၊ လွိုင်ကော်-ဒီးမော့ဆို ကြားတွင်လည်း တံတားများ ဖောက် ခွဲ ဖျက်ဆီးခံထားရသည်။

ဒီးမော့ဆိုနှင့် ဖရူဆိုကြား ဆက်သွယ်ထားသည့် တံတားနှစ်စင်းကို ဖောက်ခွဲဖျက်ဆီးသူများမှာ PDF တပ်ဖွဲ့များ ဖြစ်သည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသော်လည်း KNDF ၎င်းတို့ လက်အောက်ခံတပ်များ မဟုတ်ကြောင်း၊ စစ်ကောင်စီဘက် က လမ်းတံတားများကို ဖောက်ခွဲခြင်း ဖြစ်သည်ဟူ၍ နှစ်ဖက်ငြင်းခုံမှုများရှိနေသည်။

You may also like these stories:

ကသာ PDF ကို အာဏာသိမ်းတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

NUG အစိုးရနှင့် ပထမဆုံး ပူးပေါင်းလိုက်သည့် ချင်းအမျိုးသား တပ်ဦး (CNF)

ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကယားပြည်နယ်က ပျောက်ကြား တော်လှန်ရေး တိုက်ပွဲများ

ဒီးမော့ဆိုမှာ PDF နှင့် စစ်ကောင်စီကြား စစ်ရေး တင်းမာ

Your Thoughts …
Tags: KNDFPDFကယားစစ်ကောင်စီတိုက်ပွဲဒီးမော့ဆို
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပူတာအိုလေဆိပ်  / Foursquare

ပူတာအိုလေယာဉ်ကွင်း KIA ပစ်ခတ်

ယခုနှစ် မတ်လက မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားထိပ်တွင် မြန်မာနိုင်ငံဘက်ကို ပြန်ရန် တန်းစီနေကြသည့် ရွှေ့ပြောင်းလုပ်သားများ  / ကျော်ခ / ဧရာဝတီ

ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ နေရပ်ပြန်ရန် အခက်တွေ့နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate