• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငွေလိုနေသည့် အာဏာသိမ်းတပ်က သစ်တွေထပ်ထုတ်ရောင်းဦးမည်

by ဧရာဝတီ
7 June 2021
in သတင်း
A A
NLD အစိုးရလက်ထက်က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် ခိုးသစ်များ  / Forest Department

NLD အစိုးရလက်ထက်က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် ခိုးသစ်များ / Forest Department

34k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းယန္တရားလည်ပတ်ရေး သစ်လေလံတင်ရောင်းချပွဲများ ဆက်တိုက်ပြုလုပ်နေသည့် စစ်ကောင်စီ အနေ ဖြင့် ယခုဇွန်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် သစ်မာ၊ သစ်လုံး/ခွဲသား ၁၄၁၈၁ တန်အား အွန်လိုင်းကတဆင့် ပြည်တွင်းရောင်းချပွဲ ထပ်မံပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနအနေဖြင့် လေလံပွဲအား ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ယင်းမာပင်ခန်းမတွင် ပြုလုပ်မည်ဖြစ်ပြီး ရောင်းချမည့်သစ်များမှာ စစ်ကိုင်းတိုင်း(အနောက်/အ ရှေ့)၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှဖြစ်ကြောင်း သိရသည်။

RelatedPosts

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ်  NUG ဝေဖန် (ရုပ်/သံ)

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ် NUG ဝေဖန် (ရုပ်/သံ)

17 July 2025
7
စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

17 July 2025
5
ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
317

ယင်းအပြင် ထပ်မံရောင်းချမည့် သစ်များအနေဖြင့်လည်း မြန်မာ့သစ်လုပ်ငန်း၊ စစ်ကိုင်းတိုင်း (အနောက်)၊ ချင်း တွင်းဖောင်ဖွဲ့ရေးဒေသအတွင်းမှ သစ်လုံးတန် ၆၇၆၉၀ တန် အား မုံရွာမြို့နှင့် ရန်ကုန်မြို့တို့ရှိ သစ်ဆိပ်သို့ သယ် ယူပို့ဆောင်ပေး ရေးအတွက် ဇွန်လ ၂၃ ရက်နေ့နောက်ဆုံးထား ကာ တင်ဒါတင်သွင်းကြရန်လည်း ကြေညာထားသည်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း သစ်တောဦးစီးဌာနအနေဖြင့် မြင့်ဘရားသားကုမ္ပဏီအား ရခိုင်ပြည်နယ်၊ မောင် တောခရိုင်အတွင်း သစ်တန် ၁၅၀၀ အမြန်ထုတ်ယူခွင့်အား ချထားပေးခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ ချထားပေးမှုမှာ တံတားဆောက်လုပ်ရေးကဲ့သို့ ကြီးမားသည့် စီမံကိန်းများအတွက်ဆိုပါက ဖြစ်နိုင်ခြေရှိ သော်လည်း ယခုကဲ့သို့ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းထားသည့် အခြေအနေမျိုးတွင် အလွန်များပြားသည့် ပမာဏဖြစ်ကြောင်းလည်း သစ်တောအရာရှိတဦးက ပြောကြားသည်။

စစ်ကောင်စီ၏ သစ်လေလံပွဲများနှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အေဂျင်စီ (EIA) က “နိုင်ငံပိုင်လုပ်ငန်းတခုက အခုလိုရောင်းချတာဟာ စစ်အစိုးရက မြန်မာပြည်သူတွေကို ရက်ရက်စက်စက် ဆက်လက်ဖိနှိပ်ထားဖို့ အသည်းအသန်လိုအပ်နေတဲ့ နိုင်ငံခြားငွေ ရှာပေးဖို့ကလွဲလို့ တခြားမကြောင်းမရှိနိုင်ပါဘူး” ဟု ထုတ်ပြန်ပြောဆိုထားသည်။

ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနအနေဖြင့် မေလ ၁၉ ရက်နှင့် ၂၀ ရက်နေ့ကလည်း ကျွန်း/သစ်မာ၊ သစ် လုံး/ခွဲသား တန် ၁၈၇၆၆ တန်အား အိတ်ဖွင့်တင်ဒါခေါ် ရောင်းချခဲ့ရာတွင် ၈၁၆၅ တန်ခန့်၊ တန်ဖိုး ကျပ်သန်း ၄၆၀၀ ခန့်(အမေရိကန်ဒေါ်လာ ၃ သန်းကျော်) ရောင်းချခဲ့ရကြောင်းလည်း သိရသည်။

ယင်းအပြင် ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာနကလည်း မေလ ၂၇ ရက်နေ့က ကျွန်းသစ်လုံး ၃၉၀ တန်၊ ကျွန်းခွဲသား ၂၅၀ ကုဗမီတာနှင့် ၂၀၁၉-၂၀၂၀ ခုနှစ်ထုတ် သစ်မာသစ်လုံး ပျဉ်းကတိုး၊ ကညင် တန် ၄၀၃၀ နှင့် ကျွန်းခွဲသား ၁၄၇ ကု ဗမီတာတို့အား မေလ ၂၇ ရက်နေ့က အမေရိကန်ဒေါ်လာဖြင့် အိတ်ဖွင့်တင်ဒါခေါ် ရောင်းချခဲ့ရာတွင် တန် ၂၁၃၀ ကျော်၊တန်ဖိုးအမေရိကန်ဒေါ်လာ ၁.၈ သန်းကျော် ရောင်းချခဲ့ရကြောင်း သိရသည်။

ယင်းသို့ စစ်ကောင်စီက ရောင်းချသည့် သစ်များတွင် NLD အစိုးရလက်ထက် ဖမ်းဆီးရမိထားသည့် သစ်တန် ၂ သိန်းကျော်မှ သစ်များလည်း ပါဝင်ပြီး စစ်ကောင်စီအနေဖြင့် နိုင်ငံတကာဈေးကွက်သို့ သစ်များရောင်းချခြင်းဖြင့် “အာဏာသိမ်းမှုစရိတ်” ရှာဖွေနေကြောင်းလည်း EIA က ပြောဆိုထားသည်။

အာဏာသိမ်း စစ်ကောင်စီထံသို့ ဝင်ငွေစီးဆင်းမှုမရှိစေရေး သစ်လေလံတင်ရောင်းချမှုများနှင့်ပတ်သပ်ပြီး ပြည် တွင်းလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ခြင်းမပြုကြရန်နှင့် ဝယ်ယူထားပြီးသူများအနေဖြင့်လည်း သစ်ဖိုးငွေပေးသွင်း ခြင်း မပြုခြင်းဖြင့် CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က တိုက်တွန်းထားသည်။

သစ်တောရေးရာ ကျွမ်းကျင်သူတဦးကတော့ စစ်ကောင်စီအနေဖြင့် သစ်သယံဇာတများအား ထုတ်ယူရောင်းချနေ ခြင်းနှင့် ပတ်သက်ပြီး NUG သယံဇာပိုင်းတာဝန်ရှိသူများအနေဖြင့် ပြည်တွင်းသစ်လုပ်ငန်းများနှင့် ညှိနှိုင်းဆွေးနွေး မှုများ ပြုလုပ်သင့်ပြီး ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ကြောင်း ထောက်ပြသည်။

“NUG က သစ်လုပ်ငန်းရှင်အသင်းက လူကြီးတွေနဲ့ ညှိနှိုင်းဖို့လိုတယ်၊ နောက်တခုက အရင်က တရားဝင် သစ် ထောက်ခံချက်ပေးနိုင်ရေးလုပ်နေတဲ့ FLEGT လိုအဖွဲ့ရဲ့ ပူးပေါင်းအားလည်းလိုမယ်။ သစ်လုပ်တာက စီးပွားရေးသ မားတွေဆိုတော့ NUG ကပဲပြောတာထက် သစ်လုပ်ငန်းရှင်ချင်း စည်းရုံးတာကလည်း ထိရောက်နိုင်ပါတယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ဝင်ငွေရှာဖွေရေးအတွက် သစ်များအား လေလံတင်ရောင်းချမှုများ ဆက်တိုက် ဆိုသလို ပြုလုပ်လျှက်ရှိသည့်အပြင် သစ်အခြေခံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဟုဆိုကာ ကော်မတီများ ထပ်မံဖွဲ့ စည်းလိုက်ကြောင်းလည်း သိရသည်။

ပြည်တွင်းသစ်လုပ်ငန်းရှင်တဦးက “အခု ပြည်တွင်းသစ်အခြေခံလုပ်ငန်းတွေ၊ သစ်စက်လုပ်ငန်းတွေ တိုးတက်ရေး ဆိုပြီး ကော်မတီတွေထပ်ဖွဲ့တယ်၊ ပြီးရင်ဘယ်လို ဆက်ပြီးလုပ်ကြမလဲ ဆွေးနွေးကြမယ်ပေါ့၊ ဒီဆွေးနွေးမှုကိုတော့ တက်ရောက်ဖို့ရှိပါတယ်” ဟု ပြောသည်။ ၎င်းအနေဖြင့် ပြီးခဲ့သည့် သစ်လေလံပွဲများတွင်း တက်ရောက်ခြင်းမရှိခဲ့ ကြောင်းလည်းပြောသည်။

တရားမဝင်မှု၊ အကျင့်ပျက်ချစားမှုများဖြင့် နာမည်ကျော်သည့် မြန်မာ့သစ်လုပ်ငန်းအား အမေရိကန်နှင့် ကနေဒါ နိုင်ငံတို့က ပိတ်ဆို့ဒဏ်ခတ်ထားပြီး မကြာသေးမီကလည်း စစ်ကောင်စီကခန့်ထားသည့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီအား အမေရိကန်၏ ပိတ်ဆို့အရေးယူမှုစာရင်းတွင် ထပ်မံထည့် သွင်းခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် နိုင်ငံပိုင်သယံဇာတများအား ရောင်းချကာ ဝင်ငွေရှာဖွေနေမှုအပေါ် လုံးဝလက်ခံမည်မဟုတ်ကြောင်းနှင့် ပါဝင်ပတ်သက်သည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်များအား အမည်ပျက် စာရင်းသွင်းကာ အရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည့်အပြင် လေလံတင်ရောင်းချမှုတွင် ပါဝင်သည့် ဝန်ထမ်းများအား ပြည်သူပိုင် ပစ္စည်းဖျောက်ဖျက်မှု၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်မှုများဖြင့် အမည်ပျက်စာရင်း ရေးသွင်းသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတိပေးထားသည်။

You may also like these stories:

တရားမဝင်သစ်များ လေလံတင်၍ စစ်ကောင်စီ “အာဏာသိမ်း စရိတ်” ရှာနေ

စစ်ကောင်စီ သစ်လေလံ ဈေးနှိမ်ခံပြီး ရောင်းချနေရ

Your Thoughts …
Tags: စစ်ကောင်စီသစ်လုပ်ငန်းအာဏာသိမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
တောင်ကုတ်မြို့

တောင်ကုတ်မြို့ ပရဟိတသင်တန်းကျောင်း ဥက္ကဋ္ဌ အပါအဝင် ၇ ဦးကို စစ်တပ်က ဖမ်းဆီးသွား

ယနေ့ ကျီခါးမြို့ တိုက်နယ်ဆေးရုံတွင် ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့သူများကို ဈာပန  / The Tedim Post

ကိုဗစ်တတိယလှိုင်းကြောင့် Stay at Home ၇ မြို့နယ်မှ စာသင်ကျောင်းများ ပြန်ပိတ်

No Result
View All Result

Recommended

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

3 days ago
3.8k
ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 week ago
5.8k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate