အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် အတူနေ ၈ ဦးတို့ထံ အစားအသောက်ရိက္ခာ ၄ သိန်းဖိုးအား ရဲတပ်ဖွဲ့ဝင်များကတဆင့် ပို့ပေးခဲ့ကြောင်း ရှေ့နေဖြစ်သူ ဦးကြည်ဝင်းကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယမန်နေ့က နေပြည်တော်၊ ဇဗ္ဗူသီရီမြို့နယ်ရှိ သီးသန့်တရားရုံးတွင် ရုံးထုတ် ရာ၌ ၎င်းနှင့်အတူနေသူများ စားသောက်ရေးအတွက် ငွေနှင့် လိုအပ်သည့်ဆေးဝါးများ ကူညီပေးဆောင်ရွက်ပေး ရန် ရှေ့နေများအား ပြောကြားခဲ့သည့်အတွက် ပေးပို့ခဲ့ခြင်းဖြစ်သည်။
နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းနေရစဉ်အတွင်း စစ်ကောင်စီဘက်က ပေးပို့သည့်ပစ္စည်းများအား လက်မခံလို ကြောင်းလည်း ၎င်းကပြောခဲ့သည်ဟုရှေ့နေများကပြောသည်။
ဦးကြည်ဝင်းက “ ဆန် ၂ အိတ်၊ ဆီ ၅ ပိဿာနဲ့ ကျန်တဲ့အစားအသောက်ပစ္စည်းလေးတွေ ရဲတွေကတဆင့်ပို့ပေး လိုက်တယ်၊ ဘယ်သူ့ဆီကမှ အလှူမခံဘဲ ကိုယ့်ဟာကိုယ်ပဲ ဝယ်ပို့ပေးလိုက်တယ်” ဟုပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စစ်တပ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်း သိမ်းခံထားရသည်မှာ ရက်ပေါင်း ၁၂၀ ကျော်လာပြီဖြစ်ပြီး လက်ရှိတွင် မူလထားရှိရာ နေရာမှ နေရာပြောင်းရွေ့ ထားသည့်အတွက် မည်သည့်နေရာတွင်ထိန်းသိမ်းထားသည်ကို မသိကြောင်းလည်း ရှေ့နေများကပြောသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အား အာဏာသိမ်းစစ်ကောင်စီက အမှု ၆ ခုဖြင့် တရားစွဲဆိုထားပြီး ယမန်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့နှင့်အတူ ဒုတိယအကြိမ်အဖြစ် လူကိုယ်တိုင်ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။
You may also like these stories:
နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည် အမှုများ ၆ လအတွင်း အပြီးစစ်ရန် တရားရုံး ဆုံးဖြတ်
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတတို့ နေရာရွှေ့ပြောင်းခံရဟု NUG ပြော
ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်စစ်ဆေးခြင်းဖြင့် စစ်ကောင်စီက မီးလောင်ရာလေပင့်လိုက်သည်
ပြည်သူအတွက် NLD ပါတီ ဆက်ရှိနေမည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြော