နိုင်ငံတော် သြဝါဒ စရိယ နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက် ပဓာန နာယက အဘိဓဇ မဟာရဌဂုရု ဒေါက်တာ ဘဒ္ဒန္တကဝိသာရသည် ပြင်ဦးလွင်သို့ သာသနာတော်ဆိုင်ရာ ကိစ္စများ ပြုလုပ်ရန် တပ်မတော် လေ ယာဉ်ဖြင့် သွားရောက်စဉ် ရာသီဥတု ဆိုးရွားသဖြင့် လေယာဉ်ပျက်ကျရာတွင် ပါဝင်ပြီး ပျံလွန်တော်မူသွားကြောင်း သိရ သည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအုပ်စု၊ ကျောက်ဖျာဒိုး ကျေးရွာတွင် မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက်ကြီး ဆောက်လုပ်နိုင်ရေး ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ပြုလုပ်ရန် အလှူရှင်များနှင့်အတူ သွား ရောက်စဉ် အထက်ပါအတိုင်း လေယာဉ်ပျက်ကျသဖြင့် ကွယ်လွန်သွားခြင်း ဖြစ်သည်။
“ဆရာတော်ကြီးရဲ့ ရုပ်ကလာပ် တော်ကို ပျဉ်းမနားက ဈေးကုန်းကျောင်းတိုက်ကို ပြန်သယ်မှာပါ။ အခု ပြန်သယ်နိုင်ဖို့ သက် ဆိုင်ရာ တာဝန်ရှိသူတွေက ဆောင်ရွက်ပေးနေပါတယ်။ ဆရာတော်ကြီးက သက်တော် ၈၀ ကျော်ပါပြီ။ အစိုးရမင်း အဆက် ဆက် ကိုးကွယ်ခံရတဲ့ ဆရာတော်ကြီးပါ”ဟု ဟု ပျဉ်းမနားမြို့ မှ ဆရာတော်ကြီး၏ တပည့်တဦးက ပြောသည်။
လေယာဉ်ပျက်ကြမှုကြောင့် ဆရာတော်ကြီး အပါအဝင် ဆရာတော် ဦးတေဇောဘာသ၊ ဆရာတော် ဦးကဝိဘာသတို့ ပျံ လွန်တော်မူခဲ့ပြီး အခါတော်ပေးဆရာတဦးနှင့် အလှူရှင် ၄ ဦးလည်း သေဆုံးခဲ့သည်။
အလှူရှင် မိသားစုထဲမှ ကလေးတဦး ဖြစ်သူ မောင်ပိုင်ဘုန်းပြည့်နှင့် စစ်ကောင်စီ၏ တပ်မတော်(လေ)မှ တပ်ကြပ်ကြီး ကောင်းစံဝင်းတို့ ထိခိုက်ဒဏ်ရာများ ရရှိသဖြင့် ပြင်ဦးလွင်ရှိ တပ်မတော် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီမှ ဗိုလ်မှူး မိုးထက်ကျော်၊ ဗိုလ်မှူးဇော်ထူး၊ ဗိုလ်ကြီး မြင့်စိုး၊ ဗိုလ်ကြီး စိုးဟိန်းထက်၊ တပ်ကြပ်ကြီး လမင်းဝင်းသိန်းတို့လည်း လေယာဉ် ပျက်ကျမှုတွင် ပါဝင်သွားခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလကလည်း မကွေးတိုင်း၊ မင်းဘူးမြို့ ဆားဗွက်ချောင်းအတွင်း တပ်မတော်၏ တိုက် လေယာဉ် ၂ စီးပျက်ကျခဲ့သဖြင့် လေယာဉ်မှူး ၂ ဦးနှင့် အပိုင်းအစ ထိမှန်ခဲ့သည့် ၁၁ နှစ်အရွယ် ကလေးငယ်တဦး သေဆုံး ခဲ့ရသည်။
၂၀၁၇ ခုနှစ် ဇွန်လ ၇ ရက်နေ့က တပ်မတော်ပိုင် Shaanxi Y-8F-200 (စန်းရှီ ဝိုင် ၈) အမျိုးအစား လေယာဉ်တစီး ထား ဝယ်မြို့နယ်အတွင်း ပျက်ကျခဲ့သေးသည်။ ထိုလေယာဉ်တွင် လေယာဉ်အဖွဲ့ဝင် ၁၄ ဦး၊ ခရီးသည် ၁၀၈ ဦး စုစုပေါင်း ၁၂၂ ဦး ပါဝင်ပြီး အားလုံး သေဆုံးသွားခဲ့သည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် နေပြည်တော်လေဆိပ်အနီး လယ်ဝေးမြို့နယ် သဲကော ကျေးရွာနှင့် ကြံခင်း ကျေးရွာအနီး လယ်ကွင်းထဲသို့ တပ်မတော်လေ ၏ Beech 1900 D အမျိုးအစား အလတ်စား သယ်ယူပို့ဆောင်ရေး လေယာဉ်တစီး ပျက်ကျမီးလောင်ခဲ့သည်။
လေယာဉ်ပေါ်တွင် ပါဝင်သည့် လေသူရဲ ဗိုလ်မှူး အောင်ကျော်မိုး၊ တွဲဖက် လေသူရဲ ဗိုလ်ကြီး ထင်ကျော်စိုး၊ ဗိုလ်ကြီး အောင် ပိုင်စိုးနှင့် လေယာဉ်အဖွဲ့သား အုပ်ခွဲတပ်ကြပ်ကြီး ကျော်ဌေးတို့ ၄ ဦး ပွဲချင်းပြီး သေဆုံးသည်။
ကျန်အဖွဲ့ သားတဦး ဖြစ် သည့် ဒု-တပ်ကြပ် လှဝင်းထွန်းမှာ ဒဏ်ရာပြင်းထန်၍ နေပြည်တော် တပ်မတော် ဆေးရုံကြီးသို့ တင်ပို့ကုသနေစဉ် သေဆုံးသွားခဲ့သည်။
You may also like these stories:
ကယားရှိ PDF များကို စုစည်းထားသည့် KNDF က စစ်ကောင်စီကို တိုက်မည်
အာဏာပြန်မလွှဲသရွေ့ တိုက်ပွဲဆက်ဖြစ်လိမ့်မယ်ဆိုတဲ့ ဗိုလ်မှူးချုပ် စောကျော်သက်နဲ့ မေးမြန်းခြင်း
ဗိုလ်ချုပ်ရုပ်ရှင်ကို အပြီးသတ်ထုတ်လုပ်ပြသရန် စစ်ကောင်စီ စီစဉ်