• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လှည်းကူးတွင် လူ ၂၀၀ ကျော် အစုလိုက် ကိုဗစ် ကူးစက်

by ဧရာဝတီ
14 June 2021
in သတင်း
A A
ဇွန်လ ၉ ရက် မဟော်သဓာကျောင်းသို့ မင်္ဂလာဒုံ စစ်ဆေးရုံမှ လာရောက် ဆေးစစ်ခဲ့စဉ် / ပညာဝေဖြာ မဟော်သဓာ Facebook

ဇွန်လ ၉ ရက် မဟော်သဓာကျောင်းသို့ မင်္ဂလာဒုံ စစ်ဆေးရုံမှ လာရောက် ဆေးစစ်ခဲ့စဉ် / ပညာဝေဖြာ မဟော်သဓာ Facebook

56.8k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်း စလာပြီဖြစ်ကာ ရန်ကုန်တိုင်း၌ ကိုဗစ်ဖြစ်ပွားသည့်အနေဖြင့် လှည်းကူးမြို့ရှိ ကိုယ်ပိုင်ကျောင်းတခုတွင် အစုလိုက် ကူးစက်မှု ဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၁၃ ရက်က ကိုဗစ်ပိုးတွေ့ရှိမှု ၃၇၃ ဦးတွင်၂၂၆ ဦးဖြင့် ရန်ကုန်တိုင်းမှ အများဆုံးဖြစ်ပြီး အဆိုပါထဲမှ၂၁၁ ဦးသည် လှည်းကူးမြို့နယ်ရှိ ကိုယ်ပိုင်ကျောင်းတခုမှ ဖြစ်ကြောင်း သိရသည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
50
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
44
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
541

အဆိုပါ ကိုယ်ပိုင်ကျောင်းတွင် ဇွန်လ ၁၀ ရက်နေ့၌ ကျောင်းသူတဦး အနံ့ပျောက်ရာကစပြီး ကူးစက်မှုများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ပိုးတွေ့ရှိသည့် ဆရာမတဦး လှိုင်သာယာဆေးရုံတွင် ကုသမှု ခံယူနေစဉ် သေဆုံးခဲ့ကြောင်း သိရသည်။

ထိုကျောင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ ဝန်ထမ်း ၄၅၆ ဦးကို ကိုဗစ်ရောဂါပိုး စစ်ဆေးခဲ့ရာ၂၄၆ ဦးအထိ ကိုဗစ် ရောဂါပိုး တွေ့ရှိခဲ့ပြီး ၎င်းတို့အား သီးခြားခွဲထုတ်၍ လိုအပ်သည့် ကုသမှုပေးလျက် ရောဂါလက္ခဏာပေါ်လာပါက ဖောင် ကြီး ကိုဗစ်စင်တာ လှိုင်သာယာပြည်သူ့ဆေးရုံနှင့် လှည်းကူး ဆေးရုံများသို့ ပို့ဆောင် ကုသမည် ဖြစ်ကြောင်း သိရသည်။

လှည်းကူးမြို့နယ် လူမှုကယ်ဆယ်ရေး အဖွဲ့မှ အဖွဲ့ဝင်တဦးက “မဟော်သဓာကျောင်းက ထပ်ထွက်တာ။ သူက ကိုယ်ပိုင် ကျောင်း၊ ကျောင်းကြီးတယ်။ ကျောင်းသားဦးရေလည်း များတယ်။ အဆောင်တွေ ရှိတယ်။ ကိုယ်ပိုင်ကျောင်း အဲဒီမှာတင် နေရတာ။ ကျောင်းသား ၁ ဦး အနံ့ပျောက်ပြီးတော့ ဆရာမကိုလည်း ကူးတာပဲ” ဟု ဆိုသည်။

ကူးစက်မှုနှုန်းသည် ယခင် ဖြစ်ပွားခဲ့သော ဒုတိယလှိုင်းအတွင်း ကူးစက်မှုထက်ပင် ပိုမိုလျင်မြန်နေသည့်အတွက် မပေါ့ဆသင့်ကြောင်း ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။

“အခုရောဂါဖြစ်ပွားမှုက အစုလိုက်ဖြစ်တယ် ဆိုကတည်းက သူ့ရဲ့ ကူးစက်ပျံ့နှံ့မှု (transmission) က များနေပြီ ဖြစ်ပါ တယ်။ ဒုတိယလှိုင်းထက်စာရင် ကူးစက်မှုတွေက မြန်တယ်။ မြန်တဲ့အပြင်ကို ဆေးရုံ တက်ရောက်ရမှုတွေ များတယ်။ ချင်းပြည်နယ်၊ ကျီးခါးမှာ စဖြစ်တုန်းကဆိုရင် ၁၁ ယောက် positive ဖြစ်တယ်။ ၇ ယောက် အောက်ဆီဂျင်ပေးရတဲ့ အနေအထား ဖြစ်တယ်။ ရောဂါပြင်းထန်မှုလည်း ရှိတယ်။ ဒါကြောင့်မို့လို့ မပေါ့ဆစေချင်ပါဘူး” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် မေလ ၂၇ ရက်က စတင်ပြီး ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး လက်ရှိအချိန်အထိ ရောဂါကာကွယ် ထိန်းချုပ်နိုင်သည့် အဆင့်တွင် ရှိနေသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရသည်။

“အခုအခြေအနေကတော့ တနိုင်ငံလုံးကို မထိန်းချုပ်နိုင်လောက်အောင် ပျံ့နှံ့နေတဲ့ အနေအထားမျိုး မဟုတ်ဘဲ အစုလိုက် အစုလိုက် ဖြစ်နေတဲ့ အနေအထားမျိုးလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ကိုယ်က ထိန်းချုပ်နိုင်တယ်ဆိုရင် တော့ အဆိုးကြီး ဖြစ်သွားမှာ မဟုတ်ပါဘူး။ ထိန်းချုပ်တဲ့အခါမှာ ပြည်သူလူထု ကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်မှု နည်းမယ်ဆိုရင်တော့ ကူးစက်မှု များသွားနိုင်ပါတယ်။ ကူးစက်မှု များမယ်ဆိုရင်တော့ ထိန်းချုပ်ဖို့ ခက်ခဲပါလိမ့်မယ်” ဟု ဒေါက် တာ ခင်ခင်ကြီးက ဆိုသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှု ရာခိုင်နှုန်းအားဖြင့် မေလ အတွင်း ကူးစက်မှုနှုန်း ၃ ရာခိုင်နှုန်းကျော်သာ ရှိရာမှ မေလ ၂၇ ရက်တွင် ပိုးတွေ့လူနာ ၉၆ ယောက်ဖြင့် ၅ ဒသမ ၃၇ ရာခိုင်နှုန်းအထိ စတင် တိုးလာခြင်းဖြစ်ပြီး ဇွန်လ ၁၃ ရက်တွင် ၁၂ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ပိုးတွေ့သူ ၃၇၃ ဦးအထိ အမြင့်ဆုံး မြင့်တက်လာခြင်း ဖြစ်သည်။

ယမန်နေ့က တွေ့ရှိခဲ့သည့် ၃၇၃ ဦးသည် ရန်ကုန်တိုင်းတွင် ၂၂၆ ဦး၊ စစ်ကိုင်းတိုင်းတွင် ၇၉ ဦး၊ ပဲခူးတိုင်းတွင် ၂၉ ဦး၊ မန္တလေးတိုင်းတွင် ၁၃ ဦး၊ ရှမ်းပြည်နယ်တွင် ၁၃ ဦး၊ တနသာင်္ရီတိုင်းတွင် ၇ ဦး၊ ချင်းပြည်နယ်တွင် ၄ ဦး၊ ဧရာဝတီတိုင်းတွင် ၂ ဦး တို့ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Stay at Home သတ်မှတ်ထားသည့် စစ်ကိုင်းတိုင်း အတွင်းရှိ တမူး၊ ကလေးမြို့နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ တွန်းဇံ၊ ဟားခါး၊ ထန်တလန်၊ ဖလမ်းနှင့် တီးတိန် မြို့နယ်တို့ရှိ စာသင်ကျောင်းများကို ဇွန်လ ၇ ရက်မှ စတင်ကာ ပိတ်ထားပြီး လည်း ဖြစ်သည်။

ကိုဗစ်ရောဂါသည် ရန်ကုန်တိုင်းတွင် ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းသည် ဒုတိယ အများဆုံး ဖြစ်နေကာ၊ ချင်း ပြည်နယ်တွင်လည်း ဖြစ်ပွားမှုများနေကြောင်း သိရသည်။ ထို့ပြင် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်အပြင် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်တွင်လည်း ပိုးတွေ့လူနာများလာသည်ကို တွေ့ရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သိရသည်။

တိုင်းနှင့် ပြည်နယ်များတွင် စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Quarantine center များ စီစဉ်ထားမှုရှိပြီး လူဦရေ ထူထပ်များပြားသည့် ရန်ကုန်တိုင်းတွင် မြို့နယ် ၂၂ မြို့နယ် အတွင်း နေရာ ၃၇ နေရာစီစဉ် ထားရှိကာ လူဦးရေ ၃,၀၀၀ နီးပါးကို အသွားအလာ ကန့်သတ်ထားရှိနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။

ကိုဗစ်ဒုတိယလှိုင်း ဖြစ်ပွားမှုတွင်း ကုသမှုကဲ့သို့ပင် ကိုဗစ်ပိုးတွေ့ရှိသူများကို ရောဂါအခြေအနေအေပါ် မူတည်ပြီး နေရာများ ခွဲခြား ကုသမှုကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါက်တာခင်ခင်ကြီးက ဆိုသည်။

ကိုဗစ်ပိုးတွေ့သော်လည်း ရောဂါလက္ခဏာ မပြသူများကို နေရာတခုတွင် သီးသန့်ခွဲထားမည်ဖြစ်ပြီး ရောဂါလက္ခဏာ အသင့်အတင့်ရှိပြီး ကုသမှုခံယူရန် လိုအပ်သူများကို မြို့နယ် ဆေးရုံများတွင် ထားရှိမည်ဖြစ်ကာ ရောဂါပြင်းထန်သည့် သူများအား ဖောင်ကြီးဆေးရုံ၊ ရန်ကုန်ဆေးရုံနှင့် မြောက်ဥက္ကလာပ ဆေးရုံများသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေးထိုးခြင်းနှင့် စစ်ဆေးခြင်းလုပ်ငန်းများကို အာဏာသိမ်း စစ်ကောင်စီက ဆက်လက် ဆောင်ရွက်နေ သော်လည်း အဆိုပါ လုပ်ငန်းစဉ်တွင် ပြည်သူလူထု အများစုက ပူးပေါင်း ပါဝင်ခြင်း မရှိသလို အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်သည့် ကျန်းမာရေး ဝန်ထမ်းများကလည်း လုပ်ငန်းခွင် ပြန်ဝင်ခြင်း မရှိသေးပေ။ CDM တွင် ပါဝင်နေသည့် ဆရာဝန်နှင့် သူနာပြုများကို စစ်ကောင်စီက ဖမ်းဆီးမှုများ ရှိနေသလို ဆေးကုသခွင့် လက်မှတ် ပြန်သိမ်းခြင်းများလည်း ပြုလုပ်လျက် ရှိသည်။

၂၀၂၀ မတ် ၂၃ ရက်မှ ၂၀၂၁ ဇွန်လ ၁၃ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲနမူနာ စစ်ဆေးသူ ၂,၆၄၈,၂၃၄ အနက်မှ အတည်ပြုလူနာ ၁၄၅,၆၀၃ ဦးရှိပြီး သေဆုံးသူ ၃,၂၄၄ ဦးနှင့် ဆေးရုံ ဆင်းခွင့်ရရှိသူ ၁၃၂,၉၂၈ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like these stories:

ကိုဗစ်တတိယလှိုင်းကြောင့် Stay at Home ၇ မြို့နယ်မှ စာသင်ကျောင်းများ ပြန်ပိတ်

တွန်းဇံမှာ outbreak ဖြစ်နေပြီ

ကိုဗစ်ဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး တရက်တည်း ပိုးတွေ့သူ ၁၀၀ ကျော်ရှိလာ

ကိုဗစ်တတိယလှိုင်း ဖြစ်လာလျှင် မြန်မာ ခံနိုင်ရည် မရှိ

Your Thoughts …
Tags: ကိုဗစ်ကိုယ်ပိုင်ကျောင်းတတိယလှိုင်းမဟော်သဓာလှည်းကူး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

by ဧရာဝတီ
2 April 2025
1.1k

လူအမြောက်အမြား သေဆုံးထိခိုက်မှုတွေရှိနေတဲ့ လက်ရှိ ငလျင်ဘေးမှာ ဒေါ်အောင်ဆန်းစုကြည်သာလုပ်ကိုင်ခွင့်ရှိခဲ့မယ်ဆိုရင် ပြည်သူတွေရဲ့ အသက်တွေကို အများကြီးကယ်တင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း NLD အစိုးရလက်ထက်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

နည်းပညာ ဖွံ့ဖြိုးမှုနဲ့ စီးပွားရေး စနစ်သစ်ကို ကြိုတင် ဟောကိန်းထုတ်ခဲ့သူ အယ်လ်ဗင် တော်ဖလာ  / Reuters

ခေတ် ၅ ခေတ်၊ လှိုင်း ၃ လှိုင်း နဲ့ မြန်မာ

by ထက်မြက်
6 January 2019
29.9k

တာဝန်ယူသူတွေဟာ အရင်က အတွေးအခေါ်နဲ့ အရင်က လုပ်နည်းလုပ်ဟန် အတိုင်း လုပ်ဆောင် နေမယ် ဆိုရင် ဘယ်တော့မှ အသစ်ကို ရောက်မှာ မဟုတ်ဘူး။

စာပေ၊ ဂီတ အနုပညာရှင်များ

ကြွေလွင့်သွားတဲ့ အနုပညာငွေကြယ်ပွင့်များ

by ဧရာဝတီ
17 August 2021
31.8k

၁၉၈၈ အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး မိန့်ခွန်းပြောနေတဲ့ ဓာတ်ပုံကို ရိုက်ကူး မှတ်တမ်းတင်ခဲ့သူ ဖြစ် ပြီး အရေးအခင်း လှုပ်ရှားမှုတွေကို ရုပ်သံရိုက်ကူးကာ အမေရိကန် သံရုံးမှတဆင့် ကမ္ဘာကို ချပြခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ်ခေါင်းဆောင်များ၏ ဓာတ်ပုံများ တန်းစီချိတ်ဆွဲထားသည်

တရုတ်ကွန်မြူနစ်ပါတီ၏ ခေတ်သစ်တခုအစပြုခြင်း

by သက်ထားမောင်
29 October 2022
7.5k

ရှီကျင့်ဖျင် တခေတ် စတင်တည်ဆောက်သည့် ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်ထိ ၅ နှစ်ကာလသည် အလွယ်တကူတော့ မဟုတ်ပေ။

ပုဂံခေတ်ကတည်းက သန္ဓေတည် ပေါက်ဖွားလာခဲ့တဲ့ ယွန်း ပညာကြီး တိမ်ကောသွားမှာ ပုဂံသားတွေ စိုးရိမ်နေကြပြီ / ဇော်ဇော် / ဧရာဝတီ

ပုဂံ ယွန်းထည်လုပ်ငန်း အသက်ငင်နေပြီ

by ဇူးဇူး
25 July 2020
8.5k

ယွန်းထည်ဈေးကွက်ဟာလည်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အပေါ်မှာပဲ ရာနှုန်းပြည့်နီးပါး အမှီသဟဲ ပြုနေရတာပါ။

၂၀၁၉ ခုနှစ်က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတွင် တွေ့ရသည့် ခရီးသွားများ / ဧရာဝတီ

မြန်မာ့ခရီးသွားလုပ်ငန်း အသက်သွင်းရန် စစ်ကောင်စီ ကြိုးပမ်း

by ဧရာဝတီ
8 November 2021
6.9k

ယခုအချိန်သည် စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာရှင်ကို တော်လှန်သည့် ဆန္ဒပြမှုများ၊ လက်နက် ကိုင် တော်လှန်မှုများ ရှိနေသဖြင့် ခရီးသွားရာသီ ရောက်သော်လည်း လုပ်ငန်းများ ပြန်လည်စတင်ရန်မှာ မသေချာသည့် အခြေအနေ ဖြစ်သည်။

Next Post
မြဝတီ လူ ၂၅ ဦး သတ်ဖြတ်ခံရမှု KNDO ရှင်းလင်းချက် (ရုပ်/သံ)

မြဝတီ လူ ၂၅ ဦး သတ်ဖြတ်ခံရမှု KNDO ရှင်းလင်းချက် (ရုပ်/သံ)

အရေးယူပိတ်ဆို့ခြင်း၏ ထိရောက်မှုသည် နိုင်ငံတကာဘဏ်များက လိုက်နာခြင်း ရှိ မရှိ ဆိုသည့် အချက်အပေါ်များစွာမူတည်နေသည်

အမေရိကန်က မြန်မာကို ပိတ်ဆို့အရေးယူမှု နိုင်ငံတကာဘဏ်များအပေါ်လည်း အာရုံစိုက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.8k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate