• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီတပ်က ဓားပြလုပ်ရပ်များ ကျူးလွန်နေ

by ဧရာဝတီ
17 June 2021
in သတင်း
A A
မတ်လအတွင်း ရန်ကုန်မြို့အတွင်း တွေ့ရသော အာဏာသိမ်း စစ်ကောင်စီတပ်များ / ဧရာဝတီ

မတ်လအတွင်း ရန်ကုန်မြို့အတွင်း တွေ့ရသော အာဏာသိမ်း စစ်ကောင်စီတပ်များ / ဧရာဝတီ

30k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်တပ်များသည် သေနတ်ပြ၍ ပြည်သူများထံမှ ငွေကြေးနှင့် အဖိုးတန် ပစ္စည်း ရယူမှုများ ကျူးလွန်လျက်ရှိကြောင်း စုံစမ်း သိရှိရသည်။

စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ရရာလက်နက်ဖြင့် တော်လှန်တိုက်ခိုက်နေသည့် ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်း ပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မကွေးတိုင်းတို့ရှိ မြို့ ရွာများတွင် စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့သည့် နေရာတိုင်းနီးပါးတွင်လည်း ပစ္စည်းများ လုယက်ခံရခြင်း၊ အိမ်မွေးတိရစာ္ဆန်များ သတ်ဖြတ်ခံရခြင်းနှင့် အိမ်များ ဖျက်ဆီးခံရမှုများ ဖြစ်ပေါ်လျက်ရှိသည်။

RelatedPosts

နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

14 July 2025
1k
အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

14 July 2025
487
မော်ချီး ခဲလုပ်ငန်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ ၆ ဦးသေဆုံး (ရုပ်/သံ)

မော်ချီး ခဲလုပ်ငန်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ ၆ ဦးသေဆုံး (ရုပ်/သံ)

14 July 2025
33

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ မှ ဦးထွန်းကြည်က“ပြည်သူ့အကျိုးစီးပွား ပြည်သူပိုင် ပစ္စည်းကို ကာကွယ်ပေးရမယ့်အစား ဖက်ဆစ်သန္ဓေပါခဲ့တဲ့ စစ်တပ်ဟာ လုယက်တာတို့၊ သတ်ဖြတ်တာတို့၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးတာတို့ကို လိုင်စင်ရ တရားဝင် လိုင်စင်ထုတ်ပေးထားတဲ့ ပုံစံမျိုးနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ သာမက ဒီကျနော်တို့ ပြည်မဘက်မှာပါ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာကို မြင်နေရပါပြီ”ဟု ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့က ကလေးမြို့နယ်ရှိ ကျေးရွာများသို့ ဖုန်းနှင့် ဖုန်းငွေဖြည့်ကတ်များ လိုက်လံ ရောင်းချသည့် လူငယ်တဦး သည် ကလေးမြို့ တောင်ဘက်ရှိ ကျေးရွာများဘက်မှ ဈေးရောင်းချပြီး မြို့ပေါ်သို့ ပြန်လာစဉ် နတ်ချောင်းလမ်း ဆုံ အနီးရှိ အဖွဲ့ စစ် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံရပြီးနောက် ဆိုင်ကယ် Tool Box ထဲတွင် ပါလာသည့် ငွေကျပ် ၅၃ သိန်းနှင့်အတူ အဖမ်းခံခဲ့ရသည်။

၎င်းကို စစ်ဆေးပြီးနောက် မည်သည့် ပြဿနာမျှ မရှိသဖြင့် လူကို ချက်ချင်း ပြန်လွှတ်ပေးလိုက်သော်လည်း ယင်းငွေကြေး များကို ပြန်လည် ထုတ်ပေးခြင်း မရှိတော့ကြောင်း သိရသည်။

ယင်း ဖြစ်စဉ်ကို သိရှိသူ ကလေးမြို့ခံ ကိုဖြိုးက“သူက ကလေးမြို့ထဲက ဖုန်းဆိုင်တဆိုင်ကို လာရင်းနဲ့ ငွေလာသွင်းတာပေါ့။ ဖုန်းဖိုးတွေပေါ့။ ဆိုင်ကယ် တူးဘောက်ထဲမှာ ငွေ ၅၃ သိန်းထည့်လာတာ။ အဖွဲ့စစ်ဂိတ်ရောက်တော့ စစ်လိုက်တော့ ငွေ တွေကို တွေ့ပြီးတော့ လူရောငွေရော မသကာင်္ဘူးဆိုပြီး ဖမ်းထားလိုက်တယ်။ ပြီးတော့ လူကိုတော့ ပြန်လွှတ်ပေးလိုက် တယ်။ ငွေတွေကိုတော့ ယူထားလိုက်ကြတယ်”ဟု ပြောသည်။

ဇွန်လ ၁၁ ရက်နေ့ကလည်း ကလေးမြို့ ၊ နတ်ချောင်းကျေးရွာမှ ပန်းရံလုပ်သည့် လူငယ်တဦးသည် ၎င်း၏ မိခင် နေမ ကောင်းသဖြင့် ပန်းရံဆရာထံမှ နေ့စားခ ငွေကျပ် ၆ သောင်း ကြိုတင်ထုတ်ယူပြီး မိခင်ကို ဆေးဖိုးပေးရန် သွားရောက်စဉ် ယင်းအဖွဲ့စစ် စစ်ဆေးရေးဂိတ်တွင် စစ်သားများက ယင်းငွေကြေးများကို ယူထားလိုက်ကြောင်း သိရသည်။

“သူ့မှာ ပါလာတဲ့ ပိုက်ဆံ ၆ သောင်းကို အဲဒီဂိတ်က ယူထားလိုက်တော့ သူ့မှာ ဆိုင်ကယ်ဆီဖိုးတောင် မရှိတော့ဘူး။ အဲဒီ ဂိတ်နားလေးက ဆီဆိုင်မှာ ဆီအကြွေးဝင်ထည့်ရတယ်။ သူပိုက်ဆံ အလုခံလိုက်ရတယ်။ ဆီအကြွေးထည့်ပါရစေ ပြောတော့ ဘေးနားက ဆီလာထည့်တဲ့လူက သနားပြီးတော့ ဆီဖိုး ၁ ထောင် ဝင်ပေးခဲ့ရတယ်”ဟု ဒေသခံတဦးက ပြောပြ သည်။

၎င်းက ဆက်၍ “အဲဒီဂိတ်မှာပဲ။ လူငယ် ၂ ယောက်က ဝက်သားတုတ်ထိုးရယ်၊ ဘီယာလေး ၂ ဘူးရယ်။ ဆွဲပြီးမှ လာခဲ့တာ။ အစစ်ခံရတယ်။ Tool Box တွေ လှန်စစ်ပြီးတော့ ဘာမှ မတွေ့ဘူး။ ဒါပေမယ့် သူတို့ရဲ့ ဘီယာ ၂ ဘူးကို ယူထားလိုက်ကြ တယ်။ ကလေးတွေကလည်း ကြောက်တော့ ဘာမှ ပြန်မပြောရဲဖူးပေါ့”ဟု ပြောသည်။

ထို့ကြောင့် ကလေးမြို့အတွင်း နေထိုင်သူ ပြည်သူများ အနေဖြင့် အကြောင်း အမျိုးမျိုးကြောင့် အဖွဲ့စက်ဂိတ်သို့ ဖြတ်သန်း သွားလာရန် အကြောင်းရှိလာလျှင် ပိုက်ဆံနှင့် အဖိုးတန် ပစ္စည်းများအား ယူဆောင်မသွားကြရန် အချင်းချင်း အကြံပေး ထားရကြောင်း မြို့ခံများက ပြောသည်။

“တော်လှန်ရေး သမားတွေကို စစ်တယ်ဆိုတာကို အကြောင်းပြုပြီး ငွေကြေးနဲ့ တန်ဖိုး ရှိတာတွေ အကုန် ယူထားတာမျိုးပါ။ မြို့ထဲကို အစောကြီးလာတဲ့ ကုန်ကားတွေ၊ လိုင်းကားတွေကို ပိုက်ဆံတောင်းတယ်။ အစောင့်စစ်သားတွေက တောင်းတာ။ အဝင်မှာ ပိုက်ဆံတောင်းတာ။ လက်နက်ပြပြီးတော့ တောင်းတော့ ဓါးပြဆန်ဆန်တွေ ဖြစ်နေတာပေါ့။ တလလောက် တောင် ရှိနေပြီ”ဟု အမည်မဖော်လိုသည့် အခြား ကလေးဒေသခံတဦးကလည်း ပြောသည်။

သို့သော် အောက်ခြေတွင် စစ်သားများ ယခုလို လုယက် ဓါးပြတိုက် သောင်းကျန်းနေခြင်းကို အထက် အရာရှိများ သိမည်ဟု မထင်ကြောင်း၊ လက်နက်အားကိုးဖြင့် အချောင်၊ အလွယ် ရသဖြင့် အောက်ခြေတွင် ၎င်းတို့ သဘောဖြင့် ဆက်တိုက် ကျူးလွန်နေခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

ကလေးဒေသကို ထိန်းချုပ်ထားသည့် စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ရင်းများမှာ အမှတ် ၈၇ ခြေလျင်တပ်ရင်း၊ အမှတ် ၈၉ ခြေလျင်တပ်ရင်းနှင့် အမှတ် ၂၂၈ ခြေလျင်တပ်ရင်းတို့ ဖြစ်ပြီး ကလေးမြို့ လုံခြုံရေးအတွက် အမှတ် ၈၇ ခြေလျင်တပ်ရင်းက တာဝန်ယူပေးရကြောင်း သိရသည်။

အမှတ် ၃၆၁ ခြေမြန်တပ်နှင့် အမှတ် ၃၆၂ ခြေမြန်တပ်တို့လည်း ကလေးဒေသတွင် ရှိသည်။

ယင်းတပ်ရင်းများသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (မုံရွာ) ၏ လက်အောက်ခံ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ကလေး)၏ လက်အောက်ခံ တပ်များ ဖြစ်ပြီး ဝေးလံသော ဒေသများကို ကွပ်ကဲနိုင်ရန်နှင့် အိန္ဒိယနိုင်ငံနှင့် ဆက်စပ်နေသည့် မဟာဗျူဟာအရ အရေးပါသည့် ဒေသများကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြသူများကို လိုက်လံ ဖြိုခွင်းရာတွင် ၎င်းတို့၏ နေအိမ်များကို ဝင်ရောက် စီးနင်းစဉ် တန်ဖိုးရှိ ပစ္စည်းများ ယူငင်သွားခြင်း၊ စစ်ကောင်စီတပ်များ ဝင်ရောက်တပ်စွဲသည့် ကျေးရွာများတွင်လည်း ပစ္စည်းများ လု ယက်ခံရသည့် သတင်းများက ယနေ့အချိန်ထိ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေဆဲ ဖြစ်သည်။

မုံရွာမြို့ခံ ကိုမောင်မောင်က“သူတို့ ဝင်စီးတဲ့ရွာမှာ CDM လုပ်တဲ့ ဆရာ၊ ဆရာမတွေရှိတယ် ဆိုရင် အဲဒီဆရာမတွေရဲ့ အိမ် ကို အရင်ရှာတယ်။ တွေ့ရင် ရည်ရွယ်ချက်ရှိရှိ ဖျက်စီးကြတယ်။ သူတို့ လိုချင်တာတွေလည်း ယူတယ်။ CDM လို့ ကြားတာ နဲ့ ပိုပြီး ဖျက်စီးတာမျိုး လုပ်ကြတယ်။ ပြီးခဲ့တဲ့လက ကနီနယ်ထဲက မြောင်းကုန်းနဲ့ ချောင်းဆုံရွာတွေမှာ အဲလို ဖြစ်သွား တယ်”ဟု ပြောသည်။

ဇွန်လ ၁၄ ရက်နေ့ကလည်း မင်းကင်းမြို့နယ်၊ တောင်စာရေးရွာတွင် ဦးအောင်ဆန်းဆိုသူ ပိုင်ဆိုင်သည့် ကုန်စုံဆိုင်မှ စား သောက်စရာများနှင့် ပိုက်ဆံ ၁ဝ သိန်းကို ရယူသွားခဲ့ပြီး ယင်းရွာရှိ ဘုရားဂေါပကအိမ်မှ ဘုရားရွှေဖိုးအဖြစ် သိမ်းထားသည့် ငွေကျပ် ၇ သိန်းကိုလည်း စစ်ကောင်စီတပ်များက လုယူသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ပါသွားတဲ့ ပစ္စည်းတွေ ပြန်ရတယ်လို့ တခါမှ မကြားဘူးဖူး။ သူတို့က ရွာတွေကို ဝင်တပ်စွဲပြီ ဆိုကတည်းက သူတို့ လိုတာ မှန်သမျှ သုံးဖို့စွဲဖို့ အနေနဲ့ ယူကြတာဆိုတော့ ပြန်ရဖို့ကတော့ မဖြစ်နိုင်ဘူး။ လမ်းတွေမှာ ရှောင်တခင်စစ်လို့ ယူတာမျိုးက တော့ ပြန်ပေးကောင်းပေးနိုင်သေးတယ်။ အခုလို တပ်စွဲရင်း ယူတာမျိုးကတော့ ဘယ်တော့မှ ပြန်မရဘူး”ဟု ကနီဒေသခံ တဦးက ပြောသည်။

၎င်းကဆက်၍ “ကျနော်တို့ ရွာထဲကို စစ်ခွေးတွေ ဝင်ပြီးရင် ကျနော်တို့ ရွာသားတွေက ဘာပြောလဲဆိုတော့ ရွာကို မုန်တိုင်း တိုက်လိုက်တာကမှ ပြန်ရတာ ရှိဦးမယ်။ မုန့်တိုင်း တိုက်ရင်တောင် ဒီလောက် မပျက်စီးဘူးပေါ့။ တချို့ ပစ္စည်းတွေ ကျန်ဦး မယ်။ သူတို့ လုပ်တာကတော့ ရစရာ မရှိအောင်ကို ပျက်စီးကုန်တာမျိုးပေါ့”ဟု ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်တပ်များ ကနီ၊ မင်းကင်းနှင့် ယင်းမာပင်ဒေသများရှိ ကျေးရွာများတွင် ဝင်ရောက်တပ်စွဲပြီး အထက်ပါ ဖြစ်စဉ်များ ကျူးလွန်ခဲ့ရာ ယင်းဒေသသို့ ဝင်ရောက်လျက်ရှိသည့် တပ်များမှာ မုံရွာ အခြေစိုက် အမှတ် ၁၆ ခြေမြန်တပ်ရင်းနှင့် မိတ္ထီလာ အခြေစိုက် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်တို့မှ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ဆန္ဒပြခေါင်းဆောင်များ၏ နေအိမ်များကို ဝင်ရောက် ရှာဖွေရာတွင်လည်း အိမ်ရှိ ပစ္စည်းများကို လုယူ ဖျက်စီးလေ့ရှိကြောင်း ပဲခူးမြို့ မှ ဆန္ဒပြခေါင်းဆောင်တဦး ဖြစ်သူ ကိုမျိုးကိုက ပြောပြသည်။

ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့က ပဲခူးမြို့ ပုဏ္ဍားစုလမ်းရှိ ၎င်း၏ နေအိမ်သို့ စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး အိမ်ရှိ ပစ္စည်းများကို ဖျက်ဆီခြင်း၊ ဆန်နှင့် ဆီများကို ယူဆောင်သွားခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၀၀၀ နှင့် မြန်မာငွေများ၊ ဆိုင်ကယ် ၃ စီးလည်း ပါသွားခဲ့ကြောင်း သိရသည်။

“အဲဒီအချိန်ကတည်းက အခုချိန်ထိ မိသားစုက ပြန်လို့ မရဘူး။ စစ်တပ်က အိမ်ကိုရော ခြံကိုရော သော့ခတ်ထားတယ်။ ဒီ ကြားထဲမှာလည်း အိမ်ကို ၁၀ ကြိမ်ထက် မနည်းလာတယ်။ တကြိမ်မှာဆိုရင် ဒီအိမ်ကို လူပြန်လာလို့ မပြောရင် တလမ်းလုံး အကုန်သတ်ပစ်မယ်လို့ ခြိမ်းခြောက်သွားတယ်။ အိမ်ကို ပြန်လို့ မရသေးတော့ အိမ်ထဲမှာ ဘယ်လောက် ပျက်စီးနေလဲ ဆိုတာ မသိသေးဘူး”ဟု ကိုမျိုးကိုက ပြောသည်။

စစ်တပ်၏ ပစ္စည်းလုယက်ခံရသူများထဲတွင် ရဲမိသားစုများလည်း ပါဝင်ခဲ့သည်။

“ကျနော်မိတ်ဆွေက ရဲပါ။ သူ့ညီမက ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ပုသိမ်က ရွှေစည်းခုံဘုရားနားမှာ ဖုန်းတွေ ယူစစ်တဲ့ အချိန် စစ်သားတွေက ပိုက်ဆံ ၅ သိန်းနဲ့ ဆွဲကြိုးတကုံး ယူထားလိုက်တာ။ သူ့အကို ရဲကိုယ်တိုင် လိုက်ရွေးတာတောင် မရတော့ဘူး”ဟု CDM ပြုလုပ်နေသည့် ပုသိမ်မြို့ခံ အစိုးရဝန်ထမ်းတဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ကလည်း ထားဝယ်-မောင်းမကန် ကားလမ်းပေါ် ထားဝယ်တက္ကသိုလ် အနောက်ဘက်ရှိ ပညာ ပျိုးခင်း ဘော်ဒါဆောင်ကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဘော်ဒါဆောင်အတွင်းရှိ ပစ္စည်းများကို ယူ ဆောင်သွားခဲ့သေးသည်။

ထားဝယ်ဒေသတွင် စစ်ကောင်စီ လက်နက်ကိုင် အင်အားမှာလည်း မနည်းဘဲ ခြေလျင် ခြေမြန် တပ်ရင်း ၁၅ ခု၊ ဆေးတပ်၊ ထောက်ပို့တပ် စသည့် လက်ရုံးတပ်များလည်း ရှိကြောင်း၊ မြို့ တွင်း လုံခြုံရေးဟုဆိုကာ ရေတပ်လည်း ပါဝင်ကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့ကလည်း ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေး ရွာအုပ်စုအတွင်း စစ်ဘေး ရှောင်နေသည့် အရပ်သားများ၏ နေအိမ်နှင့် ဆိုင်ခန်းများ ဖောက်ထွင်းဖျက်ဆီးခံထားရကြောင်း သိရသည်။

ငွေတောင်ကျေးရွာသည် ဒီးမော့ဆိုမြို့နှင့် လွိုင်ကော်မြို့သို့ သွားသည့် ပြည်ထောင်စုလမ်းမကြီး နံဘေးရှိ ကျေးရွာကြီးဖြစ်ပြီး အဆိုပါရွာအနီး၌ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၂ ခု အနီးတွင် တည်ရှိသည့် ကျေးရွာတခု ဖြစ်သည်။

ကယားပြည်နယ် ဒီမော့ဆိုမြို့ပေါ်တွင် အမှတ် ၁၀၂ ခြေလျင်တပ်ရင်း အခြေစိုက်ပြီး ဒီမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာ ဖြစ်စဉ်များတွင် ပါဝင်ခဲ့သည့် တပ်များမှာ အမှတ် ၁၀၂ ခြေလျင်တပ်ရင်းနှင့် အမှတ် ၄၂၇ ခြေမြန်တပ်ရင်းတို့ ဖြစ်ကြောင်း သိရသည်။

You may also like these stories:

မြန်မာ့တပ်မတော်က KNU ကို ရှက်ပါ

စစ်သည်များ CDM လုပ်ရန် ဆက်လက်ဆွဲဆောင်သင့်ဟု အရာရှိဟောင်းများ တိုက်တွန်း

ဒီးမော့ဆို ငွေတောင်ကျေးရွာရှိ အိမ်နှင့်ဆိုင်ခန်းများ ဖောက်ထွင်းဖျက်ဆီးခံရ

စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

Your Thoughts …
Tags: ကျူးလွန်နေစစ်ကောင်စီတပ်စစ်အာဏာသိမ်းမှုဓားပြလုပ်ရပ်များ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.5k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.3k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.3k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
သရက်မြို့ တွင် ယနေ့ နံနက်ပိုင်းက လက်လုပ်ဗုံးများ ပေါက်ကွဲခဲ့သည်  / CJ

သရက်မြို့တွင် အစိုးရ အရာရှိ နှစ်ဦးအိမ်၌ လက်လုပ်ဗုံးများ ပေါက်ကွဲ

အဆိုတော် ဘင်ဂျမင်ဆုမ်း  / Benjamin Sum's Facebook

အဆိုတော် ဘင်ဂျမင်ဆုမ်း COVID-19 ရောဂါ ပျောက်ကင်းပြီ

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.2k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

6 days ago
3.2k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate