အရပ်ဘက် အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM)တွင် ပါဝင်မှု မရှိဘဲ တာဝန်ဆက်ထမ်းနေသည့် သရက်မြို့ မှ အစိုးရ အရာ ရှိနှစ်ဦး၏ နေအိမ်များတွင် ယနေ့ နံနက်ပိုင်း အစောပိုင်းက လက်လုပ်ဗုံးများ ပေါက်ကွဲခဲ့သော်လည်း လူထိခိုက်မှု မရှိ ကြောင်း သိရသည်။
သရက်မြို့ ရှိ ကလေး အထူးကု ဆရာဝန် အမျိုးသမီး၏ နေအိမ်နှင့် မြို့နယ် စည်ပင်သာယာရေး အရာရှိတို့၏ နေအိမ်တွင် မိ နစ်ပိုင်းသာ ခြား၍ ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ဆရာဝန် အမျိုးသမီးအိမ်ရှိ ကားနောက်ပိုင်း အနည်းငယ် ထိခိုက်ခဲ့ကြောင်း၊ စည် ပင်အရာရှိအိမ်မှာ ဝန်းထရံများ ထိခိုက်မှုရှိကြောင်း သရက်မြို့ခံတဦးက ပြောသည်။
“ကလေး အထူးကုဆရာမ ဒေါက်တာ ဝတ်ရည်ခိုင်ငြိမ်းအေးရဲ့ ကားနောက်ဘက်ကို လက်လုပ်ဗုံး လှမ်းပစ်ထည့်ပြီးတော့ ဝါယာကြိုးနဲ့ ရှော့တိုက်ပြီး ခွဲတာပေါ့။ အဲဒီကနေ ကြိုးဆွဲပြီး ဖောက်ခွဲပစ်တာ။ ကားတော့ အနည်းငယ်ထိခိုက်မှု ရှိတယ်။ လူတွေ ဘာတွေတော့ ဘာမှ မဖြစ်ပါဘူး။ နောက်တခုက စည်ပင်အရာရှိပေါ့။ သူက လမ်းမတော်လမ်းထဲမှာ နေတာ။ သူလည်း အိမ်ထဲမှာပဲ ပေါက်တာ။ ဝန်းထရံတွေ လှန်ကုန်တယ်လို့ ပြောတယ်”ဟု ဒေသခံတဦးက ပြောသည်။
၎င်းက ဆက်၍ “သူတို့က လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သူတွေ။ CDM မလုပ်ကြဘူး။ ဒီမနက်လည်း မြို့ပေါ်မှာတော့ စစ် တာတွေ ဘာတွေ အများကြီး မရှိပါဘူး။ ဖြစ်စဉ် ဖြစ်သွားတုန်းကတော့ သက်ဆိုင်ရာ ရဲတို့ အုပ်ချုပ်ရေးတို့က လာကြည့်ကြ တာပေါ့”ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့ကလည်း သရက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရုံးရှေ့တွင် လက်လုပ်မိုင်း နှစ်လုံး ပေါက်ကွဲ ခဲ့ဖူးပြီး ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် လူတဦး အဖမ်းခံခဲ့ရသည်။
ထို့ပြင် ဧပြီလ ၂၃ ရက်နေ့ကလည်း သရက်မြို့ရှိ တပ်မတော် ကာကွယ်ရေး ပစ္စည်း စက်ရုံ (ကပစ)မှ စစ်ကောင်စီ လက် နက်ကိုင်တဦးသည် ညဘက် ကင်းလုံခြုံရေး တာဝန်ကျနေစဉ် ဓါးခုတ်ခံရပြီး လက်မောင်းတွင် မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ သေးသည်။
You may also like these stories:
ဖုန်းလိုင်းများ ဖြတ်တောက်ပြီးနောက် မင်းတပ်မြို့ကိုပါ စစ်ကောင်စီတပ်က ပိတ်ဆို့
ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်သူ ၈၀၀၀ ကျော် အကူအညီများ လိုအပ်နေ