• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒီးမော့ဆို၌ အမည်မသိအလောင်းများ ပြန့်ကြဲနေရာ ဒေသခံများ သဂြိုဟ်ပေးနေရ

by ဧရာဝတီ
17 June 2021
in သတင်း
A A
ဒီးမော့ဆိုရှိ အမည်မသိ အလောင်းများကို သဂြိုဟ်ပေးနေသော ဒေသခံများ  / CJ

ဒီးမော့ဆိုရှိ အမည်မသိ အလောင်းများကို သဂြိုဟ်ပေးနေသော ဒေသခံများ / CJ

34.3k
VIEWS
Share on FacebookShare on Twitter

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စုတွင် တိုက်ပွဲကာလအတွင်းက သေဆုံးနေသည့် အမည်မသိ အလောင်းများကို ဆရာတော်များနှင့် နေရပ်ပြန်လာသည့် ဒေသခံများက ဝိုင်းဝန်း၍ သဂြိုဟ်ပေးနေရသည်ဟု သတင်း ရရှိသည်။

ဒီးမော့ဆို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) ၊ ကရင်နီ အမျိုးသားများ ကာ ကွယ်ရေး တပ်ဖွဲ့ (KNDF) နှင့် စစ်ကောင်စီ တပ်များကြား တိုက်ပွဲများ ဖြစ်ပွားနေစဉ် ငွေတောင်ကျေးရွာအုပ်စုမှ ဒေသခံများသည် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြပြီး တိုက်ပွဲများ ငြိမ်သက်သွားသည့်နောက် ဇွန် ၁၄ရက်က နေရပ်ရင်းသို့ ပြန်လာကြရာ ထိုသို့ အမည်မသိအလောင်းများ ပြန့်ကြဲနေသည်ကို တွေ့ရခြင်းဖြစ် သည်။

RelatedPosts

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

16 June 2025
89
ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

16 June 2025
45
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

16 June 2025
37

အလောင်းအများစုမှာ မည်သူမည်ဝါမှန်း မသိရသည်အထိ ပျက်စီးနေပြီ ဖြစ်သဖြင့် ပိုင်ရှင်မဲ့ အလောင်းများအဖြစ် ဆရာ တော်များက ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းအရ သရဏဂုံ တည်ပေးကာ ဒေသခံများက ဝိုင်းဝန်းသဂြိုဟ်ပေးရခြင်း ဖြစ်သည်။

ငွေတောင်ကျေးရွာအုပ်စုမှ ဒေသခံတဦးက “ငွေတောင်မှာ သဂြိုဟ်ပေးလိုက်တာ ၈ လောင်းရှိပါတယ်။ တလောင်းက ထီး ပွင့်ကန် ကျောင်းတိုက်က ရဟန်းတပါးရဲ့ ခမည်းတော်ကြီးပါ။ သူက ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတာ နှစ်ပတ် လောက်နေလိုက်သေးတယ်။ နှစ်ဖက်တိုက်ပွဲ ဖြစ်နေချိန်မှာ အိမ်မှာ နွားနှစ်ကောင်ရှိတယ်။ စိတ်မချဘူးဆိုပြီး အားလုံး တားနေတဲ့ ကြားက အတင်းထွက်သွားရင်း လမ်းမှာ ပစ်ခံလိုက်ရတဲ့သူပါ။ ကျန်တဲ့ ၇လောင်းကတော့ နာမည်တွေ ဘာ တခုမှ မသိရဘူး” ဟု ပြောသည်။

အဆိုပါ အလောင်း ၈ လောင်းကို ငွေတောင်ကျေးရွာအုပ်စုအတွင်းရှိ ဆည်မြောင်း ၊ ဘုရားကုန်း ၊ ရှမ်းပိုင်း နှင့် အောင်မင်္ဂလာ ရပ်ကွက်များအတွင်း တွေ့ရှိရခြင်း ဖြစ်ပြီး ထီးပွင့်ကန် ဆရာတော် ၊ ဒေါဘူးကူးဆရာတော်၊ ဒေါပိုးစီဆရာတော် နှင့် မစိုးရိမ်တိုက်သစ် ဆရာတော် တို့က ဒေသခံများနှင့် ပူးပေါင်းကာ သဂြိုဟ်ပေးလိုက်သည် ။

ဒီးမော့ဆိုရှိ အမည်မသိ အလောင်းများကို သဂြိုဟ်ပေးနေသော ဒေသခံများ (ဓာတ်ပုံ – CJ)

ငွေတောင်ကျေးရွာတွင်းမှ အခြားဒေသခံ အမျိုးသားတဦးကလည်း “ကျနော်တို့မှာ ငွေတောင်က ကျေးရွာအုပ်စုကြီး၊ အဲဒီ ထဲမှာ ရပ်ကွက်တွေ ရွာတွေ ပါတယ်။ ငွေတောင်ထဲ တွေ့တာ ဒီ ၈ လောင်းတည်း မကဘူး။ အခြားလည်း ရှိပါတယ်။ ပြန် လာတဲ့ ဒေသခံတွေက ကိုယ့်အိမ်နား လမ်းနားဆို ကိုယ့်ဘာသာ ရှင်းလင်းနေတာ။ ကျနော်တို့ သိထားတာဆို စုစုပေါင်း အလောင်း ၁၆ လောင်း ရှိပြီ။ အထဲမှာ ပစ္စည်းတွေ ဖွခံ ဖျက်ဆီးခံရလို့လည်း ရှင်းနေရတယ်” ဟု ပြောသည်။

ဧရာဝတီက ဆက်သွယ် မေးမြန်းထားသည့် ဒေသခံများက အလောင်းများထဲတွင် အချို့မှာ PDF တပ်ဖွဲ့ဝင်များ၏ အ လောင်းများ ဖြစ်နိုင်သည်ဟု ယူဆပြီး အချို့မှာ တိုက်ပွဲတွင်း ကျည်ထိမှန် သေဆုံးသွားသည့် အရပ်သားများ၏ အလောင်း များ ဖြစ်နိုင်သည်ဟု သုံးသပ်ထားကြောင်း ပြောဆိုကြသည်။

ဒီးမော့ဆိုမြို့နယ်တွင်း လူမှုကူညီရေး လုပ်ငန်းများ လုပ်ဆောင်နေသူတဦးက ကျေးရွာနှင့် ရပ်ကွက်များအတွင်း သေဆုံး နေသူများထဲတွင် အချို့မှာ အရပ်သားများ ဖြစ်သည်ဟု ယူဆရသော်လည်း လယ်ကွင်းများနှင့် ကျေးရွာ လမ်းမများတွင် သေဆုံးနေသူအချို့ကို PDF တပ်ဖွဲ့ဝင်များဟု ယူဆကြောင်း ပြောသည်။

ဒီးမော့ဆို PDF တပ်ဖွဲ့ဝင်တဦးက “အလောင်းတွေက PDF အလောင်းတွေ မဟုတ်ပါဘူး။ ကျနော်တို့က ကျနော်တို့ လူကို ပစ်ခံရတဲ့ နေရာမှာတင် အကုန် ပြန်ဆွဲတယ်။ ဒီအလောင်းတွေက ဒေသခံတွေကို စစ်ကောင်စီဘက်က ပစ်သတ်ပြီး ပစ်ထားခဲ့တဲ့ အလောင်းတွေပဲ။ ငွေတောင်ဘက်မှာဆို တချို့အလောင်းတွေ အိမ်ရှေ့မှာတင် ခွေးတွေစားနဲ့ အလောင်းက တောင် တပိုင်းတစတွေ ဖြစ်နေပြီ။ အဲဒါ အရပ်သား အလောင်းလို့ ကျနော်တို့ သိထားတယ်” ဟု ပြောသည်။

ဒေသခံများနှင့် PDF တပ်ဖွဲ့များ၏ ပြောဆို ယူဆချက်များ အသီးသီး ရှိနေသော်လည်း ဧရာဝတီက စုံစမ်းမေးမြန်းထားသည့် အချက်အလက်များထဲတွင် ငွေတောင်ကျေးရွာအုပ်စုအတွင်း တွေရှိသည့် အလောင်းများ အားလုံးနီးပါးသည် အမည်မသိ ပိုင်ရှင်မဲ့ အလောင်းများ ဖြစ်သည်။

ငွေတောင်ကျေးရွာအုပ်စုသည် ဒီးမော့ဆိုမြို့နယ်မှ လွိုင်ကော်မြို့သို့ သွားရာ အဝေးပြေး လမ်းမကြီး၏ နံဘေးတွင် တည်ရှိ သည့် ကျေးရွာကြီး ဖြစ်သည်။

PDF ၊ KNDF နှင့် စစ်ကောင်စီကြား တိုက်ပွဲ ဖြစ်နေစဉ် စစ်ကောင်စီက ငွေတောင်ကျေးရွာအုပ်စုတွင်း အရပ်သား နေအိမ် များ၌ ဝင်ရောက်တပ်စွဲခြင်း ပြုလုပ်ခဲ့သည်။

ငွေတောင်ကျေးရွာအုပ်စု အနီးတွင်လည်း စစ်ကောင်စီ၏ မြေမြန်တပ်ရင်း ခမရ ၄၂၇ နှင့် ခြေလျင်တပ်ရင်း ခလရ ၁၀၂ တို့ စခန်းများ တည်ရှိသည်။

စစ်ကောင်စီ နှင့် KNDF အဖွဲ့ဝင်အချို့ကြား အပစ်ရပ်ဆိုင်းထားရန် ညှိနှိုင်းနေစဉ် ကာလတွင် စစ်ကောင်စီဘက်က အရပ် သားများကို ဒီးမော့ဆိုမြို့တွင်း ပြန်လာနေထိုင်ကြရန်၊ အန္တရာယ် မရှိတော့ကြောင်း ပြောဆိုမှုများ ရှိရာ ဒေသခံ အချို့သည် ဇွန် ၁၄ ရက်မှ စ၍ နေအိမ်များသို့ ပြန်လာကြခြင်း ဖြစ်သည်။

ဒီးမော့ဆိုရှိ အမည်မသိ အလောင်းများကို သဂြိုဟ်ပေးနေသော ဒေသခံများ (ဓာတ်ပုံ – CJ)

ငွေတောင် ကျေးရွာအုပ်စုမှ ဒေသခံများ နေရပ်ပြန်လာရာတွင် နေအိမ်နှင့် ဆိုင်ခန်းများ စုစုပေါင်း အဆောက်အဦး ၄၀ ကျော်သည် ဖောက်ထွင်းခံထားရကာ အိမ်တွင်း ပစ္စည်းများ ဖျက်ဆီးခံထားရခြင်း၊ ဖုန်း၊ လျှပ်စစ်ပစ္စည်း၊ ဆန်၊ ကုန်ခြောက် နှင့် ရိုးရာချည်ထည်များ ရောင်းချသည့် ဆိုင်ခန်းများအတွင်းမှ ပစ္စည်းများ ယူဆောင်သွားခံရခြင်းအပြင် အချို့ အဆောက် အဦးများ၊ ကားများသည် မီးရှို့ ဖျက်ဆီးခံထားရသည်။

ဒေသခံများ စစ်ဘေး မရှောင်ရသေးခင်အချိန်က နေအိမ်များကို သံပန်းတံတား၊ သံဘာဂျာတံခါးများဖြင့် အခိုင်အမာ သော့ ပိတ်ကာ ထားခဲ့ခြင်း ဖြစ်သည်။

ဒေသခံများ ပြန်လာသည့် ရက်တွင် စစ်ကောင်စီတပ်သားအချို့က အရပ်သားနေအိမ်များတွင် ဆက်လက် နေထိုင်နေဆဲ ဖြစ်ပြီး အရပ်သားများ၏ အဝတ်အစား၊ ဖိနပ်များကို ဝတ်ဆင်ထားခြင်း၊ မီးခံသေတ္တာများကို ဖောက်ကာ ငွေကြေးများ ယူ ထားခြင်းကိုလည်း ဒေသခံအချို့က မျက်မြင် တွေ့ရကြောင်း ဧရာဝတီကို ပြောသည်။

ဒီးမော့ဆိုမြို့နယ်တွင် ဇွန် ၁၃ ရက်မှ စ၍ ယနေ့ထိ ပစ်ခတ်မှုများ ငြိမ်သက်နေဆဲ ဖြစ်ပြီး စစ်ဘေးရှောင်နေသည့် အရပ် သားအချို့သည်လည်း မိမိနေအိမ်များသို့ ပြန်လာကာ အပျက်အစီးများကို ရှင်းလင်းနေကြပြီ ဖြစ်သည်။

မေ ၂၁ ရက်မှ ဇွန် ၁၂ ရက်အထိ ကယားပြည်နယ်တွင်း KNDF ၊ PDF နှင့် စစ်ကောင်စီကြား ဖြစ်သည့် တိုက်ပွဲများတွင် ဒီးမော့ဆို၌ ဖြစ်သည့် တိုက်ခိုက်မှုများသည် အပြင်းထန်ဆုံး ဖြစ်ခဲ့သည်။

တိုက်ပွဲ ဖြစ်နေစဉ်ကာလအတွင်းကလည်း ဒီးမော့ဆိုမြို့ပေါ် ရပ်ကွက်တခုဖြစ်သည့် ဒေါ့ငံခါး ရပ်ကွက်တွင် PDF တပ်ဖွဲ့များ လှုပ်ရှားနေသဖြင့် စစ်ကောင်စီဘက်က ရပ်ကွက်တွင်းသို့ လက်နက်ကြီးကျည်များ ပစ်ခတ်ခြင်း၊ လမ်းမတန်းမှ နေအိမ်များ ကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ရာ ထိုရပ်ကွက်တွင်း အိမ်ခြေ ၂၀ ထက်မနည်း ပျက်စီးပြိုကျ ထားသည်။

လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေစဉ် ကာလအတွင်း အရပ်သားများပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်း မပြုလုပ်ရကြောင်း စစ်ကောင်စီ၏ ကာကွယ်ရေးဦးစီးချုပ်ရုံးက ချမှတ်ထားသည့် စစ်သည်တော် ကျင့်ဝတ်ထဲတွင် အတိအလင်း ပြဋ္ဌာန်း ထားသည်။

Geneva Convention ၏ ပြဌာန်းချက် အမှတ် (၃) တွင် ပဋိပက္ခဖြစ်နေသည့် နယ်မြေအတွင်း ဆက်လက် တိုက်ခိုက် နိုင်ခြင်း မရှိတော့ဘဲ လက်နက်ချလိုက်သည့် စစ်သားများ၊ ဒဏ်ရာရခြင်း၊ ဖျားနာခြင်း၊ အညံ့ခံခြင်းနှင့် ဖမ်းဆီး ထိန်းသိမ်း ခံရသည့် စစ်သားများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အစာရေစာ ဖြတ်တောက်ခြင်း၊ ဓားစာခံအဖြစ် ပြုလုပ် ခြင်းများ လုပ်ခွင့် မရှိဘဲ ဖမ်းဆီးထားသူ၏ ဂုဏ်သိက္ခာနှင့်အညီ ထိန်းသိမ်း စောင့်ရှောက် ထားရမည်ဟု ရေးသားထား သည်။

ပြဋ္ဌာန်းချက် အမှတ် ၁၃ နှင့် ၃၂ တို့တွင်လည်း လက်နက်ကိုင် ပဋိပက္ခဖြစ်နေသည့် ဒေသတွင်းမှ အရပ်သားများကို နိုင်ငံရေး အယူအဆ၊ ဘာသာ၊ လူမျိုး ကွဲပြားခြင်းတို့အပေါ် ခွဲခြားဆက်ဆံခြင်း၊ လူမဆန်စွာ ပြုမူခြင်း၊ ညှဉ်းပန်း နှိပ် စက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ မပြုလုပ်ရကြောင်း ပါရှိသည်။

ဂျီနီဗာကွန်ဗန်းရှင်းသည် လက်မှတ်ရေးထိုးထားသည့် နိုင်ငံအတွင်းရှိ စစ်တပ်နှင့် လက်နက်ကိုင် အဖွဲ့အားလုံးက ဂျီနီဗာ ကွန်ဗန်းရှင်းပါ ပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးရမည်ဖြစ်ကာ မြန်မာနိုင်ငံသည် ဂျနီဗာကွန်ဗန်းရှင်းကို လက်မှတ် ရေး ထိုးထားသည်။

တိုက်ပွဲကာလတွင်း အရပ်သားများ ထိခိုက်ဆုံးရှုံးမှု များခြင်းကြောင့် ဟုဆိုကာ ဒီးမော့ဆို PDF တပ်ဖွဲ့သည် ဇွန် ၁၅ ရက်မှ စ၍ စစ်ကောင်စီနှင့် နှစ်ဖက် သဘောတူညှိနှိုင်းကာ အပစ်ရပ်ထားလိုက်ပြီ ဖြစ်သည်။

ယာယီအပစ်ရပ်ဆိုင်းကြောင်းကို ကယားပြည်နယ်တွင်းမှ PDF တပ်ဖွဲ့များ အားလုံး စုဖွဲ့ထားသည့် KNDF က ကြေညာ ချက် တစောင် ထုတ်ကာ ကြေညာသော်လည်း လက်နက်ကိုင်တိုက်နေသည့် ကရင်နီလူငယ်အင်အားစု အချို့က ၎င်းတို့ကို ကိုယ်စား မပြုကြောင်းနှင့် အပစ် မရပ်ဘဲ ဆက်တိုက်ခိုက်မည်ဟု ပြောဆိုထားသည်။

ဒီးမော့ဆို PDF သည် အပစ်ရပ်မည်ဟု ဆိုသော်လည်း စစ်ကောင်စီနှင့် PDF ကြား မျက်နှာချင်းဆိုင် တွေ့ကာ သဘောတူ ညီချက်များ ထုတ်၍ အပစ်ရပ်ခြင်း မဟုတ်ပါ။

၁၉၉၀ နှင့် ၂၀၀၀ ပြည့်နှစ်ကြားတွင် စစ်အစိုးရနှင့် အပစ်ရပ်ထားသည့် ကရင်နီပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး (ကလလတ)၊ ကယန်းပြည်သစ်ပါတီ၊ ကယောနီ အဖွဲ့နှင့် KNDF မှ အဖွဲ့ဝင်အချို့က ကြားခံ ညှိနှိုင်းထားခြင်းသာ ဖြစ်သည်။

ဒီးမော့ဆိုတွင် ဇွန် ၁၃ ရက်မှ ယနေ့ထိ ပစ်ခတ်မှုများ မရှိသော်လည်း နှစ်ဖက်တပ်များသည် မြို့ပေါ်တွင် တပ်စွဲထားကာ လှုပ်ရှားမှုများ ရှိနေဆဲ ဖြစ်သည်။

ဒီးမော့ဆိုတွင် တိုက်ခိုက်မှုများ ငြိမ်နေသော်လည်း ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့ကြားတွင် တည်ရှိသည့် စံပြ ၆ မိုင်ကျေးရွာ နှင့် လွိုင်ကော်မြို့နယ်အတွင်း ဇွန် ၁၅ ရက်နှင့် ၁၆ ရက်တွင် လက်နက်ကြီးသံများ၊ ပစ်ခတ်သံများ ကြားနေရဆဲ ဖြစ်သည် ဟု ဒေသခံများထံက သိရသည်။

You may also like these stories:

စစ်ကောင်စီတပ်က ဓားပြလုပ်ရပ်များ ကျူးလွန်နေ

အပစ်ရပ်ကြေညာချက် ကရင်နီအင်အားစုအားလုံးကို ကိုယ်စားမပြု

စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

ဒီးမော့ဆို ငွေတောင်ကျေးရွာရှိ အိမ်နှင့်ဆိုင်ခန်းများ ဖောက်ထွင်းဖျက်ဆီးခံရ

အလောင်း မကောက်နိုင်တော့သည်အထိ စစ်တပ် အခြေအနေဆိုး

Your Thoughts …
Tags: KNDFPDFကယားစစ်ကောင်စီဒီးမော့ဆို
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပလက်၀ဒေသတွင် လှုပ်ရှားနေသည် AA စစ်သားများကို ၂၀၂၀ ခု မတ်လက တွေ့ရစဉ် / ဧရာဝတီ

AA က ဖမ်းဆီးထားသော စစ်သုံ့ပန်း ၆ ဦးကို စစ်တပ်ထံ လွှဲပြောင်းပေး

မြေနီကုန်းသပိတ်ကို ဖြိုခွဲပြီး ဖမ်းဆီးရိုက်နှက်မှုများပြုလုပ်နေစဉ်  / ဧရာဝတီ

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး စစ်ကောင်စီ တက်ခွင့် မရပြန်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.4k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate