သတင်း

AA က ဖမ်းဆီးထားသော စစ်သုံ့ပန်း ၆ ဦးကို စစ်တပ်ထံ လွှဲပြောင်းပေး

Want create site? Find Free WordPress Themes and plugins.

ရက္ခိုင့်စစ်တပ် (AA) က တိုက်ပွဲကာလအတွင်း ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း ၆ ဦးကို ကျောက်တော်မြို့နယ်နှင့် မြောက် ဦးမြို့နယ်အစပ် ကျောက်ကျပ်ကျေးရွာတွင် ဇွန်လ ၁၆ ရက်နေ့က နယ်မြေခံ စစ်တပ်အရာရှိများထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

AA ဘက်မှ ဗိုလ်မှူးအဆင့်ရှိသူ ခေါင်းဆောင်သောအဖွဲ့နှင့် မြောက်ဦးအခြေစိုက် တပ်ရင်းတရင်းမှ ဗိုလ်မှူးအဆင့်ရှိသူ ဦးဆောင်သည့် အဖွဲ့တို့သည် ကျောက်ကျပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့က တွေ့ဆုံကာ စစ်သုံ့ပန်း ၆ ဦးကို စာရင်းများနှင့်တကွ ပြန်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း ယင်းနေရာသို့ သွားရောက်ခဲ့သူ မြောက်ဦးဒေသခံ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်က ဧရာဝတီကို ပြောသည်။

၎င်းက “မနေ့က နေ့လယ်ပိုင်းမှာ AA က ဗိုလ်မှူးအဆင့် တယောက် ဦးစီးပြီးတော့ ကျောက်ကျပ် ဘုန်းကြီးကျောင်းမှာ AA က ဖမ်းထားတဲ့ စစ်သား ၆ ယောက်ကို စာရင်းနဲ့တကွ လွှဲပေးပါတယ်။ စစ်တပ်ဘက်ကတော့ ကား ၂ စီး လာရောက်ပြီး ဗိုလ်မှူးအဆင့် တယောက်က လက်ခံတယ်။ အဲဒီ ၆ ယောက်ထဲမှာ ဘယ်ရာထူးအဆင့်ထိ ပါတယ်ဆိုတာတော့ ကျနော် လည်း မသိဘူး” ဟု ဆိုသည်။

ထိုကဲ့သို့ လွှဲပြောင်းသည့် ကိစ္စနှင့် ပတ်သက်၍ ယမန်နေ့က မြောက်ဦးမြို့မှ စစ်ကား ၂ စီး ကျောက်တော်ဘက် ထွက်ခွာ သွားသည်ကို မြင်တွေ့ရပြီး လမ်းမပေါ်တွင်လည်း စစ်တပ်က လုံခြုံရေးယူထားသည်ကို တွေ့ရသည်ဟု မြောက်ဦးဒေသခံ များက ပြောသည်။

AA က အဆိုပါ စစ်သုံ့ပန်း ၆ ဦး စစ်တပ်ထံ ပြန်လွှဲပြောင်းပေးခဲ့သလို ထို့နေ့မှာပင် ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးခဲ့သူ များနှင့် တိုက်ပွဲကာလအတွင်း ဖမ်းဆီးရမိသူများ အပါအဝင် ၁၇ ဦးကိုလည်း ဘူးသီးတောင်မြို့နယ်အတွင်းရှိ သိမ်တောင် ပြင်ကျေးရွာတွင် တပ်မ ၂၂ လက်အောက်ခံ တပ်ရင်းတခုထံ လွှဲပြောင်းပေးခဲ့သည်။

အဆိုပါ ၁၇ ဦးတွင် ရွှေနဒီရေယာဉ်ပေါ်မှ ဖမ်းဆီးခဲ့သူ ၁၄ ဦးနှင့် တိုက်ပွဲကာလအတွင်း ဖမ်းဆီးရမိထားသော သက်ကြီး ပိုင်း ကျန်းမာရေးချို့တဲ့နေသူ စစ်သုံ့ပန်း ၃ ဦး ပါဝင်ကြောင်း AA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ရခိုင် အခြေစိုက် Western News သတင်းဌာနကို ဖြေကြားထားသည်။

ယမန်နေ့က လွှတ်ပေးလိုက်သည့်အထဲ ၁၄ ဦးမှာ နောက်ဆုံးကျန်ရှိနေသူများ ဖြစ်သည့်အတွက် ရွှေနဒီအမြန်ရေယာဉ် ဖြစ် စဉ်နှင့် ပတ်သက်၍ AA လက်ထဲတွင် တဦးတယောက်မျှ မကျန်တော့ကြောင်းလည်း ဦးခိုင်သုခက ပြောဆိုထားသည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ကလည်း ရွှေနဒီရေယာဉ်ပေါ်မှ ဖမ်းဆီခံ တပ်ဖွဲ့ဝင် တချို့ကို AA က ပြန်လွှတ်ပေးခဲ့သေး သည်။

ထိုကဲ့သို့ ဖမ်းဆီးထားသူများကို ပြန်လည်လွှတ်ပေးခြင်းမှာ စစ်တပ်နှင့် AA နှစ်ဖက်အကြား အပြုသဘောဆောင်သည့် ဖြစ် ပေါ်တိုးတက်မှုများအပေါ် မူတည်ပြီး ဆောင်ရွက်ခြင်း ဖြစ်သည်ဟု AA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြော ဆိုထားသည်။

စစ်တပ်ဘက်ကလည်း ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း မတ်လ ၁၁ ရက်တွင် AA ကို အကြမ်းဖက် အဖွဲ့ အဖြစ် ကြေညာထားခြင်းမှ ပြန်ရုပ်သိမ်းပေးခဲ့သလို AA နှင့် ပတ်သက်ဆက်နွယ်ခြင်း၊ သံသယရှိခြင်းတို့ကြောင့် အကြမ်း ဖက် ဥပဒေပုဒ်မများဖြင့် တရားရင်ဆိုင်နေရသည့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီ၊ ညီမ၊ ယောက်ဖ ဖြစ်သူ အပါအဝင် ၁၀ ဦးကိုလည်း ဇွန် ၉ ရက်နေ့က ပြန်လွှတ်ပေးခဲ့သည်။

You may also like these story:

ရွှေနဒီရေယာဉ်ပေါ်က ဖမ်းဆီးထားသူများကို AA ပြန်လွှတ်ပေး

Did you find apk for android? You can find new Free Android Games and apps.
Loading