စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ညောင်ပင်သာရပ်ကွက်တွင် ဇွန်လ ၁၉ ညပိုင်းက ၄ လောင်းပြိုင် လူသတ်မှုနှင့် ဓါးပြမှု တခု ဖြစ်ပွားခဲ့ရာ ယင်းဖြစ်စဉ်နှင့် နီးစပ်သူများနှင့် မြို့ ခံများက စစ်တပ်၏ လက်ချက် ဖြစ်ကြောင်း စွပ်စွဲ ပြောဆိုသည်။
အသတ်ခံရသူများမှာ အသက် ၅၀ နှစ်အရွယ် ဦးဝင်းဇော်ဦး၊ အသက် ၄၈ နှစ် အရွယ် ဒေါ်စန်းစန်းမော်၊ အသက် ၃၅ နှစ် အ ရွယ် ဦးဇော်ဇော်နှင့် အသက် ၂၃ နှစ်အရွယ် ကိုသီဟအောင်တို့ ဖြစ်ကြသည်။
ဦးဝင်းဇော်ဦးနှင့် ဒေါ်စန်းစန်းမော်တို့မှာ လင်မယားများ ဖြစ်ပြီး ကိုသီဟအောင်မှာ ၎င်းတို့၏ သားအငယ်၊ ဦးဇော်ဇော်မှာ ဒေါ် စန်းစန်းမော်၏ မောင်ဝမ်းကွဲတဦးတို့ ဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် ကလေးမြို့တွင် သစ်ခွဲစက်များ ထူထောင်ထားသည့် ပိုက်ဆံရှိသည့် လူချမ်းသာများလည်း ဖြစ်သည်။
ယင်းဓါးပြတိုက် လူသတ်မှု ဖြစ်စဉ်တွင် ယင်းအိမ်အတွင်း၌ စုစုပေါင်း လူ ၇ ဦး ရှိနေခဲ့ပြီး ၄ ဦး အသတ်ခံခဲ့ရသည်။
မိသားစုဝင်တဦး ဖြစ်သည့် သမီးအကြီး ဖြစ်သူ တဦးသာ သေနတ်ကျည် နှစ်ချက် ထိမှန်သည့် ဒဏ်ရာ (စိုးရိမ်ရ)ဖြင့် ကလေးမြို့ ရှိ တပ်မတော် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
အခြား အမျိုးသမီး နှစ်ဦးတို့မှာလည်း ဖြစ်စဉ် ဖြစ်ပွားနေစဉ်အတွင်း ဓာတ်ဆီလောင်း၍ ဝမ်းလျားမှောက်ခိုင်းထားခြင်း ခံရပြီး လှည့်ကြည့်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခံခဲ့ရသည်ဟု သိရကြောင်း ယင်းဖြစ်စဉ်ကို သိရှိသူ အိမ်နီးချင်း အမျိုးသား တဦးက ပြောပြသည်။
ည ၈ နာရီခွဲခန့်တွင် စစ်သား ၁၀ ဦးခန့်သည့် ညောင်ပင်သာ ရပ်ကွက်ထဲသို့ ခြေလျင် ဝင်ရောက်လာကြောင်း၊ ယင်းအိမ်ထဲ သို့ ဝင်သွားပြီးနောက် သိပ်မကျယ်သည့် သေနတ်ပစ်သံတချို့ ကြားရကြောင်း၊ ဦးဝင်းဇော်ဦးနှင့် သားဖြစ်သူတို့မှာ အပြင်သို့ ထွက်ပြေးစဉ် အပစ်ခံရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
၎င်းကဆက်၍“အခုသေဆုံးတဲ့ ကိုဝင်းဇော်ဦးနဲ့ သူ့သားနဲ့က အပြင်ကို ထွက်ပြေးရင်နဲ့ အပစ်ခံရတာ။ အဲဒီမှာ ပွဲချင်းပြီးသေ တာ။ နှစ်ယောက်စလုံး။ အိမ်ပေါ်မှာ သူ့အမျိုးသမီးက အိပ်ခန်းထဲမှာ သေတာ။ လှေခါးရင်းမှာက မစန်းစန်းမော်ရဲ့ မောင်တ ယောက် သေနေတာ။ အပြင်မှာ သေနေတဲ့ သူတို့ သားအဖနှစ်ယောက်ရဲ့ အလောင်းကို လှေခါးရင်းမှာ ပြန်ပုံထားတာ”ဟု ပြောသည်။
၎င်းတို့၏ သမီးဖြစ်သူမှာလည်း ခေါင်းကို သေနတ်ရှပ်မှန်ပြီး ခါးကိုလည်း ထိမှန်ခဲ့ကြောင်း၊ မျက်လုံး တဖက်ကို သေနတ်ဒင် ဖြင့် အထုခံခဲ့ရကြောင်း၊ ဝမ်းလျားမှောက်ခိုင်းထားသည့် အမျိုးသမီး နှစ်ဦးအနက် တဦးမှာ ထွက်ပြေးသဖြင့် ပစ်ခတ်ရာ ခါး တွင် ကျည်ဆန်ထိမှန်ခဲ့ကြောင်း၊ နောက်တဦးမှာ ဖိနပ်နှင့် အနင်းခံရပြီး ကျောနှင့် တင်ပါးတို့တွင် ရိုက်နှက်ခံထားရကြောင်း သိရသည်။

ယင်းအမျိုးသမီး ၂ ဦး မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို ယခုအချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ တချို့က ဆေးရုံတွင် ရှိကြောင်း ပြောဆိုပြီး တချို့က ရဲစခန်းတွင် ရှိကြောင်း ပြောဆိုကြသည်။
“စစ်ကား ၆ စီး ရောက်လာတယ်။ ခေါင်းမှန်တဲ့ သူတို့ရဲ့ သမီးကိုလည်း စစ်ကားနဲ့ ပြန်တင်သွားတယ်။ သူတို့ လုပ်ပြီးတော့ လမ်းဆုံမှာ စကားတွေ အကျယ်ကြီး ပြောနေတာက သူတို့လုပ်တာ မဟုတ်ဘူး။ PDF က လာလုပ်လို့ သူတို့ ဝင်လာရတဲ့ ပုံစံမျိုး ပြောနေကြတယ်။ အဲဒါကြောင့် သူတို့ လိုက်ရတယ်။ လုံခြုံရေး ယူရတယ်ဆိုတဲ့အကြောင်း ပြောနေကြတာ”ဟု မြို့ ခံ အမျိုးသားတဦးက ပြောပြသည်။
၎င်းအမျိုးသား၏ တွေ့ မြင့်ချက်အရ ယင်းအိမ်သို့ ဝင်ရောက်လာသူများသည် စစ်ဝတ်စုံနှင့် ဖြစ်ကြောင်း၊ ၎င်းတို့၏ လည် ပင်းတွင် အနီစများ ဆွဲထားကြောင်း၊ ထို့ပြင် ယင်းအိမ်တွင် သိပ်မကြာသေးခင်က CCTV လည်း တပ်ထားကြောင်း သိရ သည်။
“ကျနော်တို့ ထင်တာကတော့ ငွေကြေး ရလိုမှု တခုလို့ပဲ ထင်ပါတယ်။ မနက်ပိုင်းမှာလည်း အိမ်နီးချင်းတွေကို လာမေးမြန်း တာမျိုးလည်း မရှိဘူး။ အိမ်ကို အစောင့်ချထားတာမျိုးလည်း မရှိဘူး”ဟု ယင်းအမျိုးသားက ပြောသည်။
ယင်းဖြစ်စဉ်အတွင်း ငွေကြေး သိန်း ၄၀၀၊ အခြား တန်ဖိုးရှိ ပစ္စည်းများ၊ ယင်းအိမ်ရှိ ကားတစီးပါ ယူဆောင်သွားခြင်း ခံခဲ့ရ သည်။
လူသတ်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ ညပိုင်းက စစ်ကောင်စီ လက်နက်ကိုင်တပ်များက ည ၉ နာရီခန့်တွင် သေနတ်များ ပစ်ဖောက်ခဲ့ရာ ယင်းနေ့က ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပန်းသပိတ် လှုပ်ရှားမှုများကို မကျေနပ်သဖြင့် မြို့လူထုကြောက်အောင် ပစ်ခတ်ပြနေခြင်းဟု ကလေးမြို့ ခံများက ထင်မြင်ခဲ့ကြသည်။
“အဲဒီအချိန်မှာ ဟိုမိသားစုမှာက ငရဲခန်းလို ဖြစ်နေတဲ့အချိန်။ မနက်ကျမှ သိတော့ မြို့ ပြည်သူလူထုက စိတ်မကောင်းဘူး။ လူတွေ သိတာက ညတုန်းက သူတို့အိမ်က ပစ္စည်းတွေ ရွေ့ နေတော့ စစ်တပ်က ဝင်ရှာတာ။ မသကာင်္လို့ ဝင်ရှားရင်းနဲ့ ပ စ္စည်းတွေကို စစ်သားတွေက ယူတယ်လို့ သိထားတာ။ လူတွေ သေတယ်ဆိုတာ မသိဘူး”ဟု မြို့ ခံတဦးက ပြောသည်။
အမှန်မှာ ဦးဝင်းဇော်ဦးတို့ မိသားစုသည် အလွန်ဆိုးဝါးသည့် အဖြစ်ဆိုးတခုနှင့် ကြုံတွေ့နေရသည့် နေရာအနီးမှ ပစ်ခတ်သံ များ ဖြစ်ကြောင်း မြို့ လူထုက နောက်ရက် မနက် ဇွန်လ ၂၀ ရက်နေ့တွင် သိရှိခဲ့ရခြင်း ဖြစ်သည်။
ကလေးမြို့ ခံ လူငယ်တဦးက“ည ၉ နာရီလောက်ကနေ စကြားရတယ်။ ၁၀ နာရီထိုးလောက်အထိ သေနတ်သံတွေက ကြားနေရတုန်း။ တောက်လျှောက် ဆက်တိုက်ကြီးတော့ မဟုတ်ဘူး။ ၃၊ ၄ ချက်လောက် ပစ်လိုက် ရပ်သွားလိုက်။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်နေရင် ၃၊ ၄ ချက်လောက် ပစ်လိုက်နဲ့ပေါ့”ဟု ပြောသည်။
၎င်းကဆက်၍ “အိမ်နားနီးချင်းတွေ ပြောဆိုချက်အရအတော့ ဓါးပြတိုက်ခံရတယ်။ အခုက ဘယ်ကမှန်း မသိဖြစ်နေတာ။ အများစုကတော့ တပ်ကနေ လာတိုက်တာလို့ ပြောတယ်။ အထဲက ပစ္စည်းတွေ တန်ဖိုးကြီး ပစ္စည်းမှန်သမျှ အထဲက ဆက် တီခုံတွေကအစ မယူသွားတယ်ပေါ့။ အိမ်မှာရှိတဲ့ ကားကိုလည်း ယူသွားတယ်။ အိမ်နားနီးချင်းတွေ ချောင်းကြည့်တာ မြင် ရတယ်”ဟု ပြောသည်။
သို့သော် လူမှုကွန်ရက်တွင် ပျံ့ နှံ့ နေသကဲ့သို့ အိမ်တံခါး ဖွင့်ဖွင့်ချင်း စစ်တပ်က ပစ်သတ်သည့် သဘောမျိုး မဟုတ်ဘဲ အ လောင်းများ၏ မျက်နှာတွင် ဒဏ်ရာ ဒဏ်ချက်များ ရှိနေသဖြင့် အိမ်ထဲတွင် အရင်ဆုံး နှိပ်စက်ခံထားရသေးကြောင်း မြို့ ခံများက သုံးသပ်သည်။
“မိသားစုဝင် ၅ ယောက်မှာ အပစ်ခံရလို့ ၄ ယောက် သေတယ်။ သမီးဖြစ်တဲ့သူက ကျည် ၂ ချက် ထိတယ်။ သူက စစ်တပ် က ဆေးရုံမှာ ကုသမှု ခံယူနေရတယ်။ သူအသက်ရှင်ဖို့ လိုတယ်။ အဲဒါမှ ဘယ်သူလုပ်သလဲဆိုတာ သိရမှာ။ တကယ်ပဲ စစ် တပ်က လုပ်သလားဆိုတာ သူပဲ သိတော့မှာ။ ဒါပေမယ့် အများစု ယုံကြည်တာက စစ်တပ်ကနေ လုပ်တယ်ပေါ့”ဟု မြို့ခံ လူငယ်တဦးက ပြောသည်။
၎င်းကဆက်၍ “တခု စိုးရိမ်ဖို့ ကောင်းတာက ကာယကံရှင် အမျိုးသမီးကလည်း အခြေအနေ မကောင်းဘူး။ သူသာ သေ သွားရင် အမှန်တရားကပေါ်မှာ မဟုတ်တော့ဘူး။ သူက ကလေးမြို့ ကမာ္ဘ့ရတနာဘဏ်က ဘဏ်ဝန်ထမ်းပါ”ဟု ပြော သည်။
အိမ်နီးချင်းများက အတည်ပြုနိုင်သည့်အချက်မှာ ဓါးပြအတိုက်ခံရခြင်း ဖြစ်ကြောင်း၊ ဖြစ်စဉ် ဖြစ်ပွားနေစဉ် အတွင်း ယင်း လမ်းမရှေ့မှ စစ်ကားများ ၄ ကြိမ်ထက်မနည်း ဖြတ်သန်း သွားလာခဲ့ကြောင်း၊ ဖြစ်စဉ် ဖြစ်ပြီးသည့် အချိန်တွင်လည်း အိမ်ထဲ ရှိ ပစ္စည်းများကို စစ်ကားများဖြင့် လာရောက် သယ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောသည်။
“သူတို့ မိသားစုက ကြံ့ခိုင်ရေးကတော့ ဟုတ်တယ်။ အစိမ်းတွေ။ ဒါပေမယ့် သူတို့ မိသားစုက ဒလန် မလုပ်ဘူး။ သူတို့က သစ်စက်လုပ်တော့ ရဲတွေနဲ့ကတော့ မကင်းဘူး။ ကလေးမှာ ဆန္ဒပြပွဲတွေ စတုန်းကလည်း ရပ်ကွက်ထဲမှာ စစ်ကားတွေ လာရင် လမ်းတွေပိတ်ကျ မီးရှို့ ကျ လုပ်တုန်းက သူတို့အိမ်ကနေ တာယာတွေ ထုတ်ပေးဖူးတယ်။ ပတ်ဝန်းကျင်နဲ့လည်း အဆင်ပြေတယ်”ဟု မြို့ခံ လူငယ်တဦးက ပြောသည်။
ဇွန်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ယင်းမိသားစုဝင်များ၏ အလောင်းများကို စစ်ဆေးရုံမှ နေအိမ်သို့ ပြန်ပို့ပေးခဲ့ သ ဖြင့် ယင်းနေ့လယ် ၃ နာရီခွဲတွင် ကလေးမြို့ ဒိုးဝိုင်းချောင်း သုဿန်သို့ ဆွေမျိုးများနှင့် မြို့ခံပြည်သူများက နာရေး ဝိုင်းချ ပေးလိုက်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ည ၂ နာရီခန့်တွင် စစ်တပ်က ကလေးမြို့ ခံ အသက် ၃၅ နှစ်အရွယ် CDM ပြုလုပ်ထားသည့် မြန်မာ့ စီးပွားရေးဘဏ် ဝန်ထမ်းတဦး၊ အသက် ၁၂ နှင့် အသက် ၁၅ နှစ်အရွယ် လူငယ် နှစ်ဦး၊ စုစုပေါင်း ၃ ဦး အဖမ်းခံခဲ့ ရသည်။
နောက်တရက် ဇွန် ၂၀ ရက်နေ့တွင် အဖမ်းခံရသည့် အသက် ၁၅ နှစ်အရွယ် မောင်ကျော်မင်းခန့်ဆိုသူ လူငယ်မှာ စစ် ကြောရေးတွင် သေဆုံးသွားပြီဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေးခဲ့သော်လည်း အမှန်တကယ်တွင် သေဆုံးခြင်း မရှိဘဲ PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်ခံခဲ့ရသည်။
အသက် ၁၂ နှစ်အရွယ် လူငယ်နှင့် ဘဏ်ဝန်ထမ်း အမျိုးသားတို့ကိုမူ စစ်တပ်က ဇွန်လ ၂၀ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ သည်။
ယင်းမိသားစုဝင်များကို သတ်ဖြတ်ခဲ့ခြင်းမှာ ၎င်းတို့၏ လုပ်ရပ် မဟုတ်ကြောင်း ကလေး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF)က စာထုတ်၍ ရှင်းလင်းထားကြောင်း ကလေး PDF ၏ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။
“ကျနော်တို့ဘက်ကလည်း ပြန်ရှင်းထားတယ်။ ဘေးပတ်ဝန်းကျင်ကလည်း တောက်လျှောက်မြင်တယ်။ စစ်ကားတွေ ဝင် လာတယ်။ လူချသွားတယ်။ သေနတ်တွေလည်း ဖောက်တယ်။ ပစ်တယ်။ သူတို့ လုပ်နေကျ ပုံစံ အတိုင်းပဲ။ ပစ္စည်းတွေ ဘာတွေ ပြန်ယူသွားတယ်။ နောက်တကျော့ ပြန်လာတယ်။ ဘေးအိမ်တွေက ကိုယ်တိုင် မြင်နေရတာလေ”ဟု ပြောသည်။
၎င်းက ဆက်၍ “ကျနော်တို့ဘက်က လုပ်တာ မဟုတ်ဘူး။ လုပ်စရာ အကြောင်းလည်း မရှိဘူး။ သူတို့မှာ မိဘတွေကတော့ ကြံ့ခိုင်ရေးပါတီဝင်တွေဆိုတာ ဟုတ်တယ်။ ဒါပေမယ့် သားသမီး နှစ်ယောက်တော့ ဆန္ဒပြပွဲတွေလည်း လိုက်တယ်။ သူတို့ ကိုယ်တိုင် အားကြိုးမာန်တက်ကို ပါဝင်နေတာ။ ပြီးတော့ မိဘတွေကလည်း ဒလန်မလုပ်ဘူး”ဟု ပြောသည်။
ထို့ပြင် အဖမ်းခံရသည့် ၁၅ နှစ် အရွယ် မောင်ကျော်မင်းခန့် ဆိုသူမှာလည်း ၎င်းတို့၏ PDF တပ်ဖွဲ့ ဝင် မဟုတ်ကြောင်း၊ PDF သင်တန်းဆင်းလည်း မဟုတ်ဘဲ ၎င်းတို့ လူငယ်များသည် စိတ်အားထက်သန်မှုအရ တောထဲရှိ မုဆိုးတချို့ ထံတွင် သေ နတ်ပစ်နည်းကို သွားရောက်သင်ကြားခဲ့သူတဦးသာ ဖြစ်ကြောင်း သိရသည်။
ကလေးမြို့သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း လက်နက်ကိုင် တော်လှန်ရေးများ စတင်ခဲ့သည့် မြို့ တမြို့ ဖြစ်ပြီး လက်ရှိတွင်လည်း ကိုဗစ်ကပ်ရောဂါကြောင့် နေ့စဉ် လူသေဆုံးနေရသည့် အခြေအနေမျိုးဖြင့် ရင်ဆိုင်နေရသည်။
You may also like these stories:
စစ်ကောင်စီတပ်က ဓားပြလုပ်ရပ်များ ကျူးလွန်နေ
အပစ်ရပ်ကြေညာချက် ကရင်နီအင်အားစုအားလုံးကို ကိုယ်စားမပြု
စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
ဒီးမော့ဆို ငွေတောင်ကျေးရွာရှိ အိမ်နှင့်ဆိုင်ခန်းများ ဖောက်ထွင်းဖျက်ဆီးခံရ