• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖြူဖြူထွေးကို သပိတ်မှောက်သည့်ထဲ စစ်တပ်ထုတ်ကုန်များလည်း ပါဝင်လာ

by ဧရာဝတီ
23 June 2021
in သတင်း
A A
သရုပ်ဆောင် ဖြူဖြူထွေး  / Phyu Phyu Htwe

သရုပ်ဆောင် ဖြူဖြူထွေး / Phyu Phyu Htwe

89.5k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသော ပြည်သူများနှင့်အတူ မရပ်တည်သည့် Facebook ဆယ်လီ ဖြူဖြူထွေးအား ကုမ္ပဏီများအနေဖြင့် သပိတ်မှောက် (Boycott) ရန် တိုက်တွန်းမှုများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် စစ်တပ် ထုတ်ကုန်များ အပါအဝင် လုပ်ငန်းပေါင်း ၂၀ ကျော်က လက်တွဲမှုရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ကြသည်။

မကြာသေးမီ ရက်ပိုင်းက ဖြူဖြူထွေးသည် တရွာလုံးနီးပါး မီးရှို့ခံခဲ့ရသည့် မကွေးတိုင်း၊ ပေါက်မြို့နယ် ကင်းမရွာသို့ စောင်နှင့် စားသောက်စရာများ သွားရောက်လှူဒါန်းမှုအား ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ခဲ့ ပြီးနောက် ဝေဖန်သံများ ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

RelatedPosts

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

19 July 2025
66
ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

19 July 2025
539
အာဇာနည်တွေ နေတဲ့တိုင်းပြည်

အာဇာနည်တွေ နေတဲ့တိုင်းပြည်

19 July 2025
345

စစ်ကောင်စီဘက်မှ အဆိုပါရွာအတွက် ကူညီကယ်ဆယ်ရေးလုပ်သည့် လမ်းကြောင်းများအား ပိတ်ပင်တားမြစ်မှုများ ပြု လုပ်နေချိန် ဖြူဖြူထွေးက လူသိရှင်ကြား တိုက်ရိုက်ထုတ်လွှင့်ခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်၏ နောက်ဆက်တွဲ အနေဖြင့် ၎င်းနှင့် လက်တွဲလုပ်ကိုင်ခဲ့သည့် ကုမ္ပဏီများ၏ လူမှုကွန်ရက်စာမျက်နှာများ၊ ပို့စ်များအောက်တွင် ဖြူဖြူထွေးနှင့် ပတ်သက်သည့် ကြော်ငြာများကို ဖျက်ပေးရန်၊ လက်ရှိ လုပ်ဆောင်နေဆဲဖြစ်ပါက လမ်း ခွဲပေးရန်နှင့် ထိုသို့မပြုလုပ်ပေးပါက ကုမ္ပဏီ၏ ထုတ်ကုန်များကို သပိတ်မှောက်မည်ဟု ပြည်သူများက ရေးသားခဲ့ကြသည်။

“ဖြူဖြူထွေးနဲ့ လက်တွဲထားတဲ့ မည်သည့် ကုန်ပစ္စည်းဝန်ဆောင်မှုမဆို Boycott လုပ်မှ ရမှာပါ။ ဖြူဖြူထွေးကို Brand Ambassador ခန့်ထားရင် ဖြုတ်ပေးပါ။ မခန့်ထားရင် ဖြူဖြူထွေးနဲ့ လုပ်ကိုင်ခဲ့ပြီးသား Marketing Campaign မှန်သမျှ ဖျက်ပေးပါ။ မဟုတ်ရင် ကုမ္ပဏီကို သပိတ်မှောက်ပါမယ်” ဟူ၍ ဆိုရှယ်မီဒီယာအသုံးပြုသူများက ရေးသားပြောဆိုခဲ့သည်။

ထိုကဲ့သို့သော တိုက်တွန်းမှုများနှင့်အတူ ကုမ္ပဏီများကလည်း ၎င်းတို့၏ ကုန်ပစ္စည်းများအပေါ် အကျိုးသက်ရောက်မှု များ စွာ ရှိလာနိုင်သည့်အတွက် ဖြူဖြူထွေးနှင့် မပတ်သက်တော့ကြောင်း အပြိုင်အဆိုင် ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။

Samsung၊ ရွှေပြည်နန်း မြန်မာ့သနပ်ခါး၊ Ready ငါးသေတ္တာ၊ rgo47 Online Shop၊ Bella အလှကုန်၊ Centuri Mattress၊ Rainbow ဆပ်ပြာ၊ T Home လျှပ်စစ်ပစ္စည်း၊ New V- Rohto မျက်စဉ်း၊ Sunday ကော်ဖီမစ်၊ ပန်းလေးမေမေ၊ ဦးကာက ဒေါ်စိန်လက်ဖက် စသည့် ကုန်အမှတ်တံဆိပ်များ အပါအဝင် နာမည်ကြီး ကုန်အမှတ်တံဆိပ် ၂၀ ကျော်က ဖြူဖြူထွေးနှင့် လက်တွဲဖြုတ်ကြောင်း ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာများမှတဆင့် ကြေညာပြီး စားသုံးသူများအား အသိပေးခဲ့သည်။

၎င်းတို့အနက် Ready ငါးသေတ္တာ၊ rgo47 Online Shop တို့မှာ စစ်တပ်ပိုင် လုပ်ငန်းများဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေး ထိခိုက်မည်စိုးသည့်အတွက် ဖြူဖြူထွေးနှင့် မပတ်သက်တော့ကြောင်း တခြားလုပ်ငန်များနည်းတူ အပြိုင်အဆိုင် ကြေညာခဲ့ ကြသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ဖြူဖြူထွေးအား ဧရာဝတီက ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်း လက်ခံ ဖြေကြားခြင်း မရှိပါ။

သပိတ်မှောက် ပြည်သူတဦးက “အနုပညာရှင်တွေ Boycott လုပ်တာလည်း လုပ်ရမှာပဲ။ တကယ့် Boycott လုပ်ရမှာ မင်းအောင်လှိုင် သားသမီးနဲ့ သူ့တပည့်တပန်းတွေရဲ့ လုပ်ငန်းတွေကို ပိုပြီး ထိထိရောက်ရောက် လုပ်သင့်တယ်။ အနုပညာ ရှင်တွေဆိုတာ ကိုင်းစွန်းကိုင်းဖျားပဲ။ သူတို့သားသမီးတွေဆီ အာရုံမရောက်အောင် အနုပညာရှင်တွေ ထိုးကျွေးထားသလို ပဲ။ Boycott လုပ်ပြီဆိုရင်တော့ ဘာမှသွားမပြောဘဲ အဖက်ကို မလုပ်ရပါဘူး” ဟု ပြောသည်။

ဖြူဖြူထွေးသည် ဆိုရှယ်မီဒီယာပေါ်တွင် Follower ၈သန်းကျော်ရှိသည့် Social Influencer တဦးဖြစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးတွင် ပြည်သူနှင့်တသားတည်း ရပ်တည်မှုမရှိသလို ဆန္ဒပြပွဲများတွင်လည်း ပါဝင်ခြင်းမရှိသည့်အတွက် ရပ် တည်မှု မှန်ကန်သူ မဟုတ်ကြောင်း သတ်မှတ်ခံရကာ လူမှုရေးဖယ်ကြဉ်မှုများ (Social Punishment) ပြုလုပ်ခြင်းခံထားရ သူ ဖြစ်သည်။

ဖြူဖြူထွေးကဲ့သို့ပင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ Beauty Blogger နေခြည်ဦး စသည့် နာမည်ကြီး အနုပညာရှင်များကို လည်း Boycott ပြုလုပ်ရန် ပြည်သူများက တိုက်တွန်းခဲ့သောကြောင့် ကုမ္ပဏီများက ၎င်းတို့၏ ကြေညာချက်တွင် ပြည်သူ များ မကြိုက်မနှစ်သက်သည့် အနုပညာရှင်များနှင့် လက်တွဲ အလုပ်လုပ်သွားမည် မဟုတ်ကြောင်းလည်း ထည့်သွင်းကြေ ညာခဲ့ကြရသည်။

You may also like these stories:

ဖြူဖြူထွေးနဲ့ လက်တွဲမှု ရပ်ဆိုင်းကြောင်း လုပ်ငန်းပေါင်း ၂၀ ကျော် ထုတ်ပြန်

စိုင်းစိုင်းခမ်းလှိုင်နဲ့ လက်တွဲမှု ရပ်ဆိုင်းထားကြောင်း လုပ်ငန်းအချို့ ထုတ်ပြန်

နေခြည်ဦးနဲ့ လက်တွဲ လုပ်ဆောင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းများ လက်တွဲဖြုတ်

Your Thoughts …
Tags: Boycottစစ်တပ်ထုတ်ကုန်ဆယ်လီဖြူဖြူထွေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နေပြည်တော် ထောင်ထဲရောက် ပေါင်မုန့်တထုပ်

နေပြည်တော် ထောင်ထဲရောက် ပေါင်မုန့်တထုပ်

by အောင်သူရ
8 July 2024
15k

စစ်ကောင်စီ ထုတ်ကုန်များအား သပိတ်မှောက်သူများထဲတွင် အကျဉ်းချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သည်။

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

by ဧရာဝတီ
5 July 2024
7.2k

ဇူလိုင်လ ၂ ရက်က နေပြည်တော်ရှိ စစ်တပ်အသိုင်းအဝန်းနှင့် ဆက်နွယ်နေသော VIP စားသောက်ဆိုင်တွင် လေးဖြူက သွားရောက် ဖျော်ဖြေရင်း ၎င်းကို သပိတ်မှောက်မည့် BC ဆိုသော စကားလုံးကို နားမလည်ကြောင်း၊ A to Z...

လေးဖြူကို ပရိသတ်တွေ သပိတ်မှောက် (ရုပ်/သံ)

လေးဖြူကို ပရိသတ်တွေ သပိတ်မှောက် (ရုပ်/သံ)

by မိုးသောက်
5 July 2024
3.7k

အဆိုတော် လေးဖြူဟာ စစ်ခေါင်းဆောင်တွေ အခြေစိုက်ရာ နေပြည်တော်မှာ ဇူလိုင်လ ၂ ရက်နေ့က လုပ်တဲ့ VIP ဘား တကိုယ်တော်ရှိုးပွဲမှာ Boycott လုပ်တာမသိဘူးလို့ ပြောဆိုခဲ့တာကြောင့် သူ့ရဲ့ပရိသတ်တွေ နဲ့ တေးရေးဆရာတချို့ က Boycott...

စစ်အာဏာသိမ်းမှုများကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများသည် တပြည်လုံး အနှံ့အပြား မြို့ရောတောပါ၊ ပြည်မရော တောင်တန်းဒေသပါ တပြည်လုံး အနှံ့အပြား အရှိန်အဟုန်ပြင်းစွာ ဖြစ်ခဲ့သည် / ဧရာဝတီ

အသွင်သစ် နွေဦးတော်လှန်ရေး၏ ထူးခြားချက် ၁၀ ချက်

by အေးချမ်းဆု
5 May 2022
10.9k

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး ပေါ်ထွက်လာသော နွေဦးတော်လှန်ရေးနှင့် ပတ်သက်ပြီး ကြည့်မြင်သုံးသပ်ကြရာတွင် ယခင်အတွေ့အကြုံများနှင့်ယှဉ်၍ သုံးသပ်ကြည့်မြင်လေ့ရှိကြသည်။

ဆယ်ကျော်သက် ကျောင်းသူများအကြောင်း အဓိက ပညာပေးရိုက်ကူးထားတဲ့ “ဆယ်လီ”

ဆယ်ကျော်သက် ကျောင်းသူများအကြောင်း အဓိက ပညာပေးရိုက်ကူးထားတဲ့ “ဆယ်လီ”

by သီဟတိုး
4 September 2017
15.3k

ကျောင်းစာထက် Facebook ကို အလေးထားသုံးတဲ့ ကျောင်းသူတွေက Facebook ကနေ ရည်းစားထားမိတဲ့အခါ Facebook မှာ လိမ်ညာဖြားယောင်းသွေးဆောင်နေတဲ့ ကိုဖိုးသားကြီး တပည့်တွေရဲ့ အဓိကပစ်မှတ်သားကောင်များ ဖြစ်လာပါတယ်။

Facebook Cele ဖြူဖြူထွေး  / Phyu Phyu Htwe's Facebook

ဖြူဖြူထွေးနဲ့ လက်တွဲမှု ရပ်ဆိုင်းကြောင်း လုပ်ငန်းပေါင်း ၂၀ ကျော် ထုတ်ပြန်

by ဧရာဝတီ
23 June 2021
48.9k

ပြည်သူများက Boycott လုပ်နေကြပြီး၊ ဖြူဖြူထွေးနဲ့ ကြော်ငြာထားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များကို ဆိုရှယ်မီဒီယာကနေ ပြန်လည် ဖြုတ်ချပေးဖို့ တောင်းဆိုမှုများလည်း ရှိနေပါတယ်။

Next Post
မြဝတီမြို့ သောင်ရင်းမြစ်ကမ်းနဖူးက hengsheng ကာစီနိုရုံ / Hengsheng Facebook

မြဝတီမှာ အခြေစိုက်ပြီး ကမ္ဘာတဝန်းကို ဖြန့်ကျက်နေတဲ့ တရုတ်လူလိမ်ဈေးကွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်  / CJ

စစ်တပ်က ဖမ်းဆီးထားသည့် တောင်ကုတ်ဒေသခံ ၇ ဦးအရေး မိသားစု စိုးရိမ်နေ

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
3.8k
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

1 day ago
3.7k

Most Read

  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate