သတင်း

ဗိုလ်ချုပ်ကြီး ယွက်စစ် အပစ်ရပ် ၁၀ ဖွဲ့၏ ခေါင်းဆောင် အဖြစ်မှ နှုတ်ထွက်စာတင်

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် အပစ်ရပ် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ရန် အဖွဲ့ဝင်များထံ ဇွန် ၂၉ ရက်နေ့က စာတင်ထားကြောင်း အပစ်ရပ်အဖွဲ့ သတင်းရင်းမြစ်ထံမှသိရသည်။

RCSS နှင့် နီးစပ်သူတဦးက “အကြောင်းအရင်းတော့ မသိရသေးပါဘူး။ မနက်ဖြန်မှာ PPST အစည်းအဝေးရှိတယ်။ အဲဒီအစည်းအဝေးအမီတင်တာပါ။ ဒီဥစ္စာက အစည်းအဝေးမှာ ဆွေးနွေးကြမှာဆိုတော့ ဘာမှ ပြောလို့မရသေးဘူးပေါ့။ သူက နှုတ်ထွက်ခွင့်တောင်းတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

နှုတ်ထွက်စာတင်ထားသည့် အကြောင်းအရင်းကို အတည်ပြုသော်လည်း မည်သည့် အတွက်ကြောင့် နှုတ်ထွက်စာ တင်ခြင်းနှင့် စာပါအကြောင်း အရာတို့ကိုတော့ မီဒီယာကို မပြောလိုသေးကြောင်း ၎င်းက ပြောသည်။

PPST ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို မနက်ဖြန် ဇူလိုင် ၁ ရက်နေ့တွင် ပြုလုပ်ရန်ရှိပြီး ထိုအစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးယွက်စစ် အနေဖြင့် ယာယီအဖွဲ့ခေါင်းဆောင် အဖြစ်မှ နှုတ်ထွက်စာတင်သည့် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးဖွယ်ရှိသည်ဟု ဆိုသည်။

PPST ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနှင့် နိုင်ငံရေး ညှိနှိုင်းမှုများ ပြုလုပ်ရန် NCA လက်မှတ် ထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

သို့သော်လည်း ၂၀၁၉ ခုနှစ်တွင် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဒုအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ တာဝန်များမှ နုတ်ထွက်သွားပြီးနောက် ဗိုလ်ချုပ်ကြီး ယွက်စစ်က ယာယီ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ဆက်ယူပေးခဲ့ခြင်းဖြစ်သည်။

အပစ်ရပ် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် PPST တွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ပအိုဝ့်အမျိုးသား လွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ပါဝင်သည်။

You may also like these stories:

PPST အဖွဲ့ ခေါင်းဆောင် ၂ ဦး နုတ်ထွက်

PPST ထိပ်သီးခေါင်းဆောင်များ အပြောင်းအလဲဖြစ်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading