• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျေးသီးမြို့နယ်တွင်း ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ကြား တိုက်ပွဲ ပြင်းထန်နေ

by ဧရာဝတီ
30 June 2021
in သတင်း
A A
၂၀၁၆ ခုနှစ်က ကျေးသီးမြို့နယ်တွင် တွေ့ရသည့် SSPP/ SSA တပ်ဖွဲ့ ဝင်များ / ဧရာဝတီ

၂၀၁၆ ခုနှစ်က ကျေးသီးမြို့နယ်တွင် တွေ့ရသည့် SSPP/ SSA တပ်ဖွဲ့ ဝင်များ / ဧရာဝတီ

43k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ လွယ်ဟွန်းတောင်ကြောတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ကြား တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်း ရရှိသည်။

RCSS ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး ခမ်းစံက “ဒီနေ့ တိုက်ပွဲ ဖြစ်နေတယ်။ ကျေးသီးမြို့နယ်နဲ့ မိုင်းနောင် ကြားထဲမှာ ရှိတဲ့ လွယ်ဟွန်းတောင်ကြောတလျှောက်မှာ တိုက်ပွဲစဖြစ်တာ ဇွန် ၁ ရက်ကနေ ဒီနေ့ထိဆိုတော့ တလ လောက် ရှိပါပြီ။ ကျနော်တို့ RCSS တပ်ဖွဲ့က တောင်ကြောပေါ်မှာ နဂိုတည်းက ရှိနေတာ။ SSPP က ကျနော်တို့ ရှိတဲ့နေ ရာကို လာပြီး ထိုးစစ်ဆင်တာပါ။ ဒီနေ့ တိုက်ပွဲကတော့ ပြင်းထန်နေပါတယ်” ဟု ပြောသည်။

RelatedPosts

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

19 July 2025
66
ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

19 July 2025
539
အာဇာနည်တွေ နေတဲ့တိုင်းပြည်

အာဇာနည်တွေ နေတဲ့တိုင်းပြည်

19 July 2025
345

လွယ်ဟွန်းတောင်ကြောသည် ကျေးသီးမြို့နှင့် မိုင်းနောင်မြို့နယ်ကြား ကားလမ်းနံဘေးတွင် တည်ရှိသည့် တောင်ကြော ဖြစ်ပြီး SSPP ၏ ဌာနချုပ်နယ်မြေ၊ မိုင်းရှုးမြို့နယ်၊ ဝမ်ဟိုင်းဒေသနှင့် ၁၀ မိုင်ကျော်သာ ကွာဝေးသည်။ ထိုတောင်ကြော ပေါ်တွင် RCSS က စခန်းထိုင်ထားသည်။

ဇွန် ၁ ရက်မှ စ၍ လွယ်ဟန်းတောင်ကြောတဝိုက်တွင် RCSS နှင့် SSPP ကြား တိုက်ခိုက်နေကြပြီး ဇွန်လအတွင်း ၅ ရက်ခန့် သာ တိုက်ခိုက်မှု ရပ်တန့်ခဲ့ကာ တလလုံးနီးပါး စစ်ရေး တင်းမာနေသည့် နေရာ ဖြစ်သည်။

ဗိုလ်မှူး ခမ်းစံက “သူတို့က ရွာထဲ လက်နက်ကြီးတွေ သယ်ပြီး ကျနော်တို့ကို ပစ်နေတာ။ ကျနော်တို့က ခုခံတဲ့ အဆင့် လောက်ပဲ ရှိသေးတယ် ခင်ဗျ။ စစ်ရှိန်တော့ မလျော့သေးဘူး။ သူတို့က အင်အား ထပ်ဖြည့်တယ်၊ ထိုးစစ်ဆင်တယ်။ ပြန် နားတယ်။ မိုးရွာရင် နားတယ်။ လူထပ်ဖြည့်တယ်။ နေရာပြောင်း ပြန်တိုက်တယ်။ သူတို့ အင်အား ထောင်ချီသုံးထားတယ်။ ၁၂၀ မမ ၊ ၈၂ မမ ၊ ၁၀၇ မမ Rocket တွေ သုံးတယ်။ ရှော့တိုက်ဒုံးတွေ သုံးတယ်။ သူတို့ အင်အား ၁၀၀၀ ကနေ ၂၀၀၀ ကြား ရှိနေပါတယ်” ဟု ဆိုသည်။

RCSS ဘက်က လွယ်ဟွန်းသည် ၎င်းတို့ တပ်စခန်းများ အခြေစိုက် တောင်ကြောဖြစ်သည်ဟု ပြောသော်လည်း SSPP က လွယ်ဟွန်းသည် ၎င်းတို့ တပ်ဖွဲ့၏ မူလပိုင်ဆိုင်သည့် တောင်ဖြစ်သဖြင့် ပြန်သိမ်းယူနိုင်ရန် တိုက်ခိုက်နေရခြင်း ဖြစ်သည်ဟု ပြောသည်။

SSPP၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ၊ ဗိုလ်မှူး စိုင်းဖုန်းဟန်က “လွယ်ဟွန်းတောင်ကြောကို စိုးမိုးပြီဆိုရင် ဝမ်ဟိုင်း အထိ လှမ်းပစ်ခတ်လို့ ရပါတယ်။ ၁၂၀ မမတို့ လှမ်းပစ်ရင် ရောက်နိုင်တယ်။ ဒီနေရာက သူတို့ ဌာနချုပ် လွယ်တိုင်းလျန်းနဲ့ မိုင် ၂၀၀ ကျော် ဝေးပါတယ်။ ကျနော်တို့ ဌာနချုပ်နဲ့ ၁၀ မိုင်နဲ့ ၈ မိုင်လောက်ပဲ ဝေးပါတယ်။ တော်တော် နီးတယ်။ ဒါ ကျနော်တို့ ကျူးကျော်နေတာ မဟုတ်ဘူး။ အချိန်မရွေး ကျနော်တို့ကို ထ တိုက်နိုင်တဲ့ အခြေအနေပါ။ ကျနော်တို့ လုံခြုံရေး အရ စဉ်းစားရတယ်” ဟု ပြောသည်။

၂၀၁၇ ခုနှစ်တွင် တပ်မတော်နှင့် SSPP ကြား မိုင်းရှုး၊ ကျေးသီးတခွင် တိုက်ပွဲဖြစ်ပွားနေချိန် RCSS က ဝင်ရောက် နေရာ ယူလိုက်ပြီး တောင်ကြောတဝိုက်ရှိ ကျေးရွာများကိုလည်း RCSS က အုပ်ချုပ်ရေး ယန္တရားများ ဖြန့်ကျက်လာသဖြင့် SSPP က ပြန်တိုက်ခိုက်နေရခြင်း ဖြစ်သည်ဟု ဗိုလ်မှူး စိုင်းဖုန်းဟန်က ဆိုသည်။

ရှမ်းပြည်နယ်တွင်း ရှမ်းတော်လှန်ရေး တပ်ဖွဲ့ အချင်းချင်း တိုက်ခိုက်နေခြင်းကြောင့် စစ်ရေးပဋိပက္ခများ ပြေလည်စေရန်၊ နှစ်ဖက် နယ်မြေပိုင်းခြားကာ နေကြရန်၊ နိုင်ငံရေး ဘုံသဘောတူညီချက်များ ထားရှိကြရန်အတွက် RCSS နှင့် SSPP ကြား တွင် ရှမ်းနိုင်ငံရေး အဖွဲ့အစည်းများ၊ ရှမ်းသံဃာတော်များက အကြိမ်ကြိမ် ဝင်ရောက် ညှိနှိုင်းပေးခဲ့သော်လည်း နှစ်ဖက် တပ်များကြား ညှိနှိုင်းနိုင်ခဲ့ခြင်း မရှိပါ။

ဗိုလ်မှူး စိုင်းဖုန်းဟန်က “သူတို့က ကျူးကျော်ရုံတင် မကဘူး။ ကျနော်တို့ကို အပြုတ်တိုက်ဖို့ ကြိုးစားမှု ရှိနေပါတယ်။ ကျနော်တို့မှာ အထောက်အထား အခိုင်အမာ ရှိတယ်။ ဝမ်ဟိုင်းတင် မကဘူး။ ကျနော်တို့ SSPP/SSA ဆိုတဲ့ ကျနော်တို့ မူလ အဖွဲ့အစည်းကိုတောင် သူတို့ မချန်ချင်ဘူး။ နည်းမျိုးစုံနဲ့ လုပ်နေတယ်။ ပြည်သူ လူထုကို စည်းရုံးမှု၊ နယ်မြေချဲ့ထွင်မှု၊ နယ်မြေ စိုးမိုးမှုကို လုပ်နေတာ ကျနော်တို့ သက်သေ အထောက်အထား အစုံရှိပါတယ်” ဟု ဆိုသည်။

SSPP ဘက်မှ လွယ်ဟွန်းတောင်ကြောကို ပြန်ထိန်းချုပ်နိုင်သည်အထိ ဆောင်ရွက်မည်ဟုလည်း ဆိုသည်။

တဖက်နှင့်တဖက် စစ်အင်အား ထောင်ချီ အသုံးပြုကာ တိုက်ခိုက်နေသည့် လွယ်ဟွန်းစစ်မျက်နှာပြင်တွင် RCSS နှင့် SSPP တို့ နှစ်ဖက်တပ်က ၎င်းတို့ နှစ်ဖွဲ့တည်း တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ပြောဆိုနေကြသော်လည်း မြေပြင်ဒေသခံများက တိုက်ပွဲတွင်း ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ စစ်သားများပါ ပါဝင်နေသည်ဟု ဆိုသည်။

ဒေသခံများ၏ ပြောဆိုချက်အရ လွယ်ဟွန်းတောင်ကြောတဝိုက်တွင် UWSA စစ်သားများ ရာနှင့်ချီ ရောက်ရှိနေသည်ဟု သိရသည်။

UWSA သည် သံလွင်မြစ်အနောက်ဘက်ခြမ်းတွင် တည်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်ပြီး SSPP သည် သံလွင်မြစ်အရှေ့ဘက်ခြမ်းတွင် အခြေစိုက်သည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ကာ UWSA နှင့် SSPP သည် ဆက်ဆံရေး ခိုင်မာသည့် မဟာမိတ်တပ်ဖွဲ့များ ဖြစ်သည်။

ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲများကြောင့် ကျေးသီးမြို့နယ်အတွင်းက စစ်ဘေးရှောင်ရနေရသည့် အရပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ- Tai Youth)

စစ်ဘေးရှောင်နေရသည့် ဒေသခံတဦးက “လွယ်ဟွန်းဆိုတာ တောင်သက်သက်၊ တောသက်သက်ရှိတဲ့ နေရာ မဟုတ်ဘူး။ ရှမ်းရွာတွေ အများကြီးပဲ ရှိတယ်။ မိုင်းနင်၊ နောင်ဆွမ်း အုပ်စုတွေ အများကြီးပဲ။ တအုပ်စုမှာ ရွာ ၇ ရွာ၊ ၈ ရွာ ရှိတယ်။ သူတို့ တိုက်ပွဲကြောင့် ရွာသားတွေ အများကြီး ပြေးရတယ်။ ဝ တွေ ရောက်နေတာက ဒီလိုပဲ ဖြတ်သန်းသွားနေတော့ မြင်ကြတယ်လေ။ သူတို့က ရှမ်းတွေနဲ့ ပုံစံမှ မတူဘဲ။ ဒေသခံတွေက သိတာပေါ့” ဟု ဆိုသည်။

လွယ်ဟွန်းတိုက်ပွဲတွင် ဝ စစ်သားများ ပါဝင်နေခြင်းနှင့် ပတ်သက်၍ မေးမြန်းရန် UWSA ဘက်သို့ ဖုန်းဖြင့် ဆက်သွယ် သော်လည်း ဆက်သွယ်၍ မရပါ။

ဇွန် ၁ ရက်က စတင်ခဲ့သည့် လွယ်ဟွန်း တိုက်ပွဲကြောင့် တောင်ကြောတဝိုက်တွင် နေထိုင်သည့် ဒေသခံလူဦးရေ ၁၀၀၀ ကျော်သည် စစ်ဘေးလွတ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေးရှောင်ဒုက္ခသည်များအဖြစ် ခိုလှုံနေရ သည်။

ဇွန် ၂၄ ရက်က ထုတ်ပြန်ထားသည့် UNOCHA ၏ စာရင်းတွင် ဇွန်လအတွင်း တိုက်ပွဲများကြောင့် ကျေးသီးနှင့် မိုင်းကိုင်မြို့ နယ်တွင် နေရပ်စွန့်ခွာ ထွက်ပြေး ရသည့် အရပ်သား ဦးရေမှာ ၁၆၆၀ ခန့်ရှိသည်ဟု ဆိုထားသည်။

ကျေးသီးမြို့နယ်အတွင်း ဇွန်ပထမပတ်က ထွက်ပြေးရသည့် အရပ်သား ၁၀၀၀ ကျော်အနက် အချို့သည် တိုက်ခိုက်မှုများ ငြိမ်သက်နေချိန်တွင် နေရပ်သို့ ခေတ္တပြန်ကြသော်လည်း အများစုသည် စစ်ဘေးရှောင်ဒုက္ခသည်များအဖြစ် ဘေးလွတ် ရာတွင် ဆက်လက်ခိုလှုံနေဆဲ ဖြစ်သည်။

ကျေးသီးမြို့နယ်တွင်း တိုက်ပွဲဖြစ်ပွားသည့် ဧရိယာတလျှောက် နေထိုင်သူ ဒေသခံအားလုံးသည် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ ဖြစ်သဖြင့် မိုးတွင်းကာလ စိုက်ပျိုးရေးလုပ်ရမည့်အချိန်တွင် ပြေးလွှားနေရခြင်းကြောင့် စီးပွားရေးကို ထိခိုက်မှုများရှိသည်ဟု ပြောဆိုကြသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ဒေသမှ မိုင်းရှုးမြို့နယ်ဘက်သို့ ထွက်ပြေး တိမ်းရှောင်နေသူ အမျိုးသမီးတဦးက “ကျမတို့မှာ ကိုဗစ် ကြောင့် စီးပွားတွေ မဖြစ်တာကတမျိုး၊ စစ်ကောင်စီကြောင့် မတည်ငြိမ်တာ တမျိုး၊ အခု ရှမ်းအချင်းချင်း ပြန်တိုက်နေကြလို့ ပြေးရတာ တမျိုးနဲ့ အတော်ကို ဒုက္ခဖြစ်ပါတယ်။ ကသီပါတယ်။ သူတို့နှစ်ဖွဲ့ကို ပြေလည်စေချင်တယ်။ အေးချမ်းချင်တယ်” ဟု ပြောသည်။

ကျေးသီးမြို့နယ်အတွင်း စစ်ရေးတင်းမာမှုများရှိနေချိန် ယနေ့မနက် ၈ နာရီခွဲခန့်တွင် ကျေးသီးမြို့အခြေစိုက် စစ်ကောင်စီ တပ်ကလည်း ကျေးသီး-မိုင်းနောင် ကားလမ်းကို အသွားအလာ ပိတ်ပင်ခဲ့သည်။

ကျေးသီးတွင် တိုက်ပွဲဖြစ်ပွားနေသည့် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ အနက် RCSS သည်၂၀၁၅ ခုနှစ်တွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်တို့နှင့်အတူ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုး ထားကာ အာဏာမသိမ်းခင်ကာလအထိ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည့် တပ်ဖွဲ့ ဖြစ်သည်။

SSPP သည် ပဏာမ အပစ်ရပ်စာချုပ်များ ထိုးထားသော်လည်း NCA ကို လက်မှတ်ရေးထိုးထားခြင်း မရှိဘဲ ညှိနှိုင်းနေဆဲ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ ဖြစ်သည်။

UWSA သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်ရပ်စာချုပ် ချုပ်ဆိုထားကာ ပြည်တွင်း၌ စစ်အင်အားနှင့် လက်နက်ခဲ ယမ်း အင်အား အတောင့်တင်းဆုံး အဖြစ် ရပ်တည်နေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။

You may also like these stories:

ဗိုလ်ချုပ်ကြီး ယွက်စစ် အပစ်ရပ် ၁၀ ဖွဲ့၏ ခေါင်းဆောင် အဖြစ်မှ နှုတ်ထွက်စာတင်

နမ့်ခမ်းမြို့နယ် သျှမ်းလူငယ်အဖွဲ့ ဒုဥက္ကဋ္ဌ SSPP လက်ထဲတွင် သေဆုံး

Your Thoughts …
Tags: RCSS/SSASSPP/SSAကျေးသီးစစ်ရှောင်တိုက်ပွဲလွယ်ဟွန်းတောင်ကြော
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.7k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

by ဧရာဝတီ
5 August 2023
11.5k

ကျနော်တို့အဖွဲ့စည်းဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်မည့် မည်သည့်အဖွဲ့ နဲ့မဆို ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်

အရှိန်မြင့်လာဖွယ်ရှိတဲ့ မန္တလေး PDF ရဲ့ ကနောင်စစ်ဆင်ရေး

အရှိန်မြင့်လာဖွယ်ရှိတဲ့ မန္တလေး PDF ရဲ့ ကနောင်စစ်ဆင်ရေး

by စောရယ်
29 September 2023
11.2k

ကနောင်စစ်ဆင်ရေးအရ မန္တလေးတိုင်း မတ္တရာ၊ ပြင်ဦးလွင်၊ မိုးကုတ်နှင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ကြားတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် တိုက်ပွဲများ ဖော်ဆောင်သွားမည်

လားရှိုး ခလရ-၂၉၁ ကို မြောက်ပိုင်းတပ်များ သိမ်း

လားရှိုး ခလရ-၂၉၁ ကို မြောက်ပိုင်းတပ်များ သိမ်း

by မိုင်းခြိူဝ်းဇာရ်
6 July 2024
10.7k

လားရှိုးအား စွန့်ခွာသူများသည် လားရှိုး-စဉ့်အင်ဖောင်ဆိပ်-သီပေါ ၉ မိုင်လမ်းခွဲ- နမ့်လန်မှ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့သို့ ဦးတည်တိမ်းရှောင်နေကြပြီး စဉ့်အင်ဖောင်ဆိပ်တွင် ချောင်းကူးရန် ကြန့်ကြာမှုများ ဖြစ်ပေါ်နေကာ စစ်ရှောင် ကားအစီးရေ ရာချီ စောင့်ဆိုင်းနေရကြောင်း

Next Post
အင်းစိန် အကျဥ်းထောင်မှ သတင်းထောက်များ အပါအဝင် အကျဉ်းသားများကို စတင်လွှတ်ပေး (ရုပ်/သံ)

အင်းစိန် အကျဥ်းထောင်မှ သတင်းထောက်များ အပါအဝင် အကျဉ်းသားများကို စတင်လွှတ်ပေး (ရုပ်/သံ)

သရုပ်ဆောင်မေတိုးခိုင်

သရုပ်ဆောင်များထဲမှ မေတိုးခိုင် ၁ ဦးသာ ပြန်လွတ်လာ

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
3.8k
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

1 day ago
3.6k

Most Read

  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate