သတင်း

Auntie Anne ' s ပေါင်မုန့်ဆိုင်များ မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်

Want create site? Find Free WordPress Themes and plugins.

၂၀၁၉ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခဲ့သည့် နာမည်ကြီး လူသိများသော အမေရိကန် အခြေစိုက် Auntie Anne’s ပေါင်မုန့်ဆိုင်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ထိုကုမ္ပဏီက ယနေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။

Auntie Anne’s မုန့်ဆိုင်များကို ရန်ကုန်မြို့ Junction Square ၊ မြန်မာပလာဇာနှင့် Junction City တို့တွင် ဆိုင်ခွဲများ ဖွင့် လှစ်ထားကာ Junction Square ဆိုင်ခွဲကို ဇွန်လ ၃၀ ရက်တွင် ပိတ်လိုက်ပြီဖြစ်ပြီး၊ ကျန်ဆိုင်ခွဲများကို သြဂုတ်လ ၁၆ရက် နောက်ဆုံးထားကာ ပိတ်သိမ်းသွားမည်ဟု သိရသည်။

Auntie Anne’s အနေဖြင့် မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ် အစောပိုင်းတွင် စတင် ဝင်ရောက်လာခဲ့ပြီး ရန်ကုန်မြို့တွင်းရှိ ဈေးဝယ် စင်တာများတွင် ဈေးဝယ်ထွက်သူများအား အရသာ ကောင်းမွန်သည့် မုန့်မျိုးစုံဖြင့် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ခဲ့သော် လည်း လက်ရှိ ပြောင်းလဲလာသော အခြေအနေ အရပ်ရပ်များကြောင့် ဆိုင်ခွဲများကို ပိတ်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆိုင်ခွဲများ ပိတ်သိမ်းရခြင်း၏ အသေးစိတ် အချက်အလက်ကို သိရှိနိုင်ရန် Auntie Anne’s ဆိုင်ခွဲများကို မြန်မာနိုင်ငံတွင် Franchise (ကုန်အမှတ်တံဆိပ် အမည်နှင့် စီးပွားရေး စနစ်များကိုယူ၍ လုပ်ငန်းခွဲပေးခြင်း) စနစ်ဖြင့် ဖွင့်လှစ်ခွင့်ရရှိထား သော ရိုးမကုမ္ပဏီအုပ်စုသို့ ဧရာဝတီ သတင်းဌာနက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

Auntie Anne’s ကဲ့သို့ ထိုင်ဝမ်အခြေစိုက် KOI The’ Bubble Tea Shop ဆိုင်သည် မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသော ၎င်း၏ ဆိုင်ခွဲများကို ပြီးခဲ့သည့် ဇွန်လအတွင်းက ပိတ်သိမ်းသွားခဲ့သည်။

ကိုဗစ် ၁၉ ကြောင့် စီးပွားရေး ကျဆင်းမှု၊ သယ်ယူပို့ဆောင်ရေး အခက်အခဲအပြင် စစ်အာဏာသိမ်းမှုကြောင့် ဈေးကွက် ဝယ် လိုအား ကျဆင်းခြင်း၊ ကုန်ကြမ်းရရှိမှု အခက်အခဲနှင့် ဘဏ်လုပ်ငန်း အကျပ်အတည်းများကြောင့် ငွေကြေး လည်ပတ် စီးဆင်း မှု အခက်အခဲများကြောင့် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံထားသော နိုင်ငံခြားကုမ္ပဏီများသည် ယာယီ လုပ်ငန်း ရပ်ဆိုင်းခြင်းနှင့် အပြီး ပိတ်သိမ်းခြင်းများ ရှိလာနေသည်။

You may also like these stories:

အာဏာသိမ်းပြီးနောက် စက်ရုံအလုပ်ရုံများ ပိတ်သိမ်းမှု များလာ

စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် အလုပ်လက်မဲ့ဦးရေ ၁၀ သန်း ကျော်ထိ ရှိလာနိုင်

အာဏာသိမ်းပြီးနောက် သီလဝါအထူးစီးပွားရေးဇုန်၌ ယာယီရပ်ဆိုင်းသည့် စက်ရုံ ၃၀ နီးပါးရှိလာ

Did you find apk for android? You can find new Free Android Games and apps.
Loading