သတင်း

စွပ်စွဲချက်များ မကျူးလွန်၍ ဥပဒေနှင့် မညီသည့်အချက်များ ပေါ်အောင် စစ်ရန် ဒေါ်အောင်ဆန်းစုကြည်ပြော

Want create site? Find Free WordPress Themes and plugins.

အာဏာသိမ်း စစ်ကောင်စီက ၎င်းအား တရားစွဲထားသည့် အမှုများ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီမှုကို ပေါ်လွင် အောင် စစ်မေးရန် ဒေါ်အောင်ဆန်းစုကြည်က ပြောထားကြောင်း ရှေ့နေတဦးက ယနေ့ ရုံးချိန်း (ဇူလိုင် ၅ ရက်) တွင် ပြော သည်။

“သူ့ကိုယ်သူ ယုံကြည်တယ်။ အဂတိ လိုက်စားမှုလဲ သူ မကျူးလွန်ဘူး၊ အပြစ်မရှိဘူး၊ အမှုတွေမှာ တရားဥပဒေ လုပ်ထုံး လုပ် နည်းနဲ့ မညီညွတ်တာတွေကို ပေါ်လွင်အောင် စစ်ပေးဖို့ ပြောထားတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးက ပြော သည်။

ယနေ့ တရားခွင် မစတင်မီ ရှေ့နေအဖွဲ့အား ပုံမှန် စစ်ဆေးမှုများအပြင် အမှုနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများအား တရွက်ချင်း စစ်ဆေးမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

“စာရွက်စာတမ်းတွေကတော တရွက်မကျန် စစ်ခံရတယ်၊ အဲဒါတော့ ထူးခြားတယ်။ အဲဒါကြောင့် တအား ကြာသွားပြီး စကားပြောချိန် နည်းသွားတယ်” ဟု ရှေ့နေတဦးက ပြောသည်။

တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် တို့အပေါ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲထားမှုအတွက် တရားလိုပြသက်သေအဖြစ် ဇေယျသိဒ္ဓိရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး စာရေးတဦးနှင့် အမှတ် ၄ ရဲစခန်းမှ နယ်ထိန်း တဦးတို့အား စစ်ဆေးခဲ့သည်။

ယင်းပြင် ဒေါ်အောင်ဆန်းစုကြည်အား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ဖြင့် တရားစွဲထားမှုမှ တရားလိုပြသက်သေ ၄ ဦးနှင့် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့်တရားစွဲထားမှုမှ တရားလိုပြသက်သေ ၂ ဦးတို့ကိုလည်း စစ်ဆေးခဲ့သည်။

ယင်း ပုဒ်မ နှစ်ခုသည် အာဏာသိမ်းစဉ်က ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်ဖမ်းဆီးရာတွင် စကားပြောစက်များ သိမ်း ဆည်းရမိခဲ့သည် ဟုဆိုကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

“ဒီနေ့ တရားခွင်မှာ မြေပုံနဲ့ပြပြီး မေးခဲ့တာ၊ ဒီပစ္စည်းတွေက ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲက မိတာတွေလည်း မဟုတ် ဘူး။ ပြည်ထဲရေး ဝန်ကြီးဌာနက ခန့်ထားတဲ့ ရဲတွေဆီက မိတာ ပေါ်လွင်တယ်။ တကယ်တမ်းကျတော့ ဒီအမှုက တရားစွဲဖို့ အကြောင်းမှ မရှိတာ” ဟု ရှေ့နေတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲထားသည့်အမှုမှ ကြားဖြတ်အမိန့်အပေါ် ဒက္ခိခရိုင်တရားရုံးသို့ အယူခံ တက်ခဲ့ရာတွင်လည်း တရားရုံးက ပလပ်ခဲ့သည့်အတွက် တိုင်းတရားလွှတ်တော်သို့ ဆက်ပြီး အယူခံတက်မည်ဖြစ်ကြောင်း ရှေ့နေဖြစ်သူ ဒေါ်မင်း မင်းစိုးက ပြောသည်။

အဆိုပါ အယူခံသည့် ပုဒ်မ ၅၀၅ (ခ) အမှုမှ တရားလိုဖြစ်သူက သက်သေခံအဖြစ်တင်သွင်းထားသည့် NLD ပါတီ ဗဟို အလုပ် အမှုဆောင်အဖွဲ့ ထုတ်ပြန်ချက်နှစ်စောင်အား ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က သက်သေခံအဖြစ် လက်မခံ ရန် ကန့်ကွက်မှုအပေါ် ပယ်ချကာ တရားရုံးက ပြီးခဲ့သည့်ရုံးချိန်းတွင် သက်သေခံအဖြစ် လက်ခံခဲ့ သည့်အတွက် အယူခံ တက်နေခြင်းဖြစ်သည်။

ရှေ့နေဖြစ်သူ ဒေါ်မင်းမင်းစိုးက “တိုင်းဒေသကြီး တရားလွှတ်တော်ကို (အယူခံ)ဆက်ပြီး တက်သွားမှာပါ။ တက်လို့ ရသ လောက်အထိ တက်မှာပါ”ဟု ပြောသည်။

မနက်ဖြန် ဇူလိုင် ၆ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဒေါက်တာ မျိုးအောင်တို့အား ဆက်လက် ရုံးထုတ်မည် ဖြစ်သည်။

You may also like these stories:

ကိုဗစ်ကူးစက်မှု မြင့်တက်နေလို့ ပြည်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်နေ

ဦးရဲမင်းဦးကို စွဲဆိုထားသည့် ပုဒ်မ ၄၀၉ အမှု အင်းစိန်ထောင်တွင် စတင် စစ်ဆေး

ဒေါ်အောင်ဆန်းစုကြည် ၅၀၅(ခ)အမှု ကြားဖြတ်အမိန့် ရှုံးနိမ့်

Did you find apk for android? You can find new Free Android Games and apps.
Loading