ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသော တိုင်းရင်းသား တော်လှန်ရေး အင်အားစုများကြား ညီညွတ်စွာ တိုက်ပွဲနိုင်ကြလိမ့်မည်ဟု ယုံကြည်ကြောင်း အင်းစိန်ထောင်မှ အဖမ်းဆီးခံ နွေဦးတော် လှန်ရေး အင်အားစုများက ပြောသည်။
အဆိုပါ နိုင်ငံရေး အကျဉ်းသားများသည် ၅၉ နှစ်မြောက် 7 July နေ့ အထိမ်းအမှတ်အဖြစ် လက်ရေးစာမူဖြင့် ကြေညာချက် တစောင် ရေးသားကာ အင်းစိန်ထောင်ပြင်ပသို့ လျှို့ဝှက်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ကြေညာချက်ထဲတွင် NUG နှင့် EAO များအကြား မည်ကဲ့သို့ တိုက်ပွဲဆင်ကြမည်၊ ဖက်ဒရယ် ပြည်ထောင်စုကို မည်သည့် ဖွဲ့စည်းပုံဖြင့် တည်ဆောက်ကြမည်ကို ဆွေးနွေးကာ ကတိစာချုပ် တခု ချုပ်ဆိုနိုင်ရန်လည်း မျှော်လင့်ကြောင်း ဖော်ပြထား သည်။
ထို ကြေညာချက်ကို ထောင်အပြင်သို့ ရောက်ရန် ဆောင်ရွက်ခဲ့သူ တဦးက “အဓိကကတော့ အင်းစိန်ထောင်ထဲ ရောက် နေတဲ့ ကျနော်တို့ရဲဘော်တွေ အနေနဲ့ ဖိနှိပ်မှုတွေကို ဘယ်လိုအခြေအနေမှာမဆို ဆန့်ကျင်ကြတဲ့ သဘောပါပဲ” ဟု ကြေညာချက် ထုတ်ရခြင်းနှင့် ပတ်သက်၍ ဧရာဝတီသို့ ပြောသည်။

ဆဲဗင်းဂျူလိုင် စိတ်ဓာတ်ကို အစဉ်အောက်မေ့ပြီး ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင် ဖြုတ်ချရေး တိုက် ပွဲအတွင်း အသက်သွေး ချွေး စတေးခဲ့ကြသည့် အာဇာနည်အပေါင်းကို အလေးအမြတ်ပြုသည့်အနေနှင့် ကြေညာချက် ထုတ်ရခြင်းဖြစ်ကြောင်း အဖမ်းဆီးခံ နွေဦးတော်လှန်ရေးအင်အားစုများ၏ စာအရသိရသည်။
လွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံတွင် ပထမဆုံး အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းက ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် ရန်ကုန်တက္ကသိုလ်ရှိ အာဏာရှင် ဆန့်ကျင်သော ကျောင်းသားများကို ပစ်သတ်ခဲ့ပြီး ကျောင်းသားသမဂ္ဂ အဆောက်အအုံကိုလည်း ဗုံးခွဲ ဖျက်ဆီးခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံတွင် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဖျက်ဆီးခံရမှုနှင့် သေဆုံးသွားသော ကျောင်း သားများကို ရည်စူးကာ အာဏာရှင်ဆန့်ကျင်သော ကျောင်းသားနှင့် ပြည်သူများက နှစ်စဉ် ဇူလိုင် ၇ ရက် ရောက်တိုင်း အောက်မေ့ဖွယ် အခမ်းအနားဖြင့် ဂုဏ်ပြုကြခြင်း ဖြစ်သည်။
လက်ရှိကာလတွင်လည်း ရန်ကုန်နှင့် မန္တလေးအပါအဝင် မြို့အချို့၌ 7 July နေ့အထိမ်းအမှတ်ဖြစ် ဖေဖော်ဝါရီလ ၁ ရက်က အာဏာသိမ်းထားသော စစ်ကောင်စီကို ဆန့်ကျင်သည့် ပြောက်ကျားပုံစံဖြင့် လမ်းလျှောက်ချီတက် ဆန္ဒပြပွဲများ ပြုလုပ်နေ ကြလျက်ရှိသည်။
You may also like these stories:
ဆိတ်ငြိမ်မျိုးဆက်ရဲ့ တော်လှန်ရေးမှသည်
ကိုဗစ်ကူးစက်ပျံ့နှံ့မှုများကြောင့် အင်းစိန်ထောင်တွင်း ရုံးထုတ် စစ်ဆေးမှု ယာယီရပ်ဆိုင်း