သတင်း

ကိုဗစ်ကို ပြည်သူလူထု ပူးပေါင်းမှုဖြင့် ကျော်လွှားမည်ဟု စစ်ခေါင်းဆောင်ပြော

Want create site? Find Free WordPress Themes and plugins.

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင်း ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ တတိယ လှိုင်းကို ပြည်သူလူထု၏ တာဝန်သိသိ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အစည်းအဝေးတွင် ပြောဆိုသည်။

၎င်းက “ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ တိုင်းသူပြည်သားတွေရဲ့ တာဝန်သိသိ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လုပ်မယ် ဆိုရင်တော့ ကျော်လွှားနိုင်မယ်လို့ ကျနော် ပြောလိုပါတယ်။ အဲဒါကို အဓိကထား ပြောလိုပါတယ်” ဟု ပြောသည်။

ဇွန်လ ၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းအစည်းအဝေးတွင် စစ်ဘက်ဆိုင် ရာ ခေါင်းဆောင်များ အပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ယင်းအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သက်ဆိုင်ရာ ကျန်းမာရေးသင်တန်း တက်ပြီးသူများ အနေဖြင့် နီးစပ်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးအဖွဲ့များနှင့် ဆက်သွယ်ပြီး ဆောင်ရွက်ပေးရန် ကြေညာပါက ကိုဗစ် ကုသရေးအတွက် ကျန်းမာရေးဝန်ထမ်း အများအပြား ရနိုင်မည်ဟုလည်း ပြောဆိုခဲ့သည်။

“နိုင်ငံတော်က ကြေညာပေးလိုက်တာ ကောင်းတယ်။ အဲဒါဆိုရင် ပိုပြီးတော့ ထိရောက်လိမ့်မယ်။ အများကြီး ရနိုင်တယ်။ မြန်မာတွေက Volunteer (စေတနာ့ဝန်ထမ်း) စိတ်ရှိပါတယ်။ သူများတိုင်းပြည်နဲ့ မတူတာက ကျနော်တို့မှာ လူမှုရေး စိတ်ရှိတယ်။ ကူကြ၊ ကယ်ကြမယ့်သူတွေ အများကြီးရှိတယ်” ဟု ၎င်းက ပြောသည်။

သို့သော် လက်တွေ့ မြေပြင်တွင်မူ ကိုဗစ်တတိယလှိုင်းကို ရင်ဆိုင်နေသည့် ပြည်သူလူထုက စစ်ကောင်စီ၏ ကုသမှုကို မခံ ယူလိုသဖြင့် နေအိမ်တွင် မိမိအစီအစဉ်ဖြင့် ကုသခြင်းများ ရှိနေသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက် ထက်ကကဲ့သို့ စေတနာ့ဝန်ထမ်း အများအပြားက ပါဝင်ကူညီခြင်း၊ လုပ်ငန်းရှင်နှင့် ပြည်သူများ၏ ကူညီပံ့ပိုးပေးခြင်းများ လည်း လုံးဝ မရှိတော့သည်ကို တွေ့ရသည်။

ကိုဗစ်ကူးစက်မှု အလွန်မြင့်မားနေပြီး ကိုဗစ်သံသယဖြင့် နေ့စဉ် သေဆုံးမှု ရှိနေသည့် ကလေးမြို့၌ပင် စစ်ကောင်စီကို အယုံ အကြည် မရှိသဖြင့် ၎င်းတို့၏ Quarantine စင်တာများသို့ သွားရောက် ကုသမှုမပြုသလို စစ်ကောင်စီအား လှူဒါန်း ပံ့ပိုး ခြင်းမရှိဘဲ ကိုယ်ထူကိုယ်ထ အစီအစဉ်များဖြင့် ရောဂါကုသမှုများ ပြုလုပ်နေကြသည်ဟု ကလေးမြို့ခံ တဦးက ပြောသည်။

၎င်းက “NLD လက်ထက်တုန်းကဆို ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ လှူတာတွေ တော်တော်များတယ်။ တမြို့လုံး အတိုင်းအ တာနဲ့ ဝိုင်းလှူကြတယ်။ အခုကျတော့ မလှူရဲကြတော့ဘူး။ လှူတဲ့သူ မရှိဘူးလားဆို ရှိတော့ရှိတယ်။ လူနည်းစုလေးပဲ လှူ ကြတယ်။ စစ်တပ်က လောလောဆယ်မှာ ကိုင်နေတော့ မယုံရဲတာပေါ့။ အလှူငွေတွေများ ဘုန်းသွားမလားဆိုပြီး သံသယ စိတ်တွေနဲ့ မလှူရဲကြဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှု အလွန်မြင့်တက်လာနေသည့် တတိယလှိုင်း ကာလအတွင်း ကျန်းမာရေးယန္တရား ပျက် သုဉ်းနေသဖြင့် ဆရာဝန်၊ သူနာပြုများ လုံလောက်မှု မရှိခြင်း၊ ဆေးဝါးမလုံလောက်ခြင်း၊ အောက်ဆီဂျင် မလုံလောက်ခြင်း၊ Quarantine စင်တာများ ချို့တဲ့အားနည်းခြင်းများကိုပါ တပြိုင်တည်း ကြုံတွေ့နေရသည်။

စစ်ကောင်စီကမူ လက်တလော မြင့်တက်လာသည့် ကိုဗစ်ကုသရေးအတွက် ဆရာဝန်များကို ကန်ထရိုက် စနစ်ဖြင့် ခန့် ထားမည်ဖြစ်ပြီး တပ်မတော်မှ ဆေးတပ်ကြပ်များ အသုံးပြုရန်နှင့် အသွားအလာ ကန့်သတ် စောင့်ကြည့်ရမည့် သူများကို နေရာဒေသအလိုက် ထားရှိနိုင်ရန် တပ်ရင်းတပ်ဖွဲ့များကိုလည်း အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကျနော်တို့ဆီမှာ ဆေးတပ်ကြပ်တွေ ရှိတယ်။ Medical Corporal တွေ Medical Sergeant တွေ ရှိတယ်။ သူတို့လည်း သုံးလို့ရတယ်။ အနည်းဆုံးတော့ Third Grade တက်ပြီးသားတွေ၊ အနည်းဆုံးတော့ ဆေးထိုးပေးလို့ရတယ်ဗျာ” ဟု ပြောသည်။

ကိုဗစ်ကာကွယ်ဆေးနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ရုရှားတွင် ကာကွယ်ရေးဝန်ကြီး၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်များ နှင့် တွေ့ဆုံကာ ကိုဗစ်ကာကွယ်ဆေး ၂ သန်း လိုအပ်ကြောင်း ပြောကြားခဲ့ပြီး သဘောတူညီမှု ရရှိခဲ့သော်လည်း ယခုလ အတွင်း သောင်းဂဏန်းခန့်သာ ရောက်ရှိနိုင်မည်ဟု ဆိုသည်။

“၂ သန်း လိုချင်တယ်ပြောတော့ ရမယ်တဲ့။ သူတို့မှာ အခက်အခဲက ဘာလဲဆိုတော့ သူတို့ရဲ့ ထုတ်နိုင်တဲ့ Capacity က အများကြီး မရှိဘူး။ ခွဲခွဲပြီး ပို့နေရတာ။ မရတော့ မဟုတ်ဘူး။ ဒီလထဲမှာ သူတို့ စပို့မယ်ပြောတယ်။ ဘယ်လောက်ပေးမယ် ဆိုတာ ပို့မယ့်အချိန်မှ သူတို့ ပြောန်ိုင်မယ် ပြောပါတယ်။ သောင်းဂဏန်းအထက်တော့ ရှိပါလိမ့်မယ်” ဟု အစည်းအဝေး တွင် ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ရုရှားခရီးစဉ်က ပြန်လာပြီး လူမြင်ကွင်းမှ ရက်အတန်ကြာပျောက်နေရာမှ ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ကိုဗစ်ရောဂါ၊ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက် ရောက်ခဲ့ခြင်းဖြစ်သည်။

မေလ ၂၇ ရက်မှ ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ အနက် ၂၉၆ မြို့နယ်တွင် ကိုဗစ်ဖြစ်ပွားမှုများ ရှိနေကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဇွန်လ ၂၈ ရက်နေ့မှ စတင်ကာ ပိုးတွေ့ရှိသူ ၁,၀၀၀ အထက်သို့ ရောက်ရှိလာရာမှ ယမန်နေ့ည ထုတ်ပြန်ချက်အရ ၄,၃၂၀ ဦးအထိ အမြင့်ဆုံး အခြေအနေ သို့ ရောက်ရှိလာသည်။

ထို့ပြင် သေဆုံးမှု ကိန်းဂဏန်းသည်လည်း ဇွန်လ ၂၈ ရက်နေ့မှ စတင်ကာ ၁၀ ဦးအထက်တွင် နေ့စဉ် သေဆုံးလာရာမှ ဇူလိုင် ၆ နေ့တွင် ၅၂ ဦးအထိ မြင့်တက်လာပြီး ယမန်နေ့ ထုတ်ပြန်ချက်အရ ၆၄ ဦးအထိ သေဆုံးမှု ရှိလာသည်။

ကိုဗစ်တတိယလှိုင်းတွင် ပိုးတွေ့ရှိသူ ၄ သောင်းကျော်ရှိနေပြီး သေဆုံးသူ ၄၆၉ ဦးအထိ ရှိပြီ ဖြစ်သည်။

ou may also like these stories:

ကိုဗစ်ပိုးတွေ့သူနှုန်း မြင့်လာ၊ တရက်အတွင်း ၅၂ ဦး အထိ သေဆုံးမှုရှိ

စစ်ဘေးရော ကိုဗစ်ဘေးပါ ကလေးမြို့ ကပ်ဆိုက်

စစ်တပ်မိသားစုများပင် ကိုဗစ်-၁၉ ကုသရေး မရေရာ

Did you find apk for android? You can find new Free Android Games and apps.
Loading