သတင်း

တပတ်တာအတွင်း ကိုဗစ်သေဆုံးမှုမှာ နေ့စဉ် လူ ၅၀ အထက်တွင် ရှိနေ

Want create site? Find Free WordPress Themes and plugins.

ကိုဗစ်တတိယလှိုင်း ဖြစ်ပွားမှုတွင် ကူးစက်မှုနှုန်းများ မြင့်တက်နေသလို သေဆုံးမှုမှာလည်း ဇူလိုင်လ ၆ ရက်မှ စတင်ကာ ၁ ပတ်တာအတွင်း နေ့စဉ် သေဆုံးသူ ၅၀ အထက်တွင် ရှိနေကြောင်း စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန ထုတ်ပြန်ထားချက်အရ သိရသည်။

ဇူလိုင်လ ၆ ရက်မှ စတင်ကာ နေ့စဉ် ပိုးတွေ့ရှိသူ ၃,၀၀၀ ထောင်ကျော် အထက်သို့ စံချိန်တင် မြင့်တာလာပြီး သေဆုံးမှုမှာ လည်း ဇူလိုင် ၆၊ ၇၊ ၈ ရက်များတွင် ၅၀ ကျော် နေ့စဉ် သေဆုံးရာမှာ ၉ ရက်တွင် ၆၄ ဦး၊ ၁၀ ရက်တွင် ၇၁ ဦးနှင့် ၁၁ ရက် တွင် အမြင့်ဆုံး ၈၂ ဦးအထိ သေဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကိန်းဂဏန်းများသည် စစ်ကောင်စီက ထုတ်ပြန် ကြေညာနေသည့် အချက်အလက်သာ ဖြစ်ပြီး မြေပြင်တွင် ကူး စက်မှုနှင့် သေဆုံးမှုများသည် အဆိုပါ ကိန်းဂဏန်းများထက် များပြားနေကြောင်း ဒေသခံ ပရဟိတ အဖွဲ့များထံမှ သိရ သည်။

တတိယလှိုင်းတွင် ကူးစက်မှုနှုန်း အများဆုံး ဖြစ်ပေါ်နေသည့် စစ်ကိုင်းတိုင်းရှိ ကလေးမြို့တွင်လျှင်ပင် နေ့စဉ် သေဆုံးသူ အနည်းဆုံး ၂၀ ကျော်တွင် ရှိနေကြောင်း ဒေသခံ ပရဟိတအဖွဲ့များထံက သိရသည်။

ကလေးမြို့တွင် ကိုဗစ်လူနာများအပြင် ကိုဗစ်ရောဂါ လက္ခဏာများဖြင့် သေဆုံးသူ ဇူလိုင် ၁ ရက်မှ ၁၀ ရက်အထိ ၂၈၈ ဦး ရှိပြီး သေဆုံးသူများသည် အောက်ဆီဂျင်ပြတ်လပ်ကာ သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

ကလေးမြို့ခံ ပရဟိတအဖွဲ့ဝင် တဦးက “ကျနော်တို့ ကလေးမှာ ဇူလိုင် ၁ ရက်ကနေ ၁၀ ရက်ကြားလေးမှာတောင် သေဆုံး မှု ၂၈၈ ယောက် ရှိတာလေ။ သူတို့ရဲ့(စစ်ကောင်စီ) ထုတ်ပြန်ချက်နဲ့တော့ လုံးဝ ဆန့်ကျင်နေတယ်” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “စင်တာတွေမှာလည်း အောက်ဆီဂျင် ပြတ်လပ်မှုလို့ပဲ တာဝန်ရှိသူတွေက သတ်မှတ်တယ်။ အရပ် ထဲမှာလည်း သေဆုံးမှုတွေက အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးတယ်ဆိုတဲ့ သတင်းက ပိုများတယ်။ ရန်ကုန်က နေ မှာပြီးတော့ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေ ကားက ခဏခဏ ပျက်တာနဲ့ ၁၀ ရက်လောက် ကျော်သွားပြီး မနေ့ ကမှ ရောက်တော့ တနေကုန် ဖြည့်ပေးဖို့ လုံးဝ မလောက်တဲ့ အခြေအနေမျိုး ရှိနေတယ်။ အောက်ဆီဂျင်လိုအပ်ချက်က အရမ်းကို မြင့်မားတယ်” ဟု ဆိုသည်။

အောက်ဆီဂျင် ထုတ်လုပ်ရာ စက်ရုံများတွင် ပုဂ္ဂလိကများကို အောက်ဆီဂျင် ရောင်းချခြင်း မပြုဘဲ အစိုးရဆေးရုံနှင့် ကုသ ရေး စင်တာများကိုသာ ဦးစားပေး ရောင်းချရန် စစ်ကောင်စီက ညွှန်ကြားမှုကြောင့် ယမန့်မှ စတင်ကာ ရန်ကုန်မြို့ရှိ နေအိမ် တွင် နေထိုင်ကုသနေရသည့် ကိုဗစ်လူနာများ အောက်ဆီဂျင်ရရှိမှု ပိုမိုခက်ခဲလာကြောင်း ပရဟိတအသင်းများမှ သိရ သည်။

တတိယလှိုင်းတွင် ကိုဗစ်ဖြစ်ပွားမှုသည် မြန်ဆန်နေပြီး အောက်ဆီဂျင် ကျဆင်းပြီး သေဆုံးသည့် လူနာများ များပြား လျက်ရှိကြောင်း ကိုဗစ်လူနာများ ကုသပေးနေသည့် ဆရာဝန် တဦးက ပြောသည်။

၎င်းက “တတိယလှိုင်းမှာ အရမ်းဖြစ်ပြီးတော့ အရမ်း သေဆုံးကြတယ်။ အသွင်ပြောင်းပေါ့။ ကူးစက်မှုက ဒုတိယလှိုင်း ထက်စာရင် အရမ်းမြင့်နေတယ်။ အသက်ကြီးပိုင်းတောင် မဟုတ်ဘူး။ လူငယ်တောင် ရောဂါနောက်ခံရှိရင် အောက်ဆီ ဂျင်ကို တရက်တည်းမှာ အပြီး ကျသွားတာ။ ၁ ရက်တည်းမှာ အောက်ဆီဂျင်ကျပြီး ချက်ချင်း ဆုံးသွားတာ ရှိတယ်” ဟု ပြောသည်။

အောက်ဆီဂျင်ပေးသည့်အခါ ကျွမ်းကျင်သူများ၏ ကြီးကြပ်မှုအောက်တွင် စနစ်တကျ စောင့်ကြပ် ကြည့်ရှုကာ လိုသလို ထိန်းညှိရမည် ဖြစ်သည့်အတွက် အိမ်တွင် မပေးသင့်ကြောင်း စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ကြောင့် အောက်ဆီဂျင်အိုးများ၊ Oxygen Concentrator များကို မိမိသဘောဖြင့် ဝယ်ယူခြင်းသည် ငွေကုန်ကြေးကျ များကာ အမှန်တကယ် အောက်ဆီဂျင်လိုအပ်သူများတွင် အခက်အခဲ ဖြစ်ပေါ်နိုင်ကြောင်းလည်း ဆိုထားသည်။

သို့သော် ရန်ကုန်အပါအဝင် ကူးစက်မှုမြင့်တက်နေသည့် မြို့များ၌ ကိုဗစ်လူနာများကို ကုသရေးစင်တာများနှင့် ဆေးရုံ၊ ဆေးခန်းများတွင် လက်ခံကုသပေးခြင်း မရှိဘဲ အိမ်ပြန်လွှတ်သည့် အခြေအနေများ ရှိကြောင်း ပရဟိတအဖွဲ့များနှင့် လူနာ ရှင်များထံက စုံစမ်းသိရှိရသည်။

ထို့သို့ ဆေးရုံများကို ပို့ဆောင်ကုသနိုင်ခြင်း မရှိသည့် လူနာများ အနေဖြင့် အိမ်တွင်သာ နေထိုင်ကုသမှု ပြုလုပ်ရလျက်ရှိ ကာ အောက်ဆီဂျင် ကျဆင်းခြင်း ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။

မြန်မာနိုင်ငံတွင် မေလ ၂၇ ရက်က စတင်ပြီး ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်နေခြင်း ဖြစ်ကာ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၉၆ မြို့နယ်တွင် ကိုဗစ်ဖြစ်ပွားမှုများ ရှိနေပြီး မြို့နယ် ၆၃ Stay at Home အဖြစ် စစ်ကောင်စီက ထုတ်ပြန်ထား သည်။

ကိုဗစ်တတိယလှိုင်းတွင် ပိုးတွေ့ရှိသူ ၅၀,၀၀၀ နီးပါးရှိလာပြီး သေဆုံးသူ ၆၂၂ ဦးအထိ ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ သိရသည်။

You may also like these stories:

မြန်မာပြည်တွင် အောက်စီဂျင် အရေးပေါ် လိုနေသည်

ရန်ကုန်- သံတွဲယာဉ်ပေါ် သေဆုံးသူတွင် ကိုဗစ်ပိုးတွေ့ ၊ ခရီးသည် ၂ ဦးတွင်ပါထပ်တွေ့

Did you find apk for android? You can find new Free Android Games and apps.
Loading