သတင်း

ကိုဗစ်ပိုး ရှိမရှိ Test Kits ဖြင့် စစ်ဆေးခြင်းသည် အဖြေမမှန်နိုင်ဟု ဆရာဝန်များပြော

Want create site? Find Free WordPress Themes and plugins.

ကိုဗစ်ပိုး ရှိမရှိကို Test Kits များဖြင့် နေအိမ်များတွင် ကိုယ်တိုင်စစ်ဆေးမှုများသည် အဖြေအမှန် မထွက် နိုင်ကြောင်း ကိုဗစ်ကုသရေးအစီအစဉ်များတွင် ပါဝင်လုပ်ဆောင်ခဲ့ဖူးသော ဆရာဝန်များက ပြောကြသည်။

Test Kits များဖြင့် စစ်ဆေးရာတွင် ကိုဗစ်ရောဂါပိုးရှိသူနှင့် ထိစပ်ခဲ့သည့် အချိန်အတိအကျ သိရှိရန် လိုအပ်သလို နှာခေါင်းတို့ဖတ်ရယူရာတွင်လည်း ကျွမ်းကျင်သူ ဖြစ်မှသာလျှင် အဖြေအတိ အကျ ရရှိနိုင်ကြောင်း၊ ထိုအခြေအနေများ ရှိသည့်တိုင် နှင့် ကိုဗစ်ရောဂါ လက္ခဏာပြနေသူများကို Test Kits ဖြင့် စစ်ဆေးရာတွင် တခါတလေ၌ အဖြေအမှားများ ဖော်ပြလေ့ရှိကြောင်း ဆရာဝန်များက ပြောဆိုသည်။

CDM ပြုလုပ်ထားသည့် ခွဲစိတ်အထူးကု ဆရာဝန်ကြီး တဦးက “အခုအခြေအနေတွေက ကိုယ့်ကိုကိုယ် ကိုဗစ်သံသယနဲ့ နေနေတာ အကောင်း ဆုံးပဲ။ တချို့က ကျတော့ အနံ့ ပျောက်တာတို့ ဘာတို့ဖြစ်မှ ကိုဗစ် ဆိုတာကိုလက်ခံချင်ကြတယ်၊ ကိုဗစ်ဖြစ်တိုင်း အနံ့ ပျောက်တာမဟုတ်ဘူး။ အဓိကက ကိုယ်ခံအားကောင်းနေတဲ့ လူငယ်လူရွယ်တွေပေါ့ သူတို့က ကိုယ့်ဘာသာ စစ်ထားတာ Negative ဆိုပြီး သေချာဂရုမစိုက်နေရင် ကိုယ်က ရောဂါပိုး သယ်ဆောင်သူ ဖြစ်ပြီး မိသားစု ထဲက သက်ကြီးရွယ်အို တွေကို ဒုက္ခရောက်နိုင်စေတယ်” ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်၍ “အားလုံးကတော့ ရသေ့စိတ်ဖြေပေါ့ စစ်ကြည့်လိုက်လို့ Negative ထွက်လာရင် ငါတော့ ကိုဗစ် မဟုတ်ဘူးဆိုပြီး နေကြတဲ့ သူတွေရှိတယ်။ သူ့မှာ စစ်ရမယ့် အချိန်ရှိတယ်၊ စစ်ရမယ့် နည်းလမ်းရှိတယ်၊ နောက်ပြီးတော့ Test Kits တွေရဲ့ မှန်မှန်ကန်ကန်ပြနိုင်စွမ်းရှိမရှိပေါ့။ အဲဒါတွေပေါ်မှာ အများကြီး မူတည်။ rapid test kits တွေ ဖြစ်တဲ့အတွက် အရမ်းကြီးတော့ စိတ်မချစေချင်ဘူး” ဟု ဆိုသည်။

ကိုဗစ် ရောဂါပိုး ရှိမရှိကို Test Kits များဖြင့် စစ်ဆေးနိုင်မည့်အချိန်သည် ရောဂါပိုးရှိသူနဲ့ ထိစပ်ခဲ့သည့်ရက် အပါအဝင် နောက်ထပ် ၁၀ ရက်မှ ၁၄ ရက်အတွင်း စစ်ဆေးရမည်ဖြစ်ပြီး နှာခေါင်း တို့ဖတ်ရယူ ရာတွင်လည်း နှာခေါင်းနှင့် အာခေါင်ထိစပ်သည့် အတွင်းနေရာအထိ ထိုးသွင်းပြီး ရယူရခြင်းဖြစ်သည်။

ပထမလှိုင်း နှင့် ဒုတိယလှိုင်းတွင် ရှိခဲ့သော ရောဂါပိုးရှိသူနှင့် ထိစပ်သူများကို နောက်ယောင်ခံလိုက် သည့်စနစ် (contact tracing) မရှိတော့သည့်အတွက် ယခုကိုဗစ်တတိယလှိုင်း၌ ယခင် ကိုဗစ်ရောဂါပိုး ရှိသူနှင့် မည့်သည့်အချိန်တွင် ထိစပ်ခဲ့သည့်ဆိုသည့် အချိန်ကို သေချာ မသိနိုင်ခြင်းကြောင့် Test Kits ဖြင့် စစ်ဆေးနိုင်မည့် ရက်အတိအကျကို တွက်ချက်ရန် ခက်ခဲကြောင်း ဆရာဝန်များက ဆိုကြသည်။

လက်ရှိအချိန်တွင် ကိုဗစ်စင်တာများနှင့် ကျန်းမာရေးဝန်ထမ်းများ အလုံအလောက်မရှိသော စစ်ကောင်စီ၏ ကိုဗစ် ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များကို ပြည်သူအများစုက မယုံကြည်သည့် အတွက် မိမိနေ အိမ်များ၌ ကိုဗစ်ကုသရေးများ နှင့် ကွာရန်တင်း ဝင်နိုင်ရန်အတွက် ကိုဗစ်ပိုး ရှိမရှိကို Test Kits များဖြင့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြသည်။

“ကျနော် တို့ကတော့ Test Kits တွေကို စစ်နေတာတွေကို လုံးဝ အားမပေးဘူး။ စစ်လို့ Negative ထွက် သွားရင် ပေါ့ပေါ့မနေစေချင်သလို Positive ထွက်သွားရင်လည်း အစိုးရိမ်မလွန်စေချင်ဘူး” ကိုဗစ် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ကိုဗစ်စင်တာတခု၌ တာဝန်ယူခဲ့ဖူးသော ဆရာဝန်တဦးက ဧရာဝတီသို့ ပြောသည်။

လတ်တလောတွင် အများပြည်သူတချို့ ယုံကြည်နေသော သွေးဖောက်စစ်ဆေးသည့် Test Kits များသည် ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးခြင်းမဟုတ်ဘဲ anti body ကို စစ်ဆေးခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုအခြေအနေများကြောင့် အများပြည်သူများသည် ယခင်က ကိုဗစ်ပထမလှိုင်း နှင့် ဒုတိယလှိုင်း တို့တွင် ထုတ်ပြန်ကြေညာထားသော ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီနေထိုင်ကြရန် ဆရာ ဝန်များက အကြုံပြုပြောဆိုကြသည်။

စစ်ကောင်စီ၏ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ် ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၂၂၉,၅၂၁ ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ရရှိသူဦးရေမှာ ၁၆၁,၈၅၉ ဖြစ်ကာ သေဆုံးသူမှာ ၅၀၀၀ ဦးရှိကြောင်း သိရသည်။

သို့သော်လည်း မေလနှောင်းပိုင်းမှ စတင်သော ကိုဗစ် တတိယလှိုင်း၏ ပြင်းပြင်းထန်ထန် ရိုက်ခတ် မှုကြောင့် မြေပြင်အခြေအနေတွင် စစ်ကောင်စီ၏ ထုတ်ပြန်သော စာရင်းများထက် ပိုများလျက်ရှိကာ ရန်ကုန်မြို့တမြို့ထဲမှာပင် ပြီးခဲသည့် သီတင်းပင်ကျော်မှ စကာ နေ့စဉ် လူရာနှင့်ချီ သေဆုံး လျက်ရှိ ကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading