• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်ကုသရေး ပရဟိတဆရာဝန် ၅ ဦး ထောင်ချောက်ဆင် အဖမ်းခံရ

by ဧရာဝတီ
19 July 2021
in သတင်း
A A
NLD အစိုးရလက်ထက်တွင် ကိုဗစ်ကာကွယ်ရေး ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ / ဧရာဝတီ

NLD အစိုးရလက်ထက်တွင် ကိုဗစ်ကာကွယ်ရေး ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ / ဧရာဝတီ

34.3k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ် Covid-19 ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုအဖွဲ့တွင် စေတနာ့ဝန်ထမ်း အနေဖြင့် တိုင်ပင်ကုသမှုများ ပေးသည့် ဆရာဝန် ၅ ဦး ထောင်ချောက်ဆင် ဖမ်းဆီးခြင်းခံရလိုက်ရကြောင်း အဖွဲ့တာဝန်ရှိသူက ဧရာဝတီသို့ အတည်ပြုသည်။

၎င်းတို့အဖွဲ့ထံသို့ ယနေ့မနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်မှ လူနာအရေးကြီးသည့်အတွက် ကုသပေးရန် ဆက်သွယ်လာသဖြင့် ဆရာဝန် ၃ ဦးက သွားရောက်ကြည့်ရှုရာမှ အိမ်တံခါးပိတ်ကာ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အဖွဲ့ ဦးဆောင်သူ ကိုချမ်းလေး က ပြောသည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
223
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
486
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
191

ဖမ်းဆီးခံရသည့်နေအိမ်မှာ တောင်ဥက္ကလာပရဲစခန်းအနီးတွင် တည်ရှိပြီး ယင်းဖြစ်စဉ်အခြေအနေ သတင်း ကြားသိရပြီးနောက် တိမ်းရှောင်ကြရန် ပြုလုပ်နေစဉ်မှာပင် မြောက်ဒဂုံမြို့နယ် ၄၆ ရပ်ကွက်အနီးရှိရုံးပါ ထပ်မံစီးနင်းခံရပြီး ရုံးတွင်ရှိနေသည့် ဆရာဝန် ၂ ဦးထပ်မံဖမ်းဆီးခံရခြင်းဖြစ်ကြောင်းလည်းသိရသည်။

ကိုချမ်းလေး က “ဒီလို စေတနာ့ဝန်ထမ်းဆရာဝန်တွေကို အခုလိုထောင်ချောက်ဆင် ဖမ်းဆီးတာက လုံးဝမ လုပ်သင့်ဘူး၊ ဖြစ်လဲမဖြစ်သင့်ဘူး၊ လက်ခံနိုင်စရာမရှိဘူး၊ ရှုတ်ချတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စေတနာ့ဝန်ထမ်းဆရာဝန်များ၏ ယာယီရုံးခန်းအား ဝင်ရောက်စီးနင်စဉ်မှာလည်း ပြည်သူများလှူဒါန်းထားသည့် အောက်စီဂျင်အိုးများ၊ ဆေးဝါးများနှင့် ကျန်းမာရေးပစ္စည်းအသုံးအဆောင်များအား သိမ်းယူသွားကြောင်းလည်း ၎င်းကပြောသည်။

Covid-19 ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုအဖွဲ့အနေဖြင့် မြို့နယ်အလိုက်ဖွဲ့စည်းဆောင်ရွက်လျှက်ရှိရာတွင် CDM ဝန်ထမ်းအချို့လည်း ပါဝင်ကူညီနေခြင်းများရှိသော်လည်း ယခုဖမ်းဆီးမှုသည် မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသည်ကို မသိရသေးသည့်အပြင် မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်းလည်း မသိရကြောင်း အဖွဲ့ဝင်များထံကသိရသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ကိုဗစ်-၁၉ ကူးစက်မှုကြောင့် လူသေဆုံးမှုများ မြင့်တက်နေသည့်အပေါ် ထိန်းချုပ်နိုင်ရေး ဆရာဝန်များနှင့် ပရဟိတလူငယ်များအား ပူးပေါင်းပါဝင်ပေးကြရန် ဖိတ်ခေါ်လျှက်ရှိသော်လည်း တဖက်တွင် လူနာများအား မြေပြင်ဆင်းကာ စေတနာ့ဝန်ထမ်း ကူညီကုသနေသူများအား ထောင်ချောက်ဆင် ဖမ်းဆီးမှုသည် သည်းမခံနိုင်စရာလုပ်ရပ်အဖြစ် လူထုအကြားဝေဖန်လျှက်ရှိသည်။

ယခုကဲ့သို့ ဖမ်းဆီးခံရမှုရှိသော်လည်း ကာယကံရှင်အဖွဲ့ဝင်များအနေဖြင့် စေတနာ့ဝန်ထမ်းကုသပေးမှုအား ပုံစုံတမျိုးဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါအပေါ် အရမ်းကြီး စိုးရိမ်မလွန်ကဲကြဘဲ နီးစပ်ရာ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆွေးနွေးကုသမှုခံယူရန်နှင့် ပြည်သူအချင်းချင်း ဖေးမကူညီပေးကြရန်လည်း တိုက်တွန်းခဲ့သည်။

Your Thoughts …
Tags: Covidဆရာဝန်ထောင်ချောက်ဆင်မြောက်ဒဂုံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အမှန်မှာ မှားနေတယ်

အမှန်မှာ မှားနေတယ်

by နန္ဒာသိန်းဇံ
25 May 2024
1.3k

အယူအဆ တခုဟာ ရှေ့နောက် ဆီလျော် ညီညွတ်နေပေမယ့် လက်တွေ့ ဘဝမှာ မမှန်နိုင် မဖြစ်နိုင်တာမျိုး ရှိတတ်တယ်…

ဂန့်ဂေါ ဗုံးကြဲခံရမှု ဆရာဝန်မိသားစုအပါ ၁၁ ဦး သေဆုံး (ရုပ်/သံ)

ဂန့်ဂေါ ဗုံးကြဲခံရမှု ဆရာဝန်မိသားစုအပါ ၁၁ ဦး သေဆုံး (ရုပ်/သံ)

by ဧရာဝတီ
23 March 2025
657

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း နှမ်းခါးကျေးရွာမှာရှိတဲ့ ကျေးရွာဆေးပေးခန်းကို မတ်လ ၂၂ ရက် နေ့မှာ စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးခန်းထိုင်နေတဲ့ ဆရာဝန် အပါ မိသားစုဝင် ၃ ဦးနဲ့ အရပ်သားပြည်သူ ၈ ဦး စုစုပေါင်း...

တောင်ကြီးမြို့ပေါ်ရှိ စဝ်စံထွန်းဆေးရုံကြီး / DMS

ဖမ်းဆီးခံရသည့် အထူးကု ဆရာဝန်ကြီးနှင့် ဇနီး စစ်ကြောရေးပို့ခံရ

by ဧရာဝတီ
23 May 2022
15.9k

စဝ်စံထွန်းဆေးရုံကြီးမှ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာ ဦးမြစန်းနှင့် မိခင်နှင့် ကလေး ဆေးရုံကြီးမှ ဓာတ်မှန် ဆရာဝန်ကြီး ဒေါက်တာ အေးခိုင်ဦး တို့ကို

ဒေါက်တာ အောင်ကြီးက သူ ကျင်လည်ကျက်စားရာ ဆေးပညာနယ်ပယ်အကြောင်း၊ ခရီးတွေသွား စာတွေသင်ရင်း ကြုံတွေ့ရပုံတွေအကြောင်း သူ စိတ်ဝင်စားရင် ဝင်စားသလို စာတွေရေးထားတာ ဖြစ်တယ်။

ဒေါက်တာ အောင်ကြီးရဲ့ လူတွေ လူတွေ

by ကိုရွှေအောင်
29 August 2022
7.2k

ဒေါက်တာ အောင်ကြီးက သူ ကျင်လည်ကျက်စားရာ ဆေးပညာနယ်ပယ်အကြောင်း၊ ခရီးတွေသွား စာတွေသင်ရင်း ကြုံတွေ့ရပုံတွေအကြောင်း သူ စိတ်ဝင်စားရင် ဝင်စားသလို စာတွေရေးထားတာ ဖြစ်တယ်။

နာတာရှည်ရောဂါအတွက် ဆေးဝါး ပြတ်လပ်မှုကြုံနေရ (ရုပ်/သံ)

နာတာရှည်ရောဂါအတွက် ဆေးဝါး ပြတ်လပ်မှုကြုံနေရ (ရုပ်/သံ)

by ဘုန်းအောင်
28 May 2024
128

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က ဆေးဝါးမှန်သမျှကို အချိန်မရွေး လိုသလောက် ဝယ်လို့ရပေမယ့် အခုအချိန်မှာတော့ ပိုက်ဆံရှိလို့ ဝယ်မယ်ဆိုရင်တောင် ဆေးပြတ်လပ်တာ ဝယ်မရတာမျိုးတွေကို ဝေဒနာရှင်တွေ ကြုံနေရပြီလို့ ဆေးဆိုင်တွေနဲ့ ဆရာဝန်တွေက ပြောပါတယ်။

ရန်ကုန်မြို့မှ စိတ်ကျန်းမာရေး ဆေးရုံကြီး  / ထက်ဝေ / ဧရာဝတီ

မြန်မာနိုင်ငံတွင် စိတ်ကျန်းမာရေး ဆရာဝန် အလွန် နည်းပါးနေ ဟုဆို

by သီဟလွင်
8 August 2020
14.3k

ထို့ကြောင့် ဝန်ကြီးဌာနက ဆေးတက္ကသိုလ် အသီးသီးမှ နှစ်စဉ် စိတ်ကျန်းမာရေး အထူးကု ဆရာဝန်၂၀ မှ ၃၀ ဦးခန့် မွေး ထုတ်ပေးနေသည်ဟု ဆိုသည်။

Next Post
သရုပ်ဆောင် ဖွေးဖွေး  / Phway Phway's Facebook

“ကိုဗစ်နဲ့ အာဏာသိမ်းမှုကို ကြံ့ကြံ့ခံနိုင်သူ အားလုံးက အာဇာနည်တွေပါပဲ”

ချင်းမိုင်မြို့နယ်တွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများ  / ဧရာဝတီ

ချင်းမိုင်တွင် ကိုဗစ်ကူးစက်သူ ၃၀ ရာခိုင်နှုန်းမှာ မြန်မာရွှေ့ပြောင်း လုပ်သားများဖြစ်

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate