• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြဝတီမြို့ ရေကြီးမှု ကယ်ဆယ်ရေးစက်လှေနှင့် အောက်ဆီဂျင် လိုအပ်နေ

by ဧရာဝတီ
27 July 2021
in သတင်း
A A
ကရင်ပြည် မြဝတီမြို့တွင် သောင်ရင်းမြစ်ရေ ယမန်နေ့ညက တက်လာသဖြင့် ရေများ ဝင်ရောက်နေ

ကရင်ပြည် မြဝတီမြို့တွင် သောင်ရင်းမြစ်ရေ ယမန်နေ့ညက တက်လာသဖြင့် ရေများ ဝင်ရောက်နေ

5.6k
VIEWS
Share on FacebookShare on Twitter

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် သောင်းရင်းမြစ်ရေ ယမန်နေ့ညက တက်လာသဖြင့် တမြို့လုံး နီးပါး ရေကြီးရေလျှံမှု ဖြစ်နေပြီး ကယ်ဆယ်ရေးစက်လှေများနှင့် ကိုဗစ်လူနာများအတွက် အောက်ဆီဂျင် လိုအပ်နေကြောင်း မြဝတီမြို့ လူမှုကယ်ဆယ်ရေး အသင်းများထံမှ သိရသည်။

“ကျနော်တို့မှာ စက်လှေက ၃/၄ စီးပဲရှိတော့ အဆင်မပြေဘူး။ ကျနော်တို့ ကယ်ဆယ်ရေး သွားတယ်ဆိုရင် စက်လှေမှာ လူ ၄ ယောက်လောက်ပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေရယ်၊ သွားကယ်ဆယ်ရတဲ့သူတွေကို ပြန်သယ်ရတော့ အဆင်မပြေ တာတွေ ရှိတယ်။ ကျနော်တို့ လိုအပ်နေတာတော့ အောက်ဆီဂျင်နဲ့ စက်လှေတွေပေါ့။ အောက်ဆီဂျင် ရှူနေရတဲ့သူတွေကျ အဓိက ထားပြီးတော့ ကယ်ဆယ်ရတယ်” ဟု မြဝတီမြို့ လူမှုကယ်ဆယ်ရေးအသင်းတသင်းမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
80
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
817
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
17

မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ရွှေမြဝတီဈေးသစ်တွင် ဖွင့်လှစ်ထားသည့် ရွှေမြဝတီ Quarantine စင်တာ ရေနစ်မြုပ် ခဲ့သောကြောင့် ကိုဗစ်လူနာ ၁၀၀ ကျော်ကို ရေလွတ်ရာ အမြင့်ပိုင်းနေရာသို့ ရွှေ့ပြောင်းခဲ့ရပြီး လူနာများအတွက် အောက် ဆီဂျင်များ လိုအပ်နေသည်ဟုလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း (မြဝတီ) တာဝန်ခံ ကိုမောင်ငယ်ကလည်း “ကျနော်တို့က အောက်ဆီဂျင်လည်း လှူတယ်၊ ငှားတယ်၊ ပေးတယ်။ ထိစပ်သူတွေကို Quarantine စင်တာတွေကို ပို့ပေးတယ်။ အခု ရေဘေးကယ်ဆယ်ရေး လည်း လုပ်ရတယ်ဆိုတော့ ကျနော်တို့လည်း အင်အားကုန်နေပြီ။ ကျနော်တို့ကတော့ အခုအချိန်မှာ အောက်ဆီဂျင် ပေးရ တာက တဖက်၊ Quarantine စင်တာတွေ ရွှေ့ရတာကတဖက်၊ ရေကြီးတဲ့သူတွေကို ကယ်ထုတ်နေရတာက တဖက်ပေါ့” ဟု ပြောသည်။

မြဝတီမြို့တွင် Quarantine ၆ ခုခန့်ရှိပြီး ရွှေမြဝတီ Quarantine စင်တာမှာ ရေနစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အိမ်ခြေ ၁၀,၀၀၀ ခန့် ရှိသည့် မြဝတီမြို့တွင် ရပ်ကွက် ၇ ခုရှိသည့်အနက် ရပ်ကွက် ၅ ခုမှာ ရေနစ်မြုပ်နေသည့်အတွက် ဒေသခံများ ရေလွတ် ရာ စာသင်ကျောင်းများ၊ ဓမ္မာရုံများ၊ ဟိုတယ်များသို့ ရွှေ့ပြောင်းနေရကြောင်း သိရသည်။

ကိုမောင်ငယ်က “လပြည့်နေ့ကတည်းက စရွာတာ ဒီနေ့ဒီအချိန်ထိ ရွာနေတုန်း အခုမှ ခဏလေးနားတယ်။ မိုးကလည်း တရက်မှ မနားဘူး။ ဆက်တိုက်ရွာတယ်။ မနေ့ကကျတော့ ည ၈ နာရီလောက်မှာ ထိုင်းက ရေကာတာ ဖောက်လိုက်တော့ ပိုပြီးတော့ ဆိုးသွားတာပေါ့” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက ယမန်နေ့ (ဇူလိုင် ၂၆ ရက်) က ရပ်ကွက် (၅) အတွင်း ရေစဝင်ခဲ့ပြီးနောက် ရပ်ကွက် (၁)၊ (၂)၊ (၃) များသို့ ဆက်တိုက် ရေဝင်ခဲ့ပြီး ယခုအခါ ရပ်ကွက် (၆)နှင့်(၇) နှစ်ခုသာ ရေလွတ်ကြောင်း ပြောဆိုသည်။

ရေဘေးကယ်ဆယ်ရေး စခန်းတခုဖြစ်သည့် မြဝတီ ချစ်ကြည်ရေး လမ်းမပေါ်ရှိ အောင်ဇမ္ဘူလင်းဟိုတယ်တွင် လူအယောက် ၁၀၀ ခန့်အတွက် နေထိုင်ရေးစီစဉ်ပေးထားပြီး ၎င်းတို့စားသောက်ရေးအတွက် ဟိုတယ်ထဲ၌ပင် ချက်ပြုတ်နေကြောင်း ဟိုတယ် တာဝန်ရှိသူ မအံ့က ပြောသည်။

၎င်းက “လူတွေကတော့ အစုံပဲ။ အမှတ် ၂ အောက်ချိုင့်က လူတွေလည်း ပါတယ်။ အသက်ကြီးတဲ့ လူကြီးတွေနဲ့ ကလေးတွေကိုက တနေရာ။ ကိုယ်ခံအားကောင်းတဲ့ လူလတ်ပိုင်းတွေကိုတော့ သက်သက် ခန်းမနေရာမှာ ထားထား တယ်။ သူတို့ အဆင်ပြေသလောက်ထိတော့ ထားပေးဖို့ စဉ်းစားထားတယ်” ဟု ဆိုသည်။

မြဝတီမြို့တွင် ဇူလိုင် ၂၃ ရက် (ဝါဆိုလပြည့်နေ့) နေ့မှစတင်၍ မိုးဆက်တိုက် ရွာသွန်းခဲ့ကာ ဇူလိုင် ၂၆ ရက်၊ ည ၈ နာရီ ဝန်းကျင်တွင် မြစ်ရေမြင့်တက်လာခဲ့ပြီး ယနေ့ နံနက်အထိ ရေများ ဆက်လက်တက်နေဆဲဖြစ်ကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ ထုတ်ပြန်ချက်အရ မြဝတီမြို့၏ သောင်းရင်းမြစ်ရေသည် စိုးရိမ်ရေ မှတ် ၈ ပေခွဲခန့်ကို ရောက်ရှိနေပြီး မြစ်ရေသည် နောက် ၁ ရက်အတွင်း ၁ ပေခွဲခန့် ဆက်လက် မြင့်တက်နိုင်ကြောင်း ထုတ် ပြန်ထားသည်။

ကရင်ပြည်နယ်အတွင်း မြဝတီမြို့အပြင် ကြာအင်းဆိပ်ကြီးနှင့် လှိုင်းဘွဲ့၊ မွန်ပြည်နယ် မော်လမြိုင်နှင့် ကျိုက်မရော၊ တနင်္သာ ရီတိုင်း ထားဝယ်၊ စစ်ကိုင်းတိုင်း ဝန်းသိုနှင့် ကောလင်း စသည့် မြို့အများအပြားတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေ သည်။

ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း စသည့် ကမ်းရိုးတန်းဒေသ များတွင် မိုး ပိုမိုသည်းထန်စွာ ရွာသွန်းနိုင်ပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လျှပ်တပြတ် ရေကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဌာနက ယခင် ရက်သတ္တပတ်ကတည်းက သတိပေး ထုတ်ပြန်ထားသည်။

You may also like this story:

မြန်မာနိုင်ငံ ဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်နေ

Your Thoughts …
Tags: ကိုဗစ်မြဝတီရေကြီးရေလျှံအောက်ဆီဂျင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

by ဧရာဝတီ
1 May 2024
24.2k

ယခုအခါ ပိုမိုစိတ်ခြောက်ခြားပြီး ညှာတာမှုကင်းမဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ပတ်ဝန်းကျင်မှ ဝန်ကြီးများ၊ ဗိုလ်ချုပ်များကို အယုံအကြည်မရှိတော့။

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

by စောလွင်
18 April 2024
19.8k

စစ်ရေးပြင်းထန်နေချိန် မြဝတီမြို့ကို လေကြောင်းမှတဆင့် စစ်ကောင်စီသည် ဝင်ရောက်စီးနင်းမည်ဟု မြဝတီလူထုများအကြား သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသည်။

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.5k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

by ဧရာဝတီ
14 May 2024
15.8k

ဗိုလ်မှူးကြီးစိုးမင်းထက်သည် တပ်မ ၄၄ တပ်မမှူးအဖြစ် ၂ လခန့်တာဝန်ယူပြီးနောက် ဧပြီလတွင် မဲဆောက်-မြဝတီအမှတ် ၂ တံတား အနီးတိုက်ပွဲ၌ ဒဏ်ရာရရှိသွားခဲ့သည့်အတွက် ရာထူးမှအနားပေးကာ ဗိုလ်မှူးကြီးညီညီဦးအား တပ်မမှူးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
14.8k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

Next Post
အဆိုတော် ထွန်းနောင်ဆင့်  / Htun Naung Sint's Facebook

အဆိုပညာနဲ့ ဒါနပြုမယ့် ထွန်းနောင်ဆင့်ရဲ့ "Singing Workshop"

အသွားအလာ ကန့်သတ်ချက်ပြုလုပ်ထားသည့် မိုင်းနား စစ်ရှောင်စခန်း (ဓာတ်ပုံ - CJ)

လူဦးရေ ၃ ထောင်ခန့်နေထိုင်သည့် စစ်ရှောင်စခန်းတွင် ကိုဗစ်ပိုးကူးစက်မှု တွေ့ရှိ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

2 days ago
3.5k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate