• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားသား ဝန်ထမ်း ခန့်အပ်မှု ဗဟိုဘဏ် ကန့်သတ်

by ဧရာဝတီ
3 August 2021
in သတင်း
A A
ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲတခုကို တွေ့ရစဉ်  / ဧရာဝတီ

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲတခုကို တွေ့ရစဉ် / ဧရာဝတီ

50.9k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်း ပုဂ္ဂလိဘဏ်များအနေဖြင့် နိုင်ငံခြားသား ဝန်ထမ်းများ ခန့်အပ်မည်ဆိုပါက ဗဟိုဘဏ်သို့ ခွင့်ပြုချက် တောင်းခံရ တော့မည် ဖြစ်သလို နိုင်ငံခြားသား ဝန်ထမ်း အရေအတွက်ကိုလည်း ဘဏ်အရွယ်အစားအလိုက် စတင် ကန့်သတ်လိုက် သည်။

ဘဏ်များအနေဖြင့် နိုင်ငံခြားသား ဝန်ထမ်း ခန့်အပ်မည်ဆိုပါက ဗဟိုဘဏ်သို့ ရက် ၃၀ ကြိုတင် တင်ပြရမည်ဖြစ်ပြီး အကြီး စား ဘဏ်များ အနေဖြင့် ၂၅ ဦးနှင့် အောက်၊ အလတ်စား ဘဏ်များ အနေဖြင့် ၁၅ ဦးနှင့်အောက် ခန့်အပ်ရမည် ဖြစ်ကာ အသေးစား ဘဏ်များ အနေဖြင့် ၈ ဦး ထက် မပိုဘဲ ခန့်အပ်နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဩဂုတ်လ ၂ ရက်က ထုတ်ပြန် ညွှန်ကြားလိုက် သည်။

RelatedPosts

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

17 May 2025
608
လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
64
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
76

ပုဂ္ဂလိဘဏ်များ၌ ခန့်အပ်ထားသည့် နိုင်ငံခြားသား ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုနှင့် တာဝန်ထမ်းဆောင်မှု ပြီး ဆုံးခြင်း၊ မပြီးဆုံးမီ လုပ်ငန်းတာဝန်မှ ကင်းကွာခြင်း၊ အလုပ်မှ နုတ်ထွက်ခြင်းများ ဖြစ်ပေါ်လာပါက အဆိုပါနိုင်ငံခြားသား တာဝန်ယူဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အကြံပေး အပါအဝင် နိုင်ငံ ခြားသား ဝန်ထမ်း ခန့်အပ်မှုကို ကန့်သတ်ရခြင်း ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်က ဆိုထားသည်။

နိုင်ငံသားပိုင်ဘဏ်များတွင် နိုင်ငံခြားသားများကို ဘဏ်ဥက္ကဋ္ဌ သို့မဟုတ် ဒု ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခွင့် မရှိတော့ကြောင်းနှင့် အမှုဆောင် အရာရှိချုပ် (CEO) ကို နိုင်ငံခြားသား ခန့်အပ်ထားမည် ဆိုပါက ဒုတိယ အမှုဆောင် အရာရှိချုပ်နေရာတွင် မြန်မာနိုင်ငံသားကို ခန့်အပ်ရမည်ဖြစ်ပြီး နိုင်ငံခြားသား ဝန်ထမ်းများကို ဌာနအကြီးအကဲအဖြစ် ခန့်အပ်မည်ဆိုပါကလည်း ဘဏ်ရှိ ဌာနအရေအတွက် စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်း အထိသာ ခန့်အပ်ရမည်ဖြစ်ကာ ဌာနအကြီးအကဲကို နိုင်ငံခြားသား ခန့်အပ်မည်ဆိုပါက ဒုဌာနအကြီးအကဲသည် မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ညွှန်ကြားလိုက်သည်။

ဗဟိုဘဏ်သို့ ကြိုတင်ခွင့်ပြုချက် တောင်းခံလာသော နိုင်ငံခြားသားများ၏ ကျွမ်းကျင်မှု၊ သင့်လျော်မှန်ကန်ခြင်းများကို စိစစ်ခြင်း၊ အကဲဖြတ် မေးမြန်းခြင်းတို့ ပြုလုပ်ပြီး သင့်လျော်ပါက ဌာနအကြီး အကဲအဖြစ် အစမ်းခန့် ၁ နှစ်၊ ဌာနအကြီး အကဲအောက် ဝန်ထမ်းဆိုရင် အစမ်းခန့် ၆ လ ခန့်အပ်ဖို့ ခွင့်ပြုမှာဖြစ်ပြီး အတည်ပြု ခန့်အပ်ခြင်းကိုလည်း အများဆုံး ၃ နှစ်သာ ခွင့်ပြုတော့မည်ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရသိရသည်။

ဘဏ်လုပ်ငန်း ကျွမ်းကျင်သူ တဦးက “အခုလည်း ဘဏ်တွေမှာ နိုင်ငံခြားသား ခန့်အပ်ဆိုတာက Operation (လုပ်ငန်း စီမံခန့်ခွဲမှု) အပိုင်းတွေ လုပ်ခိုင်းတာပဲ များပါတယ်။ တကယ့် ဆုံးဖြတ်ရမယ့် ဘဏ်ရဲ့ မူဝါဒတွေ ပေါ်လစီတွေက ဒီက လူ တွေပဲ ဆုံးဖြတ်တာ များပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းအနေဖြင့် စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ယင်းလုပ်ရပ်အပေါ် သီးခြား မှတ်ချက် မပြုလို ကြောင်း ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သော အရပ်သား အစိုးရ လက်ထက်တွင် သီးခြား လွတ်လပ်သော မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၁၉ ခုနှစ် မေလ ၂၀ ရက်တွင် ပုဂ္ဂလိက ဘဏ်များ၏ အမှုဆောင်အရာရှိချုပ် (CEO) ခန့် အပ်ရာတွင် ဘဏ်လုပ်ငန်းအတွေ့အကြုံလုပ်သက် ၁၀ နှစ် ရှိရမည့် အချက်အပါအဝင် အုပ်ချုပ်မှု ဒါရိုက်တာ(MD)၊ ထိပ် ပိုင်းရာထူးများအတွက် ဝန်ထမ်းခန့်အပ်မှုများကို ကန့်သတ်သည့် အမိန့် ညွှန်ကြားစာ ထုတ်ပြန်ခဲ့သည်။

ထိုအချိန်က ဘဏ်များအနေဖြင့် အတွေ့အကြုံမရှိဘဲ ပညာတတ်ရုံ သက်သက်ဖြင့် ဘဏ်၏ အရေးကြီးဆုံး ရာထူးတခုကို ခန့်အပ်နေခြင်းသည် မဖြစ်သင့်ကြောင်း၊ အတွေ့အကြုံ မရှိဘဲ Board of Director အဖွဲ့သို့ ဝင်ထိုင်ပြီး ဆုံးဖြတ်ချက်များ ချမှတ်နေပါက အလွဲလွဲအမှားမှား ဖြစ်နိုင်သဖြင့် ပရော်ဖက်ရှင်နယ်ဆန်သူများ ဘဏ်လုပ်ငန်းသို့ ရောက်ရှိလာစေရန် ယခု အမိန့်ကို ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်၏ တာဝန်ရှိသူများက သတင်းစာ ရှင်းလင်းပွဲတွင် ထို့သို့ ပြော ကြားခဲ့သည်။

ထိုအမိန့် ထွက်လာပြီးနောက် ပြည်တွင်းပုဂ္ဂလိကများသည် ဘဏ်လုပ်ငန်းအတွေ့အကြုံရှိသော နိုင်ငံခြားသား ဝန်ထမ်း များကို အပြိုင်အဆိုင် ခန့်အပ်လာကြသည်။

ထိုအချိန်ကာလ၌ ပြည်တွင်း ပုဂ္ဂလိက ဘဏ်ကြီးတချို့တွင် ထိုဘဏ်ကို ပိုင်ဆိုင်သော စီးပွားရေး လုပ်ငန်းရှင်ကြီးများက ဘဏ်လုပ်ငန်း အတွေ့အကြုံ အလုံအလောက် မရှိသေးသော ၎င်းတို့၏ သားသမီးများကို ဘဏ်၏ မူဝါဒများ အပါအဝင် စီမံခန့်ခွဲမှု ကိစ္စရပ်များကို ဆုံးဖြတ်ရသော ထိပ်ပိုင်းရာထူးများ ခန့်အပ်ထားမှုကို ထိန်းချုပ်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်တွင်းပုဂ္ဂလိကဘဏ်များဖြစ်သော ကမ္ဘောဇဘဏ် (KBZ)၊ ယူနိုက်တက် အမရာဘဏ် (UAB)၊ ရိုးမဘဏ် (YOMA)နှင့် မြန်မာနိုင်ငံသားများဘဏ် MCB အပါအဝင် ပုဂ္ဂလိကဘဏ်အများစုသည် ဘဏ်၏ ထိပ်ပိုင်းရာထူး များကို လုပ်ငန်းကျွမ်းကျင်သည့် နိုင်ငံခြားသားဝန်ထမ်းများ ခန့်အပ်ထားလျက်ရှိသည်။

You may also like these stories:

ကျပ်ငွေတန်ဖိုး ကျဆင်းမှု ထိန်းရန် ဗဟိုဘဏ် ၆ လအတွင်း ဒေါ်လာသန်း ၉၀ နီးပါး ထုတ်ရောင်း

စစ်အာဏာသိမ်း ၆ လအတွင်း မြန်မာ့စီးပွားရေး အသက်ရှုကျပ်နေ

Your Thoughts …
Tags: စစ်ကောင်စီနိုင်ငံခြားသားဝန်ထမ်းနိုင်ငံသားပိုင်ဘဏ်ဗဟိုဘဏ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ချင်းပြည်နယ်၊ ဟားခါးမြို့ ရှိ နေရာတခု  / ဧရာဝတီ

စစ်တပ်သတင်းပေးဆိုကာ ဖမ်းထားသည့် ကက်သလစ် ဆရာတော် ၂ ပါးအရေး အငြင်းပွားနေ

ဇူလိုင်လလယ် ရန်ကုန်ရှိ သုဿန်တခုတွင် မီးသင်္ဂြိုဟ်ရန် စောင့်ဆိုင်းနေစဉ်

ကိုဗစ်တတိယလှိုင်း သေဆုံးသူ ယခင်လှိုင်းများထက် ၂ ဆရှိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate