• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အဖမ်းခံရသည့် ကိုထက်ကိုဦး စစ်ကြောရေး၌ သေဆုံးသွားပြီဟု မိသားစုပြော

by ဧရာဝတီ
4 August 2021
in သတင်း
A A
စစ်ကောင်စီမှ ဖမ်းဆီးသွားပြီးနောက် သေဆုံးသွားပြီဆိုသော ကိုထက်ကိုဦး

စစ်ကောင်စီမှ ဖမ်းဆီးသွားပြီးနောက် သေဆုံးသွားပြီဆိုသော ကိုထက်ကိုဦး

25.4k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီက ဖောက်ခွဲရေး ဖြစ်စဉ်များနှင့် ဆက်စပ်သည်ဟု ဆိုကာ ဖမ်းထားသူများထဲမှ ကိုထက်ကိုဦးဆိုသူမှာ စစ်ကြောရေး တွင် သေဆုံးသွားကြောင်း မိသားစုဝင်များ၏ ပြောဆိုမှုအရ သိရသည်။

ကိုထက်ကိုဦး (၂၃နှစ်) အပါ ၃ဦးကို ဒဂုံဆိပ်ကမ်းမြို့နယ် ၈၅ ရပ်ကွက်၊ ဦးအုန်းလွင်လမ်းရှိ အပ်ချုပ်ပစ္စည်းများ သိုလှောင်ထားရာ ဂိုထောင်တွင် လက်လုပ်သေနတ်တလက်၊ လက်လုပ်မိုင်းများဖြင့် ဇူလိုင် ၂၀ရက် ညက ဖမ်းမိကြောင်း သြဂုတ် ၁ရက် စစ်ကောင်စီ သတင်းစာများတွင် ဖော်ပြထားသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
44
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
1.6k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
306

မိသားစုဝင်များ ပြောဆိုချက်အရ ဖျာပုံဇာတိ ကိုထက်ကိုဦးမှာ မေလ ၁၅ရက်ကတည်းက သူငယ်ချင်းများနှင့် ရန်ကုန်သို့ အလုပ် လုပ်ရန် သွားမည်ဆိုကာ ထွက်သွားခြင်းဖြစ်ပြီး စစ်ကောင်စီက သတင်းကြေညာမှသာ အဖမ်းခံရသည်ကို သိရပြီး ဖမ်းဆီးစဉ်က ဒဏ်ရာရှိထားကြောင်းသိရသည်။

“အခုချိန်ထိတော့ ဖမ်းဆီးသွားတဲ့ သူတွေဘက်က မိသားစုဆီ ဘာမှအကြောင်းကြားတာ မရှိသေးဘူး၊ ဒါပေမယ့် သေချာပါတယ်၊ တတ်နိုင်သမျှ စုံစမ်းကြည့်တော့ ယုံကြည်ရတဲ့သူတယောက်စီကနေ တဆင့်သိရတာပါ၊ သေဆုံးပြီဆိုတာ မိသားစုအနေနဲ့ အတည် ပြု ပေးလိုက်ပါပြီ”ဟု မိသားစုဝင်တဦးက ဧရာဝတီသို့ပြောသည်။

ကိုထက်ကိုဦးနှင်ပတ်သက်၍ စစ်ကောင်စီက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)တပ်မဟာ ၅ နယ်မြေတွင် ဖောက်ခွဲရေးသင်တန်း တက်ခဲ့သူဖြစ်ကြောင်း စွပ်စွဲထားသည်။

စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းတို့ သတင်းစာတွင် ဖော်ပြထားသည့် ကိုထက်ကိုဦး၏ ပုံ

၎င်း မိသားစု၏ စုံစမ်းမှုများအရ ဖမ်းခံရပြီးနောက် ရက်ပိုင်းအတွင်း သေဆုံးခဲ့ကြောင်း သိရသော်လည်း သေချာ သိခဲ့သည့်
ဩဂုတ် ၂ ရက်ကိုသာ သေဆုံးသည့်နေ့ဟု သတ်မှတ် အတည်ယူကာ ကုသိုလ်ကောင်းမှု ပြုသွားမည်ဟု သိရသည်။

စွပ်စွဲဖမ်းဆီးခံရကာ သေဆုံးသွားသည့် ကိုထက်ကိုဦးအတွက် တရားမျှတမှုကို လိုချင်ကြောင်း၊ ထိုအတွက် ၎င်း သေဆုံးမှုအပေါ် သတင်းဌာန အဖွဲ့အစည်းများ အနေဖြင့် ဆက်လက်ကူညီစုံစမ်းပေးစေလိုကြောင်းလည်း မိသားစုက ဆန္ဒပြုသည်။

ကိုထက်ကိုဦး သေဆုံးကြောင်း သတင်းများနှင့် ပတ်သက်ပြီး စစ်ကောင်စီတာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းထားသော်လည်း တစုံတရာ တုံ့ပြန်ဖြေကြားပေးခြင်း မရှိသေးပေ။

စစ်ကောင်စီ၏ တပ်ဖွဲ့များသည် ဖမ်းဆီးခံရသူများ အပေါ် တရားလက်လွတ်ပြုလုပ်နေရာ ပြီးခဲ့သည့် မေ ၂၄ ရက် ညပိုင်းက ကိုမဲကြီး ခေါ် ကိုစိုးမိုးလှိုင်လည်း စစ်ကြောရေးတွင် သတ်ဖြတ်ခံခဲ့ရသလို၊ ထိုတနေ့တည်းမှာပင် စစ်ကိုင်းတိုင်း ကလေးမြို့မှ ဆိုင်ကယ်ပြင် ဆရာ ကိုမင်းမင်းလည်း ဖမ်းဆီးခံရစဉ် သေဆုံးသွားသည်။

စစ်ကောင်စီက ဖော်ပြခဲ့သည့် ဖောက်ခွဲရေးဖြစ်စဉ်များနှင့် ဆက်စပ်သူများ ဇယား

ကိုမဲကြီး ခေါ် ကိုစိုးမိုးလှိုင်မှာ စစ်ကောင်စီ ပြည်ထဲရေး ဒု ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သန်းလှိုင်၏ ညီအရင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ထားချက်အရ ဩဂုတ် ၃ ရက်နေ့အထိ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များ၏ အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှုများကြောင့် ကလေးငယ်များအပါအဝင် ၉၄၆ ဦးသေဆုံးခဲ့ရပြီး ဖမ်းဆီးချုပ် နှောင်ခံထားရသူ ၅၄၇၈ ဦး၊ ဖမ်းဝရမ်းထုတ်ခံထားရသူ ၁၉၆၄ ဦးရှိကြောင်းသိရသည်။

You may also like these stories:

စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီး၏ ညီ စစ်ကြောရေးတွင် သေဆုံး

စစ်တပ်က ဖမ်းသွားပြီး ၂၄ နာရီအတွင်း သေဆုံးခဲ့ရသူ ကလေးမြို့က ဆိုင်ကယ်ပြင်ဆရာ

စစ်ကောင်စီက ဖမ်းဆီးထားစဉ် ညှင်းဆဲသတ်ဖြတ်ခံရသူများ

Your Thoughts …
Tags: စစ်ကောင်စီစစ်ကြောရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဝိုင်းမော်မြို့နယ်တွင် ယမန်နေ့ညက ပစ်ခတ်မှုများကြောင့် ထိခိုက်ပျက်စီးမှုများ  / CJ

အပစ်ရပ်ကြေညာပြီးနောက် စစ်ကောင်စီက ကချင်တွင် စစ်ဆင်ရေးလုပ်နေ

ယမန်နေ့ညက မြဝတီမြို့အတွင်း ရပ်ကွက်တချို့ သောင်ရင်းမြစ်ရေ ဝင်လာသည်ကို တွေ့ရစဉ်  / Thomas T TZ facebook မှ ကူးယူဖော်ပြသည်

မြဝတီမြို့တွင် သောင်းရင်းမြစ်ရေ တရိပ်ရိပ် တက်နေပြန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate