• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာသံအမတ်ကြီးကို လုပ်ကြံသတ်ဖြတ်ဖို့ ထိုင်းနိုင်ငံမှ လက်နက်ပွဲစားက ခိုင်းစေခြင်းဟုဆို

by ဧရာဝတီ
7 August 2021
in သတင်း
A A
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်း

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်း

46.2k
VIEWS
Share on FacebookShare on Twitter

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်သတ်ဖြတ်ဖို့ လူနှစ်ဦးကို ထိုင်း နိုင်ငံမှ တဆင့် မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချပေးနေတဲ့ လက်နက်ပွဲစား တဦးမှ ငွေပေးခိုင်း စေခဲ့တာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

လက်ရှိမှာ နယူးယောက်မြို့က မြန်မာနိုင်ငံသား ဖြိုးဟိန်းထွဋ်နဲ့ ရဲဟိန်းဇော်တို့ နှစ်ဦးအား သံအမတ်ကြီးကို လုပ်ကြံဖို့ ပူးပေါင်းကြံစည်မှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ နယူးယောက် တောင်ပိုင်းခရိုင် တရားသူကြီး၊ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) နယူးယောက်ရုံးနဲ့ နယူးယောက်ရဲတပ်ဖွဲ့ ကော်မ ရှင်နာရုံးက ဩဂုတ်လ ၆ ရက် (မနေ့က) ပူးတွဲကြေညာခဲ့ပါတယ်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
26
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
22
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
33

ဦးကျော်မိုးထွန်းကို လူငှားပြီး တိုက်ခိုက်ဖို့နဲ့ ရာထူးကနေ ဆင်းသွားဖို့ ဖိအားပေးခြင်း အပါအဝင် သတ် ဖြတ်ဖို့အထိ လက်နက်ပွဲစားရဲ့ စေခိုင်းမှုကို မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ရုံးခန်းကို အဝင်အ ထွက် ရှိနေသူ ဖြိုးဟိန်းထွဋ်က လက်ခံခဲ့ပြီးနောက်၊ ပူးပေါင်းပါဝင်သူ ရဲဟိန်းဇော်က ဖြိုးဟိန်းထွဋ်ထံ ထပ်မံဆက်သွယ်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာ ရဲဟိန်းဇော်က Zella ကတဆင့် ဖြိုးဟိန်းထွဋ်ကို ဒေါ်လာ ၄၀၀၀ လွှဲပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

သို့သော် ဖြိုးဟိန်းထွဋ်က ဦးကျော်မိုးထွန်း ရုံးခန်းလုံခြုံရေး တာဝန်ရှိသူကို ပူးပေါင်းလုပ်ကြံခိုင်းဖို့ သွား ရောက်စည်းရုံးရာကနေ သတင်းပေါက်ကြားခဲ့တာဖြစ်ပြီး၊ လုပ်ကြံမှုမှာ ပါဝင်မယ့် နောက်ထပ် လူနှစ်ဦး ကိုလည်း ထိုင်းနိုင်ငံက တဆင့် New York ကို လာရောက်နိုင်ဖို့ ဖြိုးဟိန်းထွဋ်က စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

လတ်တလောမှာ သံအမတ်ကြီးက သူ့ရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ် ဆေးရေးဗျုရို (FBI) နဲ့ နယူးယောက် ရဲတပ်ဖွဲ့ က တာဝန်ယူစောင့်ရှောက်ပေးနေတယ်လို့ ဦးကျော်မိုးထွန်း က ဧရာဝတီကို ပြောပါတယ်။

ဦးကျော်မိုးထွန်းက “ အဓိကကတော့ ပြီးခဲ့တဲ့ နှစ်ရက် ၃ ရက်လောက်ကတော့ သတင်းကြားရတဲ့ အတွက် ရဲကို သတင်းပို့တယ်၊ သတင်းပို့တော့ ရဲတပ်ဖွဲ့က လုပ်စရာရှိတာတွေ လုပ်ပေးပါတယ်။ ကျနော် ကို လည်း အမေရိကန် အစိုးရက လုံခြုံရေး တာဝန်ယူပေးထားပါတယ်။ လောလောဆယ် ဒီလောက်ပဲ ပြောနိုင်တာကိုတော့ နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်” လို့ ဧရာဝတီကိုပြောပါတယ်။

၎င်းကဆက်၍ “ကျနော့် လုံခြုံရေးနဲ့ ပတ်သက်လို့ ဝိုင်းဝန်း စိုးရိမ်ကြတယ်လို့ ကြားသိရတဲ့အတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်။ ကျနော့်ကိုယ် ကျနော်လည်း လုံခြုံရေး ဂရုစိုက်ပါမယ်ဆိုတာကိုလည်း ကျနော်ကို စိုးရိမ်ကြတဲ့ သူတွေကို ဧရာဝတီကနေ တဆင့် ပြောကြား လိုပါတယ်ခင်ဗျ။ အခု လုံခြုံရေးကို အိမ်ရှင်နိုင်ငံက တာဝန်ယူပေးထားပါတယ်။ ကျနော် အသေးစိတ် မပြောနိုင်တာကိုတော့ နားလည်ပေးပါ ခင်ဗျ” လို့ ပြောပါတယ်။

ယခင် ၁၉၉၀ ခုနှစ် ဒီဇင်ဘာလကလည်း ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း ခေါင်း ဆောင်ပြီး ဖွဲ့စည်းခဲ့တဲ့ အဝေးရောက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ အဖွဲ့မှ ဝန်ကြီးနှစ်ဦးဖြစ်တဲ့ ဦးဝင်းကိုနဲ့ ဦးလှဖေတို့ဟာ ၁၉၉၂ ခုနှစ်မှာ သီးခြားစီ ပျောက်ဆုံးခဲ့ပြီး၊ ၁၉၉၃ ခုနှစ်မှာ ဦးလှဖေကို ဘန်ကောက်မြို့ တနေရာမှာ သတ်ဖြတ်ခံထားရတာကို တွေ့ရှိခဲ့ရပြီး၊ ဦးဝင်းကိုရဲ့ ရုပ်အလောင်းကိုတော့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ ဟိုတယ်ခန်း တခုမှာ တွေ့ရှိခဲ့ရပေမယ့် ဒီသတ်ဖြတ်မှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေကို မဖော်ထုတ်နိုင်ခဲ့ပါဘူး။

အခု သံအမတ်ကြီးကို လုပ်ကြံခိုင်းစေမှု နောက်ကွယ်မှာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေ ရှိနေနိုင်တယ် လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ယူဆနေကြပြီး၊ ၂၀၁၇ ခုနှစ်ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ ဥပဒေ အကြံပေး ဦးကိုနီ ကို မြန်မာစစ်တပ်မှ ဗိုလ်မှူးဟောင်း အောင်ဝင်းခိုင်ရဲ့ ခိုင်းစေမှုကြောင့် ရန်ကုန်လေဆိပ်မှာ ထောင်ထွက်လူမိုက် ကြည်လင်းက သေနတ်နဲ့ လုပ်ကြံ သတ်ဖြတ်ခဲ့ပါတယ်။

ဦးကိုနီ အမှုနဲ့ ပတ်သက်လို့ သေနတ်သမား ကြည်လင်းနဲ့ စေခိုင်းသူ အောင်ဝင်းဇော်ကို ပြစ် ဒဏ်တွေ ချမှတ်ခဲ့ပြီး၊ အခြားပူးပေါင်းပါဝင်သူ နှစ်ဦးကိုတော့ ထောင်ဒဏ်သုံးနှစ်နဲ့ ငါးနှစ်သာ ကျခံ စေခဲ့ပါတယ်။

ဒါပေမယ့် အဓိက ကြိုးကိုင်သူ ဗိုလ်မှူးဟောင်း အောင်ဝင်းခိုင်ကတော့ ယနေ့အထိ လွတ်မြောက် နေဆဲ ဖြစ်ပါတယ်။

You may also like these stories:

နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ခြိမ်းခြောက်ခံရ

မရေရာမှုများကြားက CDM မြန်မာသံတမန်တွေ

ကုလသမဂ္ဂစစ်မြေပြင်က မြန်မာ့ ဒီဒေး (D-Day)

Your Thoughts …
Tags: ဖြိုးဟိန်းထွဋ်ရဲဟိန်းဇော်ဦးကျော်မိုးထွန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

“လုံးဝ အားမလျှော့ဘဲနဲ့ ကိုယ်လုပ်စရာရှိတာကို ကိုယ်ဆက်လုပ်သွားပေးကြပါ”

“လုံးဝ အားမလျှော့ဘဲနဲ့ ကိုယ်လုပ်စရာရှိတာကို ကိုယ်ဆက်လုပ်သွားပေးကြပါ”

by ဧရာဝတီ
11 August 2023
1.7k

ကျနော် ရှေ့ကပြောသလို အခုချပြီးတဲ့ Resolution က ဘာမလုပ်ရင် ဘာလုပ်မယ်ဆိုတာ အဲ့ဒီလိုမျိုး အရေးယူနိုင်မယ့် အချက်အလက်တွေ မပါလာဘူး။

တကယ်တိုက်ပွဲဝင်နေတဲ့သူတွေကို ထောက်ပံ့မှာ (ရုပ်/သံ)

တကယ်တိုက်ပွဲဝင်နေတဲ့သူတွေကို ထောက်ပံ့မှာ (ရုပ်/သံ)

by ဧရာဝတီ
16 December 2024
216

နွေဦးတော်လှန်ရေးအတွက် ပြည်တွင်းမှာ တိုက်ပွဲဝင်နေတဲ့ သူတွေရဲ့ လိုအပ်ချက်တွေကို ထောက်ပံ့ဖို့အတွက် ရည်ရွယ်ပြီးအမေရိကန်ပြည်ထောင်စု ပန်ဆယ်ဗေးနီးယား ပြည်နယ်၊ ဖီလာဒဲဖီးယား မြို့မှာ နွေဦးတော်လှန်ရေး ရန်ပုံငွေဈေးရောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ကုလမှာ ဦးကျော်မိုးထွန်း ဆက်ရှိရေး တောင်းဆို (ရုပ်/သံ)

ကုလမှာ ဦးကျော်မိုးထွန်း ဆက်ရှိရေး တောင်းဆို (ရုပ်/သံ)

by ဧရာဝတီ
22 September 2024
183

မြန်မာနိုင်ငံဆိုင်ရာ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကမ္ဘာ့ကုလသမဂ္ဂ (UN) ရဲ့ (၇၉) ကြိမ်မြောက် အထွေထွေညီလာခံမှာ ၄ နှစ်မြောက် ဆက်လက် အသိအမှတ်ပြုလက်ခံထားရေးကို အမေရိကန်နိုင်ငံ နယူးစ်ယောက်မြို့မှာ စက်တင်ဘာ ၂၁ ရက်နေ့က တောင်းဆိုခဲ့ကြပါတယ်။

ပြည်သူသာ အဓိက၊ ပြည်သူက ပိုအရေးကြီးတယ် (ရုပ်/သံ)

ပြည်သူသာ အဓိက၊ ပြည်သူက ပိုအရေးကြီးတယ် (ရုပ်/သံ)

by ဧရာဝတီ
16 December 2024
107

နိုင်ငံတကာ၊ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကို အလေးအနက်ထား နားထောင်ဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ဧရာဝတီနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောပါတယ်။

(အပေါ်တန်း-ဝဲမှယာ) ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ကြီးကျော်စွာမြင့်။ (အောက်တန်း-ဝဲမှယာ) ဦးကျော်မိုးထွန်း၊ ဦးကိုနီ၊ ဖဒိုမန်းရှာလာဖန်း။ 

မြန်မာ့နိုင်ငံရေး လုပ်ကြံသတ်ဖြတ်မှု သမိုင်းကို တစေ့တစောင်းလေ့လာခြင်း

by ဧရာဝတီ
17 August 2021
37.6k

နိုင်ငံရေး လုပ်ကြံသတ်ဖြတ်မှု တစိတ်တပိုင်းကို တစေ့တစောင်းလေ့လာထားသည်။

ရန်ကုန်တိုင်း လှိုင်မြို့နယ် ဘူတာရုံလမ်းတွင် စစ်တပ်နှင့် ရဲက  လူများကို ဖမ်းဆီးသွားစဉ်/ဧရာဝတီ

စစ်ကောင်စီ၏ သတ်ဖြတ်မှုများကို ICC တင်ရန် CRPH လမ်းရှာနေ

by ဧရာဝတီ
20 March 2021
27.1k

စစ်ကောင်စီ၏ သတ်ဖြတ်မှုများကို ICC သို့ တင်ပြနိုင်ခြင်း ရှိ မရှိကို CRPH က လေ့လာနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်က ပြောသည်။

Next Post
ကျနော့်ကို အမေရိကန်က လိုအပ်တဲ့ လုံခြုံရေး ယူပေးထားပါတယ် (ရုပ်/သံ)

ကျနော့်ကို အမေရိကန်က လိုအပ်တဲ့ လုံခြုံရေး ယူပေးထားပါတယ် (ရုပ်/သံ)

ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ကြိုးစားသူတွေရဲ့နောက်မှာ ဘယ်သူတွေရှိနေလဲ (ရုပ်/သံ)

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

7 days ago
5.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
4.9k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate