သတင်း

စစ်ကောင်စီကို ထောက်ခံ၍ ရှုတ်ချခံနေရသည့် “ဝ” ပါတီ ဥက္ကဌ ပါတီကနှုတ်ထွက်

Want create site? Find Free WordPress Themes and plugins.

ပါတီဗဟို၏ သဘောထားရယူခြင်းမရှိဘဲ ကြံ့ခိုင်ရေးပါတီနှင့် ပူတွဲထုတ်ပြန်ချက်တွင် လက်မှတ်ထိုးပါဝင်ခဲ့သည့် ပါတီဥက္ကဌ ဦးဆိုင်းပေါင်နပ်မှာ ပါတီမှနှုတ်ထွက်ပြီးဖြစ်ကြောင်း “ဝ”အမျိုးသားပါတီဗဟိုထံက သိရသည်။

ပါတီမြောက်ပိုင်းတာဝန်ခံ ဦးဆိုင်းနပ်က “ဥက္ကဌ ပါတီကနှုတ်ထွက်တာ မှန်ပါတယ်၊ သူကိုယ်တိုင် နှုတ်ထွက်စာ တင်လာတဲ့အပေါ် ပါတီအနေနဲ့ကတော့ ဘာမှစောဒက တက်စ ရာမရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ဦးဆိုင်းပေါင်နပ်ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ဩဂုတ် ၁၁ ရက်နေ့ရက်စွဲပါစာအရ ၎င်းအနေဖြင့် ပါတီဗဟိုအလုပ်အမှု ဆောင် ကော်မတီ၊ ပါတီဥက္ကဌတာဝန်နှင့် ပါတီဝင်အဖြစ်မှ ဩဂုတ် ၁၀ ရက်နေ့မှစ၍ အပြီးအပိုင်းနှုတ်ထွက်ပြီးဖြစ်ကြောင်း ဖော် ပြထားသည်။

ဦးဆိုင်းပေါင်နပ်အနေဖြင့် ဩဂုတ် ၄ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲသစ်ကိုကြိုဆိုကြောင်း၊ စစ်တပ် ၏ လုံခြုံရေးဆောင်ရွက်မှုများတွင် ပူးပေါင်းကူညီမည်ဆိုသည့် ကြံ့ခိုင်ရေးပါတီက ဦးဆောင်သော ၂၈ ပါတီကြေညာချက်တွင် ပါဝင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ယင်းလုပ်ရပ်သည် ပါတီတွင်းလေးစားလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဒီမိုကရေစီစံနှုန်းများ၊ စည်းရုံးညီညွတ်ရေးဦးတည် ချက်များနှင့် ကိုက်ညီမှုမရှိသည့်အပြင် ပါတီအပေါ် လူထုယုံကြည်မှုကို ထိခိုက်စေသည့်အတွက် ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ကြေ ညာချက်ပါ အချက်များသည် ပါတီနှင့် သက်ဆိုင်ခြင်းမရှိကြောင်းလည်း “ဝ”အမျိုးသားပါတီက ဩဂုတ် ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ သည်။

အဆိုပါ ၂၈ ပါတီပူးတွဲကြေညာချက်တွင် ပါဝင်လက်မှတ်မှုနှင့် ပတ်သက်၍လည်း လားရှိုးအခြေစိုက် “ဝ”လူငယ်များကွန်ယက်က ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် “ဝ”အမျိုးသားတို့၏အမည်နာမကို အသုံးပြုထားသည့်အတွက် “ဝ”အမျိုးသားတို့၏ ဂုဏ်သိက္ခာနှင့် ရပ်တည်ချက်ကို များစွာထိခိုက်စေကြောင်းနှင့် “ဝ”အမျိုးသားပါတီအနေဖြင့်လည်း စစ်ကောင်စီနှင့် ပူးပေါင်းခြင်း၊ အားပေးအားမြှောက်ပြုခြင်းများ မလုပ်ရန်လည်း သတိပေးထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading