• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အာဏာသိမ်း စစ်တပ်ကြောင့် ဝိုင်းမော်တွင် ဒေသခံ ရာနှင့်ချီ ထွက်ပြေးနေရ

by ဧရာဝတီ
14 August 2021
in သတင်း
A A
ထွက်ပြေးနေကြသည့် မဒိန်ကျေးရွာ ဒေသခံများ / ခရက်ဒစ်-CJ

ထွက်ပြေးနေကြသည့် မဒိန်ကျေးရွာ ဒေသခံများ / ခရက်ဒစ်-CJ

20.9k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီ၏ နယ်မြေခံ ခြေလျင်တပ်ရင်း ခလရ ၅၈ က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကို ပစ်ခတ်မှုများ ပြုလုပ်မည် ဖြစ်သဖြင့် လူထုများ လုံခြုံသည့်နေရာတွင် နေထိုင်ကြရန် လော်စပီ ကာဖြင့် လိုက်လံပြောဆိုသဖြင့် မဒိန်ကျေးရွာမှ ဒေသခံများ ရွာကို စွန့်ခွာထွက်ပြေးနေကြကြောင်း သိရသည်။

ဒေသခံတဦးက “မနက်အစောပိုင်းမှာ ရှောင်ကြပါလို့ ပြောတယ်တဲ့။ အဲဒီလိုပြောတယ်ဆိုလို့ မဒိန်က ပြည်သူပြည်သား တွေက ရှိတဲ့ဥစ္စာအားလုံးနဲ့ သုံးဘီးတွေနဲ့ ပြေးကြတာပေါ့။ တချို့လည်း ကိုယ်သိတဲ့ မိတ်ဆွေတွေဆီ အကုန်ပြေးကြတာပါ။ အခု ရွာထဲမှာ ၃ ပုံမှာ ၂ ပုံကတော့ မရှိကြတော့ဘူး။ အကုန် ခြောက်ကပ် တိတ်ဆိတ်နေတာပေါ့” ဟု ပြောသည်။

RelatedPosts

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
29
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
172
ပြည်သူတွေ မဲမပေးမှာကို နိုင်ငံရေးပါတီတွေ စိုးရိမ်နေ (ရုပ်/သံ)

ပြည်သူတွေ မဲမပေးမှာကို နိုင်ငံရေးပါတီတွေ စိုးရိမ်နေ (ရုပ်/သံ)

16 May 2025
30

ဒေသခံများက မဒိန်ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်လာသူ မည်မျှရှိသည်ကို အတိအကျ မသိသော်လည်း စိုးရိမ် ပြီး ထွက်ပြေးလာသူဦးရေမှာ ၂၀၀ ဝန်းကျင် ရှိကြောင်း၊ ခလရ ၅၈ က ပစ်ခတ်မှုများ ပြုလုပ်မည်ဟု လော်စပီကာဖြင့် တရွာ ဝင်တရွာထွက် လာအော်သွားခြင်းကြောင့် ထွက်ပြေးရခြင်း ဖြစ်ကြောင်း ပြောဆိုကြသည်။

ဒေသခံ အမျိုးသမီးတဦးကလည်း “သြဂုတ် ၃ ရက်ကတည်းက တချိန်လုံး ရွာတွေထဲကို ပစ်ခတ်နေတာ။ မနေ့ကလည်း အမျိုးသမီး ၁ ဦးကို ပစ်သတ်လိုက်ပြီ။ ဒါတွေကို သူတို့မပစ်သလို ပြောပြီး အခု စပစ်တော့မယ်လို့ ပြောတယ်။ ပြီးတော့ ဒီနေ့လယ်မှ အကုန်ရှောင်ကြ ပြေးကြတော့ ဆိုပြီးလည်း ပြောနေကြတယ်။ ကျမတို့မှာ ဘယ်သူမှ အားကိုးစရာ မရှိဘူး။ အဲဒါနဲ့ အကုန်ကြောက်လို့ ပြေးကြတာ” ဟု ပြောသည်။

ခလရ ၅၈ တပ်ဖွဲ့ဝင်များက လော်စပီကာဖြင့် လာရောက်ပြောဆိုရာတွင် ဇူလိုင် ၂၉ မှ သြဂုတ် ၁၂ ရက်အတွင်း အကြမ်း ဖက်သောင်းကျန်းသူများက ပြည်သူလူထု နေထိုင်သည့် ကျေးရွာအတွင်းရှိ လူနေအိမ်များ၊ လမ်းများအား အကြိမ်ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုသည်။

၎င်းတို့ ပြောဆိုသည့် အကြမ်းဖက် သောင်းကျန်းသူများ ဆိုသည်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။

ထို့ပြင် “သို့ဖြစ်ပါ၍ အကြမ်းဖက်သောင်းကျန်းသူများအား မိမိကိုယ်ကို ခုခံပိုင်ခွင့်နှင့်အညီ မလွှဲမရှောင်သာ ပြန်လည်ခုခံ ပစ်ခတ်သွားမည် ဖြစ်ပါသည်။ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားချိန်တွင် မိဘပြည်သူများ အနေဖြင့် ဘေးကင်းလုံခြုံသော နေရာများတွင်သာ နေထိုင်ကြရန် အသိပေး ကြေညာအပ်ပါသည်” ဟုလည်း ပြောဆိုသွားခြင်း ဖြစ်သည်။

ခလရ ၅၈ သည် သြဂုတ် ဒုတိယပတ် အတွင်းကလည်း မဒိန်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်သား များ ရှိနေသည်ဟု ယူဆကာ ဧည့်စာရင်းစစ်ခြင်းများ ပြုလုပ်ခဲ့ပြီး အသက် ၃၀ အရွယ် ဒေသခံ အမျိုးသားတဦးကိုလည်း ၂ ရက်ကြာ ရိုက်နှက်ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးမှ ပြန်လွှတ်ပေးခဲ့သည်။

ကျေးရွာဒေသခံများကိုလည်း KIA ၏ လှုပ်ရှားသွားလာမှုများကို သိရှိခြင်းရှိမရှိ မေးမြန်းပြီး ခလရ ၅၈ တပ်နယ်မြေ အနီးတွင် လူထုအများအပြား နေထိုင်သဖြင့် လာရောက်ပစ်ခတ်ခြင်း မလုပ်ရန် KIA အား ပြောဆိုပေးပါဟူ၍လည်း ခလရ ၅၈ တပ်ဖွဲ့ဝင်များက ဒေသခံများကို ပြောဆိုမှုများ ရှိသည်။

ခလရ ၅၈ သည် သြဂုတ် ၃ ရက်မှ ယနေ့ထိ ၎င်းတို့ တပ်နယ်မြေ ပတ်ဝန်းကျင်ရှိ လဘန်ကျေးရွာ၊ မဒိန်ကျေးရွာ၊ ခကွန်ကျေးရွာ၊ တန်ဘောင်ကျေးရွာတို့ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ထားသည်။

သြဂုတ် ၃ ရက်နေ့က ဆိုလျှင် ည ၈ နာရီမှ ၁၁ နာရီအထိ ဝိုင်းမော်မြို့နယ်တွင်းရှိ ကျေးရွာများအား ပစ်ခတ်သည့် အပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်သည့် မြစ်ကြီးနားမြို့ဘက်မှလည်း ရဟတ်ယာဉ် ၂ စင်း ပျံဝဲလာကာ ကင်းလှည့်ခြင်း၊ တင့်ကား ၃ စီးနှင့် စစ်ကား ၂ စီး တို့ဖြင့် လာရောက် ကင်းလှည့်ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့ပြင် KIA ၏ ဗဟိုဌာနချုပ်နယ်မြေ၊ လိုင်ဇာမြို့နှင့် မိုင်ဆတ်ပါ ကိုဗစ်-၁၉ ရောဂါ ကုသရေးနှင့် ထိန်းချုပ်ရေး စင်တာ ပတ် ဝန်းကျင်ကိုလည်း လက်နက်ကြီး ၁၀ လုံးခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သြဂုတ် ၄ ရက် နံနက် ၃ နာရီမှ ၅ နာရီအတွင်း၌လည်း ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများကို ထပ်မံပစ်ခတ်ရာ လဘန်ကျေးရွာအတွင်းမှ အရပ်သားနေအိမ် ၁ လုံး လက်နက်ကြီးကျည် ထိကာ မီးလောင်ပျက်စီးသွားသည်။

သြဂုတ် ၅၊ ၈ ရက်မှ ၁၃ ရက်ထိ ညပိုင်းတွင် ပစ်ခတ်မှုများ ပြုလုပ်ပြီး သြဂုတ် ၁၃ ရက်ကလည်း ညနေ ၅ နာရီ ဝန်းကျင် တွင် ခလရ ၅၈ တပ်ရင်း ဘေးရှိ အများပြည်သူသုံး လမ်းမကြီးပေါ်တွင် ဆိုင်ကယ်မောင်းနှင်သွားသည့် ဝူယန်ကျေးရွာမှ အမျိုးသမီးတဦးအား လှမ်းပစ်ခတ်ရာ ယင်း အမျိုးသမီးမှာ သေဆုံးသွားခဲ့သည်။

ယနေ့ (သြဂုတ် ၁၄ ရက်) နံနက်ပိုင်းတွင်လည်း ခလရ ၅၈ မှ KIA ကို ပြန်လည်တုန့်ပြန် တိုက်ခိုက်တော့မည် ဖြစ်သဖြင့် လူထုက ဘေးကင်းရာတွင် နေကြရန် လာရောက်ပြောဆိုပြီးနောက် နေ့လယ်ပိုင်းတွင် လက်နက်ကြီးကျည်များဖြင့် ထပ်မံ ပစ်ခတ်ထားသည်။

သြဂုတ် ၃ ရက်မှစ၍ ခလရ ၅၈ ပစ်ခတ်သည့် အချိန်များမှာ ည ၇ နာရီမှ ၁၂ နာရီ၊ နံနက် ၂ နာရီမှ ၅ နာရီ ဝန်းကျင် အချိန် များဖြစ်သဖြင့် အရပ်သားများသည် အိပ်နေချိန်၌ လက်နက်ကြီးကျည်များ အိမ်တွင်း ကျမည်ကို စိုးရိမ်ခြင်းကြောင့် သြဂုတ် ဒုတိယပတ်ကတည်းက ညနေရောက်လျှင် ဝိုင်းမော်မြို့ပေါ်သို့ ခေတ္တတိမ်းရှောင်ပြီး နေ့လယ်ပိုင်းမှသာ နေရပ်ရင်းသို့ ပြန် လာရဲကြသည်။

မဒိန်ကျေးရွာမှ ဒေသခံများ မပြေးလွှားခင်ကလည်း လဘန်ကျေးရွာမှ ဒေသခံဦးရေ ၁၀၀ ကျော်သည် ဝိုင်းမော်မြို့ပေါ် နှင့် ဆွေမျိုးနေအိမ်များသို့ ထွက်ပြေးတိမ်းရှောင်ထားကြပြီ ဖြစ်သည်။

လဘန်ကျေးရွာ ဒေသခံတဦးက “သူတို့ဟာသူတို့ KIA နဲ့ ပစ်တာက တကဏ္ဍပါ။ အခုက ရန်သူမလာချိန် ရွာထဲကို အပြစ်မဲ့ ပြည်သူတွေကို ပစ်ခတ်တာ ခြောက်လှန့်တာလုပ်တာ အရမ်းတော့ မကျေနပ်ဘူး။ သို့သော်လည်း မကျေနပ်ဘူး ပြောနိုင် တာပဲ ရှိတယ်။ လက်တွေ့ ကျနော်တို့ ဘာမှမလုပ်နိုင်တော့ အရမ်းခံစားရခက်နေတယ်” ဟု ပြောသည်။

KIA သည် ၎င်းတို့တပ်ဖွဲ့များ အနေဖြင့် သြဂုတ်လအတွင်း ခလရ ၅၈ ကို လာရောက် တိုက်ခိုက်ခြင်း၊ ဝိုင်းမော်မြို့နယ် အတွင်း စစ်ဆင်ရေး လုံးဝ လုပ်ဆောင်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

KIA သည် ဇူလိုင် ၂၉ ရက်၊ ညပိုင်းတွင် မဒိန်ကျေးရွာအနီး လှုပ်ရှားနေသည့် ခလရ ၅၈ တပ်ဖွဲ့ကို လာရောက် တိုက်ခိုက် ထားပြီး ထိုတိုက်ခိုက်မှု တကြိမ်တည်းကိုသာ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

KIA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ကျနော်တို့ကတော့ ဘာမှ စစ်ရေးလှုပ်ရှားတာ မရှိဘူး။ သူတို့ဘက်ကနေ ပစ်ခတ်တာပဲ ဖြစ်ပါတယ်။ ကျနော်တို့နဲ့ ပတ်သတ်မှု မရှိပါဘူး။ မနေ့ကလည်းပစ်လို့ အရပ်သား အမျိုး သမီး ၁ ယောက် ဆုံးသွားတာ ရှိပါတယ်။ ဒါက ညနေ ၅ နာရီဝန်းကျင်လောက်မှာ ဆိုတော့ တွေ့မြင်နိုင်တဲ့အချိန်မှာ တရား ဝင်၊ တမင်တကာ ပစ်သတ်တဲ့ ပုံစံမျိုး ဖြစ်နေတယ်။ လက်နက်ငယ်နဲ့ ပစ်တာ၊ လက်နက်ကြီးကျပြီး သေဆုံးတာလည်း မဟုတ်ဘူး။ ဘာလို့ အဲဒီလောက်ကြီး သူတို့ သောင်းကျန်းနေတာလဲ ကျနော်တို့လည်း စုံစမ်းနေဆဲ ဖြစ်ပါတယ်” ဟု ပြော သည်။

KIA သည် စစ်တပ်က အာဏာမသိမ်းခင် ကာလအထိ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စာချုပ်တစောင် ချုပ်ဆိုနိုင် ရန် ဆွေးနွေးသဖြင့် စစ်တပ်နှင့် တိုက်ခိုက်မှုများ မဖြစ်စေရန် ၂ နှစ်ခန့် ညှိနှိုင်းကာ တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတဖွဲ့ ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြနေသည့် လူထုကို ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ရာ KIA က လူထုနှင့် အတူ ရပ်တည်မည်ဟု ပြောဆိုပြီး ကချင်ပြည်နယ်တွင်း မတ်လ ၁၁ ရက်မှစ၍ စစ်မျက်နှာစဖွင့်ကာ စစ်ကောင်စီ၏ တပ်စခန်းများ၊ သယ်ယူပို့ဆောင်ရေး ယာဉ်များအပြင် စစ်ကောင်စီ လက်အောက်ခံ ရဲကင်းစခန်းများကိုပါ တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ ဘက်ကလည်း KIA တပ်ဖွဲ့များနှင့် စစ်ရေးတင်းမာသည့် ဖားကန့်၊ မိုးမောက်မြို့နယ်တို့အတွင်း ရဟတ်ယာဉ် များ အသုံးပြုကာ ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်သည့်အပြင် ကချင်ပြည်နယ် အတွင်းသို့လည်း စစ်အင်အား ထောင်နှင့် ချီ ထပ်တိုးပို့ဆောင်ကာ စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်လျက် ရှိသည်။

တဖက်တွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်း ရေး ဆွေးနွေးလိုသဖြင့် ဖိတ်ခေါ်ကြောင်း အာဏာသိမ်းကာလ ၆ လပြည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

သို့သော် လက်တွေ့၌ စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခြင်း မရှိသလို စစ်ရေးပြင် ဆင်မှုများကိုလည်း ကချင်ပြည်နယ်တွင်း နေ့စဉ် ပြုလုပ်နေသည်ဟု KIA က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ၎င်းတို့တပ်ဖွဲ့များနှင့် အုပ်ချုပ်ရေးယန္တရားများ၏ လုံခြုံရေးကို ထိခိုက်သည် မှအပ မည်သည့် စစ်ဆင်ရေးကိုမှ လုပ်ဆောင်မည် မဟုတ်ဘဲ သြဂုတ် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ အပစ်ရပ် ဆိုင်းပေးပါမည်ဟုလည်း ကြေညာထားသည်။

Your Thoughts …
Tags: KIAခလရ ၅၈စစ်ကောင်စီဝိုင်းမော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မိုင်းနောင်ကျေးရွာ ပစ်ခတ်ခံရမှု  / CJ

ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံနေရသည့် ကချင်အရပ်သားများ

စစ်တပ်က ပြည်သူကို နေလို၊ မီးလို ကျင့်ပြီး ဆက်ဆံနေတာ (ရုပ်/သံ)

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate