ကိုဗစ်ကာကွယ်ဆေး ထိုးရမည့် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ယခုနှစ်အကုန်တွင် ကာကွယ်ဆေး အပြီးထိုးပေးမည်ဆို သည့် စစ်ကောင်စီ၏ လုပ်ဆောင်ချက်သည် အောင်မြင်နိုင်ချေ နည်းကြောင်း လေ့လာသူအချို့နှင့် ဆရာဝန်အချို့က သုံးသပ်သည်။
စစ်ကောင်စီသည် ယခုနှစ်အကုန်တွင် ကိုဗစ်ကာကွယ်ဆေးထိုးရမည့် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ကို အဓိက အား ဖြင့် တရုတ်နိုင်ငံမှ လာသည့် ကာကွယ်ဆေးထိုးပေးရန် စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။
“အဓိက ရည်မှန်းချက်က ဒီနှစ်မှာ မြန်မာတနိုင်ငံလုံး ဆေးထိုးရမယ့် သူတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို ထိုးပေးနိုင် အောင် ဆောင်ရွက်နေတာ ဖြစ်တယ်။ ဒါ့ထက် ကျော်လွန်အောင်လည်း ဆောင်ရွက်မှာ ဖြစ်တယ်” ဟု စစ်ကောင်စီ လက်အောက်ခံ တပ်မတော် သတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ အဆင့်မြင့် အရာရှိတဦးက ကိုဗစ်ကာကွယ်ဆေးကိစ္စနှင့် ပတ်သက်၍ သတင်းဌာနများ မေးမြန်းချက်ကို ဤသို့ ဖြေဆိုခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ ကာကွယ်ဆေး ဦးစားပေး ထိုးခွင့်ရမည့် လူအုပ်စု ၁၂ စု ရှိကြောင်း သိရသည်။
၎င်းတို့မှာ အသက် ၆၅ နှစ်အထက်များ၊ ကာကွယ်ဆေး မထိုးရသေးသည့် အစိုးရနှင့် ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း များ၊ ကိုဗစ်ကာကွယ်ရေး ဆောင်ရွက်နေသည့် စေတနာ့ ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများ၊ သာသနာ့ ဝန်ထမ်း ဘုန်းတော်ကြီးနှင့် သီလရှင်များ၊ ကာကွယ်ဆေး မထိုးရသေးသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန် ထမ်းများ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ ဟိုတယ်များ အပါအဝင် တည်းခိုခန်းမှ ဝန်ထမ်းများ၊ အကျဉ်းသားနှင့် အချုပ်သားများ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ဝန်ထမ်းများနှင့် စူပါမားကတ်၊ ဈေးများမှ ဝန်ထမ်းများ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ်ကာကွယ်ဆေး ၂ သန်း ရရှိထားပြီး တရုတ်နိုင်ငံမှ လှူဒါန်းထား သော ကာကွယ်ဆေး ၂ သန်းနှင့် ဝယ်ယူထားသော ကာကွယ်ဆေး ၄ သန်း တို့ကို ဩဂုတ်လအတွင်း ရရန် ရှိနေ ကြောင်း၊ ရရှိထားသော ကာကွယ်ဆေးများဖြင့် ဆေးထိုးသည့် လုပ်ငန်းကို လုပ်ဆောင်နေကြောင်း စစ်ကောင်စီထံက သိရသည်။
ထို့ပြင် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ် (PLA) မှ မြန်မာစစ်တပ်ထံ ကိုဗစ်ကာကွယ်ဆေး ၂ သိန်း လှူထားပြီး လာမည့် အပတ်အတွင်း နောက်ထပ် ကာကွယ်ဆေး ၄ သိန်း လှူဒါန်းမည်ဖြစ်ကြောင်း အိန္ဒိယစစ်တပ်ကလည်း ကာ ကွယ်ဆေး ၂ သိန်း လှူဒါန်းထားကြောင်း တပ်မတော် သတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ အဆင့်မြင့်အရာရှိတဦးက ရှင်း ပြသည်။
“၆ သန်းလုံးကတော့ ဒီလအတွင်း ရောက်လာမှာပဲ။ ရောက်လာရင် ထိုးနှံပေးမှာပဲ။ အိန္ဒိယ တပ်မတော်က မြန်မာ့ တပ် မတော်ကို လှူထားတာ ၂ သိန်း ရှိပါတယ်။ အဲဒါက ၁ လပိုင်း ၁၁ ရက်မှာ လှူတာ ရှိတယ်။ ရုရှားကလည်း တပ်မတော် အတွက် သီးသန့် လှူတာရှိပါတယ်။ ဒါ့ပြင် တရုတ်နိုင်ငံဆီက ကာကွယ်ဆေး ၂၄ သန်း ထပ်ဝယ်ဖို့ သဘောတူ ထားပါ တယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာပြည်သူ သန်း ၅၀ ကျော်အတွက် တချိန်လုံး ကာကွယ် ဆေးဝယ်ပါက တိုင်းပြည်မွဲသွားလိမ့်မည်ဟု ဩဂုတ်လ ၉ ရက်တွင် ပြောကြားခဲ့ပြီး တပတ်အကြာတွင် စစ်ကောင်စီ သည် တရုတ်နိုင်ငံထံမှ ကာကွယ်ဆေး ထပ်ဝယ်ရန် ပြင်ဆင်လာခြင်းလည်း ဖြစ်သည်။
ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့များ ပူးပေါင်းထားသော အမျိုး သား ကျန်းမာရေးကော်မတီ၏ အတိုင်ပင်ခံတဦးဖြစ်သူ ဒေါက်တာ သိန်းဝင်းကမူ ယခုနှစ်အကုန်တွင် ကာကွယ်ဆေး ထိုးရမည့် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအား ကာကွယ်ဆေးအပြီး ထိုးပေးမည်ဆိုသည့် အစီအစဉ်သည် ဖြစ်နိုင်ချေ နည်း ကြောင်း သုံးသပ်သည်။
“ကျန်းမာရေး ဝန်ထမ်းတွေရဲ့ အရေအတွက်လည်း ရှိသေးတယ်။ အခြားဝန်ထမ်းတွေရဲ့ အရေတွက်ဘယ်လောက်လဲ။ သူတို့ ဒေတာ တွက်ထားတာ ရှိလား။ အဲဒါကလည်း မသိဘူး။ အခုက CDM ဝင်တာတွေကလည်း ရှိနေတော့ အကုန် ပြီးအောင် ဆေးထိုးဖို့။ ၂ ကြိမ် ဆေးထိုးဖို့ဆိုတာ အနည်းဆုံး တကြိမ်နဲ့ တကြိမ်သည် ၁ လကျော်ကျော် လောက် ခွာရ တယ်။ ထိုးရမယ့် အချိန်ကလည်း ၄ လပဲ ကျန်တော့တယ်။ ဆိုတော့ အကန့်အသတ် အများကြီး ရှိမယ် ထင်တယ်” ဟု ဒေါက်တာ သိန်းဝင်းက ထောက်ပြသည်။
သို့သော်လည်း ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံတွင် ကိုဗစ်ကြောင့် သေဆုံးမှုများပြားခဲ့သဖြင့် ရောဂါကူး စက်လာပါက ခုခံနိုင်စွမ်း ပိုရှိရန် လူအများသည် ယခင်က ကာကွယ်ဆေး ပိုမိုထိုးနှံမှု ရှိလာနိုင်ကြောင်း ၎င်းက ဆို သည်။
“သုတေသနတွေရဲ့အပြည့်အဝ လုပ်ဆောင်ရမယ့် အပိုင်းတွေကို တရုတ်ဆေးက အပြည့်အဝ လုပ်ထားတာ မရှိဘူး။ ဒါပေမယ့် ပညာရှင်တွေက ပြောကြတာက ဘာပဲဖြစ်နေပါစေ။ သူ့ဟာနဲ့ သူ အာနိသင် အထိုက်အလျောက် ရှိတဲ့အ တွက် မထိုးတာထက်စာရင် ကောင်းတယ်။ ဘာကာကွယ်ဆေးဖြစ်ဖြစ် ထိုးပါလို့ တိုက်တွန်းတာလည်း ရှိတော့ လူထု ကလည်း ကိုဗစ်ဖြစ်နေတာ အများကြီးဆိုတော့ ထိုးဖို့ စိတ်ဝင်စားတာတွေ များလာတယ်” ဟု ဒေါက်တာသိန်းဝင်းက ဆိုသည်။
ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေး လေ့လာသူ တဦးကလည်း စစ်ကောင်စီဘက်က တနေ့လျှင် လူ ၁ သိန်း ကာကွယ် ဆေးထိုးမည်ဟု ပြောဆိုထားကြောင်း ၁ နေ့လျှင် လူ ၁ သိန်းကာကွယ်ဆေးထိုးမည်ဆိုပါက ကျန်းမာရေးဝန်ထမ်း အနည်းဆုံး ၁ သောင်းခန့် လိုအပ်မည် ဖြစ်ကြောင်း သုံးသပ်သည်။
“ရန်ကုန်တို့လို မြို့ကြီးတွေမှာသာ ထိုးနေကြတာ။ နယ်တွေမှာက ဆရာဝန်တောင် မရှိဘူး။ ဆရာဝန်တွေ သူနာပြုတွေ ကလည်း CDM ဝင်ထားကြတယ်။ အရင်တုန်းက အဖွဲ့လိုက်ထိုးတာပဲ။ အခုက တချို့လည်း ကုန်သွားရင် ကုန်တယ်လို့ အော်ပြီးရပ်လိုက်တာပဲ။ သူတို့ကို မကောင်းမြင်တာတော့ မဟုတ်ဘူး။ သူတို့ကသာ ကာကွယ်ဆေး ဘယ်လောက်ရ မယ်။ ဘယ်လို ထိုးပေးမယ်ပြောနေပေမယ့် လက်တွေ့မှာ သေသေချာချာ မရှိတဲ့ အခြေအနေ ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ လူ ၃၅ သိန်းကျော် လူဦးရေ၏ ၃ ဒသမ ၂ ရာခိုင်နှုန်းသာ ၂ ကြိမ် ကာကွယ်ဆေး ထိုးရသေးသည်။
မြန်မာနိုင်ငံတွင် အသက် ၆၅ နှစ် အထက် အသက်အရွယ်ကြီးရင့်သူအချို့က ကိုဗစ် ရောဂါ ကာကွယ်ရန် စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဌာနများ၌ ကာကွယ်ဆေးသွားရောက်ထိုးနှံမှု ရှိကြသော်လည်း လူငယ်အများစုကမူ စစ်ကောင်စီထံတွင် ကာကွယ်ဆေးထိုးရန် ဆန္ဒမရှိကြပေ။
လွတ်လပ်သော မြန်မာသုတေသီများ (Myanmar Independent Researchers) က ဩဂုတ်လအတွင်း မြန်မာလူငယ် ၅၀၀၀ ခန့်ကို အွန်လိုင်းမှတဆင့် မေးမြန်းကာ ပြုစုထားသည့် သဘောထားအမြင် စစ်တမ်းအရ ဆိုလျှင် စစ်ကောင်စီ၏ ကိုဗစ်ကာကွယ်ဆေး ထိုးရေး အစီအစဉ်သည် ထိရောက်မှု မရှိဟု ယူဆသူ ၉၆ ရာခိုင်နှုန်းရှိပြီး ကာကွယ်ဆေး မထိုး သင့်ဟု ယူဆသူ ၈၄ ရာခိုင်နှုန်း ရှိနေသည်။
You may also like these stories:
စက်မှုဇုန်လုပ်သားများကို ကိုဗစ်ကာကွယ်ဆေးထိုးရန် ဖိအားပေး စာရင်းကောက်နေ
မဲဆောက်မှ မြန်မာလုပ်သားများ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ
ထိုင်းရောက်လုပ်သားများ ကိုဗစ်ကာကွယ်ဆေးထိုးရန် ဒေါက်တာ စင်သီယာမောင် တိုက်တွန်း