• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရှမ်းနှင့်ကယားက ပြည်သူ ၂၀ ဦးကို လူသားဒိုင်းသုံးရန် စစ်တပ်က ဖမ်းသွား

by ဧရာဝတီ
19 August 2021
in သတင်း
A A
ကယားပြည်နယ် အတွင်း အာဏာသိမ်း စစ်တပ်လှုပ်ရှားမှု  / FBR

ကယားပြည်နယ် အတွင်း အာဏာသိမ်း စစ်တပ်လှုပ်ရှားမှု / FBR

14.3k
VIEWS
Share on FacebookShare on Twitter

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း စစ်ပဋိပက္ခဖြစ်ပွားရာနေမြေများ အတွင်းက ဒေသခံ အရပ်သား ၂၀ ဦးကို အာဏာသိမ်း စစ်တပ် က ဖမ်းဆီးပြီး လူသားဒိုင်း အဖြစ်သုံးရန် ရှေ့တန်း နယ်မြေများကို ခေါ်ဆောင်သွားသည်ဟု ကရင်နီ လူ့အခွင့် အရေးအဖွဲ့နှင့် ဒေသခံများထံက ပြောသည်။

ဖမ်းဆီးခံရသည့် အရပ်သား ၂၀ အနက် ၁၀ ဦးသည် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု အတွင်းရှိ လွယ်လုံကျေးရွာမှ ၅ ဦး၊ စက်တော်ကျေးရွာမှ ၅ ဦးတို့ဖြစ်ပြီး ၎င်းတို့ကို သြဂုတ် ၁၈ ရက်၊ နေ့လယ်ပိုင်းတွင် စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံတပ်ဖွဲ့များက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

RelatedPosts

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

15 July 2025
122
ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

15 July 2025
132
ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

15 July 2025
45

ကျန် ၁၀ ဦးသည် ကယားပြည်နယ်၊ ဘော်လခဲမြို့နယ်၊ နန်းဖဲကျေးရွာအုပ်စုမှ ဒေသခံများ ဖြစ်ပြီး ၎င်းတို့သည်လည်း သြ ဂုတ် ၁၈ ရက်က ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စုနှင့် ဘော်လခဲမြို့နယ် နန်းဖဲကျေးရွာ အုပ်စုတို့သည် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့ များ ဖြစ်သည့် ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ မြို့နယ် အလိုက် ဖွဲ့စည်း ထားသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် စစ်ကောင်စီကြား တိုက်ပွဲများ ဖြစ်ပွားထားကာ စစ်ရေး တင်းမာနေ သည့် နယ်မြေများ ဖြစ်သည်။

ဖယ်ခုံမြို့နယ်၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက “ကျနော်တို့ ခေါ်တာကတော့ လမ်းထိုးပေါ့။ သွားတဲ့လမ်းမှာ အရှေ့ကနေ လူသားဒိုင်း အဖြစ်သော်လည်း ကောင်း၊ သူတို့ရဲ့ အကာအကွယ်သော်လည်း ကောင်း ရှေ့ကနေ ခေါ်ထုတ်သွားတာပါ။ လွယ်လုံရွာက ၅ ယောက်နဲ့ စက်တော်က ၅ ယောက်ကို မနေ့ညက ကျနော်တို့ ကြားမိတာ ကတော့ ပင်လောင်း မြို့နယ် နယ်စပ်အထိ ခေါ်သွားတယ်ဗျ” ဟု ပြောသည်။

စစ်ပဋိပက္ခကြောင့် အသက်ဘေးလွတ်ရာသို့ထွက်ပြေးနေကြရသည့် ဖယ်ခုံမြို့နယ်၊ လွယ်ဟွဲကျေးရွာမှ ဒေသခံပြည်သူများ (ဓာတ်ပုံ – FBR)

လွယ်လုံရွာနှင့် စက်တော်ရွာအတွင်းမှ ဖမ်းဆီးခံရသည့် လူငယ် ၁၀ ဦးသည် အရပ်သားများ ဖြစ်ပြီး စစ်ရေးအခြေအနေ မတည်မငြိမ်ခြင်းကြောင့် ရွာတွင်းမှ ဒေသခံများ စစ်ဘေးရှောင်ကြရာတွင် ရွာစောင့်အဖြစ် ကျန်ရှိနေသူများ ဖြစ်သည်ဟု သိရသည်။

ဖယ်ခုံမြို့နယ်အတွင်း ဖယ်ခုံ PDF နှင့် စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းများသည် သြဂုတ် ၁၄ ရက်မှစ၍ တိုက်ပွဲ ဖြစ်ပွားနေရာ ယခုအချိန်ထိလည်း စစ်ရေး တင်းမာနေဆဲ ဖြစ်သည်။

တိုက်ပွဲ စဖြစ်ပွားချိန်မှစ၍ အင်အား ရာနှင့်ချီသည့် စစ်ကောင်စီတပ်များက လွယ်ဟွဲကျေးရွာ အတွင်းသို့ ဝင်လာကာ ရွာ အတွင်း၌ စခန်း ချထားသည်။

စစ်ကောင်စီက စခန်းချထားသည့် လွယ်ဟွဲကျေးရွာမှ အရပ်သားများသည်လည်း ရွာလုံးကျွတ် ထွက်ပြေးနေကြရသည်။

သြဂုတ် ၁၈ ရက်တွင် လွယ်ဟွဲကျေးရွာမှ ထွက်လာသည့် အင်အား ၃၀ ခန့်ရှိသည့် စစ်ကြောင်းက တရွာဝင်တရွာထွက် လှည့်လည်သွားလာရာ လွယ်လုံနှင် စက်တော်ကျေးရွာ အရောက်တွင် လူငယ်များကို ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ် သည်။

ဖယ်ခုံ PDF ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက “လောလောဆယ် နှစ်ဦးနှစ်ဖက် စစ်ရေး တင်းမာမှု ရှိတယ်။ ဖမ်း သွားတဲ့ ၁၀ ဦး ကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ အပစ်အခတ် လေးတော့ ခဏတော့ ယာယီရပ်ဆိုင်းထားတယ်။ ကျနော်တို့ အနေနဲ့လည်း စာထုတ်ဖို့ ရှိပါတယ်။ ဒီ ၁၀ ဦးကို ချက်ချင်းပြန်လွှတ်ပေးဖို့ပါ။ ကျနော်တို့က ပစ်ခတ်တဲ့အပိုင်းမှာ ခဏ ရပ်နားထားပြီးတော့ ဒီ ၁၀ ဦး လွတ်မြောက်ဖို့ကို အရင်ဦးဆုံး လုပ်နေပါတယ်” ဟု ပြောသည်။

ဖယ်ခုံ PDF သည် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည့်အပြင် သြဂုတ် ၁၂ ရက်ကလည်း ကယားပြည်နယ်၊ လွိုင် ကော်မြို့မှ တဆင့် ဖယ်ခုံမြို့နယ်ကို ဖြတ်သန်းကာ နေပြည်တော်သို့ သွယ်တန်းထားသည့် လောပိတ ရေအားလျှပ်စစ် မဟာဓာတ်အားလိုင်း၏ တာဝါတိုင်များအနက် စစ်ကောင်စီတပ် သီးသန့် အသုံးပြုသည့် တိုင် ၂ တိုင်ကို မိုင်းခွဲ ဖျက်ဆီး ထားသည်။

ထိုသို့မိုင်းခွဲ ဖျက်ဆီးခံရပြီးနောက်တွင် သြဂုတ် ၁၄ ရက်မှစ၍ ဖယ်ခုံ PDF နှင့် စစ်ကောင်စီကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားပြီး စစ်ကောင်စီသည် လွယ်ဟွဲ ကျေးရွာတွင် စစ်အင်အား ၅၀၀ ကျော်ကို လာရောက် တပ်စွဲထားကာ ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်၊ နယ်စပ်တကြောကိုလည်း စစ်ကြောင်း တကြောင်းက လှည့်လည်ကြည့်ရှုနေခြင်း ဖြစ်သည်။

ကရင်နီလူ့အခွင့်အရေးဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုဗညားကလည်း ဘော်လခဲမြို့နယ်တွင်း ဖမ်းဆီးခံရသူ အရပ်သား ၁၀ ဦး၏ အခြေအနေကို ၎င်းတို့ဘက်မှ စုံစမ်းနေသည်ဟု ဆိုသည်။

ကိုဗညားက “၁၀ ယောက် ဖမ်းခံရတာ ဟုတ်ပါတယ်။ အသက်အရွယ်တွေ ဘယ်သူတွေဆိုတာတော့ ကျနော်တို့ မသိရ သေးဘူး။ ဖြစ်နိုင်ချေက ဘော်လခဲကနေ နန်းဖဲဘက်ကို စစ်ကြောင်း တကြောင်း ထိုးလာတယ်။ အခုချိန်က နှမ်းခုတ်တဲ့ ရာသီဖြစ်လို့ ကျနော်ထင်တာ တောင်ယာမှာပဲ ဖမ်းပြီး လမ်းပြအနေနဲ့ခေါ် လာတာ ဖြစ်စေ၊ အခြားကိစ္စအတွက် သုံးဖို့ ဖြစ် ဖြစ် ဖမ်းခေါ်လာတာ ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။

ကရင်နီလူ့အခွင့်အရေး အဖွဲ့က ဒေသခံများကို မေးမြန်းထားချက်အရ စစ်ကောင်စီတပ်များသည် ဘော်လခဲမြို့နယ်တွင်း တရွာဝင် တရွာထွက် စစ်ဆေးခြင်း၊ အချို့ ရွာသားများကို ငွေကြေး တောင်းခံခြင်းများလည်း ပြုလုပ်နေကြောင်း သိထား သည်ဟု ကိုဗညားက ဆိုသည်။

စစ်ပဋိပက္ခကြောင့် အသက်ဘေးလွတ်ရာသို့ထွက်ပြေးနေကြရသည့် ဖယ်ခုံမြို့နယ်၊ လွယ်ဟွဲကျေးရွာမှ ဒေသခံပြည်သူများ (ဓာတ်ပုံ – FBR)

ကရင်နီလူ့အခွင့်အရေး အဖွဲ့၏ စစ်တမ်း ကောက်ယူထားချက်များအရ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း အတွင်း စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး တပ်ဖွဲ့များကြား လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေချိန်တွင် စစ်ကောင်စီ က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်း ပြုလုပ်ခြင်း၊ စစ်ဘက်ဆိုင်ရာ လုပ်ငန်းများအတွက် အရပ်သားများကို ဖိအား ပေး ခိုင်းစေခြင်းများ ပြုလုပ်နေသည့် အချက်များကို တွေ့ရှိရသည်ဟု သိရသည်။

လူသားဒိုင်းအဖြစ် အသုံးပြုသည်ဟု ဆိုရသည်မှာ အရပ်သားများကို ဖမ်းဆီးထားချိန်အတွင်း ကြိုးတုပ်ထားကာ လမ်းပြ ခိုင်းခြင်း၊ ရှေ့တန်း စစ်ကြောင်းများ၏ ရှေ့မှ နေ၍သွားခိုင်းခြင်းများ ပြုလုပ်ခြင်းတို့ ဖြစ်သည်ဟု ကိုဗညားက ပြောသည်။

ဆက်လက်ပြီး ၎င်းက “Porter ပုံစံလည်း အသုံးချတာ ရှိတယ်။ ချက်ပြုတ်ခိုင်းမယ်။ တိုက်ပွဲဖြစ်တဲ့ အရပ်မှာဆို ထုထောင်း တာတွေ လုပ်တယ်။ ရှေ့က သွားခိုင်းတာတွေ လုပ်တယ်။ သူတို့က အရပ်သားတွေ ဖြစ်တယ်။ ဒါက အရမ်းကို ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပါတယ်။ လူကို သေစေနိုင်တဲ့ ရည်ရွယ်ချက်၊ အန္တရာယ်ဖြစ်စေတဲ့ ရည်ရွယ်ချက်နဲ့ ဖမ်းခေါ်သွားပြီး စေခိုင်းတာ ဒါ လူ့အခွင့်အရေး ချိုးဖောက်မှုပါ။ ဒါက Crime Against Humanity (လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှု) ဖြစ်ပါတယ်”ဟု ဆိုသည်။

ကရင်နီ လူ့အခွင့်အရေးအဖွဲ့၏ မှတ်တမ်းများအရ စစ်ကောင်စီသည် သြဂုတ် ၁၄ ရက်မှ သြဂုတ် ၁၉ ရက်အတွင်း အသက် ၁၅ နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား ၂၉ ဦးကို ဖမ်းဆီးချုပ်နှောင်ကာ စစ်ရေးပဋိပက္ခဖြစ်နေသည့် ရှေ့တန်း နယ်မြေများသို့ ခေါ်ဆောင်သွားခြင်း၊ လမ်းပြအဖြစ် ခိုင်းစေခြင်းများ လုပ်ဆောင်ထားသည်ဟု သိရသည်။

ဖမ်းဆီးခံရသည့် ၂၉ ဦးအနက် အသက် ၁၇ နှစ်အရွယ်အပါအဝင် အမျိုးသား ၃ ဦး ပြန်လွတ်လာသော်လည်း အသက် ၁၅ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား ၂၆ ဦးသည် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။

လွယ်ဟွဲရွာ (ဓာတ်ပုံ – FBR)

ကရင်နီ လူ့အခွင့်အရေးအဖွဲ့အနေဖြင့် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ ကမ္ဘာ့ကုလသမဂ္ဂ (UN) ၏ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများကို ပေးပို့သွားမည့်အပြင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေး ဝန်ကြီးဌာနသို့လည်း ပေးပို့သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင်း စစ်ကောင်စီ၏ တပ်တွင် ရှေ့တန်းနယ်မြေများ၌ စစ်သည်တော်များ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များ ကို ပြဋ္ဌာန်းထားပြီး ထိုပြဋ္ဌာန်းချက်များထဲတွင် အရပ်သားများကို အသက်အန္တရာယ်ဖြစ်အောင် ပြုလုပ်ခြင်း၊ ခြိမ်းခြောက်ခြင်း အပါအဝင် အသက် ၁၈ နှစ် အောက် ကလေးငယ်များကို ဖမ်းဆီးခြင်း၊ ကလေးငယ်များနှင့် အရပ်သားများကို တိုက်ပွဲတွင်း အသုံးချခြင်းများ မပြုလုပ်ရကြောင်း ပါရှိသည်။

ထို့ပြင် မြန်မာနိုင်ငံက လိုက်နာကျင့်သုံးပါရန်အတွက် ပါဝင်လက်မှတ်ရေးထိုးထားသည့် ဂျနီဗာကွန်ဗန်းရှင်း၏ ပြဌာန်းချက် များတွင်လည်း ပဋိပက္ခတွင်း လက်နက်ကိုင်ထားသည့် စစ်သားများက အရပ်သားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက် ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများ မပြုလုပ်ရကြောင်း ပြဌာန်းထားသည်။

The Fourth Geneva Convention ၏ ပြဋ္ဌာန်းချက်အမှတ် ၁၃ နှင့် ၃၂ တွင် နိုင်ငံရေးအယူအဆ၊ နိုင်ငံသား၊ လူမျိုး၊ ဘာသာရေး ယုံကြည်မှု ကွဲပြားမှုများအပေါ်တွင် အကြောင်းပြုပြီး ခွဲခြားဆက်ဆံမှု ပြုလုပ်ကာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများမှ အရပ်သားများကို အကာအကွယ်ပေးရမည်ဟု ဆိုထားသည်။

ပြဋ္ဌာန်းချက်အမှတ် ၃၃ နှင့် ၃၄ တွင် အရပ်သားများ ပိုင်ဆိုင်သည့် ပစ္စည်း ဥစ္စာများ၊ အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ အရပ်သားများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများကို ပြုလုပ်ခြင်းအား တားမြစ်ပါသည်ဟု ဆိုထားသည်။

ပြဋ္ဌာန်းချက် အမှတ် ၄၀ တွင် အရပ်သားများကို စစ်ဘက်ဆိုင်ရာ လုပ်ငန်းများအတွက် ဖိအားပေး ခိုင်းစေခြင်းများ ပြုလုပ်၍ မရကြောင်း ပါရှိသည်။

အထက်ပါ ဂျနီဗာ ကွန်ဗန်းရှင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ သဘောတူညီချက်များသည် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ၏ အစိတ်အပိုင်းများလည်း ဖြစ်သည်။

You may also like these stories:

သထုံမှာ အာဏာသိမ်းစစ်တပ်က ပစ်လို့ အရပ်သားနှစ်ဦး သေဆုံး

ဒီးမော့ဆို၌ စစ်တပ်က အရပ်သားများကို ဖမ်း၍ ရှေ့တန်းသို့ ချုပ်နှောင် ခေါ်သွား

မင်းတပ် CDF ကို စစ်ကောင်စီတပ် အင်အားသုံး၍ ဖိတိုက်နေ

Your Thoughts …
Tags: ကယားစစ်ကောင်စီတိုက်ပွဲဖမ်းဆီးရှမ်းလူသားဒိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကိုင်းတိုင်း၊ ကလေးမြို့  / ကလေးတက္ကသိုလ် Facebook

ကလေးတွင် NLD ရပ်ကျေးဥက္ကဋ္ဌကို မတွေ့သဖြင့် ဇနီးဖြစ်သူအား ဖမ်းဆီးသွား

ယခင်လက ကိုဗစ်ကူးစက်မှု ဖြစ်ပွားခဲ့သည့် မယ်လ ဒုက္ခသည် စခန်း  / ကျော်ခ / ဧရာဝတီ

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၂ ခုတွင် ကိုဗစ်ကူးစက်မှုဖြစ်

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

5 days ago
5.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate