• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်ဒုက္ခသည်များ ရိက္ခာပြတ်လပ်နေ

by ဧရာဝတီ
21 August 2021
in သတင်း
A A
စစ်တွေ အနောက်ဘက်ရှိ မွတ်ဆလင် ဒုက္ခသည်စခန်းတခု  / ဧရာဝတီ

စစ်တွေ အနောက်ဘက်ရှိ မွတ်ဆလင် ဒုက္ခသည်စခန်းတခု / ဧရာဝတီ

11.4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် အတွင်းရှိ စစ်တွေမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်များရှိ မွတ်ဆလင် ကျေးရွာများနှင့် ဒုက္ခသည်စခန်းများ တွင် ရိက္ခာပြတ်လပ်နေသည်မှာ ၃ လကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ အနောက်ဘက်ရှိ မွတ်ဆလင် ဒုက္ခသည်စခန်းများမှ သိန်းနှင့်ချီသော ဒုက္ခသည်များမှာ ပြီးခဲ့သည့် ဇွန်လ ကတည်းက ထောက်ပံ့မှု ရိက္ခာမရသည့်အတွက် အခက်အခဲ များစွာနှင့် ရင်ဆိုင်နေရသည်ဟုလည်း ခေါင်းဒုက္ကာ မွတ် ဆလင် ဒုက္ခသည်စခန်း တာဝန်ခံ ဦးမောင်မောင်တင်က ဧရာဝတီကို ပြောသည်။

RelatedPosts

စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

24 May 2025
111
တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

23 May 2025
1.1k
ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

23 May 2025
110

၎င်းက “ကျနော်တို့ ရိက္ခာငွေတွေ မရတာ ၃ လ လောက်ရှိနေပြီ။ တော်တော်ကြီးကို ဒုက္ခတွေ့နေတယ်။ တချို့ အိမ်တွေဆို ထမင်း မချက်နိုင်တော့ဘူး။ တချို့လည်း ရှိတာကို ရောင်းစားကြတာ ရှိတယ်။ အဲဒီလောက်အထိ ဖြစ်နေတယ်” ဟု ဆိုသည်။

စစ်တွေမြို့နယ် အနောက်ဘက်ရှိ သဲချောင်း၊ မှန်စီ၊ ဆေးသမားကြီး၊ အုန်းတော်ကြီး၊ အုန်းတော်ချေ၊ ခေါင်းဒုက္ကာ၊ သက္ကယ်ပြင် စသည့် ဒုက္ခသည်စခန်းများတွင် မွတ်ဆလင် လူဦးရေ သိန်းချီရှိကြောင်း သိရသည်။

အဆိုပါ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများသည် ၂၀၁၂ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရခိုင်နှင့် မွတ်ဆလင် ပဋိပက္ခကြောင့် မြို့နယ်အသီးသီးမှ ပြောင်းရွှေ့လာသူများဖြစ်ကာ လက်ရှိအချိန်ထိ အစိုးရက ၎င်းတို့အား ပြန်လည်နေရာချထားရေး ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။

ယင်းဒုက္ခသည် စခန်းများတွင် နေထိုင်သည့် မွတ်ဆလင် ရွာသားများသည် ၎င်းတို့ စားသောက်ရေးအတွက် ပင်လယ်ပြင် ထွက်ပြီး ငါးရှာခြင်း၊ ရာသီပေါ်သီးနှံများ စိုက်ပျိုးခြင်းနှင့် ကြုံရာကျပန်းများ လုပ်ကိုင်စားသောက်ကြပြီး အများစုမှာ နိုင်ငံတ ကာ ထောက်ပံ့မှုကို မျှော်ကိုးပြီး ရှင်သန်နေထိုင်ကြရခြင်း ဖြစ်သည်။

စစ်တွေမြို့နယ်၊ ဆေးသမားကြီး ဒုက္ခသည်စခန်းမှ အိုဘတ်ရော်ဘီက “စားရေးသောက်ရေးက တော်တော် အခက်အခဲ ဖြစ် နေတယ်။ ကိုဗစ်ကြောင့် အပြင်လည်း ထွက်မရဘူး။ လုပ်စရာအလုပ်လည်း မရှိဘူး။ အခု တချို့တလေဆိုရင် သူများအိမ်က ပစ္စည်းတွေ၊ စားသောက်စရာတွေကို ဝင်ခိုးယူတဲ့အထိ ဖြစ်နေတယ်။ ကျနော်တို့ WFP ဝန်ထမ်းတွေကို မေးကြည့်တော့ အထက်အမိန့်အရ လာမပေးတာလို့ ပြောတယ်” ဟု ဧရာဝတီကို ပြောသည်။

အဆိုပါ ဒုက္ခသည်စခန်းရှိ မွတ်ဆလင်များကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က လူ ၁ ဦးအတွက် တလလျှင် ကျပ် ၁၅,၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးမှုများရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ဘူးသီးတောင် မြို့နယ်အတွင်းက မွတ်ဆလင် ကျေးရွာသားများမှာလည်း ထောက်ပံ့မှုရိက္ခာ မရရှိသည်မှာ ၃ လကျော် ရှိနေသည့်အတွက် စားရေးအခက်ကြုံနေရသည်ဟုလည်း ယင်းမြို့နယ် ထိပ်ထူးပေါက် ကျေးရွာမှ မွတ်ဆလင် ရွာသားတဦးက ပြောသည်။

၎င်းက “ကျနော်တို့ ရိက္ခာမရတာ ၃ လ ရှိပြီ။ လူတွေလည်း ရှိတဲ့ဟာတွေကို ရောင်းတာရောင်း၊ ပေါင်တာ ပေါင်။ အဲဒီလို ဖြစ်နေတယ်။ ကိုဗစ်နဲ့ ငါးရှာဖို့ ချောင်းထဲ ဆင်းလို့မရ။ တောင်ပေါ်လည်း တက်မရ။ နေ့တိုင်း ရိက္ခာလာမယ့် လမ်းကိုမျှော် တယ်။ ဖုန်းဆက် စုံစမ်းတယ်။ အဲဒီလို ဒုက္ခရောက်နေပါတယ်” ဟု ပြောဆိုသည်။

အဆိုပါ ဘူးသီးတောင် မြို့နယ်အတွင်း ထိပ်ထူးပေါက်ကျေးရွာ၊ တောင်ရွာ၊ နနွင်းတူးရွာ၊ ဖုံညိုလိပ်ကျေးရွာ၊ သရက် ပြင်ကျေးရွာ၊ ဆေးအိုးကျ စသည့် မွတ်ဆလင် ကျေးရွာများတွင် အစ္စလာမ်ဘာသာဝင် ၅၀, ၀၀၀ ကျော်ရှိကာ ၎င်းတို့အား WFP အဖွဲ့က လစဉ် ဆန်၊ ဆီ၊ ဆား စသည်ဖြင့် ရိက္ခာများ ထောက်ပံ့ပေးကြောင်းလည်း သိရသည်။

လက်ရှိ အချိန်တွင် အဆိုပါ မွတ်ဆလင် ကျေးရွာများနှင့်ဒုက္ခသည်စခန်းများသို့ သွားရောက်ကာ ရိက္ခာထောက်ပံ့ နိုင်ရေးအတွက် စစ်ကောင်စီ လက်အောက်ခံ ပြည်နယ်အစိုးရအဖွဲ့နှင့် နိုင်ငံတကာ အဖွဲ့အစည်းတို့ကြား ဆွေးနွေး ညှိနှိုင်းမှု များ ပြုလုပ်နေကြောင်း သိရသည်။

You may also like these stories:

NUG ရိုဟင်ဂျာမူဝါဒ ရခိုင်တိုင်းရင်းသားများကို ကိုယ်စားမပြုဟု တုံ့ပြန်

ကချင် PDF အဖွဲ့အနေဖြင့် KIO/KIA လက်အောက်၌သာ လှုပ်ရှားရမည်ဟုဆို

ကိုဗစ်ကာလ ရခိုင်တွင် ကျောင်းတက်သူ ကျောင်းသား/သူ ၃ သိန်းကျော် ရှိ

တံတားအမည်ပြောင်းပွဲ မွန်ဝတ်စုံဖြင့် တက်ရန် ငွေပေးငှားရမ်းမှုများ ရှိခဲ့ဟုဆို

Your Thoughts …
Tags: WFPမွတ်စဆလင်ဒုက္ခသည်စခန်းရခိုင်ပြည်နယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.1k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
17.9k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
24 February 2024
14.9k

ရခိုင်ကမ်းရိုးတန်းတလျှောက် နှစ်စဉ် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး ဆိုသည်ကို လေ့ကျင့်ခဲ့သည့် စစ်တပ်သည် လက်ရှိ ရခိုင်ပြည်တွင် အရှုံးကြီးရှုံးနေ၏။

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

by အေးချမ်းဆု
2 April 2024
14.6k

ရခိုင်စစ်မျက်နှာတွင် စစ်ပွဲရပ်တန့်အောင် ကြိုးစားနေမှုများ ရှိနေသော်လည်း ရက္ခိုင့်တပ်တော်၏ တတိယအဆင့်ထိုးစစ် စတင်နေပြီဖြစ်၏။

Next Post
လူသားဒိုင်း သုံးတာဟာ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ် (ရုပ်/သံ)

လူသားဒိုင်း သုံးတာဟာ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ် (ရုပ်/သံ)

၂၀၂၁ခု ဩဂုတ် ၁၂ ရက် ဖရူဆိုမြို့နယ်အတွင်း စစ်တပ်၏ စစ်ဆင်မှုကြောင့် ရာသီဥတု ဆိုးရွားသည့်ကြား အရပ်သား ထွက်ပြေးတိမ်းရှောင်ရသည်ကို တွေ့ရစဉ်  / Free Burma Ranger-Karenni

စစ်မီးပဋိပက္ခကြားက ကရင်နီ စစ်ဘေးရှောင်များ

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.5k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate