အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အပါအဝင် CRPH၊ PDF တို့နှင့် ဆက်နွယ်သည့် ရန်ပုံငွေများ၊ ပိုင်ဆိုင်မှုများ အား ထိန်းချုပ်ရန် စစ်ကောင်စီ လက်အောက်ခံ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က အမိန့်ထုတ်ပြန် ဆောင်ရွက် လျက်သည်။
ပြီးခဲ့သည့် ဇွန်လက ထုတ်ပြန်ခဲ့သည့် ယင်းအမိန့်အရ ဘဏ်များ အပါအဝင် သတင်းပို့ အဖွဲ့အစည်းများ အနေဖြင့် CRPH၊ NUG၊ PDF များနှင့် ပတ်သက်သည့် ရန်ပုံငွေ၊ ပိုင်ဆိုင်မှုများအား ချက်ချင်း ရှာဖွေစစ်ဆေးကာ တွေ့ရှိပါက ကြိုတင် သတိပေးခြင်းနှင့် နှောင့်နှေးကြန့်ကြာခြင်း မရှိဘဲ ထိန်းချုပ်မှု ပြုလုပ်ရန်လည်း ဖော်ပြထားသည်။
ဥပဒေရေးရာ ကျွမ်းကျင်သူတဦးက “ဒါတွေကတော့ တဖက်ကနေ တဖက်ကို အားနည်းအောင် နိုင်ငံရေး ရည်ရွယ် ချက်နဲ့ လုပ်ကြတာပါပဲ။ နှစ်ဖက်အားပြိုင်နေတဲ့ ဒီအခြေအနေမှာ ဥပဒေနဲ့ ညီတယ်၊ မညီဘူး ပြောဖို့က ခဲယဉ်းပါတယ်၊ ဘာအမိန့်ပဲ ထုတ်ထုတ် NUG ဘက်ကလည်း သူတို့လုပ်နိုင်တာတွေ ဆက်လုပ်နေမှာပါပဲ” ဟု ပြောသည်။
အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းခြင်းနည်း ဥပဒေအရ အသင်းပို့ အဖွဲ့ အစည်းဆိုရာတွင် ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ငွေရေးကြေးရေး မဟုတ်သော စီးပွားရေး လုပ်ငန်းများ နှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအပြင် ၎င်းတို့ သတ်မှတ်ထားသည့် အဖွဲ့အစည်း အား လုံး အကျုံးဝင်ပြီး ထိန်းချုပ်ထားသည့် ပိုင်ဆိုင်မှုနှင့် ရန်ပုံငွေများအား ဗဟိုမှ ခွင့်ပြုချက် မရှိဘဲ ငွေကြေးလွှဲပြောင်း ဝန် ဆောင်မှုများ မပြုလုပ်ရန်လည်း စစ်ကောင်စီက တားမြစ်ထားသည်။
ယင်း အမိန့်အရ CRPH၊ NUG၊ PDF တို့တွင် ပါဝင်နေသူများ၏ ပုဂ္ဂလိက ပိုင်ဆိုင်မှုများလည်း ထိန်းချုပ်သိမ်းဆည်းခံ ရနိုင်သည်အထိ ကျယ်ပြန့်ပြီး လတ်တလောတွင် လုပ်ငန်များ ပိုင်ဆိုင်မှု မည်မျှ ထိန်းချုပ်အရေးယူမှု ပြုလုပ်ထားသည် ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း အကြမ်းဖက်မှုတို က်ဖျက်ရေးဗဟိုအဖွဲ့၏ ရန်ပုံငွေနှင့် ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေး ဆောင်ရွက်မှု အခြေအနေများအား မသိရှိသေးကြောင်းသာ ပြောသည်။
ယခုကဲ့သို့ စစ်ကောင်၏ NUG နှင့် ပတ်သက်ဆက်နွယ်သည့် ရန်ပုံငွေ၊ ပိုင်ဆိုင်မှုများ ထိန်းချုပ်ရန် အမိန့်ထုတ်ပြန် ဆောင်ရွက်ရာတွင် လိုအပ်သည့် အချက်အလက်များ ဖော်ထုတ်ရေးတွင် ဘဏ်များအပါအဝင် ငွေရေးကြေးရေး အဖွဲ့ အစည်းများ၏ ၎င်းတို့ ဝန်ဆောင်မှုများအား သုံးစွဲသူများ၏ လုံခြုံရေးအတွက် လိုက်နာ ဆောင်ရွက်မှုများမှာ အရေး ပါလာကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးက ပြောသည်။
၎င်းက “ဘဏ်လုပ်ငန်း စနစ်အရ ကိုယ့်ရဲ့ Customer တွေ အပေါ်မှာ သစ္စာစောင့်သိဖို့က နံပါတ် ၁ အရေးကြီးတာပဲ၊ ကိုယ့်ဆီ မှာ အပ်နှံထားတဲ့သူတွေရဲ့ ဆက်သွယ်မှုတွေ၊ အချက်အလက်တွေကို ကာကွယ်မပေးနိုင်တာကတော့ တော်တော် လေး ဆိုးပါတယ်၊ စစ်ကောင်စီဘက်က ပိုပြီး တင်းကျပ်လာသလို ဘဏ်တွေအပေါ် လူထုရဲ့ယုံကြည်မှုကလည်း ပျက် ပြားသွားစေပါတယ်” ဟု ဆိုသည်။
စစ်ကောင်စီအနေဖြင့် CRPH၊ NUG၊ PDF တို့နှင့် ပတ်သက်ပြီး ပိုမို တင်းကျပ်သည့် ထိန်းချုပ်မှုများ ပြုလုပ်သည့် အနေ ဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပြင်ဆင်မှုကိုလည်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ဩဂုတ် ၁ ရက်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
ယင်းပြင် ဩဂုတ် ၁၃ ရက်ကလည်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က NUG က ဖွင့်လှစ်ရောင်းချသည့် “အောင်လံလွှင့်ချီ နွေဦးထီ” နှင့် ပတ်သက်ပြီး ငွေပေးချေမှုများအား စောင့်ကြည့် သတင်းပို့ရန် ဘဏ်နှင့်ငွေရေးကြေး ရေးအဖွဲ့အစည်း၊ မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူများအား ညွှန်ကြားခဲ့သည်။
သတင်းပေးပို့ရန် ပျက်ကွက်ပါကလည်း ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ အရ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တရပ်ရပ်ဖြင့် အရေးယူမည်ဖြစ်ကြောင်းလည်း ဗဟိုဘဏ်က ဖိအားပေးထားသည်။
ယင်းညွှန်ကြားချက်များနှင့် ပတ်သက်ပြီး ယခုရက်ပိုင်းအတွင်းမှာပင် အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်သူများ ထောက်ပံ့ရေး၊ စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ရေးနှင့် အကျဉ်းထောင်အတွင်း ချုပ်နှောင်ခံထားရသူများအား ထောင်ဝင်စာ ပို့ဆောင်နိုင်ရေး အလှူခံထားသည့် အကောင့်အချို့ ပိတ်သိမ်းခံရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် အပတ်အတွင်း ထောင်ဝင်စာ ပို့နိုင်ရေး အလှူခံရငွေများအား ချိတ်ဆက်အသုံးပြုနေသည့် Wave Money အကောင့်အား အာဏာပိုင်များ ညွှန်ချက်အရ ဟုဆိုကာ ပိတ်သိမ်းခံလိုက်ရသည့်အပြင် အကောင့်ပိုင်ရှင်၏ နေအိမ် အထိပါ စစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ကြကြောင်း “ထောင်ဝင်စာ ပို့ကြမယ်” အစီအစဉ် ဆောက်ရွက်နေသည့် ကိုဇေ ယျာလွင်က ဩဂုတ် ၂၂ ရက်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာကတဆင့် ဖော်ပြခဲ့သည်။
ကိုဇေယျာလွင်က “ဒီအခြေအနေမှာ တခြားလူတွေလည်း ပိုပြီး သတိရှိကြဖို့ လိုပါလိမ့်မယ်။ ကိုယ့်ရဲ့ Wave အကောင့် ပဲဖြစ်ဖြစ် တခြားအကောင့်တွေပဲဖြစ်ဖြစ် ပိတ်လိုက်တာကနေ နောက်တဆင့် အိမ်အထိ ဝင်ရှာဖမ်းတာမျိုးတွေ ရှိနေ ပါပြီ။ ငွေလွှဲအကောင့်တွေ အသုံးပြု လှုပ်ရှားနေကြတဲ့သူတွေ ပိုသတိရှိကြပါ” ဟုလည်း သတိပေးထားသည်။
စစ်ကောင်စီ အနေဖြင့် ယခုကဲ့သို့ CRPH၊ NUG၊ PDF များနှင့် ပတ်သက်ပြီး ရန်ပုံငွေ စီးဆင်းမှု မရှိစေရေး အပြင်း အထန် ထိန်းချုပ် ကြိုးပမ်းနေသော်လည်း NUG ၏ “အောင်လံလွှင့်ချီ နွေဦးထီး” ပထမနေ့တွင်ပင် နာရီပိုင်းအတွင်း သတ်မှတ် အစောင်ရေ ကုန်သည့်အထိ ရောင်းချခဲ့ရပြီး NUG ကာကွယ်ရေး ဝန်ကြီးဌာနက ပြုလုပ်သည့် “ယုံကြည်ရာ ခြေတလှမ်း၊ တော်လှန်ရေးအတွက် ငါးသန်း” အစီအစဉ်အဖြစ် Raffle Ticket များ ရောင်းချရာတွင်လည်း လူထုက အင်းတိုက်အားတိုက် ပါဝင်နေဆဲ ဖြစ်သည်ကို တွေ့ရသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတတို့ မြေကွက်ကိစ္စ အဂတိမှုဖြင့် အမှုဖွင့်ခံရ
အချိန်ပြည့် အသင့်အနေအထားရှိရန် စစ်ကောင်စီက တပ်ဖွဲ့များကို ညွှန်ကြားထား
သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် တွေ့ ဆုံခွင့် ရရှိရေး ရှေ့နေအဖွဲ့ ကြိုးပမ်းနေ
အစိုးရနေအိမ်မှ ဒေါ်အောင်ဆန်းစုကြည် ပစ္စည်းများ ဖယ်ရှားခံရ