• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်တွင် လူငယ်များကို စစ်ကောင်စီက ညစဉ် ဖမ်းဆီးနေ

by ဧရာဝတီ
25 August 2021
in သတင်း
A A
လူမှုကွန်ရက်စာမျက်နှာပေါ် ပြန့်နေသည့် ယမန်နေ့ ညပိုင်းက သင်္ဃန်းကျွန်းမြို့နယ်ရှိ ကွန်ဒိုတခုကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေ ဖမ်းဆီးစဉ် / CJ

လူမှုကွန်ရက်စာမျက်နှာပေါ် ပြန့်နေသည့် ယမန်နေ့ ညပိုင်းက သင်္ဃန်းကျွန်းမြို့နယ်ရှိ ကွန်ဒိုတခုကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေ ဖမ်းဆီးစဉ် / CJ

29.4k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီသတင်းပေး ဒလန်ဆိုသူများ မကြာခဏ အသတ်ခံနေရပြီး ဗုံးကွဲမှုများ ဆက်တိုက်ဖြစ်နေသည့် ရန်ကုန်မြို့တွင် စစ်ကောင်စီက နေ့စဉ်ရက်ဆက်ဆိုသလို ညအချိန်၌ လူငယ်များအား ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံ သတင်းရင်းမြစ် များထံမှ သိရသည်။

သြဂုတ် လလယ်ပိုင်းမှ စတင်ကာ ရန်ကုန်မြို့ရှိ စမ်းချောင်း၊ ကမာရွတ်၊ လှိုင်၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ သာကေတ၊ မင်္ဂလာတောင်ညွန့် စသည့် မြို့နယ်များတွင် ညစဉ်ဆိုသလို စစ်ကောင်စီက ဧည့်စာရင်း စစ်သည်ဟုဆိုကာ အင်အားအများ အပြားဖြင့် တိုက်ခန်းများသို့ ဝင်ရောက်ရှာဖွေပြီး လူငယ်များအား ဖမ်းဆီးနေခြင်း ဖြစ်သည်။

RelatedPosts

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
53
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
603
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
189

ဖမ်းဆီးခံရသည့် လူငယ်အရေအတွက်ကို အတိအကျ စာရင်း မရရှိနိုင်သော်လည်း ဒေသခံရင်းမြစ်များ၏ ပြောဆိုချက်အရ ယခု ၂ ရက်အတွင်း ဖမ်းဆီးခံရသည့် လူငယ်ဦးရေ ၃၀ ဝန်းကျင် ရှိသည်ဟု သိရသည်။
သပိတ်စစ်ကြောင်းများတွင် ပါဝင်သော ကျောင်းသားလူငယ်တဦးက “လူငယ်တွေကို ဖမ်းဆီးမှု တော်တော်ကျပ်လာ တယ်။ ရန်ကုန်၊ မန္တလေးတို့လို မြို့ပေါ်က လူငယ်တွေကို အကြမ်းဖက် နှိမ်နင်းဖမ်းဆီးနေတာ တွေ့ရတယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “အဓိကက ပျောက်ကျားဆန္ဒပြပွဲတွေနဲ့ လူငယ်တွေရဲ့ လက်နက် ကိုင် တော်လှန်ရေးကိုလည်း ထိန်းသိမ်းချင်ပုံရတယ်။ ဒါကြောင့်မလို့ သူတို့ အပြင်းအထန်ကို ဖိနှိပ်ဖို့ ကြိုးစားနေတယ် လို့ မြင်တယ်။ အဓိကကတော့ သံတမန်ရေးရာ တိုက်ပွဲမှာ နိုင်ငံရေးတိုက်ပွဲကလည်း အရေးပါတာကိုး။ ဒီဘက်က အသံများ များ မထွက်နိုင်အောင်လို့ နှိပ်ကွပ်ချင်ပုံရပါတယ်” ဟု ဆိုသည်။

ယမန်နေ့ (သြဂုတ် ၂၄) ညနေပိုင်းကလည်း သာကေတမြို့နယ် ၈ ရပ်ကွက်၊ နဝရတ် ၁၀ လမ်းရှိ တိုက်ခန်း တခုသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းပြီး ထွက်ပြေးသည့် လူငယ်အား သေနတ်ဖြင့် ပစ်ခတ်ကာ ဖမ်းဆီးမှု ပြုလုပ် ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုတွင် ၁ ဦးသေဆုံးသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ လမ်းထဲမှ လူငယ် ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သော်လည်း ၃ ဦးကို ရိုက်နှက်ပြီးနောက် ပြန်လွှတ်ပေးခဲ့ ပြီး ၁ ဦး ဖမ်းဆီးခံထားရသည်ဟု ဒေသခံတဦးက ဧရာဝတီကို ပြောသည်။

“နောက်ဖေး လှေကားကနေဆင်းပြီး ခြံစည်းရိုးကနေ ကျော်ပြီးတော့ ဆင်းသွားတာကို သေနတ်နဲ့ လှမ်းပစ်တာ။ ဖြစ်တာ က ၁၀ လမ်းမှာ၊ လာတာကတော့ ၁၁ လမ်းကို အဓိကတည်ပြီး လာတယ်။ ဒလန်က ဒီတိုက်ခန်းမှာ လူငယ်တွေ လေး ငါး ခြောက်ယောက်ဆိုတော့ ပြောလိုက်ပုံရတယ်။ အဲဒီတိုက်ခန်းကို မသင်္ကာလို့ဝင်တာ ကလေးတွေကလည်း ပြေးတော့ ရုတ်ရုတ်သဲသဲဖြစ်တော့ သူတို့က တက်ပစ်တာ” ဟု ၎င်းက ပြောသည်။

ဝင်ရောက် ဖမ်းဆီးမှုတွင် အခန်းတွင်းရှိ ကွန်ပျူတာနှင့် ကျည်အချို့ကို စစ်ကောင်စီက သိမ်းဆည်းသွားကြောင်း သိရသည်။

စစ်ကောင်စီက ဖမ်းမိထားသည့် လူငယ်များနှင့် ဆက်စပ်ကာ ကွင်းဆက်အနေဖြင့် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း၊ သာကေတမြို့နယ်သို့ လာရောက် ရှာဖွေမှုသည်လည်း ယခင်ရှေ့ရက်ပိုင်းက မရမ်းကုန်းမြို့အတွင်း ဖမ်းဆီး ခံခဲ့ရသည့် လူငယ်များနှင့် ဆက်စပ်မှုရှိကြောင်း သိရသည်။

အလားတူပင် ယမန်နေ့ ညပိုင်းက သင်္ဃန်းကျွန်းမြို့နယ်ရှိ ကွန်ဒိုတခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်း ဖမ်း ဆီးရာ လူငယ် ၁ ဦး တိုက်ပေါ်မှ ခုန်ချသဖြင့် အရေးပေါ်ကားဖြင့် လာရောက် ခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆို သည်။

သြဂုတ်လ ၂၃ ရက်နေ့ကလည်း သမိုင်းမြို့သစ်၊ ရွှေဝါထွန်းလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက် ရှာဖွေဖမ်းဆီး မှု ပြုလုပ်စဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူငယ်တချို့ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး လှိုင်သာယာ မြို့ ပြပျောက်ကျားအဖွဲ့က သြဂုတ်လ ၂၃ ရက်နေ့ ည ၁၀ နာရီခန့်က လှိုင်သာယာ အမှတ် (၇) ရပ်ကွက်၊ ညောင်တုန်းလမ်းမကြီးရှိ တပ်မတော် အ ထည်ချုပ်စက်ရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အဝေးထိန်းဗုံးနှင့် လက်တုံ့ပြန် တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ သြဂုတ် ၂၄ ရက်နေ့အထိ ဖမ်းဆီးခံထားရသူ ၅,၈၅၁ ဦးရှိပြီး ဖမ်း ဝရမ်းထုတ်ခံထားရသောကြောင့် တိမ်းရှောင်နေရသူ ၁,၉၈၄ ဦး ရှိပြီဖြစ်ကြောင်း၊ အာဏာသိမ်း ကာလအတွင်း စစ်ကောင် စီ လက်ချက်ကြောင့် သေဆုံးခဲ့ရသူ ၁,၀၁၄ ဦး ရှိပြီ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။

You may also like these stories:

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပြီ

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတတို့ မြေကွက်ကိစ္စ အဂတိမှုဖြင့် အမှုဖွင့်ခံရ

အာဏာသိမ်း စစ်တပ် KNU ကို စစ်ထိုးဖို့ ပြင်နေသလား

Your Thoughts …
Tags: စစ်ကောင်စီရန်ကုန်လူငယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
က​လေး-ဂန့်​ဂေါ လမ်းပိုင်း တ​နေရာ  / မျက်​​မှောက်​​ခေတ် သတင်းဌာန

ကလေး-ဂန့်ဂေါ လမ်းပေါ်၌ စစ်ကားများ နှစ်ရက်ဆက် မိုင်းခွဲခံရ၊ အကျအဆုံးများ ရှိ

စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ်တချို့တွင် PDF အား အကြမ်းဖက် အဖွဲ့အဖြစ်နှင့် သတင်းပေးရန် ကြေညာစာရွက် များ ကပ်ထားစဉ်  / CJ

ကိုဗစ်ကာကွယ်ရေး၌ NUG နှင့် PDF တို့သည် အဖျက်အမှောင့်လုပ်နေဟု စစ်ကောင်စီ ကြေညာ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

21 hours ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate