• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အွန်လိုင်းဖြင့် ကျပ်ငွေအကောင့်မှ VISA ကတ်သို့ ဒေါ်လာပြောင်းလဲခြင်း CB ဘဏ်ကန့်သတ်

by ဧရာဝတီ
26 August 2021
in သတင်း
A A
ရန်ကုန်မြို့ရှိ CB ဘဏ်ခွဲတချို့  / CB  / Facebook

ရန်ကုန်မြို့ရှိ CB ဘဏ်ခွဲတချို့ / CB / Facebook

19.4k
VIEWS
Share on FacebookShare on Twitter

မြန်မာကျပ်ငွေ ဘဏ်အကောင့်မှ VISA ကတ်များသို့ အမေရိကန်ဒေါ်လာ ပြောင်းလဲထည့်သွင်းခြင်းကို အွန်လိုင်းမိုဘိုင်းလ် ဘဏ်စနစ်ဖြင့် လုပ်ဆောင်ခြင်း ခွင့်မပြုတော့ဘဲ ကိုယ်တိုင် ကျပ်ငွေ လာရောက်ပေးသွင်းမှသာ ပြောင်းလဲနိုင်မည် ဖြစ် ကြောင်း CB ဘဏ်ထံက သိရသည်။

“အဓိက ကတော့ VISA Debit ကတ်ကို အမေရိကန်ဒေါ်လာ ပြောင်းလဲဖြည့်သွင်းတာ (Top up) ကို ပြောင်းလိုက်တာ အရင်ကတော့ အကောင့်ထဲကနေ လွှဲလိုက်ရင် ရတယ်။ အခုကတော့ ငွေသားနဲ့ပဲ ပေးလို့ ရတော့မယ်” ဟု CB ဘဏ်မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ အတည်ပြုပြောသည်။

RelatedPosts

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
853
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

15 June 2025
64
မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

15 June 2025
925

သို့သော်လည်း ထို့သို့ ပြောင်းလဲလုပ်ဆောင်ခြင်းအတွက် ၎င်းအနေဖြင့် အသေးစိတ် မသိရှိကြောင်း သူက ဆိုသည်။

လတ်တလောတွင်လည်း CB ဘဏ်တခုတည်းမှသာ ထိုဝန်ဆောင်မှုကို မရရှိတော့ခြင်းဖြစ်ပြီး ကမော္ဘဇ KBZ ၊ ဧရာဝတီ AYA ဘဏ်အပါအဝင် တခြားသောဘဏ် အသုံးပြုမှု ရနေဆဲဖြစ်ကြောင်း အဆိုပါ ဝန်ဆောင်မှုအသုံးပြုသူတချို့က ပြော သည်။

စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက “ဘဏ်တွေကလည်း VISA တို့ Master ကတ်တို့ကို ဒေါ်လာပြန်ထည့်ပေးဖို့ ကလည်း ပို့ကုန်သမားတွေဆီက ဒေါ်လာ ပြန်ဝယ်ရတာဆိုတော့ ဝယ်တဲ့နေရာမှာလည်း သူတို့လည်း Cash (ငွေသား) နဲ့ ပေးရတယ် အကောင့်နဲ့ ဝယ်လို့ မရဘူး။ အရင်တုန်းက ပမာဏနည်းတော့ သူတို့က စိုက်ပြီး သုံးတာပေါ့။ အခုက သုံးတဲ့သူ တွေ များလာတော့ လူတွေကလည်း ဘဏ်တွေက ငွေထုတ်လို့ မရတော့ ဒေါ်လာနဲ့ကတ်နဲ့ ဆွဲပြီး သုံးလာကြတာလေ” ဟု ဆိုသည်။

လက်ရှိ အခြေအနေအရ ငွေသားနှင့် ဘဏ်စာရင်းအကောင့် သို့ ငွေသားပြောင်းလဲပါက ဝန်ဆောင်ခအနေဖြင့် ရာခိုင်နှုန်း တခု သတ်မှတ်ကာ လုပ်ဆောင်လျက်ရှိနေပြီး ဘဏ်အနေဖြင့်လည်း ထို့သို့ ငွေသားနှင့် ဘဏ်စာရင်းကြား နှုန်းထားတခု အပြောင်းအလဲဖြစ်လာ၍ ငွေသားဖြင့်သာ လက်ခံရန် ပြောင်းလဲ ကျင့်သုံးခြင်း ဖြစ်ကြောင်း သူက မှတ်ချက်ပြုသည်။

ဒေါက်တာ စိုးထွန်းက “အကောင့်နဲ့ Cash ကြားမှာ ရာခိုင်နှုန်းတခု ကွာဟချက်ရှိလာတော့၊ ရာခိုင်နှုန်း တောင်းရင်လည်း အဖမ်းခံရမှာဆိုတော့ Cash ပဲ ပြောင်းလိုက်တာပေါ့” ဟု ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ငွေထုတ်ယူနိုင်သည့် ပမာဏ ကန့်သတ်ခြင်း၊ ဘဏ်များကို အတင်း အကျပ် ပြန်လည်ဖွင့်လှစ်စေခြင်း၊ ကုန်သည်များ၏ ဘဏ်ငွေစာရင်းများကို ဘဏ်များ အချိန်မှီ မဖွင့်လှစ်ပါက နိုင်ငံတော်ပိုင် နှင့် တပ်ပိုင်ဘဏ်များသို့ လွှဲပြောင်းရန် ခြိမ်းခြောက်ခြင်း၊ အထူးငွေ စာရင်းအသစ်များ ဖွင့်လှစ်စေခြင်းများကြောင့် ပုဂ္ဂလိက ဘဏ်လုပ်ငန်းများ အကျပ်အတည်း ဖြစ်ပေါ်စေခဲ့ကြောင်း လွတ်လပ်သည့် မြန်မာစီးပွားရေး ပညာရှင်အဖွဲ့ (Independent Economists for Myanmar-IEM) က ဆိုထားသည်။

အာဏာသိမ်းပြီးနောက် မြန်မာငွေကျပ် တန်ဖိုး ဆက်တိုက်ကျဆင်းခြင်းနှင့် ဘဏ်များတွင် အကန့်အသတ်ဖြင့်သာ ငွေ သား ထုတ်ယူနိုင်မှုတို့ကြောင့် အများပြည်သူများက ကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းလာပြီး ငွေကိုဘဏ်တွင် အပ်နှံ မည့်အစား ရွှေနှင့်ဒေါ်လာများကို ဝယ်ယူ စုဆောင်းမှု မြင့်တက်သွားခဲ့သည်။

You may also like these stories:

နိုင်ငံခြားငွေ မှောင်ခိုဈေးကွက် ပြန်ပေါ်လာမလား

ငွေစက္ကူအသစ် ရိုက်ထုတ်ရန် မရှိသေးဟု ဗဟိုဘဏ် ဆို

မြန်မာပြည်မှာ ဇွမ်ဘီဘဏ်များ ပေါ်နေပြီ

Your Thoughts …
Tags: CB ဘဏ်Visa ကတ်ဒေါ်လာအွန်လိုင်းစနစ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

by ဧရာဝတီ
11 September 2023
23.8k

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး ဘန်ကောက်တွင် ရှိ

CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး ဘန်ကောက်တွင် ရှိ

by ဧရာဝတီ
13 May 2024
8.6k

ဓာတ်ပုံ ၁ ပုံတွင် KBZ ဘဏ်အကြီးအကဲဖြစ်သူ ဦးအောင်ကိုဝင်းနှင့်အတူ တွဲရိုက်ထားသော CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေး၏ ဓာတ်ပုံပင် ဖြစ်သည်။

စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

by ဧရာတီ
15 November 2023
7.9k

နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် စက်သုံးဆီတင် သင်္ဘော ၄ စင်းဆိုက်ကပ်ထားပြီး ထပ်မံရောက် ရှိလာမည့် သင်္ဘော ၁၅ စင်း ရှိကြောင်း စစ်ကောင်စီ၏ လက်အောက်ခံ စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း...

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

by ဧရာဝတီ
19 July 2024
5.6k

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် နိုင်ငံတကာဘဏ်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံဘဏ် တခု ဖြစ်ပြီး နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ ဦးစီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းများ၊ နိုင်ငံခြားသားများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ နိုင်ငံခြားငွေပေးငွေယူကိစ္စ စသည်တို့ကို ဆောင်ရွက်ရသောဘဏ်တခု ဖြစ်သလို ဒေါ်လာလိုအပ်နေသော...

ဒေါ်လာနှင့်ရွှေ ဈေးပြန်တက်

ဒေါ်လာနှင့်ရွှေ ဈေးပြန်တက်

by ဧရာဝတီ
24 January 2024
5.5k

ဇန်နဝါရီလဆန်းက ၃၄၀၀ ကျပ်ကျော်သာ ရှိခဲ့သည့် အမေရိကန်ဒေါ်လာမှာ ယခုအခါ ၃,၅၅၀ ကျပ်ဖြစ် လာပြီး ၁ ဒေါ်လာ လျှင် ၁၀၀ ကျပ်ကျော် မြင့်လာသလို အကယ်ဒမီအခေါက်ရွှေဈေးသည်လည်း ၁ ကျပ်သား ကျပ် ၃၇...

ဒေါ်လာရောင်းဝယ်သူများကို အသွင်ယူ ဖမ်းဆီးနေမှုကြောင့် ပြင်ပဈေးကွက်ရပ်ဆိုင်း

ဒေါ်လာရောင်းဝယ်သူများကို အသွင်ယူ ဖမ်းဆီးနေမှုကြောင့် ပြင်ပဈေးကွက်ရပ်ဆိုင်း

by ဧရာဝတီ
1 September 2023
4.7k

လူမှုကွန်ရက်စာမျက်နှာတွင် ဂရုဖွဲ့ပြီး အမေရိကန်ဒေါ်လာ၊ ယူရိုငွေရောင်းဝယ်မှု ပြုလုပ်နေသူများကို စစ်ကောင်စီ လက်အောက်ခံဗဟိုဘဏ်က အသွင်ယူပြီး စစ်ဆေးဖမ်းဆီးနေကြောင်း ဩဂုတ် ၃၁ ရက်၌ ထုတ်ပြန်ချက်ထွက်လာ ပြီးနောက် ပြင်ပဒေါ်လာဈေးကွက်အတွင်း အရောင်းအဝယ်ရပ်ဆိုင်းနေကြောင်း သိရသည်။

Next Post
ကလေးမြို့ပေါ်တွင် ယနေ့မနက်ပိုင်းက ပြုလုပ်ခဲ့သည့် လူထုဆန္ဒပြပွဲ  / CJ

ကလေးမြို့ပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ် အဖမ်းခံရ

ယခင်လက ကိုဗစ်ကူးစက်မှု ဖြစ်ပွားခဲ့သည့် မယ်လ ဒုက္ခသည် စခန်း  / ကျော်ခ  / ဧရာဝတီ

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၂ ခုမှ ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်ကာကွယ်ဆေး စတင်ထိုး

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

    shares
    Share 0 Tweet 0
  • မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate