သတင်း

ရှမ်းမြောက် မုံးကိုး တိုက်ပွဲ စစ်သားတချို့အကျအဆုံးရှိ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်နှင့် ပန်လုံမြို့နယ်ကြားရှိ စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်များဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA)တို့ကြား ယမန်နေ့(သြဂုတ်လ ၂၈ရက်) တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျအဆုံး ရှိခဲ့ပြီး လက်နက်တချို့လည်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“မုန်းကိုးနဲ့ ပန်လုံကြားထဲမှာ တိုက်ပွဲ ဖြစ်စဉ်တွေ ရှိတယ်။ တပ်ရင်းမှူးကျတာ မရှိပါဘူး။ စစ်သည်တချို့ ကျဆုံးတယ်။ ဒဏ်ရာရတာ ရှိတယ်။ လက်နက် တချို့ဆုံးရှုံးခဲ့တာ ရှိတယ်။ ဒါပါပဲ” ဟု စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီ လက်အောက်ခံ ခမရ ၅၂၅ တပ်ရင်းနှင့် ကေအိုင်အေ၊ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း တပ်ရင်းမှူး နှစ်ဦး ကျဆုံးသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း စစ်ကောင်စီဘက်က ငြင်းဆိုသည်။

မနေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် လူမှုကွန်ရက်တွင် စစ်တပ်မှ စစ်သား ၄ ဦး သေဆုံးနေသည့် ဗီဒီယိုဖိုင်တခု ပျံ့နှံ့လျက်ရှိသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ အနီးရှိ ကျေးရွာထဲသို့ စစ်ကောင်စီ လက်နက်ကိုင်တပ်များဘက်က လက်နက်ကြီးကျည်ဖြင့် ပစ်သဖြင့် နမ့်ဟာရွာထဲသို့ ကျရောက်ခဲ့ရာ အရပ်သား ၄ ဦး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

သြဂုတ်လဆန်းပိုင်းကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်းရှိ ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ခွဲနှင့် မုံးကိုးမြို့နယ်ခွဲတို့တွင် စစ်ကောင်စီ တပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး အရပ်သားရာပေါင်းများစွာ တိမ်းရှောင်နေရသလို စစ်ကောင်စီဘက်မှ ပစ်ခတ်သည့် ကျည်များ တရုတ်န်ိုငငံထဲသို့ ကျရောက်ခဲ့သည်။

မုံးကိုးမြို့နယ်ခွဲသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းကြမ်းမြို့နယ်နှင့် နယ်မြေထိစပ်နေရာ ၂၀၁၅ ကတည်းက MNDAA တပ်ဖွဲ့များသည် မုံးကိုးဒေသတွင်း ဝင်ရောက် လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး MNDAA ၏ စစ်ဌာနချုပ်သည် ကုန်းကြမ်း မြို့နယ်၊ ဟုန်အိုင်တောင်ကြောပေါ်၌ အခြေစိုက်ထားသည်။

You may also like these stories:

ရှမ်းနှင့် ကယားမှ လူသားဒိုင်းသုံးရန် ဖမ်းဆီးသွားသူ တချို့ကို စစ်တပ်က ပြန်မလွှတ်ပေး

ရှမ်းနှင့်ကယားက ပြည်သူ ၂၀ ဦးကို လူသားဒိုင်းသုံးရန် စစ်တပ်က ဖမ်းသွား

သထုံမှာ အာဏာသိမ်းစစ်တပ်က ပစ်လို့ အရပ်သားနှစ်ဦး သေဆုံး

ဒီးမော့ဆို၌ စစ်တပ်က အရပ်သားများကို ဖမ်း၍ ရှေ့တန်းသို့ ချုပ်နှောင် ခေါ်သွား

Did you find apk for android? You can find new Free Android Games and apps.
Loading