• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဖြစ်လာ

by ဧရာဝတီ
1 September 2021
in သတင်း
A A
၂၀၁၈ ခုနှစ် နေပြည်တော်တွင် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်သော စစ်သားများ / ဧရာဝတီ

၂၀၁၈ ခုနှစ် နေပြည်တော်တွင် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်သော စစ်သားများ / ဧရာဝတီ

44.7k
VIEWS
Share on FacebookShare on Twitter

နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်အား ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် တပ်မတော် လေ့ ကျင့်ရေး အရာရှိချုပ် အဖြစ်သို့ တိုးမြင့် တာဝန်ပေးလိုက်ကြောင်း သိရသည်။

စစ်တက္ကသိုလ် အပတ်စဉ် ၃၂ ဆင်း ဗိုလ်ချုပ် ဇော်မျိုးတင်သည် ၂၀၁၆ ခုနှစ်က ဗိုလ်မှူးကြီးရာထူးဖြင့် ကယားပြည်နယ် လွှတ်တော်၏ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်နှင့် ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတဦး ဖြစ်သည်။

RelatedPosts

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

22 May 2025
98
MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

22 May 2025
85
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
905

ဗိုလ်မှူးချုပ် ရာထူးတိုးမြှင့်ခံရကာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) ဒကစမှူး အဖြစ်တာဝန်ယူခဲ့ပြီးနောက် နေပြည် တော် ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ ဗိုလ်ချုပ် ရာထူးဖြင့် ရောက်ရှိကာ စခန်းမှူးတာဝန် ရယူခဲ့သည်။

အာဏာသိမ်းရန် ရက်ပိုင်းအလို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလထဲတွင် ဗိုလ်ချုပ် ဇော်မျိုးတင်သည် နေပြည်တော်တိုင်းမှူးအဖြစ် ပြောင်းရွေ့ တာဝန်ပေးခြင်း ခံခဲ့ရသည်။ မူလ နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေမှာ တပ်မတော် အရန် အင်အားသို့ ပို့ခြင်းခံခဲ့ရသည်။

စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယုံကြည်စိတ်ချမှုကိုခံရသူ အသက် ၅၄ နှစ်ခန့် ရှိပြီ ဖြစ်သည့် ဗိုလ်ချုပ်ဇော်မျိုးတင်ကို ရွေးကောက်ပွဲအပြီး နိုင်ငံရေးအရ လှုပ်ခတ်နေချိန် တိုင်းမှူးတာဝန်ပေးသဖြင့် ထိုစဉ်က နေပြည်တော် နိုင်ငံရေးအသိုင်းအဝိုင်းတွင် စိုးရိမ်မှုများ ရှိခဲ့သည်။

“သူ (ဗိုလ်ချုပ် ဇော်မျိုးတင်)နေပြည်တော်တိုင်းမှူး ဖြစ်တာနဲ့ စစ်တပ်က အာဏာသိမ်းတာနဲ့က ကြုံသွားတဲ့ သဘောပါ။ အ မှန်က အဲဒီတုန်းက တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေက အလုပ်မရှိ အလုပ်ရှာပြီးတော့ အောက်ကလူတွေကို အတင်း ဖိခိုင်းနေတာတွေ အတိုင်ခံရလို့ ပြုတ်တာ”ဟု စစ်ဘက် အရာရှိဟောင်းတဦးက ပြောသည်။

ထိုစဉ်က နေပြည်တော်တွင် တိုင်းမှူးတာဝန်ပေးမည် ဆိုပါက တပ်မမှူး တဦးဦးထဲမှ ထူးချွန်သူကို တာဝန်ပေးရမည် ဖြစ်သော်လည်း တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူ၏ လူယုံ ကာကွယ်ရေး ဦးစီးချုပ်ရုံး(စစ်ရုံး)၏ စခန်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်ကိုသာ တိုင်းမှူးတာဝန်ပေးခဲ့သည်။

လက်ရှိ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်မှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဆင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဖြစ်ပြီး ၎င်းမှာ တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူးအဖြစ်လည်း ပူးတွဲတာဝန် ထမ်းဆောင်လျက်ရှိသည်။

ယခုအခါ ဗိုလ်ချုပ်ကြီး မောင်မောင် အေးမှာ တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး တာဝန်တခုတည်းကိုသာ ထမ်းဆောင်ရတော့မည် ဖြစ်သည်။

စစ်ဘက်အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက“နေပြည်တော်တိုင်း တိုင်းမှူးက ဒုတိယ ဗိုလ်ချုပ်ကြီးအဖြစ်နဲ့ တပ်မတော် လေ့ ကျင့်ရေး အရာရှိချုပ် ဖြစ်သွားတယ်။ စစ်တက္ကသိုလ်ကျောင်းအုပ်ချုပ်ကြီး ဗိုလ်ချုပ် ဇော်ဟိန်းက နေပြည်တော် တိုင်းမှူး ဖြစ်လာတယ်။ အကြီးပိုင်း အပြောင်းအလဲက သူတို့ နှစ်ယောက်ပဲ ရှိပါတယ်”ဟု ပြောသည်။

နေပြည်တော် စစ်တိုင်းမှူးသစ် ဗိုလ်ချုပ်ဇော်ဟိန်းမှာ စစ်တက္ကသိုလ် အပတ်စဉ် ၃၈ မှ ဖြစ်ပြီး၊ ဖခင်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီမှ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် ဖြစ်သည်။

တပ်မ ၁၁ (အင်းတိုင်)တွင် တပ်မမှူးတာဝန်ယူခဲ့ဖူးသူ တဦး ဖြစ်ပြီး လက်ရှိ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး တာဝန်ယူစဉ်က ဗိုလ်ချုပ် ဇော်ဟိန်းသည် ထိုစဉ်က ဗိုလ်မှူးချုပ် မင်းအောင်လှိုင်၏ ကိုယ်ရေးအရာရှိအဖြစ် လုပ်ခဲ့ဖူးကြောင်း သိရသည်။

“ဗိုလ်ချုပ် ဇော်ဟိန်းကျတော့လည်း တပ်ချုပ် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး လုပ်တုန်းက ကိုဇော်ဟိန်းက တပ်ချုပ်ရဲ့ PSO လုပ်ခဲ့ဖူးတယ်။ တပ်ချုပ်က စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးကနေ အနောက်ပိုင်းတိုင်း တိုင်းမှူးဖြစ်တယ်။ အဲဒီကနေ ကျိုင်း တုံကို ထပ်ပြောင်းသွားတယ်။ အဲဒီကတည်းက ကိုဇော်ဟိန်းက သူ့တပည့်ရင်းပေါ့”ဟု စစ်ဘက် အရာရှိဟောင်းတဦးက ပြောသည်။

ယခုအခါ ဗိုလ်ချုပ် ဇော်ဟိန်း တာဝန်ယူခဲ့သည့် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးနေရာတွင် တပ်မ ၂၂ တပ်မမှူးအား ခန့်အပ်ထား ကြောင်းသိရသည်။

၂၀၂၀ ခုနှစ်မှ စတင်ကာ တပ်မတော်အတွင်း အရာရှိအဆင့် ရာထူးအပြောင်းအလဲများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ရာ မျိုးဆက် သစ်အရာရှိများဟု ဆိုရမည့် ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်ချုပ် အဆင့်ရှိ တပ်မတော် အရာရှိများ တဆင့်မြင့် ရာထူးတိုး ခဲ့ကြသေးသည်။

လက်ရှိတွင် အသက် ၆၅ နှစ် အရွယ် ရှိပြီ ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အသက် ၆၀ တွင် ပင်စင် မယူ ခဲ့ဘဲ တပ်မတော် ဥပဒေအများအရ ၎င်း၏ ရာထူး သက်တမ်းကို ထပ်တိုးခဲ့သလို သေချာပေါက် အနားယူရမည့် ၂၀၂၁ ခု နှစ်တွင်လည်း အနားမယူဘဲ နိုင်ငံတော် အာဏာကို ရယူပြီး လက်ရှိ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် တိုင်းပြည်ကို စီမံခန့်ခွဲလျက်ရှိသည်။

You may also like these stories:

ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုရှားသွားရောက်

စစ်သားမရှိတဲ့ ဗိုလ်ချုပ်၊ စစ်သားမပါတဲ့ စစ်တပ်

မြန်မာစစ်တပ်၏ လုပ်ဇာတ်များအား လျှော့ချခြင်း

နေပြည်တော် စစ်တိုင်းမှူး အပြောင်းအလဲ ဖြစ်

Your Thoughts …
Tags: တပ်မတော်နေပြည်တော်ဗိုလ်ချုပ်ဇော်မျိုးတင်လေ့ကျင့်ရေး အရာရှိချုပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.2k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.3k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.2k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

by ဧရာဝတီ
21 April 2025
27.1k

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့်...

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

Next Post
ပျောက်ဆုံးနေသူများ၏ ဓာတ်ပုံတချို့

တင်းမရွာသား ၁၈ ဦးအမှု အမြန်ဆုံးဖြေရှင်းပေးရန် မိသားစုဝင်များ တောင်းဆို

သူဌေးကြီး ဦးတေဇနဲ့အတူတွေ့ရတဲ့ ဦးအေးကို

ဦးကျော်မိုးထွန်း လုပ်ကြံစေခိုင်းမှု နောက်ကွယ်က ဦးအေးကိုဆိုတာ ဘယ်သူလဲ

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.7k
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

1 day ago
2.4k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate